Skip to product information
1 of 2

Other Websites

ချစ်စံဝင်း - ပိုးကိုက်ပန်းတွေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အနာကြီးရောဂါ တကယ်ကင်းဝေးမယ့်နေ့

ဒီရောဂါ ခံစားရတာဟာ အမြဲသိမ်ငယ်နေရတဲ့ဘဝ၊ သိမ်ငယ်မှုကို ရောဂါသည်တွေဟာ ရာစုနှစ်ပေါင်းများစွာ ခံခဲ့ရတာပါ။ လူတွေက ကျွန်တော်တို့ကို အနူလို့ပြောရင် ကျွန်တော်တို့ နားထဲမှာ နာကျင်ခံစားရပါတယ်။ ဒီအသိဟာ အသည်းထဲ၊ နှလုံးထဲ မရောက်ခင် နားထဲမှာ စကြားကြားချင်းပဲ နာကျင်စွာခံစားရပါတယ်၊ မြန်မာ နိုင်ငံမှာ ၂၀၀၃ ခုနှစ်ကတည်းက အနာကြီးရောဂါ ကင်းဝေးပြီလို့ ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ ဒါက ဆေးပညာအမြင်နဲ့ ကင်းဝေးမယ့် အချိန်ပါဆရာ၊ ဒါက စီမံကိန်း စီမံချက်အရ ကင်းဝေးမယ့် အချိန်ပါ၊ ဒါပေမယ့် တကယ်တမ်းအနာကြီးရောဂါပျောက်ကင်းမယ့် နေ့ဆိုတာဟာ လူတွေက အနာကြီးရောဂါကို နှာစေး ချောင်းဆိုးရောဂါ၊ တီဘီ၊ ငှက်ဖျားစတဲ့ ရောဂါတွေလို သဘောထားလာတဲ့နေ့မှ ကင်းဝေးတယ်လို့ တရားဝင် ကြေညာလို့ရမှာပါ။

တီဘီရောဂါဟာ သေလောက်တဲ့ ရောဂါပါ၊ တီဘီရောဂါကို ကုသလို့ပျောက်ပြီး ရောဂါပိုးမရှိရင် သူက လူကောင်းပဲ၊ သူက လူတောထဲ တိုးလို့ရတယ်။ ဟော အနာကြီး ရောဂါကျတော့ ဒီလို မဟုတ်ပါဘူး၊ ရောဂါပိုးရှိရှိ မရှိရှိ၊ ရောဂါပိုး ကင်းကင်း မကင်းကင်း အနာကြီး တစ်ခါဖြစ်ဖူးရင် တစ်သက်လုံး အနုလို့အခေါ်ခံနေရတာပါ။

ဦးဝင်းမောင်(နံ့သာမြိုင်)                                                                                                     

 ကိုယ်ချင်းစာ၍မရသော ရောဂါ

 အနာကြီးရောဂါအကြောင်းကို လူတွေက သဘောပေါက် နိုင်ပါတယ်၊ စာနာမှုလဲ ထားရှိနိုင်ပါတယ်၊ ဒါပေမယ့် အနာကြီး ရောဂါဟာ ကိုယ်ချင်းစာလို့ရတဲ့ရောဂါတော့ မဟုတ်ပါဘူး ကိုယ်တိုင် ရောဂါသည် မဖြစ်ဘဲ၊ ကိုယ်တိုင် မနူဘဲ ရောဂါသည်တစ်ယောက်ရဲ့ ဘဝကို ဘယ်လိုမှ မခံစားနိုင်ပါဘူး၊ အနာကြီးရောဂါကုတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို သူတော်စင်တွေလို့တောင် တင်စား ရမယ့်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တကယ်ပဲ ကျွန်တော်တို့ အပေါ် ကြင်နာသနားတဲ့ စိတ်နဲ့ အနစ်နာခံကြတဲ့သူတွေ၊ မေတ္တာ တရားနဲ့ ကြင်နာတတ်ကြတဲ့ သူတွေပါ ဆရာဝန်အချင်းချင်းတောင် အနူဆရာဝန်ဆိုရင် အခြားဆရာဝန်တွေက အတူယှဉ်ပြီး မထိုင်လို ကြပါဘူး၊ တစ်ခုံကျော်လောက်မှာမှ ထိုင်တတ်ကြပါတယ် ကျွန်တော် တို့ကို ကုသတဲ့ ဆရာဝန်တောင် ဒီလောက်အပယ်ခံရရင် ကျွန်တော် တို့က ဘယ်လောက်အပယ်ခံရမယ်ဆိုတာ မျှဝေသိနိုင်ကြမှာပါ၊အဲဒီလို စိတ်စေတနာထားတတ်တဲ့ အနာကြီးရောဂါကုဆရာဝန်ဟာ အနာကြီး ရောဂါကုသတဲ့ဆေးအကြောင်း သူတို့က ကျွန်တော်တို့ထက် ပိုသိ ပိုနားလည်ပါတယ်ဆရာ၊ ဒါကြောင့် အနာကြီးရောဂါပျောက်ဆေးကို အနာကြီးရောဂါကုသတဲ့ ဆရာဝန်တွေနဲ့ သုတေသန ပညာရှင်တွေက ရှာဖွေထုတ်ဖော်နေ ကြတာပါဆရာ၊ အနာကြီးရောဂါပျောက်ဆေးကို အနာကြီးရောဂါသည်တွေက မဖော်ထုတ်ပါဘူး၊ ဒါပေမယ့် အနာကြီးရောဂါကု ဆရာဝန်ကြီးတွေဟာ အနာကြီးရောဂါ အကြောင်းကို သူတို့က ကျွန်တော်တို့ထက် ပိုသိချင်သိမယ်၊ ဒါပေမယ့်ရောဂါသည်ရဲ့ဘဝကိုတော့ သူတို့ဟာ ကျွန်တော်တို့လောက် ရာခိုင်နှုန်း ပြည့်ဘယ်တော့မှ နားမလည်နိုင်ပါဘူး မခံစားနိုင်ကြပါဘူး၊ ကိုယ်ချင်း မစာနာနိုင်ပါဘူး အနာကြီး ရောဂါဟာ ကိုယ်ချင်းစာလို့ရတဲ့ရောဂါ မဟုတ်ပါဘူးဆရာ”

ဦးအုန်းမောင်(နံ့သာမြိုင်)

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)