ခင်အောင်(မြန်မာတိုင်းမ်) - အောင်မြင်သောအချိန်စီမံခန့်ခွဲမှု
နိဒါန်း
၎င်းရဲ့ တန်ဖိုးကို သဘောပေါက် နားလည်ပြီး ၎င်းကို မည်ပုံ အသုံးချရမည်ကို သိသောသူတစ်ဦးအဖို့ နေ့ဟာ အကန့် အသတ်မဲ့ ရှည်လျားပါတယ်။
Goethe
သင် အလုပ်များသည်ဆိုပါက ၎င်းသည် ဖြစ်ရိုးဖြစ်စဉ် ပုံမှန်သာဖြစ်ပါ သည်။ လုပ်ဆောင်ဖွယ်ရာများ အဆက်ပြတ်သည် မရှိဘဲ ရက်ချိန်းများ၊ အလုပ် ဝန်ပိမှုများ (သင်သာ လက်ခံမည်ဆိုပါက စိတ်ဖိစီးမှုများ)နှင့် မုန်တိုင်း တိုက်ခတ် သည့်ပမာ နေ့စဉ် စုပုံရောက်ရှိလာသည့် အီးမေးလ်များ စသည်တို့သည် ခေတ်သစ် အလုပ်ဌာနတစ်ခု၏ အစဉ်အလာ လုပ်ဆောင်ဖွယ်များ ဖြစ်ပါသည်။ ၎င်းတို့ကို လုပ်ကိုင်ဖြေရှင်းရခြင်းသည် လူတိုင်း နေ့စဉ် လုပ်ကိုင်နေကျအလုပ် ဖြစ်ပါသည်။ ဤစာအုပ်ကို ဒုတိယအကြိမ် ရိုက်နှိပ်ထုတ်ဝေရခြင်းသည်ပင်လျှင် ဤဘာသာရပ် ၏ ထာဝစဉ် ရှင်သန်နေခြင်းကို ပြသသည့် အရိပ်လက္ခဏာ ဖြစ်ပါသည်။
သင့်အား သင့်လုပ်ဆောင်မှုဖြင့်သာ အဆုံးအဖြတ် ပေးမည်ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ သင်ရှင်သန်ကျန်ရစ်ရန်နှင့် အကျိုးဖြစ်ထွန်းရန် အလုပ် ပြီးမြောက်ရမည့်ပြင် အရည်အချင်း ပြည့်ဝပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်း ရှိရမည် ဖြစ်ပါသည်။ အချိန်စီမံခန့်ခွဲမှုဆိုသည်မှာလည်း သင်ပစ်မှတ်ထားသော ရလဒ်ကို အောင်မြင်ရရှိရန်အတွက် ကျွမ်းကျင်မှုနှင့် ထိရောက်မှုများကို ဖန်တီးရန် တက်ကြွစွာ လုပ်ဆောင်ခြင်းကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ အောင်မြင်မှု ဆိုသည်မှာ အလိုအလျောက် ဖြစ်လာသော အရာ မဟုတ်ပါ။ ၎င်း ဖြစ်မြောက်လာအောင် သင်ကိုယ်တိုင် လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။ သင့်အလုပ်၏ အစီအစဉ် မှာလည်း ထိုအတိုင်း ဖြစ်ပြီး ရလဒ် ကောင်း ဆိုးများအတွက် သင်ကိုယ်တိုင် ဖန်တီး လုပ်ဆောင်ရမည် ဖြစ်ပါသည်။ ဤစာအုပ်တွင် ကျွန်ုပ်တို့ အောင်မြင်မှု၏ အခြေခံ အုတ်မြစ်ကို ကြည့်ရှုလေ့လာခြင်း ဖြစ်ပါသည်။ )
ကောင်းမွန်၍ ထိရောက်သော အချိန်စီမံခန့်ခွဲမှု ဆိုသည်မှာ ကျွန်ုပ်တို့ လုပ်ကိုင်ဆဲ အလုပ်တစ်ခုကို စွမ်းဆောင်နိုင်ရန်နှင့် ဘဝတာ လုပ်ငန်း၏ အလား အလာကို တိုးတက်ကောင်းမွန်အောင် အကျိုးပြုနိုင်စေမည့် ကျွန်ုပ်တို့ တောင့်တ နေသော အရင်းအမြစ်ကျသည့် ကျွမ်းကျင်မှု ဖြစ်သည်။ ၎င်းကို ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်ခြင်းက လက်ရှိ အလုပ်နှင့် ဘဝတာလုပ်ငန်းတို့တွင် သင်လိုချင်သော အဆင့်သို့ အရည်အချင်းချင်း တူသော်လည်း အလုပ်ကို စနစ်တကျ ဖွဲ့စည်းထား နိုင်စွမ်းနှင့် စည်းကမ်းသေဝပ်မှုတို့တွင် ချို့တဲ့နေသော အခြားသူများထက် သင့်အား နှာတစ်ဖျား သာစေသောနည်းဖြင့် တစ်ဆင့်ထက်တစ်ဆင့် အောင်မြင်မှု ရရှိစေသည့် လူ၏ အရည်အသွေးကို အရင်းကျကျ ကွဲပြားခြားနားသော အခြင်းအရာ ဖြစ် သည်။ ဤအချိန် စီမံခန့်ခွဲမှု လုပ်ငန်းဒေသတွင် ကိုင်တွယ်ဖြေရှင်းမှု အလုပ်သည် လုပ်လိုသည် မလုပ်လိုသည် စဉ်းစားရွေးချယ်နေရမည့် ကိစ္စမဟုတ်ပေ။ ထိရောက် မှုရှိသော အချိန်စီမံခန့်ခွဲသူတစ်ဦး ဖြစ်သောကြောင့် သဘောသကာယ ကောင်း လိမ့်မည် သို့မဟုတ် အသုံးဝင်လိမ့်မည်ဟူ၍ သို့လော သို့လော တွေးတောနေဖွယ် မရှိပေ။ သို့လုပ်ဆောင်ခြင်းသည် သင်၏ လတ်တလော အလုပ်နှင့် ဘဝတာ လုပ်ငန်း အောင်မြင်မှုအတွက် မရှိမဖြစ် လိုအပ်သောအရာ အသေအချာ ဖြစ်ပါ သည်။
အများနှင့်မတူ တစ်မူထူးအောင် လုပ်ခြင်း
အချိန် စီမံခန့်ခွဲမှုကို ခြုံငုံဖော်ပြသော ဥပဒေသများကို တိုးလျှိုပေါက် တည့်တည့်မတ်မတ်သာ ပြောကြားထားပါသည်။ ၎င်းတို့က အရေးကြီးတဲ့ အရာ ကို လုပ်ကိုင်ပါ၊ အရေးမကြီးသည်တို့ကို ဥပေက္ခာပြုပါ” ဟု လည်းကောင်း၊ “ချက်ချင်း လတ်တလော ဖြေရှင်းရမည့် အရေးပေါ်ပြဿနာဟူသည် စတင် ပေါ်ပေါက်လာစဉ်က ကိုင်တွယ်ဖြေရှင်းခြင်း မပြုခဲ့သည့် အရေးကြီး ကိစ္စမျှသာ ဖြစ်ပါသည်”ဟု လည်းကောင်း အစဉ်အမြဲ ပြောကြားခဲ့ပါသည်။ ကောင်းသော အချိန် စီမံခန့်ခွဲမှုဆိုင်ရာ အစိတ်အပိုင်း အချို့ကို လက်တွေ့ အကောင်အထည် ဖော်မည်ဆိုပါက လုပ်ငန်းစဉ်အတွက် ဇွဲ လုံ့လနှင့် ပြတ်သားသော သန္နိဋ္ဌာန်တို့ လိုအပ်မည် ဖြစ်သည်။ လုပ်ဆောင်ချက်များအနေဖြင့် အကျင့်စရိုက်ကဲ့သို့ အရိုးစွဲ သွားသောအခါ လုပ်ရ ကိုင်ရခြင်းမှာ ပိုမို လွယ်ကူလာမည် ဖြစ်ပါသည်။ သို့သော် လုပ်ငန်းကို ကောင်းမွန်စွာ စုစည်းပြီး ရှိနေရန်နှင့် ယင်းအတိုင်း ဆက်လက် တည်ရှိနေစေရန်မှာ လုပ်ကိုင်၍ ရနိုင်သော ကိစ္စဖြစ်ပါသည်။ ယင်းသည် ခက်ခဲသော ဂြိုဟ်တုပစ်လွှတ်သည့် သိပ္ပံပညာ မဟုတ်ပါ။ လက်တွေ့ကျကျ စဉ်းစားပြီး ပါးနပ်လိမ္မာစွာ ဆုံးဖြတ်လုပ်ဆောင်ရန်သာ လိုပါသည်။ အရေးကြီးသည်မှာ မှန်ကန်သည့် အသေးစိတ် အခြေခံ အချက်များ စုဆောင်း ရရှိရန်ဖြစ်ပြီး ၎င်းတွင် အံ့သြဖွယ် ပဉ္စလက် နည်းနာများ မပါဝင်သည့်ပြင် စဉ်းစား ဆင်ခြင်ရမည့် အကြောင်းအချက် အများအပြားလည်း ပါဝင်ပါသည်။ ဤစာအုပ်တွင် အဓိက ချဉ်းကပ်နည်းများကို ပြန်လည်စိစစ်သုံးသပ်ထားပြီး အလုပ် ပိုမို ပြီးမြောက်စေမည့် နည်းစနစ်နှင့် တီးတိုးပေးသည့် ပေါက်ဂဏန်း တစ်လှေကြီးကိုလည်း ဖော်ပြထားပါ သည်။ ဤစာအုပ်ကို လက်တွေ့ကျကျဖြင့် အကောင်အထည်ဖော် လုပ်ဆောင်ရာ၌ လုပ်သာကိုင်သာရှိအောင် စီစဉ်ထားခြင်း ဖြစ်ပါသည်။ )
လုပ်ငန်းစဉ်ကို ပြန်လည်စိစစ်ခြင်းသည် သင့်အချိန် အသုံးချပုံချနည်းအား တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သည့် ပထမ ခြေလှမ်းဖြစ်ပါသည်။ သင် တစ်မူထူးခြားအောင် လုပ်နိုင်မည့်ပြင် သင် လုပ်ဆောင်ခဲ့သော ထူးခြားမှုကိုလည်း သင် နှစ်ခြိုက်မည် ဖြစ်ပါသည်။