Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) -နိယာမဗဟိုပြုခေါင်းဆောင်မှု

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

နိယာမ ဗဟိုပြု ချဉ်းကပ်နည်း

          “ကျွန်တော်၏ ဆွေးနွေးပွဲများသို့ တက်ရောက်လာသည့်သူ များကို သူတို့အတွက် အခက်ခဲဆုံး ပြဿနာများကို တင်ပြ ရန် သို့မဟုတ် အခက်ခဲဆုံး မေးခွန်းများကို မေးရန် ဖိတ် ခေါ်လေ့ရှိသည်။ ထိုပဋိပက္ခများ ပြဿနာများသည် သမား ရိုးကျ နည်းလမ်းများဖြင့် ဖြေရှင်း၍ မရနိုင်သော ပြဿနာ များ ဖြစ်သည်။ ဥပမာအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

           “တစ်ချိန်လုံး အကျပ်အတည်းတွေ ဖိအားတွေ တွေ့ ( နေတဲ့ကြားထဲမှာ ကိုယ်ရေးကိုယ်တာဘဝနှင့် လုပ်ငန်းနယ် ပယ်နှစ်ခုကို ဘယ်လိုလုပ်ပြီး ချိန်ဆရမလဲ”

          “သူများတွေရဲ့ အောင်မြင်မှုနှင့် အရည်အသွေးတွေ - အတွက် ကျွန်တော် တကယ့်ကို ပျော်ရွှင် ကျေနပ်သင့်ပါ သလား”

          “သူတို့ရဲ့ အလုပ်တွေမှာ သူတို့ထိထိရောက်ရောက် လုပ်ဖို့ လိုအပ်တဲ့ လွတ်လပ်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေကို ပေးပြီးတော့ ကျွန်တော်တို့က ဘယ်လို ထိန်းချုပ်မလဲ”

          “ဒီတစ်လအတွက် အလုပ်တွေရှုပ်ပြီး ဗျာများနေတဲ့ အချိန်တွေမှာ အရည်အသွေးကောင်းဖို့၊ အဆင့်အားလုံးမှာ ရှိတဲ့ လူတွေအားလုံး တစ်ချိန်လုံး တိုးတက်အောင် လုပ်ဖို့ ဆိုတာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်ပါမလဲ”

          ခင်ဗျား ကိုယ်တိုင်လည်း ဤမေးခွန်းကို မေးမိကောင်း မေးမိမည် ထင်ပါသည်။ ခင်ဗျား၏ ကိုယ်ရေးကိုယ်တာ ဘဝတွင်လည်းကောင်း၊ အဖွဲ့ အစည်း အတွင်းတွင်လည်းကောင်း တကယ့်စိန်ခေါ်မှုများနှင့် တွေ့ကြုံရုန်းကန်နေရပါ လိမ့်မည်။

          “လူတစ်ယောက်ကို ငါးတစ်ကောင်ပေးပါ၊ သူ တစ်ရက်စာ ရသွားမည်။ ငါးဘယ်လို ဖမ်းရမလဲဆိုတာကို သင်ပေးပါ၊ သူ့တစ်သက်လုံး ကျွေးပြီးသား ဖြစ်မည်”ဟု ဆိုရိုးစကားရှိပါသည်။ အထက်ပါ မေးခွန်းများအကြောင်း တိုက်ရိုက်မဖြေမီ အခြေခံသဘောတရားများကို နားလည် လျှင် ထိုမေးခွန်းများကိုလည်းကောင်း၊ အခြားခက်ခဲသော မေးခွန်းများကိုလည်းကောင်း ခင်ဗျားကိုယ်တိုင် ဖြေရှင်းနိုင် ပါလိမ့်မည်။ အခြေခံသဘောတရားများကို ကောင်းကောင်း ် နားမလည်လျှင် ထိလျှင်လည်း ထိနိုင်သလို၊ လွဲလျှင်လည်း လွဲနိုင်သည်။ ဤပြဿနာ ဖြေရှင်းနည်းသည် မှန်ကန်သည် ဟု မဆိုနိုင်ပါ။

