Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - မန်နေဂျာပေါက်စ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
အခန်း ၁
ကြီးကြပ်ရေးမှူးတွေကို ဘယ်လို
ရွေးသလဲ

          ကံဆိုးတာက ကုမ္ပဏီ အတော်များများဟာ မန်နေဂျာ ရာထူးပေးမယ့် သူတွေကို သေသေချာချာ မရွေးဘူး။ လော လောဆယ် တာဝန်ပေးထားတဲ့ ကိစ္စတွေမှာ ဒီလူ ဘယ် လောက် တော်သလဲဆိုတဲ့ အချက်တစ်ခုတည်းကိုပဲ ကြည့် ပြီး ဆုံးဖြတ်တတ်ကြတယ်။ အကောင်းဆုံး လုပ်တတ်တဲ့ သူ တစ်ယောက်ဟာ အကောင်းဆုံး မန်နေဂျာ တစ်ယောက် အမြဲတမ်း ဖြစ်မလာနိုင်ဘူး။ ကုမ္ပဏီ အတော် များများက အဲသလိုထင်ပြီး ရွေးကြတာပဲ။ သူတို့ ကိုင်ထား တဲ့ သီအိုရီအရ အတိတ်က ကြိုးစားအောင်မြင်မှု တွေဟာ အနာဂတ် အောင်မြင်မှုတွေကိုပြတဲ့ အကောင်းဆုံး ညွှန် ကိန်းတွေပဲတဲ့။

          မင်းရဲ့ ဘဝ မှတ်တမ်း၊ အလုပ်ခွင် မှတ်တမ်းမှာ အောင်မြင်ခဲ့တဲ့ သူ၊ ကြိုးစားခဲ့တဲ့ သူတစ်ယောက် ဖြစ်ဖို့ အရေးကြီးတာ မှန်ပါတယ်။ ဒါပေမယ့် အကောင်းဆုံး လုပ်တတ်ရုံနဲ့ အကောင်းဆုံး ခေါင်းဆောင် မဖြစ်နိုင်ဘူး။ အကြောင်းတွေ အမျိုးမျိုး ရှိတယ်။ လက်ရှိ လုပ်နေတဲ့ လုပ်ငန်းက တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး လုပ်ဖို့ မလိုဘူး ဆိုရင် မင်း တော်တယ်ဆိုတာ တစ်ယောက်တည်း တော်တာ၊ တစ်ကိုယ်တော် တော်တာ ဖြစ်လိမ့်မယ်။

          မင်းဟာ အလုပ် ကြိုးစားတဲ့လူ၊ လက်ရှိနေရာမှာ ထူးချွန်သူ တစ်ယောက်ဖြစ်တာဟာ ကောင်းပါတယ်။ ဒါ ပေမယ့် ဒါကို ကြည့်ပြီး မင်းဟာ အောင်မြင်တဲ့ မန်နေဂျာ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့တော့ ပြောလို့မရဘူး။

          အောင်မြင်တဲ့ မန်နေဂျာ တစ်ယောက်ဖြစ်ဖို့ဟာ အောင် မြင်တဲ့ ဝန်ထမ်းကောင်း တစ်ယောက်မှာ မရှိတဲ့ အခြား အရည်အချင်းတွေ လိုသေးတယ်။

          တချို့ ကုမ္ပဏီတွေမှာ စီမံခန့်ခွဲရေးသင်တန်းတွေ ရှိကြတယ်။ တချို့ သင်တန်းတွေက ကောင်းပါတယ်။ အများအားဖြင့်တော့ ဒီသင်တန်းတွေဟာ နှစ်ပေါင်းများစွာ မန်နေဂျာ လုပ်လာတဲ့ သူတွေကို ပေးတဲ့ သင်တန်းတွေ ဖြစ်တယ်။ ပို ကောင်းတာက မန်နေဂျာ လုပ်မယ့်သူတွေ၊ မန်နေဂျာအဖြစ် တာဝန်ပေးမယ့် မန်နေဂျာ အလောင်း အူလျာတွေကို သင်တန်းပေးဖို့ ကောင်းတယ်။ ဒီလို ပေးထားရင် အမှား မလုပ်မိအောင် ဆင်ခြင်နိုင် ရှောင်နိုင်တာပေါ့။ သင်တန်းသားတွေ အနေနဲ့လည်း သူတို့ဟာ တခြားသူတွေကို လွယ်လွယ်ကူကူ ဦးဆောင်နိုင်တဲ့ အရည် အချင်း ရှိသလား၊ မရှိဘူးလားဆိုတာ စောစောစီးစီးက ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်သွားမယ်။ အချိန် အတော် ကုန်မှ ရာထူးတက်တာ ကိုယ်နဲ့မကိုက်လို့ အလုပ်ဟောင်း ကို ပြန်သွားပါရစေလို့ ပြောရတဲ့ သူတွေ ရှိတယ်။

