ခင်မောင်ညို(ဘောဂဗေဒ) - အရှုပ်ထဲကမန်နေဂျာ
ပြဿနာ
တကယ်လို့ ခင်ဗျားဟာ အခြားလူတွေဖန်တီးတဲ့ ပြဿနာ တွေကြောင့် ဒုက္ခရောက်နေရင် ဆက်ဖတ်ကြည့်လိုက်ပါ။ သင့်ဘဝကို ပြောင်းလဲစေပါလိမ့်မယ်။ ဆက်ဖတ်ရမှာ တွေက မန်နေဂျာတစ်ယောက်ရဲ့ အကြောင်းပါ။ ဒါပေမဲ့ မိဘတွေလို၊ ဆရာ၊ ဆရာမတွေလိုနဲ့ အခြားတာဝန် ထမ်းဆောင်ရာတွေမှာလည်း အသုံးဝင်နိုင်ပါတယ်။
ကျွန်တော့်ရဲ့ ဘဝ ဖရိုဖရဲဖြစ်နေရာက ပညာရှိ လူစွမ်းကောင်း နှစ်ယောက်ရဲ့ အကြံဉာဏ်ကြောင့် ကျွန်တော့်ဘဝ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ ပြောပြ ချင်ပါတယ်။ အခုလိုပြောပြရတာက သူတို့ရဲ့ အကြံဉာဏ် တွေဟာ ကျွန်တော့်ကို အထောက်အကူဖြစ်သလို ခင်ဗျား တို့ကိုလည်း အထောက်အကူ ဖြစ်နိုင်လို့ပါ။
ပြီးခဲ့တဲ့နှစ်နှစ်လောက်၊ တစ်မိနစ်မန်နေဂျာ (One MinuteManager)နဲ့ နေ့လယ်စာစားပြီးတဲ့ အချိန်ကစပြီး ဇာတ်လမ်းကို ပြောရပါမယ်။ ကျွန်တော့်ရုံးကိုပြန်အရောက်ကိုယ့်အလုပ်စားပွဲကုလားထိုင်မှာ ထိုင်ချလိုက်ပြီး အံ့အား တသင့်နဲ့ ခေါင်းခါလိုက်ပါတယ်။ အခုလေးမှာပဲ ဘာတွေ ဖြစ်သွားခဲ့ပါလိမ့်လို့ စဉ်းစားကြည့်မိတယ်။
နေ့လယ်စာစားနေတဲ့ အချိန်တုန်းက အလုပ်ခွင်နဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သောကတွေကို အကုန်လုံးရင်ဖွင့် ဖြစ်ခဲ့တယ်။ ကျွန်တော့်မိတ်ဆွေက သေသေချာချာ နားထောင်ပြီးတော့ ပြဿနာတွေရဲ့ အကြောင်းရင်းကို ပြော ပြတယ်။ သူပြောပြတော့လည်း အလွယ်လေးပဲ။ ဒီလောက် လွယ်ကူ ရှင်းလင်းလွန်းလို့တောင် အံ့အားသင့်ရပြန်တယ်။
ဒီထက်ပိုပြီး အံ့အားသင့်စရာကောင်းတာက ဘယ် သူမပြု မိမိမှုဆိုသလို ကိုယ့်ကြောင့်ပြဿနာတွေ ဖြစ်ရ တာကိုပါ။ ကိုယ်ဖန်တီးထားတော့ ကိုယ်ပဲဒဏ်ခံရပါတယ်။ ကိုယ့်ပြဿနာတွေနဲ့ကိုယ် လုံးထွေးနေတော့ အဖြေရှာမရ ဘဲ ထွက်ပေါက်ပိတ်နေတယ်။ အပြင်က တစ်ယောက် ယောက်ရဲ့ အကူအညီမရဘဲ ပြဿနာကို အဖြေမရှာနိုင် ဘူး။ အခုတော့ မျက်စိပွင့်သွားပြီ။ ပွင့်လည်းပွင့်ရော အခု လို ပြဿနာကြုံရတာဟာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘဲ တခြားမန်နေဂျာတွေလည်း ကျွန်တော့်လို ပြဿနာတွေ ရှိနေကြတယ်ဆိုတာ သဘောပေါက် လိုက်တယ်။ အရ ကျွန်တော့် ရုံးခန်းထဲမှာ ကျွန်တော်တစ်ယောက် တည်းထိုင်နေရင်း အားရပါးရ ဟားတိုက်ရယ်မောပစ် လိုက်တယ်။ “မျောက်ရှုပ်တွေ” ဘယ်သူ့ကိုမှ မရည်စူးပါဘူး။
“ငါ့ပြဿနာဟာ မျောက်ရှုပ်တွေကြောင့် ဆိုတာ တစ်ခါမှမတွေးခဲ့မိတာ အံ့ပါရဲ့”
ပထမဆုံး မန်နေဂျာရာထူး
ကျွန်တော့်စားပွဲပေါ်မှာ ကျွန်တော့်ဇနီးနဲ့ ကလေးတွေပုံကို တင်ထားတယ်။ ဒီတစ်ခါ အဲဒီပုံကိုလှမ်းကြည့်လိုက်တော့ ကျွန်တော်ပြုံးနေတာကို သတိထားလိုက်မိတယ်။ ဒီလိုမပြုံး မိတာလည်း အတော်ကြာလို့ ပြုံးဖို့မေ့သလောက်တောင် ဖြစ်နေပါပြီ။ နောက်ဆိုရင် သူတို့နဲ့ပို ပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြတော့မယ်။
မျောက်ရှုပ်တွေနဲ့ အပျော်မကျူးခင် တစ်နှစ်လောက် တုန်းက စီမံခန့်ခွဲရေးတာဝန်တွေကို ပထမဆုံး ထမ်းဆောင် ရတယ်။ အစတုန်းက အဆင်ပြေပါတယ်။ အလုပ်ကလည်း အသစ်၊ အတွေ့အကြုံကလည်း အသစ်ဆိုတော့ စိတ်တွေ တက်ကြွနေတာပေါ့။ ကျွန်တော့်ကိုတာဝန်ခံရတဲ့ အောက် လက်ငယ်သားတွေနဲ့ ဒိုးတူပေါင်ဖက် အလုပ်လုပ်ရတာ စိတ်ဓာတ်တွေကတက်၊ ထုတ်လုပ်မှုစွမ်းအားတွေကတိုးလို့ ပျော်စရာကြီးပေါ့။ ကျွန်တော်မရောက်ခင်က အဲဒီနေရာဟာစိတ်ဓာတ်ရော၊ ထုတ်လုပ်မှုစွမ်းအားတွေပါ ကျဆင်းနေတဲ့ နေရာတဲ့။
အစပိုင်းတုန်းကကောင်းပေမဲ့ အနှောင်းမှာ မသေ ချာတော့ဘူး။ ပထမအခြေအနေက တဖြည်းဖြည်းကျဆင်းလာတယ်။ နောက် မြန်မြန်ကျတယ်။ လုပ်ငန်းကိုင်ငန်းသာ မဟုတ်ဘူး။ စိတ်ဓာတ်တွေကလည်း ကျဆင်းလာတယ်။ အချိန်ပိုပေးပြီး ကြိုးကြိုးစားစား ပင်ပင်ပန်းပန်း အလုပ် လုပ်ပေမဲ့ ဘယ်လိုမှအဖတ်ဆယ်လို့မရဘူး။ ဘာတွေဖြစ် ကုန်တာလဲဆိုတာ နားမလည်နိုင်တော့ဘူး။ အဖြေရှာမရတော့ သောကတွေပွေရပြန်တယ်။ အလုပ်လုပ်လေ ပိုရှုပ် လေ၊ ကြိုးစားလေ နောက်ဆုတ်လေ၊ ကျွန်တော့်ဌာနရဲ့ အခြေအနေပိုဆိုးလေ ဖြစ်လာတယ်။ ပြီးသာမန်ရုံးတက်ရတဲ့ရက်တွေမှာ အချိန်ပိုဆင်းပြီး လုပ်ရုံနဲ့မကျေနပ်နိုင်လို့ စနေ၊ တနင်္ဂနွေပါဆင်းပြီး အလုပ် လုပ်ပါတယ်။ ဘယ်လောက်လုပ်လုပ် အလျဉ်ကိုမမီနိုင် ဘူး။ အမြဲတမ်းပျော့လောင်ခတ်ပြီး သောကရောက်နေတယ်။ အစာအိမ်ရောဂါ၊ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေ ရနေ ပြီလို့တောင် ထင်မိတယ်။
