Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ခင်မောင်တိုး(မိုးမိတ်) - ကလေးတို့ရေပုံပြင်မိုးရေပျော်ပျော်ချိုးရအောင်

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

ခြင်္သေ့နဲ့ ကြွက်ငယ်လေး

          ဆာလောင်နေတဲ့ ခြင်္သေ့ကြီးတစ်ကောင် တောနက်ကြီး ထဲမှာ အိပ်ပျော်နေတယ်။ ခြင်္သေ့ကြီးအိပ်ပျော်နေတာကို ကြွက် ငယ်လေးတွေက မြင်သွားတော့ ခြင်္သေ့ကြီးကျောပေါ်တက်၊ တူတူ ပုန်းတမ်းကစားကြရင် သိပ်ပျော်စရာကောင်းမှာပဲလို့ တွေးမိ လိုက်ကြတယ်လေ။ တွေးမိတာနဲ့ ချက်ချင်းကစားကြတော့တာ ပါ။ ကြွက်ငယ်လေးတချို့က ခြင်္သေ့ကြီးရဲ့ ထူထပ်တဲ့လည်ဆံ မွေးတွေကြားထဲ ဝင်ပုန်းကြတယ်။ ကြွက်ငယ်လေးတစ်ကောင် ကတော့ ခြင်္သေ့ကြီးရဲ့ အမြီးအောက် ဝင်ပုန်းတယ်။ အမယ် ... ကြွက်မကလေးတစ်ကောင်ကဆိုရင် ခြင်္သေ့ကြီးရဲ့ လက်ဖဝါးကြီးအောက်တောင် ဝင်ပုန်းလိုက်သေးရဲ့ ။ ဒီလို တူတူပုန်းတမ်းကစား ရတော့ အကောင်းဆုံးကစားနည်းပဲလို့ ထင်မှတ်လိုက်ကြတယ်။

           ဒီလို ထင်လိုက်ချိန်မှာပဲ မမျှော်လင့်ပဲ ခြင်္သေ့ကြီးအိပ်ရာ က နိုးလာပါရော။ နိုးလာတော့ သူ့ ကိုယ်ကြီးကို ဆန့်၊ ကြွက် ကလေးတွေကို တအံ့တဩမြင်လိုက်ရ၊ ကြွက်ကလေးတွေလန့် ဖျပ်ပြီး ဦးတည်ရာ ထွက်ပြေးကြပေါ့။ ပြေးလိုက်ကြတာ ... ပြေးလိုက်ကြတာ၊ ဒါပေမဲ့ ကြွက်မကလေးတစ်ကောင်ကတော့ ခြင်္သေ့ကြီးရဲ့ လက်ဖဝါးအောက်မှာ ပုန်းတာလေ။ ဒီတော့ ဘယ်ပြေးလို့ လွတ်ပါတော့မှာလဲ။ လက်ဝါးကြီးနဲ့ အုပ်ထားလိုက် ပြီမဟုတ်လား။

           အတော်ပဲ၊ ခြင်္သေ့ကြီးကလည်း အိပ်ရာက နိုးလာတော့ ဗိုက်ဆာနေတာ တစ်ချိန်တည်းမှာ သူ့ လက်ဝါးအောက် ရောက် လာတဲ့ ကြွက်မကလေးကို ဒေါသထွက်နေတယ်။ ဒါနဲ့ ဒီကြွက် မငယ်လေးကို စားဖို့ စိတ်ဆုံးဖြတ်လိုက်တာပေါ့။ သူ့ အကျဉ်း သားဖြစ်နေပြီဖြစ်လို့ သူထင်သလို လုပ်နိုင်ပြီမဟုတ်လား။

           ဒါပေမဲ့ ကြွက်မငယ်လေးက လက်ဖဝါးလေးကို မြှောက်၊ ခြင်္သေ့ကြီးမျက်နှာကို အသနားခံနေတဲ့ပုံမျိုးနဲ့ မော့ကြည့်ပြီး “အို အရှင်၊ ကျွန်မကို မစားပါနဲ့၊ ကျွန်မကို စားလို့ ဘယ်လိုမှ အရှင့်ဗိုက် ပြည့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မကို လွှတ်ပေးပါ။ တစ်နေ့ ကျွန်မ အတတ်နိုင်ဆုံး ကူညီပါ့မယ်။ တကယ်ပြောတာပါ” လို့ သနားစရာကောင်းလောက်အောင် တောင်းပန်ရှာတယ်။

           လက်တစ်ဆုပ်စာစောင်မရှိတဲ့ ကြွက်မကလေးက “ကူညီပါ့မယ်” ပြောလာတော့ ခြင်္သေ့ကြီး ဟားတိုက်ရယ်တော့ တာပေါ့။ ဒါပေမဲ့ သူက လက်ဝါးကြီးကို ကြွလိုက်ပြီး ကြွက်မ ကလေးကို လွှတ်လိုက်တယ်။ ကြွက်မလေး ချက်ချင်းပြေးထွက်သွားတာပေါ့ ။

           ဒီလိုဖြစ်ပြီး အတော်ကြာသွားတဲ့အထိ ဒီကြွက်မကလေး ဟာ ကစားမြဲကစားနေတာပဲ။ တစ်နေ့ သူကစားနေတုန်း ဟိန်း သံကြီးကို ကြားလိုက်ရတယ်။ ဒီတော့ ကြွက်မလေးက “ဟဲ့ .. ငါ ဒီအသံကို သိတယ်။ ငါ့ မိတ်ဆွေကြီးအသံပဲ ဖြစ်ရမယ်။ မြန်မြန်သွားကြည့်မှ ကောင်းမယ်” လို့ စဉ်းစားမိလိုက်တယ်။