          စကားပုံ တစ်ခုလည်း ရှိတယ်။ “သေချာပေါက်ရမှာ တစ်ခုကို သိပ်မလိုချင်နဲ့” တဲ့။ တချို့လူတွေက ရာထူး တက်လို့ ရမယ့် အဆင့်အတန်းတွေ၊ လစာတွေကို သိပ် တွက်တတ်ကြ၊ သိပ် မက်မောတတ်ကြပေမယ့် အဲဒီ တာ ဝန်တွေနဲ့ ကိုယ် ကိုက်ညီသလား၊ မကိုက်ညီဘူးလား ဆို တာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ အချိန်မရှိဘဲ ဖြစ် နေကြရတယ်။

ရေဘဝဲများ

          တချို့ လူတွေက ကိစ္စတစ်ခုကို ကောင်းကောင်း မွန်မွန် ပြီးချင်လို့ရှိရင် ကိုယ်တိုင်လုပ်တာ အကောင်းဆုံးပဲလို့ ယုံ ကြည်ကြတယ်။ ဒီလို သဘောတရား ရှိတဲ့ လူတွေဟာ ခေါင်းဆောင်ကောင်း မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ သူများကို တာဝန်လွှဲဖို့ ခက်နေတတ်တဲ့ သူတွေ ဖြစ်တယ်။ တို့တစ်တွေဟာ အဲဒီလို လူမျိုးတွေကိုမြင်ဖူးကြပါတယ်။ ဘယ်သူဖြစ်ဖြစ် လုပ်နိုင်တဲ့ အသေး • အဖွဲ အလုပ်မျိုးတွေကိုသူများကို လျှံကြတယ်။ တကယ့်အဓိပ္ပာယ်ရှိရှိ လုပ်စရာရှိရင် သူတို့ကိုယ်တိုင် လုပ်ဖို့ ဖယ် ထားတက်ကြတယ်။ အဲဒီအခါကျတော့ သူတို့ဟာ ညနေ စောင်းတဲ့အထိ အလုပ်လုပ်ရတယ်။ အလုပ်ပိတ်တဲ့ ရက် . တွေမှာလည်း အိမ်ကို အလုပ်တွေ ယူပြီးတော့ လုပ်ကြရ တယ်။ အလုပ်ပို လုပ်ဖို့ မလိုဘူးလို့ ပြောတာ မဟုတ်ပါ ဘူး။ တစ်ခါတလေကျရင် အလုပ်အတွက် အချိန်ပို လို အပ်တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တစ်ချိန်လုံး အချိန်ပိုတွေပဲ လုပ်နေရတယ်ဆိုတဲ့ သူတွေဟာ ညံ့ဖျင်းတဲ့ မန်နေဂျာတွေ ဖြစ်ကြတယ်။ သူတို့ဟာ သူတို့ရဲ့ လက် အောက်ငယ်သားတွေကို ယုံကြည်မှု နည်းတယ်။ အဲဒီ တော့ အရေးမကြီးတဲ့ အရာလောက်ပဲ လွှဲကြတယ်။ သူတို့ က ပြောလေ့ရှိသေးတယ်။ “တို့ရဲ့ လက်အောက်ငယ်သား တွေကို ဘယ်လို လေ့ကျင့် ပျိုးထောင်ရမယ်ဆိုတာ မသိ ဘူး” တဲ့။

