ခင်မောင်ညို(ဘောဂဗေဒ) - စီးပွါးရေးလုပ်ငန်းစီမံခန့်ခွဲနည်း
စီးပွားလုပ်ငန်း စီမံခန့်ခွဲနည်း
ဆုံးဖြတ်ချက်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို အတိတ်က အတွေ့အကြုံအပေါ် မူတည်ပြီး ဆုံး ဖြတ်နိုင်တယ်။ ၁ဝ ရာခိုင်နှုန်းလောက်ပဲ နက်နက် ရှိုင်းရှိုင်းလေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ဖို့ လိုမယ်။ စာစီထားတာတွေထဲက အမှား ၉ဝ ရာခိုင်နှုန်းလောက်ဟာ အမှားပြင်လို့ရတယ်။ မှားတာတွေ ထဲက ၁ဝ ရာခိုင်နှုန်းလောက်ပဲ ပြန်ရိုက်ဖို့လိုမယ်။
မှတ်တမ်းအဟောင်းတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်ဟာ ဘယ်တော့မှ ပြန်သုံးမယ့်ဟာတွေ မဟုတ်ဘူး။ မှန်မှန်ဖျက်ဆီးပစ်ပါ။
အများအားဖြင့် ဖောက်သည်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပြဿနာမလုပ်တတ်ဘဲ သဘောပေါက်တဲ့သူတွေပါ။ ပြဿနာရှာတာက ၁ဝ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။
ကိုယ့်လုပ်ငန်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ကိုယ့်လက်အောက်ကလူတွေ လုပ်လို့ရပါတယ်။ ကိုယ် ကြီးကြပ်ဖို့လိုတာက ၁၀ ရာခိုင်နှုန်းလောက် ပဲ ရှိမယ်။
အလုပ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပုံ မှန်လုပ်ရိုးလုပ်စဉ်တွေပါ။ ကျန်တဲ့ ၁ဝ ရာခိုင်နှုန်းလောက်ပဲ ပင်ကိုယ်အတွေးအခေါ်တွေ လိုအပ် တယ်။
မဖတ်ဘဲ ပိတ်ထားတဲ့ စာအုပ်တစ်အုပ်ဟာ စက္ကူထုပ်တစ်ထုပ်ပဲ ဖြစ်နေမယ်။
ပိုက်ဆံရအောင်ပဲ လုပ်တတ်ပြီး ဘာမှမလုပ် တတ်တဲ့ စီးပွားရေးလုပ်ငန်းဆိုတာ ခပ်ညံ့ညံ့စီးပွား ရေးလုပ်ငန်းမျိုးပဲ။
စီးပွားရေးသမားဆိုတာ ကချေသည်နဲ့ ဂဏန်း ပေါင်းစက် ရောသမမွှေထားတာ ဖြစ်တယ်။
တိတိကျကျမရှိဘဲ ပြန့်ကျဲနေတဲ့ စားပွဲတစ် လုံးဟာ စာရေးတစ်ယောက်နဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူး။ မန်နေဂျာနဲ့ဆိုင်တာ၊ မန်နေဂျာ အလုပ်များနေလို့ မဟုတ်ဘူး၊ ဆုံးဖြတ်ချက် မ ပြတ်သားလို့ ဖြစ်ရတာ။
လူတော်တစ်ယောက် တစ်နာရီအတွင်းလုပ် နိုင်တဲ့အလုပ်ကို လူတစ်စုက တစ်ပတ်လောက် လုပ်ရတာကို ကော်မတီလို့ ခေါ်တယ်။
