စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 8

စိတ်ကူးချိုချိုစာပေ

ခင်မောင်အေး - လက်ရွေးစင်အမှားများ

ခင်မောင်အေး - လက်ရွေးစင်အမှားများ

ပုံမှန်ဈေး 1,800 Ks
ပုံမှန်ဈေး 2,000 Ks ရောင်းဈေး 1,800 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

“June လလယ်ပိုင်းလည်း ရောက်ရော ဒီးန်ယန်းဂ်က

 ကျွန်တော့်ကို ဘယ်လိုဝင်စီးမှန်း မသိတော့ပါဘူး။

တစ်နေကုန် တစ်နေခန်း၊ ညအိပ်ရာဝင်၊

မနက်အိပ်ရာနိုးမှာ ဒီးန်ယန်းဂ်။

စာသင်နေတုန်းလည်း ဒီးန်ယန်းဂ်။

တစ်တန်းနဲ့ တစ်တန်းကြား အားချိန်မှာ

ဒီးန်ယန်းဂ်နဲ့ တိတ်တိတ်ပုန်းလို”

ဇေယျာလင်း

(ဒီးန်ယန်းဂ် ဘာသာပြန်စာအုပ်အမှာမှ)

 

ရေးနေတဲ့အချိန်မှာပဲ ရေးလက်စကဗျာတစ်ပုဒ်က ဘာလုပ်နေတယ်၊

ဘာလုပ်ချင်တယ်ဆိုတာနဲ့ပတ်သက်ပြီး

ဆုံးဖြတ်တာတွေ လုပ်ရတာပေါ့။

အဆင်ပြေရင်လည်း အဲဒီကဗျာပုဒ်ရဲ့ ပြုလုပ်ရေးသားနေစဉ်

အတောအတွင်းမှာ ပုံသဏ္ဌာန်တစ်ခုခု ဖြစ်ပေါ်ပြီး

အဲဒီမှာပဲ ပြီးဆုံးသွားတာပေါ့။ အခုထိလည်း

ကိုယ်ဟာ ရှာဖွေနေတုန်း၊ ဟိုလုပ်ကြည့်

ဒီလုပ်ကြည့် လုပ်နေတုန်းပါပဲ။

ဒီးန်ယန်းဂ်

(ဇေယျာလင်းဘာသာပြန် ဒီးန်ယန်းဂ်မှ)

 

အလံတိုင်

အချိုအချောင်လေးတွေ ရဖို့ပဲ ကြိုးစားတဲ့ ဝီရိယက

အချိုအချောင်လေးတွေနဲ့ပဲ နှစ်ပါးသွားစေခဲ့တယ်။

 

ငါတို့အချို အချောင်လေးတွေနဲ့ အကြည်ဆိုက်ခဲ့ရဲ့

ငါတို့အချို အချောင်လေးတွေနဲ့ အလုပ်ဖြစ်ခဲ့ရဲ့

ကြာတော့လည်း ငါတို့ကိုယ်တိုင်က အချိုနဲ့ အချောင်

အတန်းအစားကနေ ထပ်ပြီး မတက်တော့ဘူး။ ။

 

လူရွှင်တော်

ခင်ဗျားတို့အားလုံး

ပျော်စေ၊ ရွှင်စေဖို့ပါ

ကျွန်တော့်မျက်နှာကိုလည်း

ပျော်ရွှင်ခြင်းမျက်နှာဖုံးတစ်ခုနဲ့

လုံခြုံအောင် ဖိအုပ်ထားပါ့မယ်

ပျော်စေ၊ ပြက်စေ၊ ကလက်စေ

ဆိုသလို ပေါ့လေ။ ။

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။