Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - လူငယ်အားဖြည့်ဒိုင်ယာရီ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out
လူငယ်အားဖြည့် ... ဒိုင်ယာရီ
YOUTH DIARY

ဇန်နဝါရီလ ၃

  1. ယူပါ၊ လေ့ကျင့်ပါ၊ ပြတ်သားပါ၊ ခင်ဗျားခြေရင်းမှာ ကမ္ဘာကြီးဝပ်စင်းစေရပါမယ်။ ကျွန်တော့်ကို ခပ်ပေါ့ပေါ့သဘောထားပါ၊ ခင်ဗျားကို ကျွန်တော်ဖျက်ဆီးပစ်မယ်။ ကျွန်တော်ဘယ်သူလဲ၊ ကျွန်တော်က အလေ့အကျင့် (Habit) ပေါ့ ။
  2. သူတို့ ဘယ်လိုဟာတွေလဲဆိုတဲ့ အပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေက လူတစ်လုံးသူတစ်လုံးဖြစ်အောင်လဲ လုပ်နိုင်တယ်။ ဒုက္ခရောက်အောင်လဲ လုပ်နိုင်တယ် ကျွန်တော်တို့ ထပ်တလဲလဲလုပ်နေတဲ့အတိုင်း ကျွန်တော်တို့ဖြစ်လာကြတယ်။
  3. အတွေးစေ့စိုက်၊ လုပ်ရပ်ပင်ပေါက်၊ လုပ်ရပ်စေ့စိုက်၊အလေ့အကျင့်ပင်ပေါက်၊ အလေ့အကျင့်စေ့စိုက်၊ စရိုက်ပင်ပေါက်၊ စရိုက်စေ့စိုက်၊ ကံကြမ္မာပင်ပေါက်

  4. ကံကောင်းတာက၊ ကိုယ်ဟာ အလေ့အကျင့်တွေထက် ပိုပြီး အားကောင်းမောင်းသန် ဖြစ်နေတာပါ။ ဒါကြောင့် အလေ့အကျင့် တွေကို ပြောင်းလဲပစ်နိုင်စွမ်းရှိပါတယ်၊ ဥပမာ အနေနဲ့ အခု လက်ပိုက်ကြည့်လိုက်စမ်းပါ။ အခုပြောင်းပြန် လက်ပိုက်ကြည့် စမ်းပါ။ ဘယ်လိုနေသလဲ၊ နည်းနည်း ထူးထူးဆန်းဆန်း ဖြစ်မနေ ဘူးလား။ ဒါပေမဲ့ တစ်လလောက် ဆက်တိုက်ပြောင်းပြန် လက်ပိုက်ကြည့်ရင် ဘာမှမထူးဆန်းတော့ဘူး။ ထူးဆန်းတယ်လို တောင်တွေးမိမှာမဟုတ်ဘူး၊ အကျင့်ရသွားပြီ။
  5. အလေ့အကျင့် ၇ ရပ်က ကိုယ့်ဘဝကို ထိန်းချုပ်ပေးမယ့်၊ မိတ်ဆွေတွေနဲ့ ဆက်ဆံရေးကို ကောင်းမွန်စေမယ်၊ ပိုကောင်းတဲ့ ဆုံးဖြတ် ချက်တွေ ချစေနိုင်မယ်၊ မိဘတွေနဲ့ ဆက်ဆံ ရတာ အဆင်ပြေ မယ်၊ စွဲလမ်းနေတာတွေကို ဖြတ်နိုင်မယ်၊ ကိုယ်တန်ဖိုးထားတာတွေ၊ ကိုယ့်အတွက် အရေးပါတာတွေကို သတ်မှတ်နိုင်မယ်၊ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှု တိုးပွားလာမယ်၊ ပျော်ရွင်မယ်၊ ကျောင်း၊ လုပ်ငန်းခွင်၊ မိတ်ဆွေတွေနဲ့ အစစအရာရာ တစ်ဖက်စောင်းနင်း မဖြစ်ဘူး။
  6. ထင်မြင်ပုံ ( Perception) ကို တစ်နည်းအားဖြင့် Paradigmလို့ခေါ်သေး တယ်။ တစ်ခုခုကို ကိုယ်မြင်ပုံ၊ ကိုယ်ရှုထောင့်၊ ကိုယ့်ရဲ့ ရည်ညွှန်းချက်၊ ကိုယ့်ယုံကြည်ချက် တွေကို Paradigm လို့ခေါ်တယ်။ သတိထားမိကြသလိုပဲ ကိုယ့်မြင်ပုံတွေဟာ မကြာခဏ လွဲချော်တတ်ပြီး၊ ဒါကြောင့် အကန့်အသတ်တွေ အတားအဆီးတွေကိုဖြစ်စေတယ် ဥပမာ - ကိုယ်ဟာ တက္ကသိုလ် တက်ဖို့ အရည်အချင်းမရှိဘူးလို့ ယုံကြည် ချင်ယုံကြည်နေမယ် ဒါပေမဲ့ Ptolemyက ကမ္ဘာကြီးဟာ စကြာဝဠာကြီးရဲ့ ဗဟိုချက်လို့ ယုံကြည်ခဲ့တာ မမေ့နဲ့။
  7. အမြင်တွေဟာ မျက်မှန်တွေနဲ့တူတယ်၊ ကိုယ့်ကိုယ်ကိုယ်ဖြစ်ဖြစ်၊ ကိုယ့်ဘဝ ကို ဖြစ်ဖြစ်၊ ပြည့်ပြည့်စုံစုံ မမြင်ရင်၊ ပါဝါလွဲနေတဲ့ မျက်မှန်တပ်ထားသလိုပဲ။ အဲဒီမှန်ဘီလူးတွေအတိုင်းပဲ လိုက်မြင်ရတယ်။ ကိုယ်မြင်တာက ကိုယ့် မျက်မှန်အပေါ် မူတည်တယ်။ ကိုယ့်ကိုယ်ကိုယ်တုံးလို့ ထင်ရင် အဲဒီ ယုံကြည်ချက်ကြောင့် ကိုယ်တုံးဖြစ်သွားတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် တော်တယ် လို့ ထင်ရင် အဲဒီယုံကြည်ချက်ကြောင့် ကိုယ်လုပ် သမျှ အလုပ်တွေအပေါ် လှလှပပ အရိပ်ထိုးစေတယ်။
  8. ကိုယ့်ကိုယ်ကိုယ်မကောင်းမြင်တာကြောင့် ကိုယ်လုပ်ရည်ကိုင်ရည် မရှိအောင်ဖြစ်သွားစေ သလို၊ ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်တာကြောင့် အကောင်းဆုံး အရည်အသွေးတွေ ထွက်လာစေနိုင်တယ်။
  9. ကိုယ့်ကိုယ်ကိုယ်မြင်ပုံလွဲချော်နေရင် ဘယ်လိုလုပ်ပြီး ပြင်မလဲလို့ စဉ်းစားမိနေမယ်။ လုပ်နိုင်တာတစ်ခုကတော့ ကိုယ်ကိုယုံကြည် တဲ့၊ ကိုယ့်ကိုပြုစုပျိုးထောင်ပေးမယ့် သူ တစ်ယောက်နဲ့ အချိန် ဖြုန်းဖို့ပါ၊ ကျွန်တော့်အဖေဟာ အဲသလိုလူမျိုးပေါ့။ ။ သူက“ရှောင်၊ မင်းဟာအတန်း ခေါင်းဆောင်ဖြစ်သင့်တယ်” တို့ “အဲဒီကောင်မလေးကို ခေါ်ကြည့်စမ်း မင်းနဲ့သာ အပြင်ထွက်လည် ရရင် သူသေပျော်သွားမယ်”တို့ ပြောတတ်တယ်၊ အားပေးတာ ခံချင်ရင် အဖေနဲ့စကားပြောရတယ်။ သူကကျွန်တော့် မျက်မှန်ကို သန့်ရှင်းရေးလုပ်ပေးသလို၊ ကျွန်တော့်ကိုယ်ကျွန်တော် မြင်ပုံကို ကောင်းမွန်အောင် လုပ်ပေးတတ်တယ်။
  10. အောင်မြင်တဲ့သူ ဘယ်သူဖြစ်ဖြစ်မေးကြည့်လိုက်ရင် သူတို့က သူတို့ကိုယုံကြည်တဲ့ သူတစ်ယောက်ယောက် (ဆရာတစ်ယောက် ယောက်၊ မိတ်ဆွေတစ်ယောက်ယောက်၊ မိဘ တစ်ယောက် ယောက်၊ အုပ်ထိန်းသူတစ်ယောက်၊ ညီအစ်မတစ်ယောက်၊ အဖွား တစ်ယောက်) ရှိနေတဲ့အကြောင်း ဖြေကြလိမ့်မယ်။ ကိုယ့်ကို ယုံကြည်တဲ့သူ တစ်ယောက် ယောက်ရှိနေဖို့ပဲလိုတယ်။ ဘယ်သူ ဆိုတာက အရေးမကြီးဘူး။
  11. ကိုယ့်ကိုယုံကြည်တဲ့ သူကို အားကိုအားထားလုပ်ဖို့၊ သူအားဖြည့် ပေးတာကို လက်ခံဖို့ မကြောက်ပါနဲ့။ သူ့ဆီသွားပြီး အကြံဉာဏ် ယူပါ။ သူကကိုယ့်ကိုမြင်သလို၊ ကိုယ်ကိုယ့်ကိုယ် မြင်တတ် အောင်လုပ်ပါ။ “ဘုရားသခင်က ကိုယ့်ကိုဖြစ်စေချင်တဲ့အတိုင်းကိုယ့် ကိုယ်ကိုယ်မြင်ကြည့်နိုင်ပြီဆိုရင်၊ သင်ဟာ အဆင့်မြင့်တက် လာပြီး အရင်တုန်းကနဲ့ ဘယ်တော့မှ တူမှာမဟုတ်ဘူးလို့” တစ်ယောက်ယောက်က ပြောဖူးတယ်။
  12. ကိုယ့်ကိုယ်ကိုယ်ပဲမဟုတ်၊ တစ်ခြားသူတွေနဲ့ပတ်သက်လို့လဲမြင်ပုံမြင်နည်းတွေရှိကြတယ်၊ အဲဒီ မြင်ပုံမြင်နည်းတွေကလည်း လွဲချော်နိုင်တယ်၊ မတူတဲ့ ရှုထောင့်ကနေ ကြည့်တတ်လာတာ၊ တခြားလူတွေဘာကြောင့် အဲသလို လုပ်ကြတယ်ဆိုတာ နားလည်အောင်၊ ကိုယ်ချင်းစာအောင်၊ အထောက်အကူ ဖြစ်တယ်၊ တို့တစ်တွေဟာ၊ အချက်အလက် အထောက်အထား မပြည့်စုံဘဲ နဲ့ သူတစ်ပါးကို အကဲဖြတ်လေ့၊ စီရင်ချက်ချလေ့ရှိတယ်။
