Skip to product information
1 of 2

Other Websites

ခင်မောင်ညို(ဘောဂဗေဒ) - ကိုယ့်နောက်က လိုက်နေသည့်ငွေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အခန် [ ၁ ]
ပထမ ဥပဒေသ

 မှန်မှန်ကန်ကန်လုပ်လျှင် ကိုယ့်နောက်မှငွေက လိုက်နေမည်

ဤဥပဒေသကို လူအတော်များ များ အနေဖြင့် လက်ခံဖို့ ခက်သည်။ ထို့ကြောင့် သောက ပွား နေကြရခြင် ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ကိုယ်လုပ်ချင်သည့် အရာကို ဆက်လုပ်ပါဟု အကြံပေးချင်သည်။ ထိုအရာ လုပ်နိုင်စွမ်း ရှိ မရှိကိုသာ စိုး ရိမ်ပူပန်ပါ။ ငွေအတွက် မစိုး ရိမ်ပါနှင့် ဟု အကြံပြုလိုပါသည်။

ကျွန်တော် တွေ့ကြုံခဲ့ရသည့် ဥပမာအချို့ကို ပြချင်ပါသည်။ဆန်ဖရန် စစ္စကို၍ ကျင်းပသည့် ပထမဆုံး အကြိမ် နိုင်ငံတကာ စာအုပ်ပြပွဲ၌ ပြပွဲခန်းမ ငှားရမ်းစရိတ်နှင့် အခြား စရိတ်စကများ ကိုပေးရန်အတွက် ဝင်ကြေး မည်မျှ သတ်မှတ်ရမည်ကို စိုးရိမ်ပူပန်နေကြသည်။ ထိုအစည်း အဝေးကို ပြင်ဆင်ကျင်းပမည့် သူများ သည် ထူးချွန်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့မှာ အကြံကောင်း ဉာဏ်ကောင်း တွေ ရှိကြသည်။ လုပ်နိုင်ကိုင်နိုင်သည့် စွမ်းအားတွေ ရှိကြသည်။ သို့သော် သူတို့ အနေဖြင့် အခြားကိစ္စများအတွက် ပူပန် စရာမလိုဘဲ ငွေရေးကြေးရေးအတွက် ပူပန်ရမည့် အခြေအနေသို့ ဆိုက်လာ သည်။ ထိုအခါ ကျွန်တော်က “ငွေရေးကြေ ရေးကိစ္စတွေ ပူမနေပါနဲ့၊အဲဒီကိစ္စကို ကျွန်တော့် တာဝန်ထား ။ ခင်ဗျာ တို့ တခြား လုပ်စရာရှိတဲ့ ကိစ္စတွေကို လုပ်ကြပါ”ဟု ပြောလိုက်သည်။ ထိုအခါ လူတိုင်း က ကျွန်တော့် ကို လှမ်း ကြည့်ကြသည်။ ကျွန်တော်၏ နောက်ကြောင်း ကို သူတို့ သိထား ပြီး ဖြစ်ကြသဖြင့် ကျွန်တော်ပြောဆိုသည့် အချက်ကိုလည် သူတို့က လက်ခံ လိုက်ကြသည်။ ငွေအတွက် ပူမနေဘဲ သူတို့ကိစ္စများ ကိုသာ သူတို့ဆောင်ရွက် ကြမည်။ ထိုအချိန်ကစ၍ အစည်း အ တွင် ငွေရေး ကြေး ရေး ကို ထည့်သူတို့၏ အစွမ်း အစများ ကို မှန်မှန်ကန်ကန် ဦး တည်ပေ လိုက်သကဲ့သို့ ဖြစ်သွား သည်။ စာအုပ်ပြပွဲသည်လည် အကြီး အကျယ် အောင်မြင်ခဲ့သည်။ စာအုပ်ပြပွဲ မတိုင်မီက သော်လည် ကောင်း ၊ စာအုပ်ပြပွဲ အတွင်း ၌ သော်လည်း ကောင်း ငွေရေး ကြေး ရေး သည် ပြဿနာ ဖြစ်မလာခဲ့ပေ။ မူလကတည်း ကပင် အကြံကောင်း ဉာဏ်ကောင်း ရထား ပြီး ဖြစ်သဖြင့် ငွေများ အလိုအလျောက် လှိမ့်ဝင်လာကြသည်။ လိုအပ်သည် ထက်ပင် ပိုနေသော ရရှိခဲ့ကြသည်။