          တကယ်တော့ အဲဒီ ရေဘဝဲ လူစားမျိုးတွေ ယုံ ကြည်တာထက် ဝန်ထမ်းတွေဟာ ပိုပြီးတော့ အရည် အချင်း ပြည့်ဝတတ်ပါတယ်။ ရေဘဝဲဆိုတဲ့ နာမည်ကို ဒီနေရာမှာ သုံးရတာက ဒီလို ခေါင်းဆောင်မျိုးတွေဟာ တာဝန်တွေ အကုန်လုံးကို ကိုယ်ပိုင်ပစ္စည်းလို လိုက်လုပ် တတ်ကြလို့ ဖြစ်တယ်။ အဲဒီအခါကျတော့ အသေး အဖွဲတွေ လျှောက်လုပ်နေရလို့ ဆိုပြီးတော့ ပင်ပန်းနွမ်း နယ်နေတတ်ကြတယ်။

          မင်းရဲ့ ရုံးခန်းထဲမှာလဲ ရေဘဝဲ တစ်ကောင် ရှိ ကောင်း ရှိမယ်။ ရေဘဝဲ တစ်ယောက်အတွက် အလုပ် မလုပ်ရဖို့ မျှော်လင့်ပါတယ်။ ရေဘဝဲတစ်ယောက်နဲ့ အလုပ် လုပ်ရလို့ ရှိရင်တော့ ရာထူးတက်ဖို့ ခက်လိမ့်မယ်။ ဘာမှ လုပ်လို့ ကိုင်လို့ မရတဲ့ အခြေအနေထဲမှာ ပိတ်မိ နေပြီးတော့ တာဝန်ယူရမယ့် အလုပ်မျိုးကိုလည်း သူက ခိုင်းမှာ မဟုတ်ဘူး။ အဲဒီအခါကျတော့ မင်း ဘာလုပ် နိုင်တယ် ဆိုတာကို ပြသဖို့ ဘယ်တော့မှ အခွင့်အရေး ရမှာ မဟုတ်ဘူး။ အဲဒီ ရေဘဝဲလို လူမျိုးဆီက ရာထူး တိုးတက်ဖို့ သင့်တော်ပါတယ်ဆိုတဲ့ ထောက်ခံစာမျိုးကို လည်း ရမှာ မဟုတ်ဘူး။ သူကတော့ သူ့ကိုယ်သူ လူလို့ ထင်နေတတ်တယ်။ အလုပ်တွေ အကုန်လုံးကို သူ့ရဲ့ လက်တံတွေ အကုန်လုံးနဲ့ လျှောက်ပြီးတော့ လုပ်နေရ တာဟာ သူ့လူတွေက တာဝန်မယူလို့ လို့ ပြောတတ်သေး တယ်။ တကယ်တော့ အောက်လက်ငယ်သားတွေ တာဝန် မယူတာ မဟုတ်ဘဲ သူက တာဝန်မလွှဲဘူး ဆိုတာကို ဘယ်တော့မှ ဝန်မခံဘူး။

          ရေဘဝဲလို လူစားတွေနဲ့ တွေ့ရတာ ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒီလူတွေဟာ တကယ်တော့ တာဝန်ရှိတဲ့ နေရာမျိုးတွေကို ရောက်ခဲ့ဖို့ မကောင်းဘူး။ တကယ်လို့ သူ ရာထူး မတက်ဘူး ဆိုလို့ ရှိရင်လည်း တော်တော် ခါးခါးသီးသီး ခံစားရတယ်။ သူ့လောက် ဘယ်သူမှ ကြိုးစား ပမ်းစား အလုပ် မလုပ်ကြဘူးလို့ သူ ထင်နေတယ်။ ဒါပေမယ့် ဒီလို လူတွေ နားမလည်တဲ့ အခြေခံ အမှန်တရား တစ်ခု ရှိတယ်။ အဲဒါက ဘာလဲ ဆိုတော့ ဘယ်တော့မှ အစားထိုးလို့ မရတဲ့လူ ဖြစ်အောင် မလုပ်နဲ့။ တကယ်လို့ အဲဒီနေရာမှာ မင်းဟာ အစားထိုးလို့ မရနိုင်တဲ့ လူ တစ်ယောက် ဖြစ်နေရင် မင်းကို ဘယ်တော့မှ ရာထူး တိုး ပေးမှာ မဟုတ်ဘူး ဆိုတာ မေ့နေတတ်ကြတယ်။

