Skip to product information
1 of 2

Other Websites

ခင်မောင်ညို(ဘောဂဗေဒ) - ကိုယ်ဘယ်လောက်တန်သလဲ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကိုယ် ဘယ်လောက် တန်သလဲ

 

စာရင်းဆွဲကြပြီး စာရင်းစစ်ကြပြီဆိုရင် လုပ်လေ့၊ လုပ်ထ ရှိတဲ့ လုပ်ငန်းတစ်ခုက ကုန်လက်ကျန်၊ ငွေလက်ကျန်၊ ပစ္စည်း လက်ကျန်တွေ ကောက်ကြည့်တဲ့ လုပ်ငန်းပါ။ ဒီလုပ်ငန်းက အနည်းဆုံး တစ်နှစ်တစ်ခါလောက်တော့ လုပ်ကြည့်ကြတတ်ပါ တယ်။ တစ်ဆက်တည်းမေးရရင် ကိုယ့်လုပ်ငန်းရဲ့ အသားတင် တန်ဖိုး (Net Worth) ဘယ်လောက်တန်သလဲဆိုတာ တွက် ကြည့်ဘူးသလို ကိုယ် ဘယ်လောက်တန်သလဲလို့ရော တွက် ကြည့်ဖူးပါသလားလို့ တစ်ဆက်တည်း မေးကြည့်ချင်ပါတယ်။

ဘာသာရေးရှုထောင့်ကကြည့်ရင် လူလာဖြစ်ကတည်းကို က ပေါ့သေးသေးကုသိုလ်ကံနဲ့ မဟုတ်ဘူးဆိုတာ မှန်းဆလို့ရပါတယ်။ ဘယ်သူ အထင်ဘယ်လောက်သေးသေး၊ လူဖြစ်တဲ့ ကုသိုလ်ကံဟာ နည်းတဲ့ကံမဟုတ်ဘူး။ မျက်စိမြင်ကြ၊ နားကြား နေကြ၊ ခြေလက်အင်္ဂါတွေ ပြည့်စုံနေကြတာ၊ ကျန်းမာသင့် သလောက် ကျန်းမာရေး ကောင်းနေတာတွေဟာ အများကြီး တန်ကြေးရှိပါတယ်။

ဥပမာ- နေမကောင်းလို့ ကိုယ်လက်အင်္ဂါ တစ်ခုခုဖြစ်လို့ ဆေးကုတာ တစ်သောင်းကုန်တယ် ဆိုပါတော့၊ ဘာမှမဖြစ်တဲ့ တခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ဘယ်လောက်တန်မယ်ဆို တာ စိတ်မှန်းနဲ့တွက်ကြည့်စမ်းပါ။ ကျွန်တော့်စိတ်အထင် ကုဋေသိန်းဂဏန်းထက် နည်းမယ်မထင်ဘူး။

သိန်း၊ ရာဂဏန်းတန်တဲ့ ကားတွေကြည့်ကြည့်ပြီး ကျွန် တော်တို့တစ်တွေ တအံ့တသြဖြစ်တတ်ကြတယ်။ ကိုယ် သန်းနဲ့ ချီပြီး တန်ကြေးရှိတယ်၊ ကုဋေချီပြီး တန်ကြေးရှိတယ်ဆိုတာ မေ့နေတတ်ကြတယ်။

ဘယ်သူတွေက ကျွန်တော်တို့ကို ဘယ်လိုမှတန်ကြေးမရှိ ဘူး။ ကျွန်တော်တို့ကို အလကားလူလို့သတ်မှတ်ရင် ကျွန်တော် တို့ ခွင့်မပြုနိုင်ဘူး။ ဘယ်သူက ကျွန်တော်တို့ကို သဘော ကျကျ၊ မကျကျ ကျွန်တော့်ကိုယ် ကျွန်တော်တို့တော့ ကြိုက် သလောက် သဘောကျခွင့်ရှိတယ်။ ဒီထက်မကတဲ့ တာဝန်တွေ ပေးလာရင်လည်း ပေးဆောင်နိုင်စွမ်းရှိတယ်လို့ ခံယူနိုင်ကြပါ တယ်။