ကျွန်တော်သည် အစည်း အဝေး အတော်များ များ သို့ သွား လေ့ရှိ သည်။ ဆွေး နွေး ချက် အတော်များ များ ကို နား ထောင်ပြီး နောက် လူအတော် များ များ သည် ငွေရေး ကြေး ရေး က စ၍ စဉ်း စား ကြသည်ကို တွေ့ရသည်။ ငွေရေး ကြေး ရေး အတွက် စီမံကြသည်။ ငွေရရန် ကြိုး စား ကြသည်။ ထို့နောက် တခြား မည်သည့်ကိစ္စကိုမှ ဆက်လက်မဆောင်ရွက်နိုင်ဘဲ ရပ်တန့်သွား သည် ကို တွေ့ရသည်။ စွန့်စား မှု အတော်များ များ တွင် တွေ့ကြုံရသည့် ပြဿနာမှာ ထိုသို့ပင် ဖြစ်သည်။ ငွေရေး ကြေး ရေး ကို ပထမဆုံး ဉီးတည်စဉ်းစားနေပြီး ၎င်း တို့၏ ရည်မှန်း ချက်များ နှင့် စီမံကိန်း များ ကို မျက်ကွယ်ပြုထား တတ်ကြ သည်။

တစ်ခါက ကျွန်တော်သည် အခမဲ့ ပညာသင်ကျောင်း တစ်ကျောင်း တည်ထောင်ရန်အတွက် ပထမဆုံး လူအများ စည်း ဝေး ကြချိန်တွင် ငွေရေးကြေး ရေး ကို လုံ ဝ မပြောဆိုပါနှင့်ဟု အကြံပေး ခဲ့သည်။ ငွေရေး ကြေး ရေး ကစပြီ ဆွေး နွေး မည်ဆိုလျှင် ဆရာငှား ရမ်း ရန်အတွက် မည်မျှ ကုန်ကျ မည်၊ အဆောက်အအုံအတွက် မည်မျှကုန်ကြမည် စသည်ဖြင့် တွက်ချက် ရင် ၎င်း တို့၏ စီမံကိန်း ကြီးသည် အစကတည်း ကပင် ပျက်လုလုဖြစ်သွား လိမ့်မည်။ ထို့ကြောင့် ကိုယ်လုပ်စရာ ရှိတာကိုသာ လုပ်ကြပါ။ ထိုကဲ့သို့ လုပ်လျှင် ငွေက နောက်မှ အလိုလို လိုက်လာပါလိမ့်မည်ဟု အမြဲတမ်း အကြံပေး ခဲ့သည်။ လူအများ က ငွေရေး ကြေး ရေး အတွက် သောကရောက် စရာကို လူတစ်ဦး တစ်ယောက်အား လုံး ဝ အပြီး အပြတ် တာဝန် လွှဲထား လိုက်သည်။ ထို့ကြောင့် အခြား သူများ မှာ အာရုံများ ထွေပြား နေစရာ မလိုဘဲ ကိုယ်လုပ်စရာ ရှိသည့် အလုပ်ကို ဖိဖိစီ စီ နိုင်နိုင်နင်း နင်း အာရုံစိုက်၍ လုပ်နိုင်ကြသည်။

