Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - ဖေါက်သည်တွေကျေနပ်ဖို့

Regular price 500 MMK
Regular price Sale price 500 MMK
Sale Sold out

ဖောက်သည်တွေကျေနပ်ဖို့ (၁)

ထိရောက်ထက်မြက်သည့်

ရှေ့တန်းဝန်ထမ်းများ စုစည်းခြင်း

  • ဖောက်သည်များ သဘောကျကျေနပ်စေရန် ဘာမဆိုလုပ်ပေးမည့် ရှေ့တန်းဝန်ထမ်းများကို ရွေးချယ်ပါ။ လေ့ကျင့်ပါ၊ ချီးမြှင့်ပါ။
  • လုပ်ငန်း၏ မူဝါဒဘောင်အတွင်းက ဖောက် သည်များ မကျေနပ်သည်ကို ဖြေရှင်းနိုင်ရန် လုပ်ပိုင်ခွင့် အပြည့်အဝပေးပါ။
  • ကြီးကြပ်ရေးမှူးများ၊ မန်နေဂျာများ၏ ပထမဆုံး တာဝန်သည် ရှေ့တန်းဝန်ထမ်းများကို ကူညီရန် ဖြစ်သည်ဟု တာဝန်သတ်မှတ်ထားပါ။
  • ကြီးကြပ်ရေးမှူးများ၊ မန်နေဂျာများသည် ဖောက် သည်များနှင့်သော်လည်းကောင်း၊ ရှေ့တန်းဝန် ထမ်းများနှင့်သော်လည်းကောင်း မှန်မှန်ထိတွေ့ နေစေရန် တာဝန်သတ်မှတ်ပေးပါ။
  • ရောင်းချမှုထုတ်လုပ်မှုတို့နှင့်ပတ်သက်၍ ဖောက်သည်များ မကျေနပ်ရသည့်အကြောင်းကို သိရှိကာ မည် သူ့ထံတင်ပြရမည်ဟု သတ်မှတ်ထားသော လုပ် ထုံးလုပ်နည်း ချမှတ်ထားပါ။
  • ရှေ့တန်းဝန်ထမ်း များ၊ ၄င်းတို့၏အလုပ်ကို နားလည်ခြင်း၊ တာဝန်ကျေပွန်စွာ ဆောင်ရွက်ခြင်း၊ လုပ်ငန်းလုပ်ကိုင် ရာတွင် စိတ်ကျေနပ်ခြင်း ရှိ-မရှိသိရှိနိုင်ရန် ၄င်း တို့၏သိက္ခာနှင့် လုပ်ပုံကိုင်ပုံကို အမြဲစောင့် ကြည့်ပါ။
  • ဖောက်သည်များ မကျေနပ်သည့်ကိစ္စ အားလုံး လိုလိုကို ရှေ့တန်းဝန်ထမ်းများက ဖြေရှင်းပေး ပြီး ကြီးကြပ်ရေးမှူးနှင့်အထက် စီမံခန့်ခွဲသူများ ထံ တင်ပြဖြေရှင်းရသည့် အခြေအနေမျိုးမဖြစ် စေရန် ရှေ့တန်းဝန်ထမ်းများနှင့် ကြီးကြပ်ရေး မှူးများကို အမြဲစောင့်ကြည့်ပါ။

ဖောက်သည်တွေ ကျေနပ်ဖို့ (၂)

ထိရောက်ထက်မြက်သည့်

ရှေ့တန်းဝန်ထမ်းများ ရွေးချယ်ခြင်း

  • ဆုံးဖြတ်ချက် ချပိုင်ခွင့်ကို ရှေ့တန်းဝန်ထမ်းများ လက်ထဲထည့်ပြီး ၄င်းတို့ကို လေ့ကျင့်ပေးပါ။ ချီးမြှင့်ပေးပါ၊ ထိုသို့ဖြင့် သင်ရွေးချယ်လိုသည့် ဝန်ထမ်းသည် စိတ်ကျေနပ်စရာ၊ လုပ်ရကျိုးနပ် စရာ၊ ဖြစ်ပါလာလိမ့်မည်။
  • ရှေ့တန်းဝန်ထမ်းသည် သူ၏အလုပ်ခွင်၌ အောင် မြင်မှုရရေးအတွက် (ရင်းနှီးလွယ်ခြင်း၊ ဧည့်ခံကောင်းခြင်း... ကဲ့သို့သော) အခြေခံအရည် အချင်းများ သတ်မှတ်ပေးပါ။ ရှေ့တန်းဝန်ထမ်း သည် အဖွဲ့အစည်းအတွင်း အောင်မြင်မှုရစေရန် အတွက် (ပုံသေမဟုတ်သော) စရိုက်များကို သတ်မှတ်ပေးပါ။
  • ဝန်ထမ်းရေးရာဌာန၊ အလုပ်အကိုင်ရှာဖွေရေးဌာန သို့မဟုတ် အခြားလျှောက်လွှာ လက်ခံရာ ဌာနက အထက်ပါအရည်အချင်းများကို သိရှိ ပြီး ထိုအရည်အချင်းများနှင့် ကိုက်ညီသောသူ ကိုသာ စေလွှတ်ပါစေ။
  • တင်ပြလာသော လျှောက်လွှာရှင်များကို စနစ် တကျ တွေ့ဆုံမေးမြန်းနိုင်ရန် လိုအပ်သလောက် အချိန်ယူပြီး အကောင်းဆုံးကို ရွေးချယ်ပါ။
  • ဖြစ်နိုင်လျှင် လုပ်ငန်း၌ရှိပြီး အကောင်းဆုံး ရှေ့တန်းဝန်ထမ်း တစ်ဦး၊ နှစ်ဦးကလည်းလျှောက်လွှာရှင်ကို တွေ့ဆုံမေးမြန်းပါစေ။
  • အရွေးချယ်ခံရသော လျှောက်ထားသူများသည် ဖောက်သည်များ၏ ထူးခြားသော အခြေအနေ ကို နားလည်သဘောပေါက်ကာ ၄င်းတို့နှင့် ထိ ထိရောက်ရောက် ဆက်ဆံနိုင်ပါစေ။

