Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ခေတ်ဘုန်းသစ် - ကလေးတို့မေးတတ်တဲ့ရှာရှာဖွေဖွေမေးခွန်းတွေ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out
သွေးတွေဟာ ဘာကြောင့် အပြာရောင်မဖြစ်ဘဲနဲ့
အနီရောင်ဖြစ်နေရသလဲ

          ကလေးတို့ဟာ ဘာကြောင့် သွေးတွေဟာ အနီရောင်ပဲ ဖြစ်နေရသလဲ၊ အဝါ ရောင်၊ အစိမ်းရောင်၊ အပြာရောင်တွေ ဘာကြောင့် မဖြစ်သလဲ ဆိုတာကို မေးတတ် ကြပါတယ်။

          ဒီမေးခွန်းရဲ့ အဖြေကို medical doctor တစ်ဦးဖြစ်သူ DrChristian Jessan က ဖြေကြားပေးထားတာပါ။ ကြည့်ကြရအောင်ပါ။ ကလေးတို့ရေ.... ။

           ပုံပြင်စာအုပ်တွေထဲမှာတော့ နန်းတော်ထဲက ဘုရင်ကြီးတွေ၊ ဘုရင်မကြီး တွေရဲ့ သွေးတွေဟာ ကလေးတို့လို အနီရောင် မဟုတ်ဘဲနဲ့ အပြာရောင်ဖြစ်နေကြ တာကို တွေ့ကြရမှာပေါ့။ ကြောက်စရာကြီးနော်။ ဒါပေမဲ့ သွေးက အနီရောင် မဟုတ်ဘဲနဲ့ အပြာရောင်ဖြစ်နေတာဟာ ပုံပြင်ထဲမှာမို့လို့ ပဲ။ အပြင်မှာတော့ သွေးတွေ အကုန်လုံးဟာ ဘယ်သွေးမဆို အနီရောင်တွေ ချည်းပဲလေ။

          ဒါပေမဲ့ အရေပြားအောက်က သွေးကြောလေးတွေကိုတော့ စိမ်းနေတာကို ကလေးတို့ တွေ့ကြရတယ်မဟုတ်လား။ အဲဒီအခါမျိုးမှာတော့ ကလေးတို့ စိတ် ထဲမှာ သွေးဟာ အစိမ်းရောင်များလားလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် ချော်လဲ လို့ပဲဖြစ်ဖြစ်၊ လက်မှာ ဓားရှသွားလို့ပဲဖြစ်ဖြစ် သွေးထွက်လာတဲ့အခါမှာတော့ သွေး က နီရဲနေပြန်ရော။ ဒီလောက်နီတဲ့ သွေးတွေဟာ အပြင်က ကြည့်တော့ ဘာကြောင့် စိမ်းနေရတာလဲလို့ ကလေးတို့ တွေးမိကြမှာပဲ။ လူကြီးတွေကို မေးလည်း မေးမိကြ မှာပဲ။ ဘာကြောင့် စိမ်းနေရသလဲဆိုတော့ ကလေးတို့ရဲ့ သွေးကြောလေးတွေဟာအရေပြားနဲ့ ကပ်နေတာကိုး။ အရေပြားဆိုတာမျိုးက မှန်လိုမျိုး အလင်းတောက်လျှောက်ပေါက်နိုင်တဲ့ဟာ မဟုတ်ဘူးလေ။ မှန်ဗီရိုထဲမှာ ထည့်ထားတဲ့ အရာဆို ရင်တော့ အနီရောင်ဆိုအနီရောင်အတိုင်း၊ အစိမ်းရောင်ဆိုရင် အစိမ်းရောင်အတိုင်း ကလေးတို့ မြင်ကြရတာပေါ့။ ဒါပေမဲ့ အရေပြားကိုတော့ အလင်းကောင်းကောင်း မဖောက်နိုင်တာမို့ မှန်လိုမျိုး အရှိတိုင်း မမြင်ရဘူး။ အလင်းပေါက်နိုင်တဲ့ သူ့ အတိုင်းတာလောက်ရဲ့ အရောင်အတိုင်းသာ ကလေးတို့ မြင်ကြရတယ်။ ဒါကြောင့် မို့ ကလေးတို့ အရေပြားအောက်က သွေးကြောလေးတွေကို စိမ်းနေတယ်လို့ ထင်ကြရတာပဲ။