စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 8

စိတ်ကူးချိုချိုစာပေ

ခရမ်းပြာထက်လူ - အချစ်နဲ့ဒိုင်နိုဆော

ခရမ်းပြာထက်လူ - အချစ်နဲ့ဒိုင်နိုဆော

ပုံမှန်ဈေး 2,000 Ks
ပုံမှန်ဈေး ရောင်းဈေး 2,000 Ks
ရောင်းရန် ရောင်းကုန်ပြီ
Type
နတ်သမီးအိမ်မက်
          အိပ်မက်ကိုသာ
ထပ်ခါတလဲလဲ ဘာသာပြန်လို့
နာရီတွေထဲ လောင်ကျွမ်းနေခဲ့တယ်။
 
နေ့အလင်းတန်းတွေထဲမှာ
မရဲတရဲ ရှာဖွေနေခဲ့
ပြညွှန်းမြေပုံမရှိတဲ့ ရတနာသိုက်
အို မောဟိုက်နေခဲ့ရပေါ့။
 
ဘယ်လို စေတန်နတ်ဆိုးမျိုးက
ကိုယ့်နတ်သမီးကို ဝှက်ထားတယ်ဆိုတာ
ပြောပြ
အဲ့ဒါလေးပဲ ပြောပြ။ ။

မြားနတ်မောင်မဂ္ဂဇင်း၊
စက်တင်ဘာ၊ ၁၉၉၃။
 
အသန်မာဆုံးဆည်းဆာ
နတ်သမီးတစ်ပါးရဲ့ဂုဏ်သရေကို
ပျက်စီးစေလောက်အောင်ပင်
တောက်ပနေခဲ့တယ်
 
သူတို့ပြောပြောနေတဲ့
အလှအပတွေထက်သာလွန်
လူတစ်ယောက်ရဲ့ ဦးနှောက်ကို
ထပ်ခါတလဲလဲ ရူးသွပ်စေလောက်အောင်ပဲ
ထက်မြက်နေခဲ့ပေါ့
 
လပြည့်ညတစ်သောင်းကို
ကောင်းကင်မှာချိတ်ဆွဲပြထားရင်တောင်မှ
နောင်တရစရာအဖြစ်
ကောင်းကင်ညစ်ပေသွားဦးမည်။
 
ဒဏ္ဍာရီနဲ့
ရာဇဝင်ထဲက မိန်းမလှတွေကို
မှော်အတတ်နဲ့ အသက်သွင်း
သီချင်း၊ ဂီတ၊ ကဗျာအဖြစ်
ဖန်ဆင်းပြသူသည်
ပင်ပန်းဆင်းရဲသူဖြစ်တော့မည်
သူမကို တောင်ကုန်းတစ်ခုပေါ်မှာတွေ့ခဲ့တယ်
ညနေဆည်းဆာ
ဆံပင်တွေ ဖားလျားချလို့
ဥစ္စာစောင့်လို
သူယောင်မယ်လို
တိမ်တွေနဲ့အတူ
သူ့ဆံပင်တွေ လိုက်ဖို့ ရုန်းကန်နေကြ
 
အဲ့ဒီညနေ
ရီဝေမိန်းမော
ပြည့်ဝတဲ့ ဘိန်းသမားတစ်ယောက်လို -
 
အချိန်ပိုဆင်းတဲ့ နှလုံးခုန်ချက်နဲ့
ပန်းနုရောင် ငှက်တွေရဲ့
တဖျပ်ဖျပ် ပျံသန်းမှုမှာ
အသန်မာဆုံး
သူမအကြောင်းတွေ သီကုံးနေခဲ့ပေါ့....။ ။

မြားနတ်မောင်မဂ္ဂဇင်း၊
နိုဝင်ဘာ၊ ၁၉၉၂။
အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။