Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - ခေတ်မမှိန်သည့်ခေါင်းဆောင်တို့၏ခေါင်းဆောင်မှုဥပဒေသ၁၀၀

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

မိတ်ဆက်

          ခေါင်းဆောင်မှုဆိုသည်မှာ ထက်မြက်မှု၊ ယုံကြည် ထိုက်မှု၊ လူသားဆန်မှု၊ သတ္တိနှင့် စည်းကမ်းရှိမှုတို့နှင့် သက်ဆိုင်သည်။ထက်မြက်မှု တစ်ခုတည်းကိုသာ အားကိုး လျှင် ထကြွမှုကို ဖြစ်စေနိုင်သည်။ လူသားဆန်မှု တစ်ခု တည်းကြောင့်ဆိုလျှင် အားနည်းချက်များကို ဖြစ်စေနိုင် သည်။ ယုံကြည်မှုတစ်ခုတည်းကို စွဲလမ်းခြင်းသည် မိုက်မဲ သည်။ သတ္တိကိုသာအားကိုးလျှင် အကြမ်းဖက်မှုပေါ်ပေါက် လာသည်။ စည်းကမ်းတင်းကြပ်လွန်းခြင်း၊ အမိန့်ပေးရာ တွင် တိကျခြင်းမှ ရက်စက်ကြမ်းကြုတ်မှု ပေါ်ထွက်လာ သည်။ အရည်အသွေး ငါးခုစလုံး ရှိနေပြီး ဆိုင်ရာ ဆိုင်ရာ တာဝန်ကို ထမ်းဆောင်ကြမှသာလျှင် ခေါင်းဆောင် တစ်ယောက်ဖြစ်နိုင်သည်။

Sun Tzu


          ဆွန်ဇူး၏ သေနင်္ဂဗျူဟာကျမ်းကို စစ်မဟာဗျူဟာနှင့် အတွေးအခေါ် စာပေတစ်ရပ်အဖြစ် ဖတ်ရှုကြရန် မူလက ရည်ရွယ်သည်။ နှစ်ပေါင်း (၂၀၀၀) ကျော်ကြာ ယနေ့ခေတ် ၌ပင် ဆွန်ဇူးဖော်ပြသော အောင်မြင်သောခေါင်းဆောင် တစ်ယောက်၏ အရည်အသွေးများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဘုံရည်မှန်းချက် တစ်ခုအတွက် ဦးတည်၍ အုပ်စုလိုက် အားထုတ်မှုများ ပေါ်ထွက်ရန် လိုအပ်သည့် နယ်ပယ်တိုင်းအတွက် အံဝင်ခွင်ကျ ဖြစ်နေဆဲဖြစ်သည်။

          ဆွန်ဇူး၏ ခေါင်းဆောင်မှုအရည်အသွေး သတ်မှတ် ချက်များအပေါ် မူတည်၍ ဤစာအုပ်ကို အပိုင်း(၅) ပိုင်း ခွဲထားပြီး၊ တစ်ပိုင်းစီ၌ ခေါင်းဆောင်မှုအတွက် လိုအပ်ချက် များနှင့် ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ အဆိုအမိန့် (၂၀) စီကို ဖော်ပြထားသည်။ ဂရုစိုက်မိသော စာဖတ်သူများ သည် အချို့ဥပဒေသများက အခြားအပိုင်းရှိ ဥပဒေသများ ကို ဝေဖန်သလို ဖြစ်နေသည်ကို သတိထားမိနိုင်ပါသည်။