တစ်ခါက အဖွဲ့အစည်း တစ်ခုကို တည်ထောင်ရန် ပြင်ဆင်နေသည် လူငယ်နှစ်ယောက် ကျွန်တော့်ထံသို့ လာကြသည်။ သူတို့ အဖွဲ့ အစည်း အတွက် အဆောက်အအုံဆောက်ရန် ငွေလိုအပ်နေသည်။ ကျွန်တော်က သူတို့ ကို အဆောက်အအုံတစ်ခု မဝယ်မီ အဖွဲ့ အစည်း တစ်ခု တည်ထောင်ရေ ကိစ္စကို စိတ်ဝင်စား သည့် လူ ၃ဝ ခန့် လိုသည်။ ထိုလူများ ၏ လက်မှတ်ရရှိဖို့ လိုသည်ဟု ပြောပြလိုက်သည်။ ထိုသို့ စိတ်ဝင်စား သည် လူ ၃၀ ကို လိုက်ရှာ ရင်း ရှာရင် ဖြင့် နောက်ဆုံး ၌ သူတို့၏ အဖွဲ့ အစည်း ကို စိတ်ဝင်စား သည့် လူ ၂၅၀ အထိ ဖြစ်လာသည်။ ထိုလူဦး ရေသည် ၆ လအတွင်း ၌ အဆမတန် တိုး လာသည်။ တစ်ခါတစ်ရံ သူတို့က ငွေအကြောင်း ကို ပြန်ပြောနေ ကြသေး သည်။ ထိုမျှလောက် များ ပြား သည့် အဖွဲ့ ဝင်ဒီ ရေ ရှိပြီး စွမ်း အား များ ရှိနေပြီဆိုလျှင် သူတို့လိုအပ်သည့် ငွေထက် အများ ကြီး ပိုရနေပြီ။ ငွေရေး ကြေး ရေး သည် နောက်တန်း သို့ ရောက်သွား သည်။ ကိုယ်လုပ်ချင်သည့် ကိစ္စများကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။

ယခု ကျွန်တော်ပေး ခဲ့သည့် ဥပမာများ သည် အတိုင်ပင်ခံ တစ် ယောက်အနေဖြင့် ကျွန်တော် တွေ့ကြုံခဲ့ရသည့် ကိစ္စများ ဖြစ်သည်။ လုပ်ငန်း တစ်ခု စတင်ရန် ကြိုးစား အားထုတ်နေသည့် လူများ အား ငွေကို အာရုံ မစိုက်စေရန် ကြိုး စာ ခဲ့သည့်ကိစ္စများ ဖြစ်သည်။ အကယ်၍ အကြံဉာဏ် တစ်ခုသည် သိပ်ကောင်း နေပြီဆိုလျှင် လူအများ က အလွန် လိုချင်ကြမည် ဖြစ်သည်။ သူတို့၏ အစွမ်းအစများ ၊ အချိန်များ ကို အား ထုတ်မြှုပ်နှံကြမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် အကြံကောင်း ဉာဏ်ကောင်း မှ အသီး အပွင့်များ ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။ ငွေရှိရုံဖြင့် ၎င် တို့၏ ရည်မှန် ချက်များ ကို ရရှိအောင် ဆောင်ရွက်ခြင်း မပြုနိုင်ပေ။ လူနာ ကသာ မိမိတို့၏ ရည်မှန်း ချက်များ ကို ရရှိအောင် ဆောင်ရွက်နိုင်သည်။ လူများ သည် မိမိတို့၏ အလုပ်၊ မိမိတို့၏ စီမံကိန် များ ကို သေသေချာချာ ကြိုး ကြိုး စား စား သာ လုပ်ကြ မည်ဆိုလျှင် ငွေက နောက်မှာ လိုက်လာမည် ဖြစ်သည်။

မကြာခဏဆိုသလိုပင် လူများက “ကျွန်တော် နောက်လ ဘာလုပ်ရ မလဲ၊ ဒီအလုပ် စတဲ့အချိန်အထိ ကျွန်တော် ဘာနဲ့ သွား စာ ရမလဲ”ဟု မေး လေ့ ရှိကြသည်။ ကျွန်တော်က သူတို့ကို ပြောလေ့ရှိသည်မှာ “စ သာ စ ပါ၊ ဆက်သာ လုပ်ပါ၊ တစ်ခုခု ပြီး အောင် လုပ်နှင့်ပါ” ဟူ၍ ဖြစ်သည်။ ယခု လောလောဆယ် လုပ်စရာရှိသည့် ကိစ္စများ ကို လုပ်ကိုင်ထား နှင့်ပြီး နောက်လ အတန်ကြာမှ ကိုယ်ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စတစ်ခုအနေဖြင့် ငွေရေး ကြေး ရေး ကို ပူပန်ချင်လျှင် ပူပန်ပါဟု ပြောလိုက်သည်။ ကိုယ့်အလုပ် နှင့် ကိုယ်အသက်ရှင်သန်ရေး ပြဿနာကို သီး ခြား စီခွဲ၍ စဉ်း စား ပါ ဟု အကြံပေး လိုက်သည်။ နောက် လအနည်း ငယ်တွင် သက်သောင့်သက်သာ နေချင်သည့် စိတ်က ရှေ့ ရောက်သွား ပြီ မိမိ၏ စီမံကိန်း ကို နောက်ရောက် သွား လျှင် မိမိ၏ စီမံကိန်း ပျက်စီး ရန် အလား အလား များ သည်။