အလျှော့အတင်း၊ အပေးအယူ လုပ်တယ်ဆို တာ ကိတ်မုန့်တစ်လုံးကို ခွဲပေးတဲ့အခါမှာ လူတိုင်း က သူရတာ အကြီးဆုံးပဲလို့ထင်အောင် လုပ်တဲ့ နည်း ဖြစ်တယ်။
ကိုယ်ဘာသာကိုယ် ဘာမျှမလုပ်နိုင်တဲ့၊ အ ရေးကြီးတဲ့လူတွေစုပြီး ဘာမှလုပ်လို့မရဘူးလို့ စု ပေါင်းပြီး ဆုံးဖြတ်ကြတာကို ကွန်ဖရန့်လို့ခေါ် တယ်။
ညစာ စားပွဲတွေဟာ စီးပွားရေးလုပ်ငန်းတွေ ကို ချောမွေ့သွားစေတယ်။
အုပ်ချုပ်ရေးမှူးကောင်းတစ်ယောက်ဟာ အုပ် ချုပ်ရေးအလုပ်ကို တတ်နိုင်သမျှ စရိတ်ကျဉ်းကျဉ်း၊ လုပ်ငန်းနိုင်သမျှ သေးအောင် လုပ်ရတယ်။
ပါရမီရှင်တစ်ယောက်ကို သူများက ဖျက်ဆီး လို့ မရဘူး။ သူ့ဟာသူ ဖျက်မှပဲ ပျက်တာ။
ဖောက်သည်ဆိုသည်မှာ အရည်အသွေးအ နည်းငယ်ပိုကောင်းအောင် လုပ်ပေးရုံမျှဖြင့် အမြဲ တမ်းပြုံးစေနိုင်သည်။
အနည်းငယ်ယဉ်ကျေးပြရုံ မျှဖြင့် မိုင်ချီသည့်ခရီးမှ အရောက်လာကြသည်။
အနည်းငယ် ကျွမ်းဝင်ရင်းနှီးရုံမျှဖြင့် စိတ်ချမ်း မြေ့စေမည်။ ။
အနည်းငယ် ဝန်ဆောင်မှုပေးရုံမျှဖြင့် နောက် တစ်ခေါက်ပြန်ရောက်လာစေမည်။
စီးပွားရေးလုပ်ငန်းတို့မည်သည် ရပ်တံ့နေ သည့်ထုံးစံ မရှိ။ ကျချင် ကျမည်။ တက်ချင် တက် မည်။
ဓနဥစ္စာ ကြွယ်ဝချမ်းသာအောင် လုပ်သော် လည်း အသုံးပြုခံစားခြင်း မရှိသောသူသည် ရွှေ တုံးတွေကို သယ်ဆောင်လာသော်လည်း မြက်ကို သာ စားသုံးသည့် မြင်းပေါက်နှင့်တူသည်။
သူလိုအပ်နေသည့်အရာကိုရှာရန် ကမ္ဘာလှည့် သည့်သူတစ်ယောက်သည် မိမိ အိမ်ပြန်ရောက်မှ ရှာတွေ့သွားသည်။
သုံးလည်း သုံး၊ စုလည်း စုသောလူတစ် ယောက်သည် သုံးရာမှရသော ချမ်းသာ၊ စုရာမှရ သော ချမ်းသာ နှစ်ခုစလုံးကို ခံစားရသဖြင့် အပျော် ဆုံးလူ ဖြစ်သည်။
ငွေပို ငွေလျှံရှိသောသူတစ်ယောက်သည် အ ခြေအနေကို ထိန်းချုပ်နိုင်သည်။ ငွေပိုငွေလျှံမရှိသောသူသည် အခြေအနေ၏ထိန်းချုပ်ခြင်းကို ခံရ သည်။ အဆုံးအဖြတ်ပေးပိုင်ခွင့်လည်း မရှိပေ။
လူတစ်ယောက် အမှန်တကယ်ပိုင်ဆိုင်သော ဥစ္စာဓနဆိုသည်မှာ လောကကို သူက ကောင်း ကျိုးပြုခဲ့သော ကုသိုလ်များသာ ဖြစ်သည်။
ကုန်သည်တစ်ယောက်၏ ပျော်ရွှင်မှုဟူသည် ကံ၊ လေနှင့် လှိုင်းတို့အပေါ် မူတည်သည်။
