Skip to product information
1 of 2

Other Websites

ခိုင်ကျော် - ပျော်ပျော်ရွှင်ရွှင်သီချင်းဆိုကြဆို့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

                    မင်္ဂလာနှုတ်ခွန်းဆက်

 

          ဆရာဟာ နှစ်ပေါင်းများစွာ  ဂီတနဲ့ပတ်သက်လို့ပညာရပ်ဗဟုသုတတွေကိုလေ့ လာသူ အပေါင်းသိရှိလည်အောင် ညွှန်ပြသင်ကြားပေးလာခဲ့သူဖြစ်ပါတယ်။ဂီတာတီးခတ်နည်းမျိုးစုံ၊ ဒရမ်တီးခတ်နည်းနဲ့ ကီးဘုတ်တီးခတ်နည်းတွေကိုရေးသားထုတ်၀ေတင်ပြခဲ့ပြီးပါပြီ။

အခုတစ်ခါသီချင်းသီဆိုခြင်းကိုအထူး၀ါသနာပါပြီး အဆိုပညာရပ်ကိုလေ့လာဆည်းးပူလိုသူတွေအတွက် အကောင်းဆိုလာနိုင်အောင် ဘယ်လိုလေ့ကျင့်ရလည်းဆိုတာတွေကိုသင်ကြားပို့ချပေးလိုက်ပါတယ်။

 

          ခိုင်ကျော်

 

 

          လူသားတစ်ယောက်ဖြစ်လာပြီဆိုရင် ဂီတနဲ့ပတ်သက်ပြီး ဝါသနာမပါတဲ့လူဘောင်မှ တစ်ခါတလေ အချင်းအနေနဲ့ သီချင်းအတိုအစလေး ဆိုသည်းတတ်လေ့ရှိပါတယ် ဘယ်သူပဲဖြစ်ဖြစ် သီချင်းနဲ့တော့ မကင်းကြပါဘူး။ အချို့က သီချင်းကောင်းကောင်းဆိုတတ်ပေမယ့် ဘာသံတွေပါထွက်လာလာ အားရပါးရ ဆိုတတ်ကြပါတယ်၊ အဝင်အထွက်လည်း နားလည် Key ကလည်းမကိုက်၊ သံစဉ်လည်းမကုဘဲ ဖြစ်နေတတ်ပါတယ်။ အချို့ကျတော့လည်း သံစဉ်ကျအောင် ဆိုတတ်ပေမယ့် စကားလုံးပြတ်သားမှုမရှိလို့ ဘာတွေ့ဆိုသွားမှန်း မသိလောက်အောင်အသံတွေဝါးနေတတ်ပါတယ်။

       ဒါကြောင့် အဆိုတော်ဖြစ်ချင်သူပဲဖြစ်ဖြစ် သီချင်းတစ်ပုဒ်ကို ကျကျန သီဆိုတတ်ချင်သူပဲဖြစ်ဖြစ် အားလုံးအတွက် အဆင်ပြေပြေ လေ့လာနိုင်အောင် အသံကိုတင်းတင်ဆင့် လေ့ကျင့်တဲ့နည်းတွေကို အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး လမ်းညွှန် ပြသပေးထားပါတယ်

 

          သင်ကြားပို့ချပေးထားတဲ့ နည်းလမ်းအတိုင်း အဆင့်ဆင့်လေ့ကျင့်ပေးသွားမယ်ဆိုရင် မကြာခင် အချိန်တို အတွင်းမှာ သီချင်းသီဆိုမှုအတွက် အကောင်းဆုံး အနေအထားကို ရောက်သွားပါလီပယ်၊ သီချင်း သီဆိုဖို့အတွက် ကိုယ်နဲ့သင့်တော်တဲ့ Key တစ်ခုမှာ အသံကိုတည်တတ်ဖို့လိုပါတယ်။ အသံကောင်းတယ် မကင်းဘူးဆိုတာ ကိုယ့်ရဲ့ပင်ကိုယ်သဘာဝအပေါ်မှာ မူတည်နေပေးမယ့် ကိုယ်နဲ့လိုက်ဖက်မယ့် သီချင်းကို ရွေးချယ်သီဆိုတတ်မယ်ဆိုရင် နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်လာ နိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက် Key ကို ရွေးချယ်တတ်ပြီး အဆိုပညာလည်း ကောင်း တောင်မှ ကိုယ်နဲ့မလိုက်ဖက်တဲ့ သီချင်းကိုဆိုရင် အဆင်မပြေနိုင်ပါဘူး။

 

          သီချင်းသီဆိုသူတစ်ယောက် အဓိကလိုအပ်ချက်ကတော့ သီချင်းအခင်းအထွက်တွေကိုနားလည်ဖို့နဲ့ Timing မှန်မှန် သီဆိုနိုင်ဖို့က အရေးကြီးလှပါတယ်။ ပြီးတော့ သီချင်းလေးပိုမိုလှပလာအောင် နားက်ပြည့်စွက်ပံ့ပိုးပေးတဲ့ Harmony သီသံတွေနဲ့အတူ သီဆိုတဲ့အခါမှာ လေ့ကျင့် နည်းပါးနေမယ်ဆိုရင် ကိုယ့်အသံကဆိုနေတဲ့ Key ထဲက ချော်ဘွက်သွားပြီး အသံကြောင်နေတတ်ပါတယ်၊ ဒီလို လိုအပ်တဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် အဆင့် လေ့ကျင့်မှုတွေကို အကောင်းဆုံးကြိုးစားလာကြဖို့ ဆရာက အကြံပြတိုက်တွန်းပေးလိုက်တယ်။

          တပည့်တို့ရဲ့ လိုအင်ဆန္ဒတွေ ပြည့်ပြီး အဆိုကောင်းတဲ့ အဆိုကျော်တွေ ပြင်ကြပါစေလို့ အလိုက်တယ်၊

          ခိုင်ကျော်

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)