Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ခေတ်ဘုန်းသစ် - ဉာဏ်ကောင်းတဲ့ကလေး

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out
ဉာဏ်ကောင်းတဲ့ကလေး
အခန်း (၁)

မွေးစမှခြောက်လအရွယ် ကလေးငယ်

          ကလေးတို့ရဲ့ ပညာရေးတဲ့။ ကလေး ပညာရေးရယ်လို့ ပြောလိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင် နက်တည်း ကလေးနဲ့ ပတ်သက်သူ မိဘတိုင်း စိတ်ဝင်တစားနဲ့ နားစိုက်ထောင် မိတတ်ကြပါတယ်။ ပညာအရေးကြီးတယ်။ ပညာ..ပညာ..ရယ်လို့ တစာစာအော် နေကြတဲ့ ခေတ်ထဲမှာ..ကလေးတို့ရဲ့ ပညာရေးက လည်း တစ်ခန်းတစ်ကဏ္ဍအနေနဲ့ ပါဝင်လာရပါတော့တယ်။ ကလေးတို့ရဲ့ ကျောင်းမနေခင် အစောပိုင်းကာလ (မွေးစ ကနေ သုံးနှစ်အထိ)ဟာ ကလေးတို့အတွက် အင်မတန်အရေးကြီးလှတဲ့ ကာလ ပါ။ ဘာလို့လဲဆိုတော့ နောက်ပိုင်း ပညာသင်ကြားရတော့မယ့် ကလေးတို့ရဲ့ ဦးနှောက်ကလေးကို ဖွံ့ဖြိုးလာစေဖို့အတွက် သင်ယူလေ့လာမှုတွေ အများကြီး လုပ်ရတဲ့ကာလမို့ပါပဲ။ ။

          ဒီနေရာမှာ ကျွန်မလူတို့ရဲ့ ဦးနှောက်အကြောင်းကို နည်းနည်းလောက် ပြော ပြချင်ပါတယ်။ လူတို့ရဲ့ ဦးနှောက်က တစ်ခြား ကိုယ်တွင်းအင်္ဂါများဖြစ်တဲ့ ကျောက် ကပ်တို့၊ နှလုံးတို့နဲ့ မတူပါဘူး။ ကျန်တဲ့ ကိုယ်တွင်းအင်္ဂါတို့က ကလေးတို့ မွေးဖွားပြီ ဆိုကတည်းကိုက အပြည့်စုံဖွံ့ဖြိုးပြီးသား ဖြစ်နေပါပြီ။ ဦးနှောက်ကတော့ အဲလိုမဟုတ်ပါဘူး။ ကလေးတို့ရဲ့ ဦးနှောက်ကလေးဟာ မွေးလာတဲ့အချိန်မှာ အကုန် အစင် မဖွံ့ ဖြိုးမကြီးထွားသေးတာမို့ ဖွံ့ဖြိုးကြီးထွားလာစေဖို့အတွက် လှုံ့ဆော်မှုတွေ အများကြီး လိုအပ်ပါတယ်။ ပုခက်ထဲက ကွေးကွေးလေး ဘဝမှာထဲကိုက ကလေး တို့ဟာ သင်ယူမှုတွေကိုလုပ်နေကြပြီဆိုရင် မိဘတို့ အံ့ဩကြမလားပဲ။ ဟုတ်ကဲ့ ကလေးတို့ဟာ..မွေးမွေးချင်းမှာပဲ သင်ယူမှုကို စတင်ပါတယ်။ ကလေးတို့ဟာ မွေးမွေးချင်းမှာ သုံးဘက်မြင် (three dimeinsion) ကိုမမြင်နိုင်သေးပေမယ့် နှစ် ဘက်မြင် (two dimension) ကို မြင်နေပါပြီ။ အကြားအာရုံကတော့ ကောင်းကောင်းကြားနေတာမို့ သူတို့ဟာ အသံတွေကို လိုက်လံမှတ်သားနေပါတယ်။ အဲလို မြင်တတ်နေတာမို့ ကလေးတို့ကို စပြီးမွေးကတည်းက အမြင်အာရုံနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းလေးတွေ (လေ့လာစရာလေး)ကို မိဘတို့ ဖန်တီးပေးလို့ ရပါတယ်။

 

 ပုခက်ပေါ်မှာ ချိတ်စရာ

          ကလေးတို့ရဲ့ ပုခက်လေးပေါ်မှာ အရောင်တောက်တောက် ပစ္စည်းလေးတွေ၊ အသံမြည်တဲ့ ချူလုံးလေးတွေ ဆွဲပေးထားရပါမယ်။ မိဘတို့သတိထားရမှာက အဲဒီ ပစ္စည်းလေးများဟာ မတော်တဆ ကလေး ပုခက်ထဲပြုတ်ကျရင် ကလေး အန္တရာယ် ဖြစ်စေနိုင်တဲ့ ပစ္စည်းမျိုး မဖြစ်ရပါဘူး။ ကလေးတို့ဟာ မြန်မြန်ရိုးအီ ငြီးငွေ့တတ်တာ မို့ပုခက်ပေါ်မှာချိတ်တဲ့ပစ္စည်းလေးတွေကို ဆယ်ရက်တစ်ခါလောက် လဲပေးရပါမယ်။ ကလေးဟာ ပုခက်ပေါ်မှာ ချိတ်ထားတဲ့ ပစ္စည်းလေး လေတိုက်လို့ လှုပ်သွားတာကို ကြည့်ရင်း၊ ချူလုံးလေး အသံမြည်တာကို ကြည့်ရင်းနဲ့ပဲ.. သူ့ဘာသာသူ စူးစမ်း လေ့လာခွင့်တွေ ရရှိနေပါတယ်။ ဒါဟာ ရုတ်တရက်ကြည့်ရင် ဘာမှမဟုတ်ဘူး လို့ ထင်ရပေမယ့် ကလေးဦးနှောက် ဖွံ့ဖြိုးဖို့ (နောင်တစ်ချိန် ဉာဏ်ကောင်းတဲ့ ကလေး ဖြစ်စေဖို့) အတွက် ဦးနှောက်လေ့ကျင့်ခန်း တစ်ခုဆိုရင် မမှားပါဘူး။