ကိုယ် အသက်ရှင်သန်အောင်၊ စား ဝတ်နေရေး ပြေလည်အောင်ကိုယ်ကသာ လုပ်စရာရှိသည့် ကိစ္စများ ကို မှန်မှန်ကန်ကန် လုပ်မည်ဆိုပါက ငွေရေး ကြေး ရေး သည် အလိုအလျောက် ဖြစ်မြောက်လာမည် ဆိုခြင်း ဖြစ် သည်။ သို့သော် ကိုယ်လုပ်စရာရှိသည့် အလုပ်များ ကို ဦးစွာမလုပ်ဘဲ ငွေ အတွက်ကို ဦးစွာ ပူပန်နေတတ်ကြသည်။ ထိုအခါ မိမိ လုပ်စရာရှိသည် ကိစ္စများကို မလုပ်ဖြစ်တော့ဘဲ ဖြစ်သွား တတ်ကြသည်။ ကိုယ်လုပ်နေသည့် ကိစ္စနှင့်ယှဉ်လျှင် ငွေရေး ကြေး ရေး သည် နောက်တန်း မှာသာ ရှိသည်။

သို့သော် လူအများ က ဤအချက်ကို လက်မခံနိုင်ပေ။ မိမိ ကိုယ် တွေ့ အတွေ့ အကြုံအရ ငွေရေး ကြေး ရေး သည် ဒုတိယအဆင့်မှာ ရှိသည်။ နောက်တန်း မှာသာ ရှိသည်ဟု သိပါလျက်နှင့် လက်မခံနိုင်ကြဘဲ ငွေရဖို့ကို ပထမ စဉ်း စား ပြီး လုပ်ငန်း ကိစ္စကို ဒုတိယ စဉ်း စား နေကြသည်။ သို့ဖြင့် သူတို့၏ အချိန်များ ၊ အာရုံများ ၊ ကြိုး စား အား ထုတ်မှုများ လျော့ပါး သွား ကြပြီး လုပ်သင့် လုပ်ထိုက်သလောက် လုပ်နိုင်သလောက် မလုပ်ကြဘဲ ရှိနေကြ သဖြင့် အောင်မြင်သင့်သလောက် မအောင်မြင်ဘဲ ရှိနေကြခြင်း ဖြစ်သည်။ ထိုကိစ္စကို သက်သေပြနေသည့် အချက်များ ၊ အတွေ့အကြုံများ မှာ များစွာရှိပြီး ငွေရေး ကြေး ရေး ကို ပထမ ဦး စား ပေး ခြင်း ဖြင့် အောင်မြင်သည့် သာဓကကိုမူ တစ်ခုမျှ မတွေ့ရပေ။

လူအတော်များ များ က ကျွန်တော်ပြောဆိုသည့် အချက်မှာ ကိုယ့် ဘာသာကိုယ် ဟောကိန်း ထုတ်ထား ပြီ ကိုယ် ဟောကိန်း ထုတ်ထား သည့် အတိုင်း ကိုယ်ဖြစ်အောင် လုပ်နေခြင်း ဖြစ်သည်ဟု ပြောလေ့ရှိကြသည်။ စီမံကိန်း တစ်ခု မအောင်မြင်လျှင် သော်လည် ကောင်း ၊ ကောင်း သော အလုပ် တစ်ခုကို လုပ်ပါလျက် ငွေမရလျှင် သော်လည် ကောင်း ၊ သူတို့ မှန်မှန်ကန် ကန် ကောင် ကောင် မွန်မွန် ဆောင်ရွက်ခြင်း မရှိ၍ မအောင်မြင်ဟု ကျွန်တော်က ပြောနိုင်သည် ဟူ၍ ဆိုကြသည်။ အမှန်စင်စစ် ထိုသို့ ယူဆလျှင် မှား ပေလိမ့်မည်။ အပေါ်ယံက သုံး သပ်မည် ဆိုလျှင်မူ ယခုဥပဒေသ၌ ယုတ္တိဗေဒနည်း မကျသော အာ နည် ချက်များ ရှိလေသည်။ လူအတော်များ များ အနေဖြင့် အမှန်တရား ကို ဂရုမပြုလိုဘဲ ယုတ္တိဗေဒ အား နည်း မှုကိုသာ ဂရုပြု လိုကြသည်။

