စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 1

Other Websites

ခင်မောင်တိုး(မိုးမိတ်) - အရက်လောကဟာသများ

ခင်မောင်တိုး(မိုးမိတ်) - အရက်လောကဟာသများ

ပုံမှန်ဈေး 0 Ks
ပုံမှန်ဈေး ရောင်းဈေး 0 Ks
ရောင်းရန် ရောင်းကုန်ပြီ

မျှော်လင့်ပါတယ်

“ရုံးတော်က မင်းကို ဒီတစ်ကြိမ်သက်သွားဦးမယ်လို့ မျှော်လင့်သေးသလား၊

 မင်း အရက်မူးပြီး ရုံးတော်ကို ခုလို ပုံပျက်ပန်းပျက် ရောက်ရောက်လာတာ အကြိမ် ၂၀ ရှိသွား

“မျှော်လင့်ပါတယ်၊တရားသူကြီးခင်ဗျား၊ပုံမှန်ဖောက် သည်တစ်ဦးလို ကျွန်တော် ဆက်ဆံခံချင်ပါတယ်”

 

အေး ပြောတော့ကွာ

ညကအသောက်လွန်သွားသူတစ်ယောက်သည်နောက် နေ့ အိပ်ရာမှအနီးတွင် ဆေးရုံရောက်နေကြောင်း သိလိုက် ရ၏။ သူ့ ခုတင်ဘေးမှာ သူ့အခင်ဆုံး သူငယ်ချင်း ထိုင်နေ သည်ကိုလည်း တွေ့လိုက်၏။

“ဘယ်လိုဖြစ်တာလဲ သူငယ်ချင်း” သူက ဇဝေဇဝါ ဖြစ်နေပုံဖြင့် မေးလိုက်၏။

“အေး .. ဖြစ်ပုံကို ငါပြောပြမယ်၊ မနေ့ညကမင်း သိပ်ကိုများသွားတယ်၊

ဒီတော့မင်းကမူးမူးနဲ့ ပြတင်းပေါက်

ဆီလျှောက်သွားတယ်၊ နောက် ပြတင်းပေါင် ပေါ်တက် တယ်ကွာ၊ နောက်ပြီး ငါ မြို့ပေါ် ပျံမယ်ဟေ့”လို့ ပြောတယ်

သည်တွင် လူနာက စူးစူးရဲရဲ အော်မေးလိုက်၏။

“ဟ... မင်း ငါ့ကိုမတားဘူးလား၊ မင်းဘယ်လိုသူ ငယ်ချင်းလဲ”

“ဟေ့ကောင် ... မင်းအရမ်းအော်မနေနဲ့၊ မနေ့ညက တော့ ငါကလဲ မင်းတကယ် ပျံနိုင်မယ် ထင်နေတာကိုး”

 

တစ်ခုပဲရှိတယ်

လူတစ်ယောက်သည် နာရီအတော်ကြာအောင် ဘား ကောင်တာတွင် ရပ်လျှက် အရက်ဆိုင်ရှင်အား သူ့စွမ်း ဆောင်မှုကြီးတွေအကြောင်း ပြောပြနေ၏။ ။

“ကဲ ကဲ ... စွမ်းဆောင်မှုတွေအကြောင်း ကြားရတာ များနေပါပြီ၊ ခင်ဗျား မစွမ်းဆောင်နိုင်တာတွေကိုလည်း တစ် လှည့်ကြားပါရစေဦး” ဟု ဆိုင်ရှင်က တောင်းဆိုလိုက်ရာ ထိုလူက ...

“တစ်ခုပဲရှိတယ်၊ ကျုပ်အရက်ဖိုး မပေးနိုင်ဘူး”တဲ့

 

ရောင်းစားမယ့်ပုံလား

လိုင်စင်မရှိဘဲ အရက်တစ်လုံး ရောင်းမှုဖြင့် ပက် ထရစ်”ကို ရုံးတော်မှ ခေါ်ယူလိုက်၏။

 ပက်ထရစ် ရောက်လာ သည့် အခါ သူ့ ရှေ့နေက ဂျူရီလူကြီးများအား “သူ့ကို သေသေချာချာလည်း လေ့လာအကဲခတ်ကြည့်ကြပါဦးဗျာ၊သူ့ မှာ အရက်တစ်လုံးရှိရင် ရောင်းစားမယ့်လူစားမျိုးလို့ လူကြီး မင်းတို့ ရိုးရိုးသားသား ယူဆကြပါသလား” ဟု လျှောက်လဲ ၏။

ဂျူရီလူကြီးများက ပက်ထရစ်ကို တစ်ချက် အကဲခတ် ကြ၏။ ပက်ထရစ်မှာ လုံးဝအပြစ်မရှိကြောင်း ဂျူရီလူကြီး များ သဘောပေါက် လက်ခံသွားကြ၏။

 

 

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။