  13. မိုနီကာဆိုတဲ့ ဆယ်ကျော်သက်လေးရဲ့ အတွေ့ အကြုံက အခုလိုတဲ့ “ကျွန်မဟာ သူငယ်ချင်းကောင်းတွေ အများကြီးရှိတဲ့ ကယ်လီဖိုးနီးယားမှာ နေတာ ကြာလှပြီ၊ မိတ်ဆွေ သူငယ်ချင်းတွေ အများကြီးရှိတော့ သူငယ်ချင်း အသစ် တစ်ယောက်ရောက်လာရင် ဂရုမစိုက်ဘူး။ နောက်ရောက်လာတဲ့သူတွေ သူ့ ဘာသာသူ အဆင်ပြေအောင် ကြည့်နေရမယ်လို့ပဲ ကျွန်မထင်ထားတယ်။ ဒါပေမဲ့ ကျွန်မ ကျောင်းပြောင်းတော့ ကျွန်မက ကျောင်းသားအသစ် ဖြစ်သွား ပြီး တစ်ယောက်ယောက်က ကျွန်မကို ဂရုစိုက်စေချင်မိတယ်။ သူတို့ သူငယ် ချင်းအုပ်စုထဲကို ဆွဲသွင်းစေချင်တယ်၊ ကျွန်မအမြင် ပြောင်းသွားတယ်။ သူငယ်ချင်းမရှိတာ ဘယ်လောက်ဆိုးသလဲဆိုတာ သဘောပေါက်သွား တယ်” အခုကစပြီး၊ မိုနီကာဟာ နောက်ရောက်လာတဲ့ ကလေးတွေ အပေါ် ဆက်ဆံပုံ ဆက်ဆံ နည်းပြောင်းတော့မယ်လို့ မထင်ဘူးလား၊ အမြင်ပြောင်း ရင်၊ သူတစ်ပါးအပေါ် သဘောထားပြောင်းတယ်။
  14. ကိုယ့်အမြင်တွေဟာ အများအားဖြင့် မပြည့်စုံ၊ မတိကျဘဲ လုံးဝ ရှုပ်ထွေးနေတတ်တယ်၊ ဒါကြောင့် တခြားသူတွေကို အကဲဖြတ် တဲ့ စိတ်ဓာတ်မထားသင့်ဘူး၊ ပုံသေမမြင်သင့်ဘူး။ ကိုယ့်အမြင် က သိပ်ပြည့်စုံတာ မဟုတ်လေတော့ ပြည့်ပြည့်ဝဝမြင်တာ အချက်အလက်၊ အခြေအနေတွေအားလုံးကိုမြင်တာမျိုး မဟုတ် ဘူး။
  15. သတင်းအချက်အလက် အသစ်၊ အတွေးအခေါ်အသစ်၊ ရှုထောင့်သစ်တွေ ဝင်လာနိုင်အောင် ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားကို တံခါး ဖွင့်ထားသင့်တယ်။ ကိုယ်ရထားတဲ့ သတင်းအချက်အလက်တွေ အတွေးအခေါ်တွေ၊ ရှုထောင့်တွေမှားရင် အမြင်ပြောင်းချင်တဲ့ စိတ် ရှိရမယ်။
  16. ကိုယ့်ဘဝကို ကြီးကြီးကျယ်ကျယ် ပြောင်းချင်တယ်ဆိုရင် ကိုယ် က လောကကြီးကို ကြည့်ပုံကြည့်နည်း၊ ကိုယ့်ရဲ့မြင်ပုံမြင်နည်းကို ပြောင်းလဲပစ်ဖို့က အဓိကကျတယ်။ ကြည့်တဲ့ မှန်ဘီလူးပြောင်း သွားရင် တခြားအရာတွေ အားလုံးလဲ လိုက်ပြောင်းတယ်။