          မကြာသေးမီနှစ်များအတွင်းက ကျွန်တော်သည် အဆင့်မြင့်ထိ ရောက်သူများ၏ အလေ့အထ ခုနစ်ခုဆိုသည့် စာအုပ်ကို ထုတ်ဝေခဲ့ပြီးနောက် သူတို့ဘဝ၊ သူတို့ထုတ်လုပ်သော ပစ္စည်းများ၊ သူတို့၏ဝန်ဆောင်မှု၊ သူတို့နှင့် သူတို့ အဖွဲ့ အစည်းများ၏ အရည်အသွေးများကို တိုးမြှင့်ရန် ကြိုးစားနေသည့် အံ့သြစရာကောင်းသော လူအများနှင့် အလုပ် လုပ်ခဲ့ရသည်။ သို့သော် ဝမ်းနည်းစရာကောင်း သည်မှာ ဆက်ဆံရေးကောင်းရန်နှင့် လိုချင်သည့် ရလဒ် များကို ရအောင် ရိုးရိုးသားသား ကြိုးစားအားထုတ်ရာ၌ အသုံးပြုနေသည့် နည်းအတော်များများသည် လွဲမှားနေ ကြသည်။ သူတို့ကို ပေးထားသည့် အကြံဉာဏ်များလည်း မှားယွင်းနေကြသည်ကို တွေ့ရသည်။

          တစ်နည်းအားဖြင့် ပြောရလျှင် ထိုနည်းလမ်းများသည် ထိရောက်သော သူများ၏ အလေ့အထများကို ပြောင်းပြန် လှန်ပြလိုက်သလို ဖြစ်သည်။ အဓိက သင်ကြားပို့ချသူ တစ်ယောက်ဖြစ်သော ကျွန်တော့်ညီ ဂျွန်ကိုဗေးက ၎င်းတို့ကို - “မထိရောက်သောသူများ၏ အလေ့အကျင့် ခုနစ်ခု”ဟု အောက်ပါအတိုင်း စာရင်းချပြသည်။

(၁) ပြီးမှ တုံ့ပြန်ခြင်း၊ သင့်ကိုယ်သင် သံသယဖြစ် အ ကာ အခြားသူများကို အပြစ်တင်ခြင်း၊

(၂) စိတ်ထဲမှာ ရည်ရွယ်ချက်တစ်ခု ရေရေရာရာ ၎င်း မရှိဘဲ အလုပ်လုပ်ခြင်း၊

(၃) အလောသုံးဆယ်နိုင်သည့် ကိစ္စများကို အရင်မှ လုပ်ခြင်း၊

(၄) ကိုယ်နိုင်သူရှုံး၊ ကိုယ်ရှုံးသူနိုင် တွေးခေါ်ခြင်း၊

(၅) လူတွေက ကိုယ့်ကို အရင်နားလည်စေလိုခြင်း၊

 (၆) မနိုင်လျှင် အလျော့အတင်းလုပ်ခြင်း၊

(၇) အပြောင်းအလဲကို ကြောက်ကာ မတိုးတက်လိုခြင်း

တို့ ဖြစ်ပါသည်။

          ကမ္ဘာ ပုဂ္ဂိုလ်တစ်ဦးချင်း၏ အောင်မြင်မှုများနောက်က အများနှင့်ဆိုင်သော အောင်မြင်မှုများ လိုက်လာတတ်ကြ သည်။ ထိရောက်သော ပုဂ္ဂိုလ်များသည် တဖြည်းဖြည်း ရင့်ကျက် မြင့်တက်သွားကြသလို ပုဂ္ဂိုလ်ရေးဘဝ ဆုံးရှုံးမှု များကလည်း လူရှေ့သူရှေ့တွင် အရှက်ကွဲစေသည်။ မထိ ရောက်သော ပုဂ္ဂိုလ်များသည် ရင့်ကျက်သည့် အဆင့်သို့ မရောက်ဘဲ တဖြည်းဖြည်း နုနယ်သည့် အဆင့်သို့ ကျဆင်း သွားတတ်သည်။ သူတို့က သူတစ်ပါးကို အားကိုးသည့် ပုံစံကို လိုက်နာကျင့်သုံးသည့်အခါ အခြားသူများက သူတို့ ၏အခြေခံ လိုအပ်ချက်များကိုလည်းကောင်း၊ သူတို့လိုချင် သည့်အရာများ၊ ဆန္ဒများကိုလည်းကောင်း ဖြည့်စွမ်းပေးရ သဖြင့် အပြန်အလှန် မှီခိုရသည့်အဆင့်သို့ ရောက်သွားသည်။ ချလျှင် ချ၊ မချလျှင် ပြေး နည်းလမ်းမျိုးကို ဖြစ်စေသည်။ ထိုမှတစ်ဆင့် ပူးတွဲမှီခိုရသည့် အခြေအနေ ရောက်သွား " သည်။ တစ်ယောက်နှင့်တစ်ယောက် ပျက်စီးနိုင်သည့်နည်းလမ်းများအတိုင်း ပူးပေါင်းမိသည့် အခြေအနေသို့ ဆိုက်ရောက်သွားတတ်ကြသည်။