အလုပ်ခွင်မှာသာ မဟုတ်သေးဘူး။ မိသားစုအရေး ကိုပါ ထိခိုက်လာတယ်။ အိမ်ကို ကျွန်တော်မပြန်နိုင်တော့ မိသားစုကိစ္စတွေ၊ မိသားစုပြဿနာတွေကို ကျွန်တော့် မိန်းမတစ်ယောက်တည်းက သိမ်းကျုံး လုပ်ရတော့တာ ပေါ့။ အိမ်ပြန်ရောက်တဲ့အခါလည်း အလုပ်ကပင်ပန်းလာ၊အလုပ်အာရုံက ဆက်ဝင်နေ၊ ညကြီးသန်းခေါင်အထိ အလုပ်က ဆက်လုပ်နေတယ်။ ကလေးနှစ်ယောက်က လည်း ကျွန်တော့်ကို အတော်စိတ်ကုန်နေကြပုံ ရတယ်။ သူတို့နဲ့အတူ ကစားဖို့အချိန်မှ မပေးနိုင်တာကိုး။ တခြား ရွေးစရာလမ်းကလည်း မမြင်ဘူးလေ။ အလုပ်က အရေး အကြီးဆုံးမဟုတ်လား။ အလုပ်ပြီးအောင်လုပ်ဖို့ လိုတယ်လေ။
ကျွန်တော့် အထက်အရာရှိ အဲလစ်ကယ်လီဟာ ကျွန်တော့် လုပ်ပုံကိုင်ပုံတွေကို သဘောတွေ့ခဲ့တာများ ပါတယ်။ ဝေဖန်ခဲ၊ အပြစ်တင်ခဲ့တယ်။ အခု သူ အရင်လို မဟုတ်တော့ဘူးဆိုတာ ကျွန်တော် သတိထားမိတယ်။ ကျွန်တော့်ဌာနအကြောင်းကို ခဏခဏ မေးလာတယ်။ ကြည့်ရတာ စိတ်မချလက်မချဖြစ်တာနဲ့ အနီးကပ်စောင့် ကြည့်ချင်ပုံပဲ။
အထက်လူကြီးနဲ့တွေ့ရပြီ
ကျွန်တော်ဟာ အထက်လူကြီးရဲ့ အခန်းကို တစ်ချိန်လုံး ဝင်၊ ပြဿနာတွေ အကုန်တင်ပြ၊ အမြဲတမ်း အကူအညီတောင်းနေတတ်တဲ့လူမျိုး မဟုတ်ဘူး။ ဒီအတွက် အဲလစ်က ကျွန်တော့်ကို သဘောကျပုံရပါတယ်။ ဒါပေမဲ့ အခုတော့ ပြဿနာတွေကို ဖုံးထားချင်လို့ သူ့ဆီမလာတာများလားလို့ ထင်လာတယ်။ ကျွန်တော်တို့ဌာနအတွက် သောကရောက် လာပုံပေါက်တယ်။ ဒီအတိုင်းလွှတ်ထားလို့တော့ မဖြစ် ဘူးဆိုတာ ကျွန်တော် သဘောပေါက်လာတယ်။ သူ့ကို တွေ့ပြီး အခြေအနေအကျိုးအကြောင်းပြောပြမှ ဖြစ်တော့ မယ်။ ။
