Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - ဟုတ်ကဲ့(သို့)ဟင့်အင်းဆုံးဖြတ်ချက်ချမှတ်ရေးလမ်းညွှန်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
Type

ရှုပ်ရှုပ်ထွေးထွေးမှ ရှင်းရှင်းလင်းလင်းသို့

သောကြာနေ့ နံနက်

          တစ်ခါက ပို၍အောင်မြင်ရန်၊ ဘဝတွင် သောကပိုနည်းစေရန်အတွက် ဆုံးဖြတ်ချက်ကောင်းများ မည်သို့ ချမှတ်ရမည်ကို ရှာဖွေနေသည့် လူတော် တစ်ယောက် ရှိခဲ့ဖူးသည်။

          သူသည် ဆုံးဖြတ်ချက်များများကို ခပ်မြန်မြန်၊ ခပ်သုတ်သုတ် ချမှတ် ခဲ့ခြင်းမရှိသော်လည်း ချမိသည့်အခါ အလုပ်ခွင်၌လည်း ပြဿနာဖြစ်၊ ကိုယ်ရေး ကိုယ်ဟာ ဘဝ၌လည်း တစ်ခါတရံ ပြဿနာများ ဖြစ်စေခဲ့သည်။

          သူက သူ၏ညံ့ဖျင်းသော ဆုံးဖြတ်ချက်များကြောင့် ထိခိုက်မှုများသည်ဟု ယူဆသည်။ ထို့ကြောင့် ဆုံးဖြတ်ချက်ကောင်းကောင်း ချနိုင်သည့်နည်းလမ်း ရှိရ မည်ဟု တွက်ဆမိသည်။

          ထို့ကြောင့် အနီးနားရှိ တောင်တစ်လုံးသို့ နံနက်စောစောတွင် သွား ရောက်ကာ အခြားစီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်ထိပ်တွင် တွေ့ဆုံရန် ထွက်ခွာခဲ့သည်။ ထိုတောင်ထိပ်၌ ထူးချွန်သော စီးပွားရေးလုပ်ငန်းရှင်နှင့် လမ်းပြ၏ ဦးဆောင်မှုကို အတွေ့အကြုံယူမည်။ လမ်းပြသည် တောင်တက်ရာ၌ လည်းကောင်း၊ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍လည်းကောင်း လမ်းညွှန်မှုပေးသူ ဖြစ်သည်။

          လူတော်တော်များများသည် ဆုံးဖြတ်ချက်ချမှတ်မှုနှင့် ပတ်သက်၍ အားကိုးလောက်သော စနစ်တစ်ခုကို ရှာဖွေသွားနိုင်ကြပြီး၊ ရုံးပိတ်ရက်မှ အပြန်တွင် ပိုကောင်းသော ဆုံးဖြတ်ချက်များကို ချနိုင်ကြကြောင်း ကြားသိရသည်။

          ထိုမျှသော အချိန်တို အတွင်း မည်သို့ ဆုံးဖြတ်ချက်ချနည်းကို ကောင်းကောင်းကြီး တတ်သွားကြသနည်း?

          မကြာမီ လူငယ်က တောင်ခြေလမ်းတစ်လျှောက် လျှောက် သွားသည်။ သူ၏ ဂျာကင်အပါးစားကို ချွတ်လိုက်ကာ ခါး၌ ချည်လိုက်သည်။ ယခုသူ ချွေးထွက်နေသည်။ ထိုသို့ ချွေးထွက်နေ ခြင်းမှာ နံနက်ခင်းနေရောင်ကြောင့်မဟုတ်၊ စိုးရိမ်ကြောက်လန့်နေ၍ ထွက်ခြင်းဖြစ်သည်။ သူ နောက်ကျနေပြီး လမ်းမှားနေသည် ဆိုသည်ကို သူသိသည်။

          အိမ်မှသူထွက်သည့်အခါ အိမ်မှအပန်းဖြေစခန်းသို့ သွားရ မည့် လမ်းပြမြေပုံကို မေ့ထားခဲ့ကြောင်း သူသတိရလိုက်သည်။ ပြန်ပြီးလည်းယူချင်သည်။ သို့သော် ထိုသို့ ပြန်ယူလိုက်လျှင် ပိုပြီး နောက်ကျသွားမည်စိုးသဖြင့် မပြန်တော့။ ယခုတော်တော် နောက်ကျနေပြီဖြစ်ရာ မူလဦးတည်ရာလမ်းကြောင်းအတိုင်း ခပ်မြန်မြန် ခပ်သုတ်သုတ်တက်လိုက်သည်။