          ထိုအခြေအနေများကို ချိုးဖျက်ပြီး အခြေအနေ အသစ် အဆန်းများနှင့် မည်သို့ အစားထိုးမည်နည်း။ အတိတ်၏ ဆွဲအားများကို လွန်ဆန်ကာ ကျွန်တော့်ကိုယ် ကျွန်တော်တို့ မည်သို့ အသစ်ပြန်လည်ဖန်တီးကြမည်နည်း။ ကျွန်တော် တို့၏ အဖွဲ့ အစည်းများ၌လည်းကောင်း၊ ကျွန်တော်တို့၏ ကိုယ်ရေးကိုယ်တာဘဝများ၌လည်းကောင်း၊ အဓိပ္ပာယ်ရှိ သည့် အပြောင်းအလဲများကို ဘယ်လို ရယူကြမည်နည်း။

 ပြဿနာများကို လေ့လာခြင်း

          ကျွန်တော်တို့၏ ကိုယ်ရေးကိုယ်တာ ဘဝများ၌လည်း ကောင်း၊ လုပ်ငန်းခွင်၌ လည်းကောင်း တွေ့ကြုံရသည့် ပြဿနာအချို့ကို ပြောပြလိုပါသည်။ ထို့နောက် ထိုပြဿနာ များနှင့် ပတ်သက်၍ နိယာမ ဗဟိုပြု အဖြေတစ်ခုကို အကြံပြုလိုပါသည်။ အချို့ လူများက သူတို့၏ ရည်ရွယ်ချက် များ ဖြစ်မြောက် အောင်မြင်ရန်ဆိုပြီး တင်းတင်းကျပ်ကျပ် ဖိဖိစီးစီးလုပ်သည့် နည်းများကို တရားမျှတကြောင်း အကြောင်းပြတတ်လေ့ရှိသည်။ သူတို့က စီးပွားရေးသည် စီးပွားရေးဖြစ်သည်။ ကိုယ်ကျင့်တရား၊ နိယာမ၊ ဥပဒေသ တွေသည် အမြတ်အရှုံးလောက် အရေးမကြီးဟု ပြောတတ် ကြသည်။ ထိုလူတို့သည် အိမ်မှာရှိသည့် ကိုယ်ရေးကိုယ်တာဘဝနှင့် အလုပ်ခွင်မှာရှိသည့် သူတို့၏ ထုတ်ကုန်များ၊ `ဝန်ဆောင်မှုများ၏ အရည်အသွေးတို့ ဆက်စပ်နေသည်ကို မမြင်ကြ။ သူတို့ အဖွဲ့ အစည်းအတွင်းရှိ လူမှုရေးနှင့် နိုင်ငံ ရေး ပတ်ဝန်းကျင်များကြောင့်လည်းကောင်း၊ ပြင်ပရှိ အစိတ် စိတ်အမြွာမြွာ ဖြစ်နေသော ဈေးကွက်ကြောင့်လည်းကောင်း ဆက်ဆံရေးများကို သက်သက်မဲ့ တလွဲတချော်လုပ်ပြီး ကိုယ် လိုချင်သည့် ရလဒ်များရအောင် လုပ်နိုင်သည်ဟု ထင်တတ် ကြသည်။