          ဥပမာ - ယုံကြည်ထိုက်မှုဟူသော အခန်းတွင် “ဒေါက်ဂလပ်စ်မက်အာသာက မလိုက်နာနိုင်သည့် အမိန့် မျိုး မပေးနှင့်” ဟု ဆိုထားပြီး၊ စည်းမျဉ်းစည်းကမ်းအပိုင်း၌ “ဆိုဖိုကလီးစ်က “ခိုင်း၍ မရသည်ကို အမိန့်မပေးနှင့်” ဟု ဆိုထားသည်။ သဘောထားချင်း အတူတူလောက် ဖြစ်သော်လည်း ဆိုဖိုကလီးစ်က ခေါင်းဆောင်ကို၊ မက်အာသာ က နောက်လိုက်ကို အထူးအလေးပေးဖော်ပြထားခြင်း ဖြစ်သည်။ ဆင်တူရိုးမှား အဆိုအမိန့်များ၊ တစ်ခါတစ်ရံဆန့်ကျင်သည်ဟုယူဆစရာ ဥပဒေသများကို ခေါင်းဆောင် တစ်ယောက်၏ သုံးဘက်မြင်ရုပ်ပုံလွှာ ကြွတက်လာစေရန် ရည်ရွယ်၍ ဖော်ပြထားသည်။

          သဘောတရားအရ စံနမူနာပြုစရာ ခေါင်းဆောင် ဆိုသည်မှာ မည်သို့သော ခေါင်းဆောင်မျိုးနည်း၊ စံနမူနာ ပြုစရာ ခေါင်းဆောင်သည် ခေါင်းဆောင်မှု အခန်းကဏ္ဍ၏ သိမ်မွေ့မှု၊ ရှုတ်ထွေးမှုတို့ကို နားလည်နိုင်သော အသိဉာဏ် ရှိသည်။ ရာထူးရှိပြီး ခေါင်းဆောင်တစ်ဦး၏ အာဏာကို ကိုင်ထားရုံမျှဖြင့် ခေါင်းဆောင်တစ်ယောက်လို မလုပ်နိုင်၊ ခေါင်းဆောင်မှုသဘောတရားများသည် ပုံသေကားချပ်မရှိ။ ထို့ကြောင့် လူ့အဖွဲ့ အစည်း၌လည်းကောင်း၊ စီးပွားရေး အဖွဲ့ အစည်းများ၌လည်းကောင်း၊ ခေါင်းဆောင် အမျိုးမျိုး၊ ခေါင်းဆောင်မှု အမျိုးမျိုးကို တွေ့ရခြင်းဖြစ်သည်။ ပြည့်ဝသော ခေါင်းဆောင်တစ်ယောက်သည် ခေါင်းဆောင်ခြင်း၊ နောက်လိုက်ခြင်းတို့အကြောင်းကို ကောင်းကောင်း နား လည်သည်။

          စံပြခေါင်းဆောင်သည် ခေါင်းဆောင်နှင့် နောက်လိုက် တို့၏အပြန်အလှန် တာဝန်ရှိမှုကိုနားလည်သည်။ တစ်ဖက် က အခြားတစ်ဖက်ကို အားကိုးနေရ၊ ထောက်ကူနေရ သည်။ လူသားဆန်မှုမရှိသော ခေါင်းဆောင် တစ်ယောက် သည် အထက်လူကြီး တစ်ယောက်အနေဖြင့် ပါဝါရှိနေခြင်း ကြောင့်သာ ခေါင်းဆောင်ဖြစ်နေရခြင်း ဖြစ်သည်။ မြင့်မြတ် သော ခေါင်းဆောင်ကြီးများသည် အကြောက်တရားတွေအပေါ် အခြေမခံ၊ သီလနှင့် မူတွေကို အားကိုးကာ စိတ် တက်ကြွအောင် လုပ်ပေးသည်။

          စံပြခေါင်းဆောင်သည် ယုံကြည်ထိုက်သော သူ တစ် ယောက်လည်း ဖြစ်သည်။ အင်္ဂလန်မှ ဒုတိယမြောက် ချားလ်စ်ဘုရင်သည် သူ့စကားကို မည်သူမျှ ယုံစား၍ မရ ဟုဆိုပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည်။ လိမ္မာပါးနပ်မှု များ ရှိသော်လည်း သမိုင်းတွင် ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် စာရင်းမဝင်၊ သူကလည်း ဘယ်သူ့ကိုမျှ မယုံ၊ ဘယ်သူကမျှ သူ့ကိုမယုံ။ ယုံကြည်ခြင်းနှင့် ယုံကြည် ထိုက်ခြင်းတို့သည် အပြန်အလှန် မှီခိုအားထားမှုအတွက် လိုအပ်သည်။ ခေါင်းဆောင်တစ်ယောက်သည် နောက်လိုက် များ၏ ယုံကြည်အားကိုးမှုကို ဆုံးရှုံးပြီဆိုလျှင် ၎င်း၏ ခေါင်းဆောင်မှုကို ဆက်လက်ခံယူကြတော့မည် မဟုတ်။ ဆိုးဝါးသော ရလဒ်များကိုသာ ကြုံတွေ့ရမည်။