နောက်ပိုင်းမှာ အခြေအနေဆိုးလာတယ်။ ဆိုးလာ တဲ့အကြောင်း ကျွန်တော်သိတယ်ဆိုတာရယ်၊ ပြဿနာကို အဖြေရှာလို့ မရသေးဘူးဆိုတာရယ် တင်ပြလိုက်တယ်။ နှစ်ယောက်စာ အလုပ်ကို ကျွန်တော်တစ်ယောက်တည်း လုပ်နေရတယ်လို့ထင်တဲ့အကြောင်း ကျွန်တော် ပြောပြလိုက် မိတာ မှတ်မိနေတယ်။ သူ့အဖြေက ကျွန်တော့်တစ်သက်မေ့စရာမရှိဘူး။ “နှစ်ယောက်စာအလုပ်ကို မင်းတစ်ယောက် တည်း လုပ်နေရတယ်ဆိုရင် နောက်တစ်ယောက်က ဘယ် သူလဲ၊ ဘယ်သူ့ ရဲ့ အလုပ်ကို မင်းလုပ်နေရတာလဲ၊ တို့ ဆီမှာ လူပိုမထားနိုင်ဘူး၊ အဲဒီတစ်ယောက်ကို ထုတ်ပစ်မှ ဖြစ်မယ်”
“မင်းရဲ့ လက်အောက်ငယ်သားတွေကို အလုပ်တွေ ခွဲဝေမပေးဘူးလား”
“ကျွန်တော့်လက်အောက်ငယ်သားတွေက ထပ်ပြီး တာဝန်ယူနိုင်ကြတော့မယ် မထင်ဘူးဗျ” သင်၏ ဒီတစ်ခါလည်း သူ ပြန်ပြောပုံက တစ်သက်မမေ့ နိုင်စရာ။
“အဲဒီလိုဆိုရင် သူတို့တာဝန် ထပ်ယူချင်လာအောင် လုပ်ပေးဖို့က မင်းတာဝန်ပဲ”
ဒီအခြေအနေကို ကြားရသိရတာ ငါ အတော်မျာ သွားတယ်။
ဘင်ဂျမင်ဖရန်ကလင်ရဲ့ အဘိုး ပြောဖူးတဲ့ စကား တစ်ခွန်းရှိတယ်။
ဖျာလောင်ခတ်နေတဲ့ အထက်လူကြီးတစ်ယောက် အတွက် အလုပ်လုပ်ရတာ သိပ်ခက်တယ်။
အထူးသဖြင့် အထက်လူကြီး ဖူလောင်ခတ်အောင် လုပ်တဲ့လူဟာ မင်းကိုယ်တိုင်ဖြစ်နေရင် သူနဲ့အလုပ်လုပ် ရတာ ပိုခက်မယ်။
တစ်မိနစ်မန်နေဂျာနဲ့တွေ့ပြီ
အဲလစ်နဲ့ တွေ့ပြီးတဲ့နောက် သူပြောတဲ့အကြောင်းတွေကို တော်တော်လေး စဉ်းစားနေမိတယ်။ “ဗျာလောင်ခတ်နေ တဲ့လူကြီး” ဆိုတဲ့အသံကို ထပ်တလဲလဲ ကြားယောင်နေ မိတယ်။ အဲလစ်က အခုပြဿနာကို ကျွန်တော်ကိုယ်တိုင် ဖြေရှင်းစေချင်ပုံရတယ်။ သူ့ဟာသူကလည်း အရေးကြီးတဲ့ အလုပ်တစ်ခု လုပ်နေပုံရတယ်။ ဒါကြောင့်ပဲ ကျွန်တော် “တစ်မိနစ်မန်နေဂျာ”နဲ့တွေ့ပြီး အကူအညီ တောင်းရတာ ပဲ။ သူက တခြားကုမ္ပဏီတစ်ခုက ဝါရင့်မန်နေဂျာတစ်ယောက်ပေါ့။ ကျွန်တော်တို့မိသားစုနဲ့ ပေါင်းသင်းဆက်ဆံ လာတာလည်း ကြာလှပြီ။ လူတိုင်းက သူ့ကို “တစ်မိနစ် မန်နေဂျာ”လို့ပဲ ခေါ်တယ်။ အခုလိုခေါ်ရတာက နည်းနည်း ကလေးလုပ်ရုံနဲ့ အများကြီးအကျိုးရှိအောင် လုပ်နိုင်လို့ ဖြစ်ပါတယ်။
နေ့လယ်စာစားဖို့ ဆုံကြတော့ ကျွန်တော့်မျက်နှာ ပေါ်မှာပေါ်နေတဲ့ ကျွန်တော့်ပြဿနာကို သူ တွေ့သွားပုံ ရတယ်။
