Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ခေတ်ဘုန်းသစ် - မှန်တာပြောတတ်တဲ့ခရစ်တိုဖာ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
Type

အမှာစာ

          ဒီစာအုပ်လေးကို ကလေးတွေဖတ်ဖို့ ဘာဖြစ်လို့ ကျွန်မ ဘာသာပြန်ခဲ့ရ သလဲဆိုတဲ့အကြောင်းကို အရင်ဆုံးရှင်းပြချင်ပါတယ်။ လူ့လောကအသိုင်းဝိုင်း၊ လူ့လောက ဝန်းကျင်ကို ဝင်ဆန့်စေဖို့အတွက် ငယ်စဉ်ကတည်းက ကလေးတို့ကိုလေ့ကျင့်ပေးရမယ့် အရာတွေ ရှိပါတယ်။ အဲဒီအထဲကမှ အရေးကြီးဆုံး စွမ်းရည်ကတော့ ပေါင်းသင်း ဆက်ဆံမှုစွမ်းရည် (Social Skills)ပါ။

          ကိုယ့်အိမ်၊ ကိုယ့်မိသားစုဝန်းကျင်က စတင်ထွက်ခွာလာရတဲ့အချိန် မူကြို အရွယ်မှာကတည်းကစလို့ ကလေးတို့ဟာ လူစိမ်းသူစိမ်းများနဲ့ စတင်ဆက်ဆံကြ ရပါပြီ။ သူငယ်ချင်း အသိုင်းအဝိုင်းကြားမှာ ဘယ်လိုနေရမယ်၊ ဘယ်လို ပြုမူဆက် ဆံရမယ်ဆိုတာကို စတင်သင်ကြားရပါတော့တယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော် ရွှင်ရွှင် ခင်ခင်မင်မင် နေတတ်တဲ့၊ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ကလေးများ ဟာ ကျောင်းနေရတာကို ပိုပျော်ကြပါတယ်။

          ဒီစာအုပ်လေးဟာ ကလေးတို့အချင်းချင်းကြားမှာ ဖြစ်တတ်တဲ့၊ တိုင်ပြော တတ်တဲ့ အကျင့်၊ ကဲ့ရဲ့ လှောင်ပြောင်တတ်တဲ့ အကျင့်လေးတွေကို ပြုပြင်ပေးထားတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်ထဲက အကျင့်လေးတွေဟာ ကလေးတွေမှာသာမဟုတ်ဘဲ လူကြီးတွေမှာပါ ရှိတတ်ကြပါတယ်။ မှန်တာပြောလွန်းလို့ ရွာပြင်ထုတ်ခံရတယ် ဆိုတဲ့စကားကို ကျွန်မတို့ ကြားဖူးနေကြပါ။ မှန်ပေမယ့်လို့ သူရောကိုယ်ပါ အကျိုး လည်းမရှိ၊ လူမုန်းလည်း များစေတဲ့ အမှန်စကားတွေကို လူမှုဝန်းကျင်မှာမပြောဘဲနဲ့ ရှောင်နိုင်ဖို့အတွက် ဒီစာအုပ်လေးက သင်ကြားပေးထားပါတယ်။

          ဒီစာအုပ်လေးကို ပုံပြင်လေးတစ်ပုဒ်လိုမျိုး၊ ရုပ်ပြဇာတ်လမ်းလေးလိုမျိုး ဖတ်သွားရင်းနဲ့ပဲ လူ့လောကဝန်းကျင်၊ လူမှုအသိုင်းဝိုင်းမှာ ရှောင်ကြဉ်ရမယ့်၊ လိုက်နာရမယ့်အရာများကို ကလေးတို့ သိသွားပါလိမ့်မယ်။

ခေတ်ဘုန်းသစ်