  17. သေသေချာချာ ကြည့်မယ်ဆိုရင် (ဆက်ဆံရေးပြဿနာ၊ ကိုယ့်ကိုယ်ကိုယ်မြင်ပုံ ပြဿနာ၊ သဘောထားပြဿနာ) ပြဿနာ အတော်များများဟာ မြင်ပုံမြင်နည်းလွဲချော်မှု တစ်ခုနှစ်ခုကြောင့် ဖြစ်ရတယ်ဆိုတာ တွေ့လိမ့်မယ် ။ ဥပမာ - အဖေနဲ့ ဆက်ဆံရေး အဆင်မပြေဘူးဆိုရင် နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် အမြင်မကြည် လင်လို့ဖြစ်မယ်။ ကိုယ်က အဖေဟာ ခေတ်နောက်ကျနေပြီလို့မြင်မယ်။ သူကကိုယ့်ကို ကျေးဇူးမသိတတ်တဲ့၊ ပျက်စီးနေတဲ့ ကောင်လို့မြင်မယ်။ လက်တွေ့မှာတော့ အဲဒီမြင်ပုံ မြင်နည်း နှစ်ခုစလုံးဟာ မပြည့်စုံဘဲ လက်တွေ့ဆက်ဆံလို့မရအောင် ဆွဲထားနေတယ်။
  18. ကိုယ့်ကိုယ်ကိုယ် မြင်ပုံ ၊ သူတစ်ပါးကိုမြင်ပုံတွေအပြင်၊ လောကကို မြင်ပုံ လည်း ရှိသေးတယ်၊ ကိုယ်ဘယ်လို မြင်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပြီး မေးကြည့်နိုင်တယ်။ ကိုယ့်ဘဝရဲ့ မောင်းနှင်အားဟာ ဘာလဲ။ ဘာတွေတွေးရင်းနဲ့ အချိန်အတော်ဖြုန်းနိုင်သလဲ၊ ဘာကို ဘယ်သူကို စွဲလမ်း နေသလဲ ဆိုတဲ့ မေးခွန်းတွေမေးကြည့်နိုင်တယ်၊ ကိုယ့်ဘဝအတွက် အရေး အကြီးဆုံးဟာ ကိုယ့်ရဲ့ အမြင်၊ ကိုယ့်ရဲ့ မျက်မှန်၊ ကိုယ့်ဘဝရဲ့ ဗဟိုချက် ဖြစ်လာမယ်။
  19. ဆယ်ကျော်သက်တွေရဲ့ ဘဝမှာ အဓိကက လာတာတွေက သူငယ်ချင်းတွေ၊ပစ္စည်း ပစ္စယတွေ၊ ရန်သူတွေ၊ ကိုယ့်ကိုယ်ကိုယ်နဲ့ အလုပ်တွေဖြစ်တယ်။ ဒါတွေကို အဓိကထားတဲ့အတွက် ကောင်းတာတွေရှိပေမယ့် တစ်နည်း မဟုတ်တစ်နည်း မပြည့်စုံကြဘူး။တခြားအရာတွေကိုဖယ်ပြီး တစ်ခုခုအပေါ်မှာ လုံးဝမှီခို အားထားရင် ကိုယ် ဒုက္ခရောက်မယ်။
  20. သူငယ်ချင်းတွေ အများကြီးနဲ့ နေရတာလောက် ကောင်းတာမရှိ၊ အပယ်ခံဖြစ်ရတာ လောက်ဆိုးတာမရှိ။ မိတ်ဆွေသူငယ်ချင်းတွေ ဟာ အရေးကြီးတာမှန်ပေမဲ့၊ ကိုယ့်ဘဝမှာ အဓိကမကျသင့်ဘူး။ ဘာဖြစ်လို့လဲ၊ တစ်ခါတလေ သူတို့ဟာ ပြောင်းလဲတတ်တယ်၊ တစ်ခါတလေမှာ သူတို့ဟာ အတုအယောင်ဖြစ်နေ တတ်တယ်။ တစ်ခါတလေ ကိုယ့်ကွယ်ရာမှာ အတင်းပြောတတ်တယ်။ သူငယ်ချင်းအသစ်တွေ့ရင် ကိုယ့်ကို မေ့သွားတတ်တယ်။ စိတ် လဲပြောင်းတတ်တယ်။ တခြားအရပ်ဒေသကိုလည်း ပြောင်း ချင်ပြောင်းသွားတတ်တယ်။ ပြီးတော့ မိတ်ဆွေတွေရှိမှ၊ သူတို့ လက်ခံသဘောကျမှ သူတို့များများလက်ခံမှ ဖြစ်မယ်ဆိုရင် ကိုယ့် ရဲ့ စံချိန်စံညွှန်းတွေကို အလျှော့ပေးရာ ရောက်နေတာ မိတ်ဆွေ သူငယ်ချင်းတွေ ကျေနပ်အောင် ကိုယ့်စံချိန်စံညွှန်းတွေ အမြဲတမ်း ပြောင်းနေရတာတွေ့ရမယ်။ ယုံချင်ယုံမယုံချင်နေ မိတ်ဆွေ သူငယ် ချင်းတွေဟာ ကိုယ့် ဘဝမှာ အကြီးကျယ်ဆုံး မဟုတ်ဘူး ဆိုတဲ့ နေ့ကို ရောက်လာလိမ့်မယ်။
  21. မိတ်ဆွေသူငယ်ချင်း များနိုင်သမျှ များများရအောင်လုပ်ပါ။ ဒါပေမဲ့ သူတို့ ကိုပဲ အားမကိုးပါနဲ့။ သူတို့ဟာ မတည်ငြိမ်တဲ့ အုတ်မြစ်နဲ့တူတယ်။
  22. တစ်ခါတလေမှာ လောကကြီးကို ဘာတွေဘယ်လောက်များများ ပိုင်သလဲဆိုတာနဲ့ တိုင်းတတ်ကြတယ်။“အရုပ်အများကြီးရပြီး သေရတဲ့သူက အနိုင်ရ တယ်”လို့ သင်ကြားပေးတဲ့ ရုပ်လောကကြီးထဲမှာ နေနေရတယ်။ အမြန် ဆုံးကား၊ အလှဆုံးအဝတ်အထည်၊ နောက်ဆုံးပေါ် စတီရီယို၊ အလှဆုံး ဆံပင်ပုံစံ၊ ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ပေးမယ့်လို့ ထင်တဲ့ တခြားအရာတွေ အများကြီး လိုချင်ကြတယ်။ ရာထူးတွေ၊ ယိမ်းခေါင်းဆောင်၊ ပြဇာတ် ခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်၊ အယ်ဒီတာချုပ် စတဲ့ အောင်မြင် ပေါက်မြောက်မှုမျိုးတွေကိုလည်း လိုချင်ကြတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ အောင်မြင် ပေါက်မြောက်မှုတွေကို ရယူခံစားတာဟာ မမှားပါဘူး။ ဒါပေမဲ့ကိုယ့်ဘဝကို အဲဒီ အရာတွေအပေါ် မှီခိုအားထားတာ အဓိကထားတာ မလုပ်သင့်ဘူး ။ နောက်ဆုံးမှာ ဒီအရာတွေဟာ ကြာရှည်မခံဘူး ကြာရှည် တန်ဖိုးမရှိဘူး။
  23. ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုဟာ ကိုယ့်ကိုယ်တွင်းကပဲ လာသင့်တယ်၊ ကိုယ့်အပြင်ကမလာသင့်ဘူး။ ကိုယ့်နှလုံးသားရဲ့ အရည်အသွေး၊ ကိုယ့်နှလုံးသားရဲ့ အနှစ် သာရကပဲ လာသင့်တယ်။ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းအရေအတွက်ကို အားကိုးပြီး၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတာမျိုး မဖြစ်သင့်ဘူး။ အရုပ်တွေ အများကြီးရပြီး သေရ တယ်ဆိုတဲ့ လူမျိုးတွေလည်း တကယ်တော့ သေတာပဲမဟုတ်လား။