          အောင်မြင်သော ခေါင်းဆောင်တစ်ယောက်သည် ရုပ်ပိုင်းမျှသာမက စိတ်ပိုင်း၌ပါသတ္တိရှိသူဖြစ်သည်။ တိုင်ပင် စရာ ပုဂ္ဂိုလ်တွေ အများကြီး ဝိုင်းရံနေပါလျက်နှင့်ပင် တစ်ဦး တည်း ဆုံးဖြတ်ချက် ချရသည်။ ပြည့်ပသော ခေါင်းဆောင် တစ်ယောက်သည် ရှေ့တက်ခြင်း၊ နောက်ဆုတ်ခြင်းတို့ကို တာဝန်ယူပြီး ထွက်ပေါ်လာသည့် ရလဒ်များကိုပါ လက်ခံ သည်။ အားလုံး၏ ကိုယ်စားဆောင်ရွက်ရန် ခေါင်းဆောင် လုပ်သူ၌ သတ္တိမရှိတော့လျှင် လူအများ၏ ယုံကြည် ကိုးစားမှုကို ဆုံးရှုံးရပြီး နောက်ဆုံး၌ ခေါင်းဆောင်နေရာမှပင် လျောကျသွားနိုင်သည်။

          နောက်ဆုံးတွင် ပြည့်ဝသော ခေါင်းဆောင် တစ် ယောက်သည် စည်းကမ်းထိန်းရသည်။ နောက်လိုက်များ လမ်းမှန်လျှောက်တတ်အောင် သင်ကြားပေးရသည်။ စည်းကမ်းဆိုသည်မှာ ထိန်းချုပ်ခြင်း၊ မလိုက်နာသူကို အပြစ်ပေးခြင်းမျှသာ မဟုတ်ပေ။ လမ်းညွှန်ခြင်း၊ နေရာချ ပေးခြင်း၊ လေ့ကျင့်ပေးခြင်းတို့ပါဝင်ပြီး စည်းကမ်းမရှိလျှင် မည်သူမျှ ထိထိရောက်ရောက် ခေါင်းဆောင်နိုင်မည် မဟုတ်ပေ။

          ဆွန်ဇူးက ခေါင်းဆောင်မှု၏ အခြေခံအဖြစ် ဖော်ပြခဲ့ သော အရည်အသွေးများသည် တစ်ဖက်စွန်းရောက်သွား ခြင်း၊ မတော်မတရား အသုံးပြုခြင်းများလည်း ဖြစ်ပေါ်လာ နိုင်သည်ဟု ဆိုခဲ့သည်။ အဆိုပါ အရည်အသွေးများကို အချိန်အဆ မျှမျှတတ သုံးစွဲပါမှ ခေါင်းဆောင်တစ်ဦးသည် ထိရောက်မှု အမြင့်ဆုံးဖြစ်သည်။ ဤစာအုပ်၌ ပါဝင်သည့် အဆိုအမိန့်များကို ဖတ်ရှုဆင်ခြင်ပြီး ခေါင်းဆောင်မှု အတွက် ကိုယ်ပိုင်လမ်းကြောင်းကို ရှာတွေ့နိုင်သည်။

          ထုတ်ဝေသူ ဂျမီရားနှင့် အယ်ဒီတာ ရစ်ဝုလ်ဖုတို့ကို ဤလုပ်ငန်းစီမံကိန်းတွင် အထောက်အကူပြုမှုအတွက် ကျေးဇူးတင်ပါသည်။

Leslie Pockell

Adrienne Avila