          ကြေးစား ဘောလုံးအသင်းတစ်သင်း၏ နည်းပြချုပ် ၊ တစ်ယောက်က သူ၏ ကစားသမားအချို့သည် ဘောလုံးပွဲ ရာသီမဟုတ်လျှင် ဒုက္ခမခံချင်ကြကြောင်း ပြောပြသည်။ စခန်းဝင်သည့်အခါ သူတို့ ပုံပျက်ပန်းပျက် ဖြစ်နေသည်။ “သူတို့က ကျွန်တော့်ကိုရော၊ မိခင် သဘာဝတရားကြီးကိုရော အရူးလုပ်လို့ရမယ်လို့ ထင်နေကြတယ်၊ အသင်းဖွဲ့ လိုက်မယ်၊ ပြီးလျှင် ကစားပွဲတွေမှာ အကြီးအကျယ် အောင် မြင်မှုရမယ်လို့ ထင်နေကြတယ်”ဟု ပြောဖူးသည်။

          ကျွန်တော်၏ ဆွေးနွေးပွဲများ၌ ကျွန်တော်က “ကျွန် တော်တို့ လုပ်သားအင်အား အများစုဟာ အခုထက်ပိုပြီး တော့ အစွမ်းအစတွေရှိတယ်၊ တီထွင်ဖန်တီးနိုင်စွမ်းတွေ ရှိတယ်၊ ပါရမီတွေရှိတယ်၊ ကြိုးစားလုပ်နိုင်တယ်၊ အခု ( လက်ရှိ အလုပ်တွေက သူတို့ကို လုပ်ခွင့်ပြုတာထက်၊ သူတို့လုပ်ဖို့လိုတာထက် အင်ပြည့်အားပြည့် ရှိတယ်ဆိုရင်ခင်ဗျားတို့ ဘယ်နှယောက် သဘာတူကြမလဲ”ဟု မေးသော အခါ ၉၉ ရာခိုင်နှုန်းက သဘောတူကြသည်။ တစ်နည်း အားဖြင့် ပြောရလျှင် `ကျွန်တော်တို့၏ စွမ်းအားစုများကို အများကြီး ဖြုန်းတီးပစ်နေပြီးနောက် လူ့စွမ်းအားများကို စီမံခန့်ခွဲပုံ ညံ့ဖျင်းသည့်အတွက် ကျွန်တော်တို့၏ စီးပွားရေး ကို ထိခိုက်နိုင်သည်။

          အများအားဖြင့် ငွေအများကြီး ရှာနိုင်သူများကို ကျွန်တော်တို့က သဘောကျပြီး “ဟီးရိုး ́ဟု သတ်မှတ်ထား ကြသည်။ ရုပ်ရှင်မင်းသား တစ်ယောက်၊ ဖျော်ဖြေရေးသမား တစ်ယောက်၊ အားကစားသမားတစ်ယောက်၊ အခြား အသက်မွေးဝမ်းကျောင်းသူတစ်ယောက်ဟူသော သူရဲကောင်းတစ်ယောက်က “ကိုယ်ထင်သလို ကိုယ်နေလျှင် ကိုယ့်ဘဝမှာ ကိုယ်လိုချင်တာတွေရမည်”ဟု ပြောလိုက် သည့်အခါ သူတို့ပြောတာတွေကို နားထောင်တတ်ကြသည်။ သူတို့ပြောတာ မှန်သည်ဟု ဝိုင်းဝန်း အားဖြည့်ပေးတတ် ကြသည်။

          အချို့ မိဘများက သူတို့ကလေးများအတွက် ဒုက္ခ မခံ၊ လူရှေ့သူရှေ့မှာ ဟန်ဆောင်ပန်ဆောင် အလုပ်လုပ်ပြ သည်။ အိမ်မှာ အော်လိုက်ဟစ်လိုက်၊ တံခါးကို ဆောင့်ပိတ် လိုက် လုပ်လို့ရသည်ဟု ထင်နေကြသည်။ နောက်ဆုံး၌ သူတို့၏ ဆယ်ကျော်သက်ကလေးများက သူတို့ဘဝတွင် လစ်ဟာနေသော ကွက်လပ်များကို ဖြည့်ရန်အတွက် အရက်စွဲခြင်း၊ မူးယစ်ဆေးဝါးစွဲခြင်း၊ လိင်ကိစ္စ ကျူးလွန်ခြင်းများ ကြုံတွေ့ရသည့်အခါများ၌ မိဘများ အထိတ်တလန့် ဖြစ် ကုန်ကြသည်။

