Skip to product information
1 of 2

Other Websites

ခင်မောင်ညို(ဘောဂဗေဒ) - ကျွန်တော်တို့အားလုံး စကားပြောရမည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

နိဒါန်း

 

 ကျွန်တော်တို့အားလုံးစကားပြောရမည်

၁။ လေထီးမပါဘဲ လေယာဉ်ပျံတစ်စီးကခုန်ချမလား။

သို့မဟုတ်

 ၂။ ညစာစားပွဲတစ်ခုမှာ တစ်ခါမျှမဆုံဘူးသူရဲ့ ဘေးမှာ ထိုင်မလား။

`အကယ်၍သင်သည် နံပါတ် (၁) ကိုရွေးချယ်လျှင် သင်လိုလူတွေ အများကြီးရှိသည်။ စကားပြောသည့် ကိစ္စသည် ကျွန်တော်တို့ အားလုံး နေ့စဉ် လုပ်နေသည့်ကိစ္စ ဖြစ်သော်လည်း ကြပ်တည်းသည့်အခြေအနေများစွာ ကြုံရ သလို ပို၍ အဆင်ပြေနိုင်သည့် အခြေအနေများလည်းရှိသည်။ လူအများနှင့် ဆက်ဆံရာ၌ဖြစ်စေ၊ လုပ်ငန်းသဘောအရဖြစ်စေ စကားပြောဆိုရာတွင်

အောင်မြင်ရန်နည်းလမ်းမှာ စကားပြောခြင်းဖြင့် စတင်ရန်ဖြစ်သည်၊ စကာ ပြောသူတစ်ယောက် အနေဖြင့် သင့်ကိုယ်သင် မယုံကြည်လျှင်၊ စကားပြောရ မည်ကို ကြောက်နေလျှင် ထိုလမ်းသည် ကြမ်းတမ်းခက်ထန်နိုင်သည်။

ထို့ကြောင့်ပင် ဤစာအုပ်ကို ချောမွေ့သည့်လမ်း တစ်လမ်းဖြစ်ရန် အတွက် ကျွန်တော်ရေးခြင်းဖြစ်သည်။ ကျွန်တော့်အနေဖြင့်စကားပြောပြီး အသက်မွေးလာသည်မှာ (၃၇) နှစ်ရှိပြီး ရေဒီယိုနှင့် ရုပ်မြင်သံကြား အသံလွှင့် ထုတ်မှုများ၌ မီခေးလ်ဝေါ်ဗာချော့မှအစ မိုက်တယ်ဂျော်ဒန်အဆုံး ပုဂ္ဂိုလ်ပေါင်း

စွာနှင့် စကားပြောဆိုခဲ့ရသည်။ ရဲများမှအစ အရောင်းသမားများအဆုံးအုပ်စုပေါင်းများစွာကိုလည်း မှန်မှန်မိန့်ခွန်းများ ပြောဆိုခဲ့ရသည်။ နောက်လာ မည့် စာမျက်နှာ၌ တစ်ဦးချင်းကိုပြောသည်ဖြစ်စေ၊ ရာပေါင်းများစွာကို ပြောသည်ဖြစ်စေ ကျွန်တော် ဆည်းပူးခဲ့ရသည့် သင်ခန်းစာများအကြောင်းကို ဖေါ်ပြ ထားသည်။

" ကျွန်တော့်အတွက် စကားပြောဆိုခြင်းသည် ဘဝအတွက် ပျော်စရာ အကောင်းဆုံး ကိစ္စတစ်ခုဖြစ်ပြီး ကျွန်တော်အမြဲတမ်း လုပ်ချင်သည့် ကိစ္စတစ်ခု ဖြစ်သည်။ ကျွန်တော်ငယ်စဉ်ကကိစ္စနှင့် ပတ်သက်၍ မှတ်မိသမျှ တစ်ခုမှာ ဘရုတလင်းတွင် ၈၆ လမ်းနှင့် ဘေးပတ်ခ်ဝေးထောင့်၌ရပ်ကာ ဖြတ်သန်း ဆောင်းနှင်လာသည့် ကားများကို မည်သည့်နိုင်ငံကလုပ်ကြောင်း ကြေညာသည့် အချိန်က ဖြစ်သည်။ ထိုအချိန်က ကျွန်တော်သည် (ရ) နှစ်အရွယ်သာ ဖြစ်ပြီး ကျွန်တော့်သူငယ်ချင်းများက ကျွန်တော့်ကို “လေအိုးကြီး” ဟုခေါ်ကြသည်။ ထိုအချိန်ကစတင်၍ ကျွန်တော် စကားပြောနေသည်။ ။