  24. ကိုယ်ဘာပိုင်ဆိုင်သလဲဆိုတဲ့ အပေါ်မှာမူတည်ပြီး ကိုယ်ဘယ်လို လူဖြစ်ရသလဲဆိုရင်၊ ကိုယ်ပိုင်တာတွေ မရှိတဲ့အခါ ကိုယ်ဘယ်လို လူလဲ။
  25. အမှီခိုကင်းတာ၊ လွတ်လပ်တာဟာ၊ မှီခိုရ တာထက် ပိုပြီး ဆွဲဆောင်မှုရှိတယ်၊ တစ်ဖက်သား ကို အားကိုး မနေရရင် ကိုယ်ဟာ ချစ်သူကောင်း တစ်ယောက်ပိုဖြစ် နိုင်တယ်။ ကိုယ့်ဘဝကို တစ်ခြားသူ တစ်ယောက်အပေါ် အဓိကထားနေရတာက ကိုယ်ချစ် တာကို မပြသတဲ့အပြင် သူတို့ကို မှီခိုအားထားနေရ ကြောင်း ပြသနေတယ်။
  26. ကိုယ့်ပညာရေးဟာ ကိုယ့်အနာဂတ်အတွက် အရေး ကြီးပြီး ထိပ်ဆုံးဦးစားပေးသင့်တယ်။ ဒါပေမဲ့ ဆရာ ကြီးရဲ့ အချစ်တော်ဖြစ်ဖို့၊ အတန်းထဲမှာ ထိပ်ဆုံးရောက် ဖို့တွေက ကိုယ့်ဘဝကိုလွှမ်းမိုး မသွားစေသင့်ဘူး။ကျောင်းကို အဓိကထားတဲ့ ဆယ်ကျော်သက်တွေဟာ အမှတ်ကောင်းဖို့လောက်ပဲ ဂရုစိုက်နေပြီး ပညာသင်ဖို့ကျောင်းတက်တာဆိုတဲ့ တကယ့် ရည်ရွယ်ချက်ကို မေ့ သွားတတ်တယ်။ ကျောင်းမှာစာတော်သလို၊ တခြား နေရာတွေမှာလည်း တစ်ဖက်စောင်းနင်းမဖြစ်၊ အားမနည်းတဲ့သူဖြစ်အောင် လုပ်နိုင်တယ်ဆိုတာ ထောင် ပေါင်းများစွာသော ဆယ်ကျော်သက်တွေက သက်သေ ပြခဲ့ကြပြီ၊ ကိုယ့်တန်ဖိုးကို အမှတ်တွေနဲ့ပဲ အကဲမဖြတ် တဲ့အတွက် ကျေးဇူးတင်စရာကောင်းတယ်။
  27. ကိုယ့်ဘဝအတွက် အဓိက ကျတယ်ဆိုတာတွေက စာရင်းရှည် လှတယ်။ သူရဲကောင်းတွေ၊ အလုပ်၊ ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့် ရန်သူတွေတောင် ကိုယ့်ဘဝမှာ အဓိကကျတဲ့သူတွေ ဖြစ်လာနိုင် သေးတယ်၊ ဒါပေမဲ့ ဒါတွေအားလုံးရော၊ တခြားအရာတွေ အားလုံးရော ဘဝမှာ လိုအပ်တဲ့ တည်ငြိမ်မှုကို မပေးနိုင်ဘူး။ အကအခုန်တွေ စကားရည် လုပွဲတွေမှာ ထူးချွန်မှုရှိအောင် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ မိဘတွေနဲ့ ဆက်ဆံရေး ကောင်းအောင် မကြိုးစားရဘူးလို့ ပြောနေတာ မဟုတ်ဘူး။ ကြိုးစားသင့်တယ်။ ဒါပေမဲ့ တစ်ခုခုကိုစွဲလမ်းတာနဲ့ တစ်ဘဝလုံး မှီခိုထားတာ ကွာခြား တယ်၊ ဒီနှစ်ခု မပူးသင့်ဘူး။
