စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 5

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - ခေါင်းဆောင်တို၏နှလုံးသား

ခင်မောင်ညို(ဘောဂဗေဒ) - ခေါင်းဆောင်တို၏နှလုံးသား

ပုံမှန်ဈေး 900 Ks
ပုံမှန်ဈေး 1,000 Ks ရောင်းဈေး 900 Ks
ရောင်းရန် ရောင်းကုန်ပြီ
Type

ခေါင်းဆောင်တို့၏ နှလုံးသား

လူတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရာ၌
အဓိကကျသည့်အချက်မှာ တစ်ခုခု၊ မှန်မှန်ကန်ကန်
လုပ်နေသည်ကို မိအောင်ဖမ်းခြင်းပင်ဖြစ်သည်။

(Ken Blanchard and Spencer Johnson)

          လူတွေ မှန်မှန်ကန်ကန် လုပ်နေသည်ကို မိအောင် ဖမ်းခြင်းသည် အားကောင်းသော စီမံခန့်ခွဲမှု သဘော တရားဖြစ်သည်။ ကံဆိုးသည်မှာ ခေါင်းဆောင် အတော် များများသည် လူတွေအမှားလုပ်သည်ကို ရအောင်ဖမ်းရာ၌ ပါရမီရှိကြသည်။ ကျွန်တော်က ခေါင်းဆောင်များအနေဖြင့် အနည်းဆုံးတစ်ပတ်ကို တစ်နာရီခန့် မိမိတို့၏ လုပ်ငန်းခွင် အတွင်းလှည့်ကာ လူတွေ အမှန်လုပ်နေသည်ကို စောင့်ဖမ်း ရန် အမြဲတမ်းတိုက်တွန်းသည်။

 

ရလဒ်ကောင်းထွက်အောင် လုပ်နိုင်သည့် သူတွေသည်
သူ့ဟာသူလည်း နေသာထိုင်သာ ဖြစ်နေတတ်သည်။

(Ken Blanchard and Robert Lorber)

          ထိရောက်သော ခေါင်းဆောင်တစ်ယောက်သည် သူ့လူတွေ ရလဒ်ကောင်း ရရေးအတွက် အကူအညီပေးရန် ဦးစားပေးပြီး နည်းလမ်းနှစ်မျိုးဖြင့် ကူညီလေ့ရှိသည်။

(၁) သူတို့၏ ရည်မှန်းချက်ပန်းတိုင်တွေကို သေသေချာချာ သိရှိအောင် လုပ်ပေးခြင်း၊

(၂) ထိုရည်မှန်းချက်တွေ ရရှိအောင် ထောက်ကူခြင်း၊အားပေးခြင်း၊ နည်းပေးလမ်းပြလုပ်ခြင်း၊

(၃) တိုးတက်လာခြင်းကို ချီးကျူးပါ။ ထပ်တိုးတက်စရာတွေ ဖြစ်လာမည်။

(Ken Blanchard, Thad Lacinak,

Chuck Tompkins, and Jim Ballard)

          လုပ်ရည်ကိုင်ရည်ကောင်းတစ်ခု၏ နောက်တွင် အပြုသဘော တစ်ခုခု လိုက်လာသောအခါ သဘာဝကျစွာ ပင် လူတွေက ထိုအပြုအမူကို ဆက်လုပ်ချင်ကြသည်။ ဤနေရာတွင် မိမိက အပြုသဘော မတုံ့ပြန်မီ တိတိကျကျ၊ မှန်ကန်သော အပြုအမူတစ်ခု ပေါ်ထွက်လာသည် အထိ စောင့်ဆိုင်းမနေရန် အလေးပေးပြီး အရေးတကြီး ပြောကြား လိုသည်။ ထိုသို့ သာ စောင့်နေမည်ဆိုလျှင် တစ်သက်လုံး ထိုင်စောင့်နေရမည်။

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။