          လူငယ်က ဆုံးဖြတ်ချက်ကောင်းရန် လိုအပ်နေသူများမှာ သူ တစ်ယောက် တည်းမဟုတ်ဟု၊ သူ့ကိုယ်သူ ဖြေသိမ့်လိုက်သည်။ သူသည် ရွက်ကြမ်းရေကျို ဆုံးဖြတ်ချက်များကို ချမှတ်နေသော စီးပွားရေးလုပ်ငန်းရှင် အုပ်စုများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

          ဆုံးဖြတ်ချက်ချမှတ်ရာ ကော်ပိုရေးရှင်းများ၊ စီးပွားရေး လုပ်ငန်းငယ်များ၊ ကျောင်းများ၊ အစိုးရအဖွဲ့ အစည်းများ၊ ထို့ပြင် မကြာခဏဆိုသလိုပင် လူတစ်ဦးချင်း၏ ကိုယ်ရေးကိုယ်တာဘဝ များ၌ ဆုံးဖြတ်ချက်ညံ့များ၏ ရလဒ်ကို တွေ့ နေရသည်။

          ၎င်းတို့၏ ရွေးချယ်မှုများနှင့် ရလဒ်များ မည်သို့မျှ အဆက် အစပ်မရှိဟု ထင်ရသည်။

လူငယ်က လူတော်တော်တော်များများသည် ခပ်ညံ့ညံ့ ဆုံးဖြတ်ချက် များကို အဘယ့်ကြောင့် ချမှတ်နေကြသလဲ?ဟု စဉ်းစားမိသည်။

          သူ့ကိုယ်သူလည်း ပြန်လည်ဝေဖန်မိသည်။ အုပ်စုတစ်ခု၊ အသင်းတစ်ခု၏ ပြတ်သားသော ခေါင်းဆောင်တစ်ယောက်ဖြစ်ရန်၊ ပြတ်သားသော အဖွဲ့ဝင် တစ်ဦးဖြစ်ရန် မည်သို့လုပ်ရမည်ကိုမသိ၊ တစ်ခါတရံ သူ မပြတ်မသား ဖြစ်တတ် သည်ကို သိသည်။ သူက အမှားအယွင်းမလုပ်ချင်၊ အခြားသူများကဲ့သို့ပင်သူသည် မည်ကဲ့ သို့ ဆုံးဖြတ်ချက်ချရမည်ကို လေ့လာဆည်းပူးခဲ့ခြင်း မရှိကြောင်း သဘောပေါက်လိုက်သည်။

          ထိုအချိန်ကာလ၌ သစ်ကိုင်းခြောက်တစ်ခုကို တက်နင်းမိပြီး၊ သစ်ကိုင်း ခြောက်ကျိုးသွားသည့် အသံကြောင့် သူ၏ပတ်ဝန်းကျင်ကို သတိရစေရန် လှုံ့ဆော်ပေးလိုက်ရာ ရောက်သည်။ သူ က ရပ်ပြီး အနီးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

          ထိုအခါ အခြားလူတစ်ယောက်ကို တွေ့လိုက်သည်။

          ခေတ္တမျှ လူနှစ်ယောက်သည် တစ်ဦးကိုတစ်ဦး သေသေချာချာ သတိထားကြည့်မိလိုက်ကြပြီး လူငယ်က လူကြီး၏ နေလောင်ထားသည့် မျက်နှာ၌ ရှင်းလင်းပြတ်သားမှု ပေါ်လွင်နေသည်ကို တွေ့ရသည်။

          ဒီ အရပ်ရှည်ရှည်၊ ဆံပင်ဖြူ၊ ကျန်းမာ ကြံ့ခိုင်ပုံရသည့် ပုဂ္ဂိုလ်သည် သူ၏လမ်းညွှန်ဟုတ်ပါ့မလားဟု သံသယပွားနေသည်။ သို့သော် အကြောင်း တစ်စုံတစ်ရာကြောင့် ထိုပုဂ္ဂိုလ်၏ရှေ့တွင် နေရသည်မှာ လုံခြုံစိတ်ချသယောင် ဖြစ်သည်။ သူက “ကျွန်တော် တောင်ကုန်းကို တက်မလို့ လမ်းရှာနေတယ်” ဟု ပြောလိုက်သည်။