  28. ဘဝမှာ အဓိကထားသင့် တကယ်လည်း အလုပ်ဖြစ်တာရှိတယ်။ အဲဒါဘာလဲ အဲဒါက တော့ နိယာမတွေ ဥပဒေတွေ မူတွေကို အဓိကထားတာပဲ။
  29. မူဆိုတာ ဥပဒေသ ဆိုတာ၊ နိယာမ ဆိုတာ ဘာလဲ။ ကမ္ဘာကြီးရဲ့ ဆွဲအားအကြောင်း အားလုံးသိကြတယ်။ ဘောလုံးတစ်လုံးကို ပစ်တင်လိုက်ရင် ပြန်ကျလာတယ်၊ ဒါဟာ သဘာဝရဲ့ ဥပဒေသ တစ်ခု နိယာမတစ်ခုပဲ၊ ရုပ်လောကကို လွှမ်းမိုးတဲ့ ဥပဒေသတွေ၊ နိယာမတွေရှိသလို၊ လူ့လောကကို လွှမ်းမိုးထားတဲ့ ဥပဒေသတွေနိယာမတွေလဲရှိတယ်၊ ဒီဥပဒေသတွေဟာဘာသာရေးနဲ့လည်း မဆိုင်ဘူး၊ အမေရိကန်တို့တရုတ်တို့ဆိုတဲ့ လူမျိုးနဲ့ လည်း မဆိုင်ဘူး။ ကိုယ်လည်းမပိုင်သူလည်းမပိုင်ဘူးဆင်းရဲချမ်းသာမရွေး၊ ရှင်ဘုရင်လယ်သမားမရွေး၊ ကျားမမရွေး၊ အားလုံး တန်းတူ ညီမျှပဲ၊ ဝယ်လို့ရောင်းလို့လဲမရဘူး။ ဥပမာတချို့ ကိုပြရရင် - ရိုးသားမှု၊ ဝန်ဆောင်မှု၊ မေတ္တာ၊ အလုပ်ကြိုးစားမှု၊ လေးစားမှု၊ ကျေးဇူးတင်မှု၊ အစွန်းမရောက်မှု၊ ပျမ်းမျှ၊ သိက္ခာ၊ သမာဓိ ၊ သစ္စာရှိမှု၊ တာဝန်ယူမှုတွေပေါ့ အများကြီး ကျန်သေး တယ်၊ ရှာလို့လဲ လွယ်ပါတယ်။ သံလိုက် အိမ်မြှောင် လက်တံဟာ မြောက်အရပ်ကိုပဲ အမြဲ ညွှန်ပြသလို တကယ်နိယာမတွေကို ကိုယ့်နှလုံးသားက သိပါတယ်။
  30. နိယာမတွေ အတိုင်းနေရင် ထူးချွန်အောင်မြင်မယ် အဲဒါတွေကို ချိုးဖျက်ရင်၊ ကိုယ်ကျ ရှုံးမယ်။ အဲသလောက် လွယ်ကူရှင်းလင်း တယ်။
  31. အလုပ်ကြိုးစားတာဟာ အရေးကြီးတဲ့ နိယာမတစ်ခု၊ ဥပဒေသတစ်ခုဖြစ်တယ်။ ဖြတ်လမ်းမရှိဘူး၊ ညာပြီး ဂေါက်သီးရိုက်လို့၊ ဂစ်တာတီးလို့၊ အာရေဗျစကားပြောလို့ မရဘူး။ ကြိုးစားပမ်းစား လုပ်မထားရင် မဖြစ်နိုင်ဘူး။ အိမ်က ကြိုတင်လေ့ကျင်ပြင်ဆင် မလုပ်ရင် ပွဲဝင်မကောင်းနိုင်ဘူးလို့ လယ်ရီဘာဒ်က ပြောတယ်။