           အဲ့ခြင်္သေ့ကြီးနား ရောက်လာတော့ ထင်တဲ့အတိုင်းပဲ။ သူ့ကို တစ်ခါက လွှတ်ပေးလိုက်တဲ့ ခြင်္သေ့ကြီးလေ။ ခု .. နာနာ ကျင်ကျင် ခံစားရင်း လဲနေလေရဲ့။ ကြွက်မငယ်လေးက သူ့နား သွားပြီး အသံသေးလေးနဲ့ မေးလိုက်တော့ သူ့အသံလေးဟာ ခြင်္သေ့ကြီး ဟိန်းသံအောက်မှာ ပျောက်သွားပါရော။ ဒါနဲ့ ကြွက် မလေးက နားရွက်နားအထိ တက်သွားပြီး “ဘယ်လိုဖြစ်တာလဲ” လို့ မေးကြည့်လိုက်တယ်။ ဒီတော့ ခြင်္သေ့ကြီးက “ဟ .. ငါ့ကို ကြိုးတွေနဲ့ တုတ်ထားတာ နင် မမြင်ဘူးလား” လို ခပ်ထန်ထန် ပြန်ပြောလိုက်တယ်လေ။

           “အို .. သိပ်ဆိုးပါလား။ ကျွန်မ ကြိုးစားကူညီပေးပါ့မယ်ရှင်”

           ဒီတော့ ခြင်္သေ့ကြီးက ဒေါသတကြီး ဟိန်းဟောက်ပြီး “အဓိပ္ပာယ်မရှိလိုက်တာဟာ...” လို့ ရေရွတ်လိုက်တယ်။

           ခြင်္သေ့ကြီးပါးစပ်ပိတ်သွားမှ ကြွက်မလေးက ... “ဒီမှာ ခြင်္သေ့ကြီး ဟိန်းတာ ဟောက်တာတွေကိုသာ ရပ်လိုက်ပါ။ ကျွန်မ . ရှင့်ကို လွတ်သွားအောင် လုပ်ပေးနိုင်ပါတယ်” လို့ ပြောပြလိုက်

တယ်။

           ဒါတောင် ခြင်္သေ့ကြီးက တစ်ချက်ဟိန်းလိုက်ပြီး “နှင့် လို လက်တောက်လောက် ကြွက်မက ဘယ်လိုအလုပ်မျိုးကို လုပ်နိုင်မှာလဲဟ” လို့ ပြန်ပက်လိုက်သေးတယ်လေ။

           ဒီတော့ ကြွက်မလေးက “ကြိုးတွေကိုမှ ကိုက်မဖြတ်နိုင် ရင် ဟောဒီ ကျွန်မရဲ့ ချွန်ထက်တဲ့သွားသေးသေးလေးတွေဟာ ဘာလုပ်ဖို့လဲ” လို့ ပြောပြောဆိုဆိုပဲ ကြွက်မလေးဟာ သွားလေး တွေနဲ့ ကြိုးတွေကို ကိုက်ဖြတ်တော့တာပဲ။

           ကြိုးတွေ ပြတ်သွားတော့ ခြင်္သေ့ကြီးက .. “နေပါဦးဟ၊ ဘာကြောင့် နင်က ခုလောက် သနားကြင်နာစိတ်တွေ ယိုဖိတ် နေတာလဲ” လို့ မေးလိုက်တယ်လေ။ ဒီတော့ ကြွက်မလေး က - “ဪ .. ရှင် ကျွန်မကို လွှတ်ပေးလိုက်တာ မမှတ်မိဘူး လား။ တစ်ချိန်မှာ ကျွန်မလည်း အလားတူ ကူညီမှုမျိုးကိုပေးပါ့ မယ်လို့ ကတိပေးခဲ့ဖူးတယ်လေ။ ကျွန်မ အခု ကတိပေးတဲ့အတိုင်း လုပ် လိုက်တာပါပဲ။ ဟုတ်တယ် မဟုတ်လား” လို့ ခြင်္သေ့ကြီး အမှတ်ရ မိအောင် ပြန်ပြောပြလိုက်တာပေါ့။

           ဒီပုံပြင်ကို ရေးခဲ့သူဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ဝ လောက် က ပေါ်ထွန်းခဲ့သူပါ။ သူ့နာမည်က အီဆွပ် AESOP တဲ့။ သူ ရေးခဲ့တဲ့ ပုံပြင်များ စာအုပ်တစ်အုပ် ရှိခဲ့တယ်။ အဲဒီစာအုပ်ကို ခုထိ လူတိုင်းဖတ်နေကြတုန်းပဲ။ တကယ်တော့ သူဟာ တစ်ချိန်က ကျွန်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ .. သူ့ ပုံပြင်တွေကို ကြိုက်နှစ်သက်လွန်းလို့ သူ့သခင်က လွှတ်ပေးလိုက်တယ်လေ။ သူ့ကို ဘုရင်ကြီးတစ်ပါးကတောင် သူ့နန်းတော်မှာ ခေါ်ထား ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူက ပုံပြင်တွေ ပြောပြ နိုင်အောင်ပေါ့။ သူသေဆုံးသွားတော့ အေသင်သူ အေသင်သား တွေက အေသင်မှာလုပ်တဲ့ သူ့ ရုပ်တုတစ်ခုကို စိုက်ထူလိုက်ကြ တယ်။