ခင်မောင်တိုး(မိုးမိတ်) - အမေရိကန်သမ္မတတို့ရဲ့ ဟာသများ
အမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံးသမ္မတ (၁ရ၈၉-၁ရ၉ရ)
ဂျော့ဝါရှင်တန်ငယ်ငယ်က သူ့ဖခင်ရဲ့ ချယ်ရီပင် ကို ခုတ်လှဲခဲ့မှာမဟုတ်ပါဘူး။ ဒီတော့ “ကျွန်တော် မလိမ်ချင်ဘူး”လို့ပြောပြီး ဝန်ခံစရာလည်းမရှိဘူးပေါ့။
ဒါပေမယ့် လူတွေကတော့ ဂျော့ဝါရှင်တန် ဝန်ခံ ခဲ့တဲ့ ဇာတ်လမ်းကိုပဲ ထပ်ပြန်တလဲလဲ ပြောနေကြတာ ပါပဲ။ ဒါ ဘာကြောင့်လည်းဆိုတော့ ဂျော့ဝါရှင်တန်ရဲ့ ရိုးသားမှုဂုဏ်အင်ကို ဖော်ပြနေလို့ ပါပဲ။
ဆူဇီကလေးကတောင် တစ်ခါတော့ သူ့မေမေကို
“မေမေ၊ ဘယ်တော့မှမလိမ်ညာတဲ့လူတွေ ကောင်း ကင်ဘုံကို ရောက်ကြတာပဲလား”လို့ မေးတယ်လေ။
“ဟုတ်တယ် သမီးလေးရဲ့။ မလိမ်ညာတဲ့လူတွေပဲ ရောက်ကြတာ”
“ဒီလိုဆို ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့ ဂျော့ ဝါရှင်တန် နှစ်ဦးတည်းရှိမှာပေါ့။ ပျင်းစရာသိပ်ကောင်း မှာပဲနော် မေမေ”
စာသင်ကျောင်းတွေမှာဂျော့ဝါရှင်တန်အကြောင်း သင်ကြတယ်။ တစ်နေ့မှာ ဆရာမက သူ့တပည့် ကလေးတွေကို မေးသတဲ့။ ။
“တပည့်တို့၊ ဂျော့ဝါရှင်တန်ဟာ ကြီးမြတ်တဲ့ဗိုလ် ချုပ်လား၊
ဒါမှမဟုတ် ကြီးမြတ်တဲ့ ရေတပ်ဗိုလ်ချုပ် လား”
ဒီတော့ သွက်လက်ဖျတ်လတ်တဲ့ ဝီလီကလေးက
“ကြီးမြတ်တဲ့ဗိုလ်ချုပ်ပါ ဆရာမ”လို့ ကောက်ကာ ငင်ကာ ဖြေလိုက်တယ်။
“မင်း ဘယ်လိုလုပ်သိလဲ”
“ဒီလာဝဲယားကို လှေငယ်ကလေးနဲ့ ဝါရှင်တန် ဖြတ်ကူးတဲ့ပုံကို ကျွန်တော်တွေ့ဖူးတယ်။ ဘယ်ရေတပ် ဗိုလ်ချုပ်မှ အဲဒီလှေငယ်ကလေးမျိုး မစီးဘူး ဆရာမ”
အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေ ရေး ဆွဲဖို့ ၁၇၈၇ခုနှစ်မှာ ဂျော့ဝါရှင်တန်ခေါင်းဆောင်ပြီး အစည်းအဝေးတစ်ခုကို ကျင်းပခဲ့တယ်။ အဲဒီသမိုင်း တွင်တဲ့ အစည်းအဝေးမှာ ဝါရှင်တန် စကားများများ မပြောဘူး။ ရေငုံနှုတ်ပိတ်နေတာ များတယ်။
ဒါပေမယ့် တစ်ယောက်ကစပြီး အမေရိကန် စစ် တပ်ရဲ့ စစ်သားဦးရေကို ၅,ဝဝဝသာ ကန့်သတ်ထား
ကြောင်း အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲဖို့ အကြံပေးတယ်။ ။
ဒီမှာတင် ဝါရှင်တန် ရေငုံနှုတ်ပိတ်မနေနိုင်တော့
ဘူး။
သား
“ဒီလိုဆိုရင် ဘယ်နိုင်ငံခြား တိုင်းပြည်ကမှ ကျွန်ုပ် တို့ အမေရိကန်ပြည်ထောင်စုကို စစ်သား အင်အား ၃,ဝဝဝ ထက်ပိုသောစစ်တပ်ဖြင့် မကျူးကျော်၊ မတိုက် ခိုက်ရဆိုတဲ့အချက်ကိုပါအခြေခံဥပဒေထဲမှာရေးထည့် လိုက်ပါ”လို့ ဒေါမာန်ပါပါ ထပြောချပစ်လိုက် လေရဲ့။
ဂျိမ်းမယ်ဒီဆင် အမေရိကန်ပြည်ထောင်စုရဲ့စတုတ္ထမြောက်သမ္မတ (၁၈၀၉-၁၈၁ရ)