မန်နေဂျာတစ်ယောက်သည် စီမံခန့်ခွဲခြင်းဖြင့် လူတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးသည်။ ထိုသူတို့ ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာတွင် လွယ်အောင် (သို့) ခက်အောင်လည်း လုပ်ပေးသည်။ သူ၏လမ်းကြောင်းမှန်ကိုပြခြင်း (သို့) လမ်းလွဲကိုညွှန်ခြင်းများ လုပ်တတ်သည်။ ထိုသူ တွေ၏ ကိုယ်တွင်းရှိ အရည်အချင်းများအား ဆွဲထုတ်ပေးခြင်း (သို့) သေးသိမ်အောင်လုပ်ခြင်း များ ပြုတတ်သည်။ သူတို့၏ သမာဓိ ခိုင်မာလာ အောင် (သို့) ပျက်စီးလာအောင် လုပ်တတ်သည်။ ဖြောင့် မတ်မှန်ကန်လာစေအောင် (သို့) ကလိန် ကကျစ် ဖြစ်လာအောင်လည်း လုပ်တတ်သည်။
လုပ်ငန်းအတွင်း၌ အရာရာတိုင်းအတွက် နေရာရှိပြီး အရာဝတ္ထုတိုင်း၊ သူ့နေရာနှင့်သူ ရှိနေရ မည်။ ကြိုရေးထားသောမိန့်ခွန်းသည် ပန်းခြောက် နှင့်တူသည်။ အနှစ်သာရရှိသော်လည်း အရောင် မှိန်နေပြီး အနံ့လည်းမမွှေးတော့။
ငွေဝယ်ကျွန်တစ်ယောက်မှာ သခင်တစ် ယောက်ပဲရှိတယ်။ ဒါပေမဲ့ ရည်မှန်းချက်ကြီးမား တဲ့ သူတစ်ယောက်မှာတော့ သူ့ရည်မှန်းချက်ကို အထောက်အကူပြုတဲ့သူမှန်သမျှ သူ့ သခင်တွေ ချည်းပဲ။
မနေ့က ဘွဲ့ရ၊ ဒီကနေ့ ဘာမှမလုပ်တော့ဘူး ဆိုရင် နက်ဖြန်မှာ ပညာမတတ်တဲ့သူ ဖြစ်သွား မယ်။
A.T Stewart soos osôc3Toogid, oon တယ်။
ဒီကုန်သည်မင်းသားဟာ အိမ်တံခါးကို လိုက် ခေါက်ပြီး အပ်တွေ၊ ချည်တွေ၊ ကြယ်သီးတွေ ရောင်းခဲ့ရတယ်။ နောက်ကျတော့ လူတွေဟာ အဲဒီ ပစ္စည်းတွေကို မဝယ်ချင်တော့ဘူးဆိုတာ သဘော ပေါက်သွားတယ်။ ဒီတော့ သူက ... ။
“ဒီပစ္စည်းတွေ မရောင်းတော့ဘူး၊ ဒါပေမဲ့ လူတွေဘာလိုချင်လဲဆိုတာ သွားမေးကြည့်မယ်”
လို့ သူ့ကိုယ်သူ ပြောလိုက်တယ်။
ဒီနောက် သူဟာ လူတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒတွေကို လေ့လာတယ်။ သူတို့အလိုချင်ဆုံး ဟာ ဘာလဲဆိုတာ ရှာဖွေတွေ့ရှိသွားတယ်။ အဲ ဒီလိုအပ်ချက်တွေကို ဖြည့်စွမ်းဖို့ကြိုးစားတယ်။ ဒီ လိုနဲ့ သူ့ခေတ်မှာ အတော်ဆုံးစီးပွားရေးလုပ်ငန်းရှင် ဖြစ်သွားတယ်။
ကြော်ငြာရဲ့ ၈၅ ရာခိုင်နှုန်းက ခပ်ရှုပ်ရှုပ်၊ တကယ်အလုပ် လုပ်ရမှာ ၁၅ ရာခိုင်နှုန်း၊ နောက် ဆုံးမတော့ ကြေညာတယ်ဆိုတာ သတင်းပေးတာ ပဲ ဖြစ်သင့်တယ်။