“ဘယ့်နှယ်လဲကွ၊ မန်နေဂျာအလုပ်ဆိုတာ ဟိုတုန်း က မင်းထင်ထားသလောက် မလွယ်ဘူး မဟုတ်လား”လို့ တွေ့ တွေ့ချင်း မေးတော့တာပဲ။
“လျှော့လျှော့ပေါ့ပေါ့ ပြောရင်တော့ အဲသလို ပြောရမှာပဲ”လို့ ကျွန်တော်က ပြန်ဖြေလိုက်တယ်။
“ကျွန်တော်မန်နေဂျာမလုပ်ခင် ပျော်စရာကာလ တွေက လုပ်ရကိုင်ရတာ အများကြီးလွယ်တယ်။ ကိုယ်လုပ် ရင်ဖြစ်တယ်၊ ကိုယ်ကြိုးစားသလောက် ခရီးပေါက်တယ်။ အခုတော့ ပြောင်းပြန်ဖြစ်နေပြီဗျ”လို့ ကျွန်တော်က သူ့ကို ရှင်းပြတယ်။
ကျွန်တော့်ပြဿနာကို အသေးစိတ် ရှင်းပြတော့ သူကငြိမ်ပြီး နားထောင်နေတယ်။ တစ်ခါတလေကျမှ မေးခွန်းဖြတ်မေးတယ်။ စကားဆက်ပြောရင်း ပြောရင်းနဲ့ သူ့ရဲ့ မေးခွန်းတွေဟာ ပိုပြီးတိကျ၊ ပိုပြီးစူးစိုက်လာတယ်။ ကျွန်တော် ဘယ်အလုပ်တွေအတွက် အချိန်အများဆုံး ပေးရသလဲလို့မေးတယ်။ ကျွန်တော့်စားပွဲပေါ်က စာရွက် စာတမ်းတွေအတွက်ပဲလို့ ကျွန်တော်က ဖြေလိုက်တယ်။ တစ်ခါ တလေများ ဒီစာရွက် ဟိုဘက်ရွှေ့၊ ဟိုစာရွက် ဒီဘက်ရွှေ့နဲ့ တကယ်လုပ်ရမယ့်အလုပ် ဘာမှမပြီးဘူးလို့ တောင် ထင်မိတယ်။ ဒီကိစ္စကို ကျွန်တော်က
“ နည်းလမ်းကရည်ရွယ်ချက်အပေါ် အောင်နိုင်မှု”
လို့ ကြီးကြီးကျယ်ကျယ် နာမည်ပေးထားတယ်။
ဒါဟာ တကယ်တော့ မှန်တယ်ထင်ရတဲ့ မှားယွင်း မှုကြီး သက်သက်ပဲ။ များများတော့လုပ်ပါရဲ့၊ နည်းနည်းပဲ အောင်မြင်တယ်။
မနေ့တုန်းကဆိုရင် ကုမ္ပဏီထဲက လူတိုင်းလိုလို က ကျွန်တော့်ကိုတွေ့ချင်၊ ကျွန်တော့်ရဲ့ အကူအညီကို တောင်းချင်ကြပုံရတယ်။ အဲဒီကိစ္စတွေက သူတို့အတွက် တော့ ဧရာမကိစ္စတွေ ဖြစ်ပုံရတယ်။ ကျွန်တော့်အလုပ် အတွက်ကျတော့ သူတို့ကိစ္စတွေ လိုက်ဖြေရှင်းနေရတာနဲ့ ကိုယ့်အလုပ်ကိုယ် မလုပ်ရဘူး။ ကိစ္စတစ်ခု အာရုံစိုက် နေတုန်း တခြားကိစ္စတစ်ခုက ကြားဖြတ်ဝင်လာလိုက်၊ အစည်းအဝေးတွေ တက်လိုက်၊ တယ်လီဖုန်းဖြေလိုက်နဲ့ ပြီးနေတော့တာပဲ။ အစည်းအဝေးတွေ၊ လာလာတွေ့တာတွေ၊ တယ်လီဖုန်းတွေ ဖြေပြီးသွားတဲ့အခါကျ ကျွန်တော်တို့ ရဲ့ လုပ်ငန်းနဲ့ပတ်သက်လို့ အခြေအနေပိုကောင်းအောင် ဘာတွေ ဘာတွေလုပ်မယ်လို့ စိတ်ကူးထားတာလေးတွေ အကောင်အထည်ဖော်ဖို့ အချိန်မရတော့ဘူး။