          ရေဘပဲလို လူတွေကို အထူး အလေးပေး ဂရုစိုက် ပြောနေရတာက ဘာဖြစ်လို့လဲ ဆိုတော့ မင်းကို ဒီလို လူမျိုး မဖြစ်စေချင်လို့ပါ။ မင်းလည်း ဒီလို လူမျိုး ဖြစ်လာ ပြီ ဆိုရင်တော့ မင်း ရာထူးတက်ဖို့ မလွယ်တော့ဘူး။ ဖြစ် နိုင်တာ တစ်ခုတော့ မင်းရဲ့ ထိပ်က အမှုဆောင်အရာရှိ ကလည်း ရေဘဝဲလို လူမျိုး ဖြစ်ကောင်း ဖြစ်နေမယ်။ အထက် အရာရှိက ရေဘဝဲလို လူမျိုး ဖြစ်နေရင်တော့ အဖွဲ့အစည်း တစ်ခုလုံး ဒုက္ခ ရောက်လိမ့်မယ်။ အဲဒီ အမှုဆောင်အရာရှိဟာ သေချိန် မတန်ဘဲနဲ့ သေရတဲ့ အဖြစ်မျိုးကို ကြုံရနိုင်တယ်။ ဒီလို ပြောလိုက်လို့ စောစော စီးစီး သေချိန်မတန်ဘဲနဲ့ သေရတဲ့ သူတွေဟာ ရေဘဝဲလို မန်နေဂျာတွေ ဖြစ်တယ်လို့တော့ မဆိုလိုပါဘူး။

          ရေဘဝဲလို လူစားမျိုးတွေရဲ့ အခြားစရိုက် တစ်ခု ကတော့ သူဟာ ရက်ရှည်လများ အနားယူတတ်တဲ့ လူ မဟုတ်ဘူး။ တစ်ကြိမ်မှာ နှစ်ရက်၊ သုံးရက်လောက်ပဲ အနားယူတတ်တယ်။ သူမရှိရင် ကုမ္ပဏီ ဆက်ပြီး လည် ပတ်နိုင်ခြင်း မရှိဘူးလို့ သူက ထင်နေတယ်။ အငြိမ်းစားယူချိန်တန်လျက်နဲ့ အငြိမ်းစား မယူတဲ့ ရေဘဝဲလို မန်နေ ဂျာတွေ ကိုလည်း တွေ့ဖူးတယ်။ အငြိမ်းစား ယူလိုက်လို့ ရှိရင် သူတို့ အသက်ရှင်နေထိုင်ဖို့ အကြောင်း မရှိတော့ ဘူး။ အလုပ်အပေါ် အာရုံစိုက်တာတွေလည်း ပျက်ပြယ် သွားလိမ့်မယ်လို့ သူတို့က ထင်ကြတယ်။ လူနည်းစု အဖွဲ့အစည်း အတော်များများမှာ မန်နေဂျာ အသစ်တွေ - ကို လက်ရှိ ကြီးကြပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ ရွေးတတ် ကြတယ်။ မင်းဟာ ကံကောင်းလို့ ရှိရင် အဲဒီလို လူ တစ် ယောက်အတွက် အလုပ်လုပ်နေရတာ ဖြစ်လိမ့်မယ်။ ဒီလို ခေါင်းဆောင်မျိုးတွေက လက်အောက်ငယ်သားတွေကို လုပ်ပိုင်ခွင့်တွေ အများကြီး ပေးကြတယ်။ အဲဒီအခါ ကျတော့ အဲဒီဌာနအနေနဲ့ နာမည်ကောင်း တစ်ခု ရလာ တယ်။ မန်နေဂျာလောင်းတွေကို မွေးထုတ်တဲ့ နေရာ တစ် ခုလို့ နာမည်ကောင်းရတယ်။