          အဘိုးအိုက ပြန်ပြောပြသည်။ “ငါကမင်းရဲ့ လမ်းပြပဲ၊ မင်းအခု လမ်းမှားနေပြီ”ဟု ပြောလိုက်သည်။ ထို့နောက် သူလှည့်ထွက်သွားသည့်အခါ လူငယ်က နောက်ကလိုက်သွားသည်။

          လမ်းပြက လှည့်ကြည့်လိုက်ပြီး၊ “မင်းကနေ့ နောက်ကျရတဲ့ ဆုံးဖြတ် ချက်တွေကို သေသေချာချာ ပြန်ကြည့်ဖို့ ကောင်းတယ်” ဟု ပြောလိုက်သည်။ ရှက်သွားသော လူငယ်က ဘာမျှပြန်မပြော သူ၏ ဆုံးဖြတ်ချက်များကိုသာ ပြန်၍စဉ်းစားကြည့်နေသည်။

          ခဏအကြာ၌ လမ်းပြက “ဘာဖြစ်လို့ တောင်ကုန်းထိပ်ကို တက်လာ ရတာလဲ” ဟု မေးသည်။

          လူငယ်က “အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ် သလဲဆိုတာသိချင်လို့ပါ”ဟုဖြေသည်။ ထိုသို့ ဖြေနေစဉ် အကောင်းဆုံး ဆုံးဖြတ် ချက်ဆိုသည်မှာ ဘာလဲဟု တွေးမိနေသည်။ တစ်ခါ တရံ မပြတ်မသားဖြစ်ရခြင်းမှာ မည်သည့် ဆုံးဖြတ်ချက်သည် ကောင်းသော ဆုံးဖြတ်ချက်ဖြစ်သည်ကို မသိခြင်း ကြောင့် ဖြစ်သည်။

          သူလမ်းဆက်လျှောက်နေသည့်အခါ လမ်းပြက “မင်းဟာ အမြဲတမ်း အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချဖို့မလိုပါဘူး၊ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေချဖို့ပဲလိုပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေချနိုင်လို့ရှိရင် ငါတို့ အားလုံးလိုပဲ နောက်ဆုံးမှာမင်းဟာ ကောင်းကောင်းမွန်မွန် ဖြစ်သွားမှာပဲ” ဟု ပြောလိုက်သည်။

          လူငယ်က စိတ်သက်သာရာရသွားသည်။ “

          ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ဆိုတာ ဘာလဲလို့ မေးပါရစေ” ဟု ပြောလိုက်သည်။

          လမ်းပြက “ပိုကောင်းတဲ့ဆုံးဖြတ်ချက်ဆိုတာ ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့် ဘာသာကိုယ် တန်ဖိုးရှိတဲ့ မေးခွန်းတချို့ကို မမေးဘဲ ဆုံးဖြတ် လိုက်တာထက် ပိုကောင်းတဲ့ဆုံးဖြတ်ချက်ပေါ့”

          “တခြားလူတွေလိုပဲ မင်းဟာလည်း တစ်ခါတလေမှာ မပြတ်မသား ဖြစ်နေတတ်တယ်၊ မဝံ့မရဲဖြစ်နေတတ်တယ်၊ ဆုံးဖြတ်ချက် ချရမှာကို မသက်မသာ ဖြစ်နေတတ်တယ်၊ ဒီတောင်ကုန်းထိပ်မှာ တွေ့မယ့် လူတော်တော်များများက အဲသလိုခံစားနေတာကို စိတ်ချ ရတဲ့စနစ်ကိုသုံးပြီးတော့ ကျော်လွှားကြတယ်”

          “စိတ်ချရတဲ့ စနစ်ဆိုတာ လုပ်ငန်းနှစ်ခုရှိတယ်။ တစ်ခုကတော့ ကိုယ့်ခေါင်းကိုသုံးဖို့၊ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ တိုင်ပင်ဖို့၊ ကိုယ့် ခေါင်းကိုသုံး ကိုယ့်ရဲ့ နှလုံးသားကို တိုင်ပင်ပြီးတော့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာဖို့ပဲဖြစ်တယ်။ ဒီစနစ်မှာဆိုရင် ကိုယ့်ကိုယ်ကိုယ်မေးတဲ့ တန်ဖိုးရှိတဲ့ မေးခွန်းနှစ်ခု ရှိတယ်။ အဲဒီ မေးခွန်းနှစ်ခုကို တို့က ဟုတ်တယ်၊ ဟင့်အင်း ဒါပဲဖြေတယ်”

          လူငယ်က ချက်ချင်းပင်မေးလိုက်သည်။ “အဲဒီ တန်ဖိုးရှိတဲ့ မေးခွန်းနှစ်ခုဆိုတာ ဘာလဲဗျ”

          “ငါတို့မေးခွန်းကို မသွားခင်၊ ငါတို့ခရီးစကြရင် မကောင်းဘူးလား” ဟု လမ်းပြက မေးလိုက်သည်။

          လူငယ်က သဘောတူလိုက်သည့်အခါ၊ လမ်းပြက “မင်းဟာ ပိုကောင်း တဲ့ ဆုံးဖြတ်ချက်တွေ ချချင်ရင် ပထမဆုံး ဘာလုပ်ရမလဲ ဆိုတာ သိသလား” ဟု မေးလိုက်သည်။

          လူငယ်က “ကျွန်တော်မသေချာပါဘူးဗျာ” ဟု ဖြေလိုက်သည်။ “ဘာလုပ်ရမယ်လို့ မသိဘူးဆိုရင်...”

          လမ်းပြက “ဘာမလုပ်ရဘူး ဆိုတာကို မင်းသိရဲ့လား”ဟု လမ်းပြက မေးလိုက်သည်။

          အများအားဖြင့် လူငယ်သည် လုပ်ငန်းများစွာကို လုပ်ရင်း အလုပ်ရှုပ်နေတတ်သူဖြစ်ရာ ဘာမလုပ်ရမည်ကို တွေးလေ့တွေးထမရှိပေ။

          လမ်းပြက ရုတ်တရက် ရပ်လိုက်သည်။ ထိုအခါ နောက်က လူငယ် ကလည်း ကပ်၍ ရပ်လိုက်သည်။

          လမ်းပြက “မင်းအခုလုပ်နေတဲ့အလုပ်ကို ရပ်ပစ်ရမှာပေါ့”

          ထို့နောက် လမ်းပြက သူ၏ အိတ်ထောင်ထဲမှ စက္ကူ တစ်ခေါက်ကို ထုတ်လိုက်ပြီး တစ်ချို့ကို ပြလိုက်သည်။

          လူငယ်က ဖတ်ကြည့်ပြီး တွေးလိုက်သည်။ ထို့နောက် သူ၏ ကျောပိုး အိတ်မှဒိုင်ယာရီ စာအုပ်ငယ် အနီလေးကိုထုတ်ပြီး၊ ချ၍ မှတ်စုရေးလိုက်သည်။

          “ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ချဖို့ ပထမဆုံး ခပ်ညံ့ညံ့ ဆုံးဖြတ်ချက်ကို ဆက်မလုပ်ပဲ ရပ်ရမယ်”

          လမ်းပြက ပြောသည် –

          “မင်းဟာ ခပ်ညံ့ညံ့ဆုံးဖြတ်ချက်ကို မချဘဲထား ရင် ကွက်လပ်တစ်ခုဖြစ်သွားမယ်၊ အဲဒီကွက်လပ်နေရာမှာ ပိုကောင်းတာနဲ့ ဖြည့် နိုင်မယ်”

          လူငယ်ကပြောသည် – “ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်မှာ ရှိနေတာကို စွန့်လွှတ်လိုက်ရင်၊ ပိုကောင်းတဲ့ဟာကို မရမှာ စိုးရိမ်တယ်” ။