          တစ်ခါကအမျိုးသမီးတစ်ယောက်ဟာ သူ့မျက်နှာကို ဆေး ကြာဖို့ ဆေးရည်တစ်မျိုးသုံးမိတယ်။ ကံဆိုးချင်တော့ ဆေး ရည်က မျက်စိထဲဝင်သွားပြီး မျက်စေ့ကောင်းကောင်းမမြင်ရတဲ့ အခြေ ဆိုက်သွားတယ်။ ထုံးစံအတိုင်း တရားစွဲပြီး၊ အလျော်

တောင်းတယ်။ အဲဒီအမျိုးသမီးနဲ့ ကျွန်တော်တို့တစ်တွေ နေရာ လဲနိုင်ကြသလား။

ဒေါ်လာ (၁၀) သိန်းတောင်မှရမှာ၊ နည်းတာ မဟုတ်ဘူးလို့ ရုတ်တရက် တွေးမိကောင်းတွေးမိမယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖတ်ချင်တဲ့စာတွေ ဖတ်နိုင်ဖို့၊ တွေ့ချင်သူတွေ ကို မြင်တွေ့နိုင်ဖို့၊ သူတစ်ပါးအကူအညီမပါဘဲ ရပ်တည်နိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ မျက်စိနှစ်လုံးဟာ ဒေါ်လာ (၁၀) သိန်း မကတန်တယ်။ ဒေါ်လာ (၁၀) သိန်းမကတန်တဲ့ အလုပ်တွေ လုပ်နိုင်တယ်ဆိုတာ တွေ့လာရတယ်။

          လေယာဉ်ပျက်စဉ်က ခါးမှာဒဏ်ရာရတဲ့ အမျိုးသမီးတစ် ယောက်ကို လေကြောင်းကုမ္ပဏီက ဒေါ်လာ (၁၀) သိန်းကျော်လျော်ခဲ့တယ်။ သူ့ဘဝက ဘယ်တော့မှ လမ်းမလျှောက်နိုင်တော့ ဘူးလေ။ သူနဲ့ရော ကျွန်တော်တို့ နေရာလဲနိုင်မလား။ ကျွန်တော် တို့ရဲ့ ခါး၊ ကျွန်တော်တို့ရဲ့ ခြေထောက်ဟာ ဒေါ်လာ (၁၀) သိန်း မကတဲ့ အလုပ်တွေကို လုပ်နေကြ၊ လုပ်နိုင်ကြတယ် မဟုတ် လား။

          သေချာတာကတော့ အဲဒီအမျိုးသမီးနှစ်ယောက်နဲ့ တွေ့ရင် သူတို့က ကျွန်တော်တို့ကို ဝမ်းမြောက်ဝမ်းသာ ဒေါ်လာ (၁၀)သိန်းပေးပြီး လဲလို့ရမယ်ဆိုရင် လဲကြမှာ သေချာပေါက်ပါပဲ။ ကျေးဇူးတွေတောင် တင်လို့ဆုံးမှာမဟုတ်ဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေ၊ ဥစ္စာဓနတွေ၊ ရာထူးဌာနတွေ ဘယ် လောက်ကြီးကြီး၊ ဘယ်လောက်သေးသေး ငွေဘယ်လောက် မက်မက် လူကောင်းမှန်ရင် အဲသလို လဲကြမှာမဟုတ်ဘူး။ ငွေ ကိုတော့ လိုချင်တာပေါ့လေ၊ ဒါပေမယ့် ငွေထက် တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့တော့ လဲနိုင်မှာ မဟုတ်ပါဘူး။

 ဒုတိယကမ္ဘာစစ်တုန်းက နာမည်ကျော်မင်းသမီးတစ်ယောက် က သူ့ခြေထောက်ကို ဒေါ်လာ တစ်သန်းတန် အာမခံထား သတဲ့။ သူ့ခြေထောက်သာ ဒေါ်လာ တစ်သန်းတန်တာ မဟုတ် ဘူး။ ကျွန်တော်တို့ ခြေထောက်လည်း ဒေါ်လာတစ်သန်းမက တန်တာပဲမဟုတ်လား။ ဒေါ်လာတစ်သန်းပေးတာနဲ့ပဲ ဖြတ်ပေး လိုက်ရမှာလား။

ဒီလို ဒေါ်လာသန်းချီတန်တဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ စောင့်ရှောက်ဖို့ဆိုတာ ကိုယ့်တာဝန်ပဲ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)