          ကျွန်တော်က အမှုဆောင်အရာရှိ တစ်ယောက်အား သူ၏ ဝန်ထမ်းအားလုံးကို ဖိတ်ခေါ်ပြီး ခြောက်လခန့် အချိန်ယူကာ ကုမ္ပဏီ၏ တာဝန် ကြေညာစာတမ်းတစ်ခု ပြုစုရန် ဖိတ်ခေါ်သည့်အခါ သူက “စတီဖင်၊ ခင်ဗျား ကျွန်တော့်ကို နားမလည်ပါဘူး၊ ဒီအလုပ်ကလေးများ ဒီ တစ်ပတ်အတွင်းတောင်မှ ရနိုင်သေးတယ်”ဟု ပြောပြသည်။ တစ်ပတ်အတွင်း ပြီးအောင် လုပ်နိုင်သောသူများကို ကျွန်တော် မြင်ပါသည်။ ချွတ်ယွင်းနေသည့် အိမ်ထောင်ရေးများ ကို စနေ၊ တနင်္ဂနွေရက်များ၌ ပြင်ဆင်ရန် ကြိုးစားနေသူ များ၊ ကလေးနှင့် ဆက်ဆံရေးမကောင်းသည့် မိဘများ၊ ကုမ္ပဏီတစ်ခု၏ အလေ့အထများကို စနေ တနင်္ဂနွေ ရုံး ပိတ်ရက်များ၌ ပြောင်းလဲရန် ကြိုးစားနေသည့် ပုဂ္ဂိုလ်များ ကို တွေ့ဖူးပါသည်။ သို့သော် စနေ၊ တနင်္ဂနွေမျှလောက် ဖြင့် ပြီးအောင် လုပ်နိုင်မည် မဟုတ်ပါ။

          အချို့ မိဘများအနေဖြင့် ဆယ်ကျော်သက်အရွယ် ကလေးငယ်များ၏ ဆန့်ကျင်ပုန်ကန်မှုကို ကိုယ်ရေးကိုယ် တာကိစ္စတစ်ခုဟု သဘောထားသည်။ သူတို့ကလေးတွေက သူတို့ကို လက်ခံအောင် စိတ်ဓာတ်ရေးရာအရ မှီခိုနေကြ သည်။ သားသမီးနှင့် မိဘများအကြားတွင် ဆက်ဆံရေးယိုယွင်းနေသည်။ တစ်ယောက်၏ အားနည်းချက်ကို အခြား တစ်ယောက်က အသုံးချဖို့ ပြင်နေကြသည်။ မိမိ၏ အားနည်းချက်ကို မိမိမမြင်ဘဲ အခြားသူများ၏ အားနည်း ချက်ကို မိမိ၏အားနည်းချက်အား ဖုံးကွယ်ရန်အတွက် အသုံးချနေကြသည်။

          စီမံခန့်ခွဲမှုလောက၌ အရာရာကို တိုင်းထွာတတ်ကြ သည်။ ဇူလိုင်လက အော်ပရေတာများနှင့် ဆိုင်သော်လည်း ဒီဇင်ဘာလက ဘဏ္ဍာရေးဌာနှင့် ဆိုင်သည်။ နှစ်အကုန်၌ ဂဏန်းများအားလုံးကို ကြိုက်သလိုကစားကြပြီး လူမြင်သူ မြင်ကောင်းအောင် လုပ်တတ်ကြသည်။ ကိန်းဂဏန်းများ သည် တိကျကောင်း တိကျမည်။ ဓမ္မဓိဋ္ဌာန်ကျကောင်း လည်း ကျမည်။ သို့သော် ထိုကိန်းဂဏန်းများသည်ဓမ္မဓိဋ္ဌာန် မကျသည့် အယူအဆများအပေါ်၌ အခြေခံကြောင်း လူ တော်တော်များများက သိကြပါသည်။

          လူအတော်များများက အပြောင်အပြက် ပြောစရာများ မှလွဲ၍ တန်ဖိုးရှိသည့်အကြောင်း ဘာမျှမပြောနိုင်သည့် စိတ် တက်ကြွအောင် လှုံ့ဆော်ပေးနိုင်သည်ဆိုသော ဟောပြော သူများ၏ စကားများကို စိတ်ပျက်လက်ပျက် ဖြစ်နေကြ သည်။ သူတို့က တကယ့်အနှစ်သာရ၊ တကယ့်အလုပ်လုပ် ရမည့် လုပ်ငန်းများကို သိချင် တတ်ချင်ကြသည်။ ဝေဒနာ ကို ခေတ္တမျှသက်သာအောင် လုပ်ပေးသည့် ဆေးမြီးတို တွေကို လိုချင်ကြသည်မဟုတ်။ သူတို့၏ နာတာရှည်ရောဂါများကို ကုသကာ ရေရှည်အလုပ်ဖြစ်မည့် နည်းလမ်းများကို သာ ရယူလိုကြခြင်းဖြစ်သည်။