          လမ်းပြက - “ငါတို့အကုန်လုံး အဲဒါကို ကြောက်ကြတာပေါ့၊ ကိုယ်နဲ့ ရင်းနှီးနေတာ၊ သက်တောင့်သက်သာ ရှိနေတာကို လွှင့်ပစ်ဖို့က သတ္တိရှိဖို့လိုတယ်။ ဒါပေမယ့် တကယ့်တကယ် လက်တွေ့မှာကျတော့ ပိုကောင်းတဲ့ ရလဒ်တွေရဖို့ဆိုရင် ပိုပြီးတော့ အားကိုးရတဲ့ နည်းလမ်းဖြစ်တယ်”

          “ကိုယ့်အတွက် အလုပ်မဖြစ်တဲ့ဟာကို ကိုယ်ဖယ်ပစ်လိုက်ပြီ ဆိုရင် ပိုကောင်းတာကို လွတ်လွတ်လပ်လပ် ရှာနိုင်တယ်။ ပြီးတော့ မြန်မြန်ဆန်ဆန်လည်း လုပ်နိုင်တယ်”

          “တရုတ် ရှေးဟောင်းစကားပုံ တစ်ခုရှိတယ်-ရေနွေးကြမ်း တစ်ခွက်ကို လိုချင်ရင်၊ ခွက်ကို အရင်သွန်ပစ်ရမယ်၊ အေးစက်နေတဲ့ ရေနွေးတွေရှိနေတဲ့ ခွက်ထဲကို ရေနွေးလောင်းထည့်ရင် ရေနွေး တွေက ခွက်ထဲကို မဝင်ဘဲ၊ ပန်းကန်ပြားပေါ်ကို ဖိတ်သွားတတ်တယ်”

          လူငယ်က “သဘောပေါက်ပါပြီဗျာ” ဟု ဖြည်းဖြည်းပြောလိုက်သည်။ ထို့နောက်သူက အဲဒီအကြောင်း ပြောတော့ ကျွန်တော့် မိတ်ဆွေတစ်ယောက်ကို သတိရတယ်။ သူက သူတို့ဆီကို ပစ္စည်းသွင်းနေတဲ့ အရည်အချင်းမဲ့တဲ့ ပစ္စည်း သွင်းနေတဲ့သူတစ်ယောက်ကို ထုတ်ပစ်ဖို့ ဝန်လေးနေတယ်။ အဲဒီ ပစ္စည်းသွင်း နေတဲ့သူက သူ့ကို အကြိမ်ပေါင်းများစွာသတိပေးပြီးတော့၊ အခွင့်အရေးပေးပါလျှက်နဲ့ လုပ်တာကိုင်တာ တော်တော်ညံ့တယ်၊ ခပ်ညံ့ညံ့ ပစ္စည်းတွေကို သွင်းနေ တယ်။ ခက်တာက ကျွန်တော့်မိတ်ဆွေက သူ့ထက် ပိုကောင်းအောင် လုပ်တတ် တဲ့သူ ဘယ်သူရှိလဲဆိုတာကိုမသိတော့ အဲဒီလို လုပ်နေတာ အဆင်မပြေမှန်း သိရဲ့နဲ့ ရပ်မပစ်ဘူး။ ဒီလူ့ကိုပဲ ဆက်ပြီးသုံးတယ်” ။

          လမ်းပြက ပြန်မေးလိုက်သည်။ “အဲဒီတော့ ဘာဖြစ်သွားလဲ?

          လူငယ်က “ပစ္စည်းသွင်းတဲ့လူက ဆက်ပြီးတော့ အမှားတွေလုပ်နေ တယ်၊ အဲဒီတော့ ကျွန်တော့မိတ်ဆွေရဲ့ ကုမ္ပဏီက အချိန်လည်း ကုန်တယ်၊ ငွေလည်းကုန်ရတယ်၊ နောက်ဆုံးကျတော့ သူ့ အလုပ်ကိုမလုပ်လို့ဆိုပြီးတော့ အထုတ်ခံရတာ ကျွန်တော့်ရဲ့ မိတ်ဆွေ ဖြစ်နေတယ်။ ဒီအကြောင်းပြောရတာ စိတ်တောင်မကောင်းပါဘူး”

          လူငယ်က ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် မေးလိုက်သည်။

          “အလုပ်မဖြစ်နေတဲ့ဟာကို ကျွန်တော် တို့ ဘာဖြစ်လို့ ဆက်လုပ်နေကြ တာလဲ?” လမ်းပြက ဖြေလိုက်သည်။