          ထိုအချိန်ကစ၍ ယခုအချိန်ထိ ကျွန်တော့်၏ မိတ်ဆွေကောင်းဖြစ်နေ သော ဘော့ဘ်ကိုဟင်က အဲဘတ်စ်ကစားကွင်း၌ ဒေါ့ဂျား ဘယ်လိုကစားသည် ကို ဘယ်လိုအသံလွှင့်ကြောင်း ပြောလေ့ရှိသည်။ ကျွန်တော်ဖာသာ ကျွန်တော် အမှတ်ပေးသည့် ကဒ်ပြားများယူကာ ထိုပွဲစဉ်ကို အသံလွှင့်ပုံလုပ်လေ့ရှိသည်။ ထို့နောက်အိမ်ပြန်လာပြီး ကျွန်တော့်မိတ်ဆွေများအား ကစားပွဲနှင့်ပတ်သက်၍ အစစအရာရာပြန်ပြောသည်း ဟော့ဘ်က “လယ်ရီဟာ အဲဘတ်တစားတွင်းကို သွားတယ်၊ အဲဒီပွဲဟာ၂ နာရီနဲ့ ၁၀ မိနစ်ကြာတယ်ဆိုရင် လယ်ရီတ အဲဒီပွဲကို ၂ နာရီ ၁၀ မိနစ်ကြာအောင်ပြောနိုင်တယ်” ဟူ၍ပြောလေ့ရှိသည်။ ဟာဘီနှင့် ကျွန်တော် ၁ဝ နှစ်သားအရွယ်က ကျောင်းအုပ် ကြီးရုံးခန်းတွင် ပထမဆုံးတွေ့ခဲ့ ကြသည်။ ကျွန်တော်ရုံး ခန်းထဲဝင်သွားသည့်အခါ သူကရောက်နေသည်။ ယခု အခါ ကျွန်တော်တို့ အဘယ်ကြောင့် ကျောင်းအုပ်ကြီးရုံးခန်းသို့ အပို့ခံရသည်ကို မမှတ်မိကြသော်လည်း ကျွန်တော်တို့ နှစ်ယောက်စလုံး အတန်းထဲမှာ စကား ပြော၍ ဖြစ်နိုင်သည်။

ကျွန်တော့်အနေဖြင့် စကားပြောရတာ သဘောကျသလောက် လူ အများအတွက် အဘယ့်ကြောင့် အဆင်မပြေသည်ကိုသိသည်။ ပြောမှားဆိုမှား ဖြစ်မည်ကို စိုးရိမ်ကြသည်။ အပြောအဆိုမှန်သော်လည်း ကာလဒေသ မမှန် မည်ကို စိုးရိမ်ကြသည်။ တိတ်ဆိတ်နေပြီး အရူးဟုအထင်ခံရခြင်းထက် စကား ပြောပြီး အရူးမဟုတ်ဟုအထင်ခံရခြင်းက ပိုကောင်းကြောင်း စာရေးဆရာတစ်ယောက်ကရေးခဲ့သည်။

           လူစိမ်းတစ်ယောက်ကို ပြောသည့်အခါ၊ လူ ပေါင်းများစွာကို တစ်ချိန်တည်းပြောသည့်အခါ ပို၍ကြောက်လန့်တတ်တဲ့ သည်။

ဤစာအုပ်က အကြောက်တရားကို ဖယ်ရှားပေးလိမ့်မည်ဟု မျှော်လင့် သည်။ ကျွန်တော်နားလည်သမျှဆို လျှင် သင်၏သဘောထားသာ မှန်ကန်လျှင် သင်၏စိတ်နေလားသာ မှန်ကန်လျှင် စကားမပြောနိုင်သည့်သူ မည်သူမျှမရှိ။ ဤစာအုပ်ဖတ်ပြီးနောက် စိတ်ချလက်ချ ပြောနိုင်ဆိုနိုင်မည်။ တစ်ဖက်သား နားလည်ရန် ဘယ်လိုပြောမည် ကိုသိလာမည်။ ကောင်းကောင်းပြောတတ်ပြီး ပြောရတာကို လည်းပျော်လာမည်။ 

အခြေအနေအမျိုးမျိုးနှင့် ကြုံကြိုက်သည့်အခါ မည်သို့ပြောမည်ကို လက်တွေ့ဥပမာများဖြင့် ပြထားသည်။ သင်၏ဆွေမျိုးသားချင်း မင်္ဂလာဆောင် မှအစ ညစာစားပွဲများ၊ မိဘဆရာအသင်း အစည်းအဝေးများအထိ အခြေ အနေမျိုးစုံပါဝင်သည်။ ရုပ်မြင်သံကြား၌တွေ့သည့် ဧည့်သည်များထံမှ ရရှိသည့် သင်ခန်းစာများ၊ ကျွန်တော်၏ သင်ခန်းစာများကိုမည်သို့ အသုံးချနိုင်ပုံ အချို့ သင်ခန်းစာများမှ အကူအညီ ခက်ခက်ခဲခဲရလာပုံတို့ကို တွေ့ရမည်။

လူနှင့်အခြားသတ္တဝါများ ခြားနားသည့်အရာတစ်ခုမှာ စကားပြောဆို ခြင်းဖြစ်ပြီး စကားပြောဆိုခြင်းသည် လူသားတို့ဆက်သွယ်ရေး၏ အခြေခံအကျ ဆုံး ပုံစံဖြစ်သည်။ သာမန်လူတစ်ယောက်သည် တစ်နေ့လျှင် ဝေါဟာရ တစ်သောင်းရှစ်ထောင်ခန့် ပြောလေ့ရှိသည်ဟုဆိုသည်။ ထိုစကားကို သံသယ မဖြစ်ပါ၊ ကျွန်တော့်အနေဖြင့် ထိုထက်မက ဖြစ်နိုင်သေးသည်။ ထိုသို့ဆိုလျှင် စကားပြော အရည်အသွေးကောင်းရန် အဘယ်ကြောင့် မလေ့ကျင့်ပါ သနည်း။ ယခုစကြစို့။ စာမျက်နှာကို လှန်လိုက်ပါ။

 ဟာဘီရေ... နားထောင်ပေတော့။

လယ်ရီတင်း

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)