          လူတွေကို လုပ်ငန်းတစ်ခုရဲ့ ဦးစီးဦးဆောင်အဖြစ် ရွေးတဲ့ အခါမှာ အထက်လူကြီးတွေနဲ့ ဆက်စပ်နေလို့ ခန့်တာမျိုးလည်း ရှိတတ်တယ်။ အဲသလို ကုမ္ပဏီတွေထဲ မှာ မင်း မရှိရင်တော့ မင်း ကံကောင်းတာပဲ။ မင်းမှာ အထက်လူကြီးနဲ့ ဆွေမျိုးနီးစပ် ဖြစ်နေတယ်၊ ဆက်စပ်နေ တယ် ဆိုလို့ရှိရင် အဲဒီလို အခြေအနေမျိုးတွေ အောက်မှာ တာဝန်ထပ်ပြီး ယူဖို့ခက်တယ်။ မင်းမှာ အာဏာ ရှိကောင်းရှိမယ်။ ဒါပေမယ့် ဒီနေ့ စီးပွားရေး လုပ်ငန်းတွေဟာ အာဏာရှင် စနစ်တွေ မဟုတ်ဘူး။ မင်းကို အပေါ်က ချပေးလိုက်တာနဲ့ မင်းအတွက် ကောင်းကောင်း အလုပ် လုပ်ကြမယ်လို့ မပြောနိုင်ဘူး။ တကယ်လို့ မင်းဟာ အ ထက်လူကြီးရဲ့ သား၊ ဒါမှမဟုတ် သမီး ဖြစ်နေရင် မင်း ကိုယ်မင်း သက်သေပြရလိမ့်မယ်။ အပေါ်ယံ ကတော့ မင်းကို လေးစားချင်ယောင် ဆောင်ကြလိမ့်မယ်။ ဒါပေ မယ့် တကယ့်တကယ် လက်တွေ့နဲ့ ရင်ဆိုင်ကြည့်ပါ။ လူတွေက မင်းကို ပြောတာ အရေးမကြီးဘူး။ သူတို့က မင်းကို မြင်တာ တွေးတာက ပို အရေးကြီးတယ်။ အဲဒီလို မြင်ပုံ တွေးပုံက သူတို့ရဲ့ လုပ်ပုံ ကိုင်ပုံအပေါ်မှာ အကျိုး သက်ရောက်မှု ရှိတယ်။ မင်းဟာ အထက်လူကြီးနဲ့ ဆက်နွယ်နေရင် မင်း ဆွေမျိုးရဲ့ လုပ်ငန်းထဲက ကြီးကြပ် ရေးတာဝန် တစ်ခုကို မယူခင် တစ်နေရာရာမှာ အတွေ့ အကြုံ ရှိခဲ့ဖို့ ကောင်းတယ်။ ဒါပေမယ့် မင်းလိုလူ အတော် များများဟာ ဒီလို အခြေအနေမျိုးမှာ မရှိတဲ့ အခါကျတော့ မင်းရင်ဆိုင်ရမယ့် တခြား ပြဿနာတွေကိုလည်း ကြည့်ပါဦး။

          အဖွဲ့ အစည်း အတော်များများမှာ နည်းပညာ၊ အတတ်ပညာတွေ ပြည့်စုံလို့ မင်းကို မန်နေဂျာ ရာထူး အတွက် ရွေးတာ မဟုတ်ဘူး။ တစ်ယောက်ယောက်က မင်း ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ခေါင်းဆောင်မှု မီးတောက် မီးလျှံလေးတွေကို မြင်လို့ ရွေးတာ ဖြစ်တယ်။ အဲဒီမီးတောက်လေးကို တိုးပွားလာအောင် ကြိုးစားရလိမ့်မယ်။

