ချစ်ငယ်(ဒဿန) - သိပ္ပံမှသည် သစ္စာဆီသို့
အခန်း (၁)
MAX BORN
မက္ခဘွန်း နှင့် ပတ်သက်၍ ..
သိပ္ပံသည် လက်တွေ့ဘက်ကို လုသည်။ ဒဿနသည် စဉ်းစားမြေမြင်ခြင်းဘက်ကို ညွတ်သည်။ ဗုဒ္ဓဘာသာမှာမူ အလယ်အလတ်ပင်ဖြစ်သည်။ လူ့သမိုင်း၌ လက်တွေ့သိပ္ပံ သည် ဦးဆောင်သည်။ ဒဿနသည် နှိုင်းနှိုင်းချိန်ချိန် ကောက် ချက်ချသည်။ ဗုဒ္ဓဘာသာမှာမူ တည်တည်ငြိမ်ငြိမ် အေးအေး ဆေးဆေးပင် ဖြစ်သည်။ သိပ္ပံသည် အများအားဖြင့် တက် တက်ကြွကြွရှိသည်။ဒဿနမှာမူ ဖြည်းဖြည်းလေးလေးပင်။ဗုဒ္ဓဘာသာကတော့ ငြိမ်းငြိမ်းချမ်းချမ်းပင်။ စာရေးသူသည် သိပ္ပံကိုချီးကျူးသည်။ ဒဿနကို လေးစားသည်။ ဗုဒ္ဓဘာသာကို ကြည်ညိုမြတ်နိုးသည်။
သိပ္ပံတော်တော်များများကတော့ သဘောတရားသည် လက်တွေ့လောက် အရာမရောက်ဟု ဆိုချင်ကြသည်။ ဒဿန ကတော့မူ ကိုယ်လုပ်စရာကို ကိုယ်လုပ်နေရင်း သိပ္ပံကို တပည့် မွေးသည်။ ဗုဒ္ဓဘာသာကတော့မူ သံသရာမှ လွတ်မြောက်ရန် ကျင့်ကြံ ကြံဆသည်။ စာရေးသူသည် သိပ္ပံပညာကို လေ့လာ ခဲ့ဘူးရာ EDDINGTON အက်ဒီတန်ကို သတိရသည်။ သူ သည် “သဘောတရားရေးရာ” ဘက်မှ ရပ်တည်သူဖြစ်သည်။ သို့သော် MAX BORN မက်ဘွန်းဆိုသူ သိပ္ပံ ပညာရှင်က အဆိုပါအယူအဆကို လက်မခံ။ သူသည် လက်တွေ့လေ့လာ စူးစမ်းမှု၏ အရေးပါပုံကို ထောက်ပြသည်။ ဒြပ်မဲ့ဆင်ခြင်မှုကို အမွန်းမတင်ချေ။ အတွေ့အကြုံမှ ပေးအပ်လာသော အကြောင်း အချက်များကိုသာ တန်ဖိုးထားသည်။ ဤကား သိပ္ပံပညာရှင်EXPERIMENT AND THEORY IN PHYSICS စာအုပ်တွင် အသေးစိပ် ဖတ်ရှုနိုင်ပါသည်။)
MAX BORN သည် နိုဘယ်ဆုရှင်ဖြစ်သော်လည်း အခြားသော နိုဘယ်ဆုရှင်များနှင့်လည်း သဘောထားကွဲလွဲခဲ့ ကြဘူးလေသည်။ ဥပမာ အိုင်းစတိုင်း EINSTEIN နှင့် (မိတ်ဆွေသူငယ်ချင်း လုပ်ဖော်ကိုင်ဘက်ဖြစ်ကြသော်လည်း) တစ်ချိန်က သဘောထားကွဲလွဲခဲ့ကြဘူးလေသည်။ ဤအကြောင်း ကို EINSTEIN က BORN ထံ ပေးသောစာကိုကြည့်၍ သိနိုင်လေသည်။ ဤစာကို EINSTEIN က ဂျာမာန်ဘာသာနှင့် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်လေသည်။ ဤစာပါ အကြောင်း အချက်များကို MAX BORN က အင်္ဂလပ်ဘာသာပြန်ဆို၍ Open NATURAL PHILOSOPHY OF CAUSE AND CHANCE စာအုပ်၌ အောက်ပါအတိုင်း ဖော်ပြခဲ့လေသည်။"IN OUR SCIENTIFIC EXPECTATIONS WE HAVE PROGRESSED TOWARDS ANTIPODES. YOU BELIEVE THE DICEPLAYING, AND IN THE PERFECTRULE OF LAW ..... INASPECULATIVE WAY....."
ဤစာမှာ EINSTEIN ၏ ရင်ဖွင့်သံဖြစ်လေသည်။ EINSTEIN ၏ သဘောမှာ BORN နှင့် သူသည် တစ်လှေ တည်းစီး တစ်ခရီးတည်းသွားသော မိတ်ဆွေ သိပ္ပံပညာရှင်များ ဖြစ်ကြသော်လည်း အမြင် မတူကြောင်း ဖွင့်ဟဝန်ခံထားခြင်း ဖြစ်သည်။ BORN သည် “မသေချာမှု” ကို ယုံကြည်၍ EINSTEIN သည် “သေချာမှု” ကို ယုံကြည်သူဖြစ်သည်။
| EINSTEIN က “ဘုရားသခင်သည် ကြွေအန်ကစား လိမ့်မည်မဟုတ်” ဟု ယူဆလေသည်။ BORN ကတော့မူ သဘာဝဖြစ်ရပ်တို့၏ အသေးစိတ်ဆိုင်ရာ၌ မသေချာတတ်ပုံကို ယုံကြည်ထောက်ခံကြောင်း ဖော်ပြခဲ့လေသည်။