ဖောက်သည်တွေကျေနပ်ဖို့ (၃)

ရှေ့တန်းဝန်ထမ်းကောင်းတစ်ယောက်အဖြစ် လေ့ကျင့်ပေးခြင်း ၊

  • သင်တန်းမှရရှိသော သင်ခန်းစာများကို နား လည်သဘောပေါက် အသုံးချနိုင်စေရန် ရည် ရွယ်၍ ရှေ့တန်းဝန်ထမ်းများကို ရွေးချယ်ပါ၊ ချီး မြှင့်ပါ၊ သူတို့၏အလုပ်များကို ပြင်ဆင်ပေးပါ။
  • ရှေ့တန်းဝန်ထမ်းများကို ဂရုတစိုက်လေ့ကျင့်ပါ။ သင်တန်းမှရသော သင်ခန်းစာနှင့် လုပ်ငန်း၏ လုပ်ပုံကိုင်ပုံတို့ လုံးဝဆီလျော်ညီညွတ်မှုရှိပါစေ။
  • ဖောက်သည်တို့၏ လိုအပ်ချက်များ၊ မကျေနပ် ချက်များကို ဖြေရှင်းဖြည့်ဆည်းပေးရေးတာဝန် ကို ရှေ့တန်းဝန်ထမ်းများအား အပြည့်အဝ လွှဲ အပ်နိုင်ရန်နှင့် အမြဲကူညီနိုင်ရန် မန်နေဂျာများ နှင့် ကြီးကြပ်ရေးမှူးများကို ဦးစွာသင်တန်းပေး ပါ။
  • ဖောက်သည်များသည် လာပြီးဒုက္ခပေးသည့်သူ မဟုတ်ကြောင်း၊ ဝန်ထမ်းများ၏ ရည်မှန်းချက် သည် ရောင်းရန်အဓိကမဟုတ်၊ ဖောက်သည်မ ပျက်ရန် အဓိကဖြစ်ကြောင်း လေ့ကျင့်ပေးပါ။
  • ဖောက်သည်များနှင့် မည်သည့်အခါမျှ ငြင်းခုံ ခြင်းမပြုရန်၊ စိတ်ပျက်စရာဖြစ်ခဲ့သည့် ကိစ္စများ အပေါ် အာရုံမစိုက်ဘဲ လောလောဆယ်ဖြေရှင်း ပေးနိုင်သည့် ကိစ္စအပေါ် အာရုံစိုက်ရန် လေ့ ကျင့်ပေးပါ။
  • ဖောက်သည်နှင့်တွေ့ဆုံဆက်ဆံသည့်အခါတိုင်း တစ်ဦး၊ တစ်ဦးချင်း၊ အောင်အောင်မြင်မြင်၊ ပြေ ပြေလည်လည် ဆက်ဆံရေးဖြစ်စေရန် လေ့ကျင့် ပေးပါ။
  • လွယ်လွယ်ကူကူ၊ ထိထိမိမိ ပြဿနာဖြေရှင်းပေး နိုင်သည့် နည်းလမ်းများကို လေ့ကျင့်သင်ကြား ပေးပါ။
  • အကဲခတ်တတ်၊ နားထောင်တတ်၊ မရှင်းလျှင် ပြန်မေးတတ်၊ ကိုယ်ချင်းစာ ခံစားတတ်စေရန် လေ့ကျင့်ပေးပါ။
  • ဖြစ်နိုင်လျှင် ပုံမှန်လေ့ကျင့်သင်ကြားမှုကို အထောက်အကူပြုပစ္စည်းများသုံးပြီး အားဖြည့်ပါ။
  • မွမ်းမံသင်တန်းများ၊ ခေတ်မီတိုးတက်ရေးသင် တန်းများ ပုံမှန်လုပ်ပါ။
  • လိုအပ်သည့်အခါတိုင်း တွေ့ကြုံခဲ့ရသော အမှား များကို သင်ခန်းစာယူ-ပြင်ဆင်သည့် သင်တန်း များပေးပါ။

* * *