          ခေါင်းဆောင်မှု ဆိုတာ အဓိပ္ပာယ် သတ်မှတ်ဖို့ ခက် တယ်။ ခေါင်းဆောင်ဆိုတာ တခြားလူတွေက လမ်းညွှန်မှုတောင်းခံရတဲ့လူ ဖြစ်တယ်။ အမြဲတမ်းခိုင်မာတဲ့ ဆုံးဖြတ်မှု မျိုး အတွက် အလေးစားခံရတဲ့လူ ဖြစ်တယ်။ မင်းဟာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စွမ်း တိုးတက်လာတဲ့ အခါမှာ နောက်ကျရင် အလိုလို အကျင့် ဖြစ်လာပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်မယ့် စရိုက်တစ်ခု ဖြစ်တည် လာတယ်။ မင်းဟာ ဆုံးဖြတ်ချက် ချနိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာတယ်။ အဲဒီ အခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးပွားလာ တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးပွားလာ လေလေ၊ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချရဲလာလေလေ ဖြစ်တယ်။ - တချို့ ကုမ္ပဏီ အကြီးကြီးတွေမှာ စနစ်တကျ စီမံ ခန့်ခွဲရေး အစီအစဉ်တွေ ရှိကြတယ်။ အများအားဖြင့် သူတို့က ကောလိပ်က ထွက်လာတဲ့ လူတွေကို ချက်ချင်း တန်းပြီးတော့ ခန့်တတ်ကြတယ်။ အဲဒီအခါကျတော့ ဒီ ကုမ္ပဏီထဲမှာ ရှိနှင့်နေပြီးတဲ့သူတွေ၊ အခွင့်အရေးသာ ရ မယ် ဆိုရင် မန်နေဂျာကောင်း ဖြစ်လာနိုင်တဲ့ လူတွေ အတွက် နစ်နာတယ်။ ဒီအစီအစဉ်တွေ အတော်များများ ဟာ သေသေချာချာ စနစ်တကျလုပ်ပြီး ကျယ်ပြန့်မှု ရှိတာ တော့ မှန်ပါတယ်။ ကောလိပ်က ထွက်ထွက်ချင်း တန်းခန့်တဲ့ လူတွေဟာ ထူးချွန်တဲ့ မန်နေဂျာ ဖြစ်ကောင်း ဖြစ်မယ်။ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ကိုယ့်ဘာသာကိုယ် တော်အောင် တတ်အောင် ကြိုးစားနိုင်တာနဲ့ တခြားလူတွေကို စီမံခန့်ခွဲတဲ့အခါမှာ တော်တဲ့ မန်နေဂျာတစ်ယောက် အမြဲတမ်း ဖြစ်လာနိုင်တယ်လို့ ယူဆရင်တော့ မှားမှာပေါ့။ မန်နေဂျာသင်တန်းထဲ ထည့်လွှတ်လိုက်ပြီး ထွက်လာ လာချင်း မန်နေဂျာကောင်း ဖြစ်တယ်လို့ ယူဆရင်လည်း မှားမှာပဲ။ အဲဒီ အစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုကတော့ သင်တန်း မပြီးမချင်း သင်တန်းသားတွေကို ကြီးကြပ်ရေး တာဝန် မပေးတာဘဲ။ ဒီလို အစီအစဉ်တွေအောင်မြင်တတ်တဲ့ အခါမျိုး ရှိပါတယ်။ အဖွဲ့အစည်း အတွင်းကရော၊ အဖွဲ့အစည်း ပြင်ပကရော နေရာပေါင်းစုံ က လူတွေကို ရွေးချယ်မယ် ဆိုရင်တော့ အဲဒီ အစီအစဉ် မျိုးတွေဟာ အအောင်မြင်ဆုံး ဖြစ်တယ်။

          ခေါင်းဆောင်ဆိုတာ အနာဂတ်ကို မြင်နိုင်တဲ့လူ ဖြစ်တယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘယ်လို ရလဒ် တွေ ထွက်ပေါ်လာနိုင်တယ်လို့ မြင်နိုင်တဲ့သူ ဖြစ်တယ်။ ခေါင်းဆောင်ဆိုတာ ကိုယ်ရည်ကိုယ်သွေး ကိစ္စတွေကို ဖယ်ထားပြီးတော့ အချက်အလက်ပေါ်မှာ အခြေခံတဲ့ ဆုံး ဖြတ်ချက်တွေ ချမှတ်နိုင်သူ ဖြစ်တယ်။ ဒီလို ပြောလို့ လူပိုင်းဆိုင်ရာတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေကို ပစ်ပယ် ရမယ်လို့ မဆိုလိုပါဘူး။ ဘယ်တော့မှလည်း မပစ် ပယ်ပါနဲ့။ ဒါပေမယ့် လူတွေကို တကယ့် မေတ္တာတရားတွေနဲ့ ပတ်သက်ပြီးတော့ပဲ ဆက်ဆံပါ။ အချက်အလက် တွေနဲ့ ပတ်သက်လို့ လူတွေရဲ့ ခံစားချက်နဲ့ ရှုမြင် သုံးသပ် ပုံတွေကို အဓိက မထားပါနဲ့။

          လူတွေကို မန်နေဂျာအဖြစ် ရွေးတာဟာ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်တတ်တယ်။ ရွေးတဲ့ အကြောင်းက ခိုင်မာလို့ ရှိရင် မင်းရဲ့ လက်အောက်ငယ်သား အသစ် တွေက ကောင်းကောင်းမွန်မွန် လက်ခံကြလိမ့်မယ်။ လူ အတော်များများ လက်ခံကြလိမ့်မယ်။