          မကြာသေးမီက ကျွန်တော်သည် အမှုဆောင်အရာရှိ ကြီးတစ်စုနှင့် သင်တန်းခန်းမတစ်ခု၌ တွေ့ဆုံခဲ့ပြီးရာ “ရေ ရေရာရာမရှိသည့် အတွေးအခေါ်များကို လေးရက်လောက် သွားထိုင်ပြီး နားထောင်ပါ”ဟု ပို့လွှတ်လိုက်သည့်အတွက် အမှုဆောင်အရာရှိချုပ်ကို ခါးခါးသီးသီး မုန်းတီးနေကြောင်း တွေ့ရသည်။ သူတို့သည် ဖခင်ဆန်ဆန် အုပ်စိုးသော စီမံ ခန့်ခွဲမှု ယဉ်ကျေးမှုတစ်ခုအောက်၌ ရောက်နေကြသည်။ လေ့ကျင့်ပျိုးထောင်ပေးခြင်းကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် မမြင်ဘဲ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုအနေဖြင့် မြင်နေကြသည်။ သူတို့၏ အဖွဲ့ အစည်းကလည်း လူများကို အရာဝတ္ထုများ လို သဘောထားသည်။

          ကျောင်းရှိ ကျောင်းသားများအား ကျွန်တော်တို့ သင် ထားသည့်အတိုင်း ပြန်မေးသည်။ ကျွန်တော်တို့၏ ပို့ချ ချက်များကို စမ်းသပ်ကြသည်။ သူတို့ကလည်း အမှတ်ကောင်းကောင်းရရန်အတွက် ကျွန်တော်တို့ သင်ကြားပို့ချ ထားသည့် အရာများကိုပင် ပြန်ဖြေကြသည်။ ဤနည်းအား ဖြင့် ဘဝကြီးတစ်ခုလုံးသည်လည်း စာသင်ခန်းလိုပင် ဖြတ် လမ်းနည်းအတိုင်း လည်ပတ်နေသည်ဟု မြင်လာကြသည်။

          ညံ့ဖျင်းသော အလေ့အထများသည် ကျွန်တော်တို့၏ လူမှုရေး ပတ်ဝန်းကျင်၊ လူမှုရေး အခြေအနေများ၌ အမြစ်တွယ်နေကြသည်။ ရေတို အတွေးများ၊ ဆေးမြီးတိုများကို ဖြစ်ပေါ်စေသည်။ ကျောင်းများ၌ ကျွန်တော်တို့ အများစု သည် ဖင့်လေးနေကြပြီး အစမ်းစာမေးပွဲများ၌ တစ်ပွဲတိုးအောင်မြင်စွာ ဖြေဆိုနိုင်ကြသည်။ သို့သော် လယ်ကွင်းတစ်ခု ပေါ်၌ တစ်ပွဲတိုးလုပ်၍ ရပါသလား။ နွားကို နှစ်ပတ်လောက် နို့မညှစ်ဘဲထားပြီး ကိုယ်လိုချင်တဲ့ အချိန်ကျမှ နို့ညှစ်လို့ရပါသလား။ သစ်ပင်စိုက်ဖို့၊ ရေလောင်းဖို့၊ မြေ သြဇာကျွေးဖို့ မေ့နေပြီး ရိတ်ချိန်ကျမှ လာ၍ရပါမလား။ စိုက်ပျိုးရေးနှင့် ပတ်သက်၍ ထိုလုပ်ငန်း လုပ်ဟန်များကို ဟားတိုက်ရယ်မောတတ်သော်လည်း ပညာရပ် ပတ်ဝန်းကျင် နယ်ပယ်၌ အမှတ်များရရန် ကျွန်တော်တို့ လိုချင်သည့် အလုပ်များ ရရန်အတွက် လိုအပ်သော ဒီဂရီများရရန် ဖုတ်ပူမီးတိုက် လုပ်နေတတ်ကြသည်။