Skip to product information
1 of 2

Other Websites

ခင်မောင်ညို(ဘောဂဗေဒ) - စီးပွားရေးမျက်စိ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ကျွန်တော် ဤကဏ္ဍကို “အကြိုက်ဆုံးဆောင်းပါး” ဟူ၍ အမည်မပေးဘဲ “ကျေးဇူးတင်ပါသည်” ဟူသော ခေါင်းစဉ်ကို ပေးခဲ့ပါသည်။ တကယ့်ကို ကျေးဇူးတင်သောကြောင့် ထိုအမည်ကို ပေးခဲ့ခြင်းဖြစ်ပါသည်။ ။

          စာဖတ်သူများ တကယ် လေးစားလောက် ဆောင်းပါး တစ်စောင်ကို ရေးနိုင်ရန် အဘယ်မျှ အားထုတ်ရကြောင်းကို ကျွန်တော် ကောင်းကောင်း သိပါသည်။ ထို့ပြင် ဝတ္ထုတို, ဝတ္ထုရှည် တို့ကဲ့သို့ ပရိသတ်အများစုကတောင်းဆိုသည့်စာမျိုး မဟုတ်သောကြောင့် မဂ္ဂဇင်းတစ်စောင်အတွက် ဈေးခေါ်ကောင်းလှသည် မဟုတ်ပါ။ ထို့ကြောင့် စာမူခတွင်လည်း ဝတ္ထုသမားများကဲ့သို့ မြို့မိုးမြက်မြက် ရကြရှာသည်မဟုတ်ပါ။ ထို့ပြင် ဟိုလူကချစ် သည်လူကခင် စသည်ဖြင့် မိတ်ဆက်စာတွေ တစ်ပြုံကြီး ရောက်လာလောက်အောင် မျက်နှာပွင့်နိုင်သည်လည်း မဟုတ်ပါ။ သို့ပါလျက် နှင့်ပင် ကြိုးစား ပမ်းစား စူးစမ်းတွေးတောပြီး ရေးနေကြသောကြောင့် ထိုသို့သော ပုဂ္ဂိုလ်များအား “ကျေးဇူးတင်ရသည်” မှာ အမှန်ဖြစ်ပါသည်။

          “ကျေးဇူးတင်ပါသည်” ကဏ္ဍအတွက် အကြိုက်ဆုံးဆောင်းပါး များကို ရွေးရသည်မှာ (ကျွန်တော့်အဖို့) “အကြိုက်ဆုံးဝတ္ထု” ကို ရွေးခဲ့ရသည်ထက်ပင် ပို၍ခက်သေးသည်ဟု ထင်နေမိပါသည်။ *

ကမ္ဘာပြန့်နေသည် မသမာမှု

          ခင်မောင်ညို (ဘောဂဗေဒ) ကို ကျွန်တော် သတိထားမိနေသည်မှာ အတော်ကလေး ကြာပြီ။ သူသည် ဘောဂဗေဒ ပြဿနာများကိုသာ တင်ပြနေတတ်သည်မဟုတ်။ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသား အားလုံး သတိထားပြီး (အမှတ်ထင်ထင်ကြီးကို သတိထားပြီး) သုံးသပ်ကြရမည့် ပြဿနာများကို မကြာခဏ တင်ပြလေ့ရှိသည်။

          ယခုတစ်ပတ် တင်ပြလိုက်သည်က တစ်ကမ္ဘာလုံးတွင်ပျံ့နှံ့ လာသည့် လာဘ်ပေးလာဘ်ယူ ကိစ္စကြီးပင် ဖြစ်သည်။ ယခင်ကတော့ သည်ကိစ္စကို သိပ်မပြောကြ။ ပြောကြစေဦးတော့ စင်မြင့်ကနေပြီး ကျယ်ကျယ်လောင်လောင် မပြောခဲ့ကြ။ ယခုတော့ဖြင့် လာဘ်ပေး လာဘ်ယူကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းနှိမ်နင်းကြရန် ပြောလာကြရပြီ ဖြစ်သည်။ ခင်မောင်ညို ပြောထားသည်က လာဘ်ပေး လာဘ်ယူကြောင့် ..

ကျေးဇူးတင်ပါသည် (၂)

အဖြေ

          “သင့်ဘဝ' မဂ္ဂဇင်းမှာ ခင်မောင်ညို (ဘောဂဗေဒ)၏ “အဖြေ”ဆောင်းပါးကို ဖတ်ပြီး စိတ်ပျက်လက်ပျက်နှင့်ပင် ရယ်မော လိုက်ခြင်း ဖြစ်မိပါသည်။ တကယ်ပဲ ရယ်မိပါသည်။ သို့သော်လည်း ဦးပုည၏ “မချိလို့ ပေါ်တဲ့သွားတောင် ရယ်သလားမေးကြရှာတယ်” ဟူသော စကားကိုလည်း ပြန်ပြီး သတိရမိသည်။

          ခင်မောင်ညိုသည် မိမိ၏ တပည့် မျိုးဆက်သစ်များနှင့် အဆက်မပြတ်ရှိနေဟန်တူသည်။ သူရေးလိုက်သမျှမှာ တကယ့်ကို လက်တွေ့ ကွင်းဆင်းလေ့လာပြီး “ထဲထဲဝင်ဝင်" သိပြီးမှ ရေးသော စာမျိုးဖြစ်သည်။ တကယ်အဖြစ်အမှန်ကို အခြေခံပြီး ရေးလိုက်သော ဝတ္ထုများတွင် အသေးစိတ်ကအစ အသင့်ယုတ္တိရှိပြီး စာဖတ်သူ ဘဝင်ကျကျ လက်ခံနိုင်လောက်အောင် ဖြစ်လာတတ်သလို ယခု ဆောင်းပါးကိုလည်း တကယ့်အဖြစ်မှန်တွေကို ချပြီး ရေးနေတာဟု ခံစားမိလောက်သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)