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအားလုံးထဲ မှာ သမ္မတဂျိမ်းမယ်ဒီဆင်ဟာ အရပ်အပုဆုံးပဲ။ ၅ပေ ကျော်ကျော်ပဲ မြင့်တယ်။ တစ်နေ့မှာ ဧည့်သည်တော် တစ်ဦးက သမ္မတကို ပထမဆုံးအကြိမ်အဖြစ် လာ ရောက် တွေ့ဆုံတယ်။ ဒီအခါမှာ သမ္မတရဲ့ အတွင်း ရေးမှူးက “သမ္မတကို မတွေ့နိုင်ပါဘူးခင်ဗျာ”လို့ ပြော လိုက်တယ်။
ဒီမှာတင် ကိုရွှေဧည့်သည် အတော့်ကိုအံ့ဩသွား ပုံမျိုးနဲ့ “ဘုရားရေ၊ သမ္မတက ဒီလောက်ကိုပုသလား” လို့ ရေရွတ်မိလိုက်သတဲ့။
အမေရိကန်ပြည်ထောင်စုရဲ့ဆဋ္ဌမမြောက်သမ္မတ (၁၈၂၅-၁၀၂၉)
အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယသမ္မတ ဂျွန် အဒမ်(၁၇၉၇-၁၈၀၁)ရဲ့ အကြီးဆုံးသား သမ္မတ ဂျွန် ကွင်စီအဒမ်မှာ ဘယ်တော့မှမပြောင်းလဲတဲ့ အကျင့် လေးတွေရှိတယ်။ မနက်တိုင်းလုပ်တဲ့ အလုပ်တွေက လည်း တစ်ပုံစံတည်းပဲ။ ၅နာရီမှာ အိပ်ရာထတယ်။ မီးဖိုတယ်။ သမ္မာကျမ်းစာဖတ်တယ်။ သည့်နောက်တော့ လမ်းလျှောက်ထွက်ချင်ထွက်မယ်၊ ဒါမှမဟုတ် ရေကူးသွားချင်သွားမယ်။
တစ်နေ့ ပိုတိုမက်မှာ သူရေကူးနေခိုက် သူချွတ် ထားတဲ့ အဝတ်အစားတွေ အခိုးခံလိုက်ရတယ်။ မကြာ ခင် သူရေကူးနေတဲ့နေရာနား လူငယ်ကလေးတစ်
ယောက် ရောက်လာတယ်။ ဒီလူငယ်ကလေးဟာ အရပ်ပုပု၊ ဝဖိုင့်ဖိုင့်လူတစ်ယောက် ရေထဲကနေ ကိုယ် လုံးတီးတက်လာတာ မြင်လိုက်ရတော့ သိပ်အံ့အား သင့်သွားတယ်။ အံ့အားသင့်လို့မှ မဆုံးသေးဘူး၊
အံ့အားသင့်စရာ သူ ဆက်ကြရပြန်ရော။
ဘာကြောင့်လဲဆိုတော့ ရေထဲကတက်လာသူက သူ့ကို အိမ်ဖြူတော်သွားပြီး သမ္မတအတွက်ဝတ်စုံတစ်စုံ ပို့ပေးဖို့ သမ္မတကတော်ကို သွားပြောပေးစမ်းပါကွာ လို့ ခိုင်းနေလို့ ပဲပေါ့။
အမေရိကန်ပြည်ထောင်စုရဲ့သတ္တမမြောက်သမ္မတ (၁၈၂၉-၁၈၃ရ)
သမ္မတအင်ဒရူးဂျက်ဆင်ကို တောင်ကာရိုလိုင်း နား သစ်တောကြီးထဲမှာ မွေးဖွားခဲ့တယ်။ ပညာ သိပ် မတတ်ဘူး။ ကြမ်းတမ်းတဲ့စရိုက်ရှိသူ ဖြစ်တယ်။
တစ်နေ့ လွှတ်တော် အမတ်တစ်ဦးက သမ္မတ အင်ဒရူးဂျက်ဆင်နဲ့ တွေ့ဆုံပေးဖို့ ယဉ်ကျေးသိမ်မွေ့တဲ့ အင်္ဂလိပ်အမျိုးသမီးကြီးတစ်ဦးကို ခေါ်လာတယ်။ အဲဒီ အမျိုးသမီးကြီးကို သမ္မတနဲ့ တွေ့ဆုံ မပေးခင်မှာ အမတ်မင်းက ဂျက်ဆင်ကို “အတတ်နိုင်ဆုံး ယဉ်ကျေး ပါဗျာ”လို့ သတိပေးစကား ပြောလိုက်တယ်။
ဟား... သမ္မတဂျက်ဆင် သိပ် စိတ်ဆိုးသွားတာပေါ့ ။
“ဒီမှာအမတ်မင်း၊ တခြားလူတစ်ယောက်ရဲ့ အမူ အရာနဲ့ပက်သက်ပြီး သတိပေးစကားပြောလို့ ရှေ့တန်း ရောက်သွားတဲ့လူ တစ်ယောက်မှမရှိဘူး။ ကျုပ် ကြား လည်း မကြားဖူးဘူး'
ပြင်သစ်လူမျိုးတစ်ယောက်အကြောင်း သမ္မတ ဂျက်ဆင်က မကြာမကြာ ပြောလေ့ရှိတယ်။ လူဝီဘုရင် က သူ့ကိုစကားပြောဖူးကြောင်း အဲဒီပြင်သစ်က ကြွား လေ့ရှိတယ်ဆိုပဲ။
“နေစမ်းပါဦး၊ လူဝီဘုရင်က သူ့ကို ဘာတွေပြော သတဲ့လဲ”
တစ်ယောက်က မသိလို့မေးကြည့်လိုက်တဲ့အခါ နောက်တစ်ယောက်က
“ဟေ့ကောင် လမ်းဖယ်စမ်းကွာလို့ ပြောတာပါ ဗျာလို့ ရှင်းပြလိုက်သတဲ့။