ယခု ဆက်လက်ဖော်ပြမည့် ဥပဒေသ ခုနှစ်ခုစလုံး ၌ ယုတ္တိဗေဒ နည်း အရ အား နည်း ချက်များ ရှိကြသည်။ ယုတ္တိဗေဒနည်း အရ စဉ်း စား တွေးတောခြင်း အား ဖြင့် ထိုဥပဒေသများ ကို ရရှိမည် မဟုတ်ပေ။ အနောက်တိုင် အတွေး အခေါ်များ ၏ ပြင်ပ၌ရှိသည့် အရာများ ကိုသာ ဤဥပဒေသခုနစ်ခုက ဖော်ပြထား သည်။ ယုတ္တိဗေဒ ပညာရှင်များ အနေဖြင့် ယုတ္တိဗေဒ ကျမ်း စာအုပ် များ ၌ ယခု ဖော်ပြမည့် အချက်များ ကို ရှာဖွေတွေ့ ရှိမည် မဟုတ်ပေ။

အနောက်နိုင်ငံက လူသား များ ၏ ယုတ္တိဗေဒ နည် လမ် များ သည် အမှန်တရာ ၏ ၂ ရာခိုင်နှုန်း မျှကိုသာ ရှာဖွေဖော်ထုပ်နိုင်သည်။ ကျန်သည့် ၉၈ရာခိုင်နှုန် မှာ ခံစား ချက်များ ၊ လိင်ကိစ္စများ ၊ အနုပညာများ ၊ ဆက်သွယ် မှုများ ၊ အာရုံများ နှင့် သက်ဆိုင်သည်။ ယခု ဖော်ပြသည့် ဥပဒေသ ခု နှစ်ခု သည် ယုတ္တိဗေဒဆိုင်ရာ စဉ်း စား ဆင်ခြင်မှုများ တွင် အကျုံ မဝင်သည့် ၉၈ ရာခိုင်နှုန်း သာ ဆက်နွယ်မှုများ နှင့် ပတ်သက်သည်။

၁၈ ရာခိုင်နှုန်၌ အဒမ်စမစ်က ပထမဦးစွာ ဘောဂဗေဒပညာကို စတင်လေ့လာစဉ် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ကောက်ခံသော အကောက်ခွန်များ ၊ ခွဲတမ် များ သည် ကြောင်း ကျိုး ဆီလျော်စွာ ကောက်ခံခြင်း ၊ ယုတ္တိဗေဒနည်း ကျကျ ကောက်ခံခြင်း မဟုတ်ခဲ့ပေ။ သို့ဖြစ်၍ အခွန်ကောက်ခံ မည့်အစား လွတ်လပ်စွာ ကုန်သွပ်မှုပြုခြင် က ပိုမိုအကျိုး ရှိနိုင်သည်ဆိုသည် ငြင်း ခုံမှုများ ကို ပြုလုပ်နိုင်ခဲ့သည်။

သွင်းကုန်ခွန် ကောက်ရခြင်း ၏ အကြောင်း ပြချက် နှစ်ခုမှာ သက်နု စက်မှုလုပ်ငန်း များ ကို ကာကွယ်စောင့် ရှောက်ရန်နှင့် ပြည်တွင်း ကာကွယ် ရေး အတွက် ဖြစ်သည်ဟူ၍ ဆိုကြသည်။အကယ်၍ သင်သည် လုပ်ငန်း ငယ်တစ်ခုကို စတင် တည်ထောင် ချင်သည် ဆိုပါစို့။ ထိုလုပ်ငန်း သည်လည် အကျိုး အမြတ် ရှိမည်ဆိုပါစို့ ။ ပြဿနာမှာ ထိုလုပ်ငန်း ကို စတင် တည်ထောင်ရန်အတွက် လိုအပ်သည့် စရိတ်စက က အလွန်ကြီး မာ သည်။ ပထမဆုံး ထွက်လာမည့် ထုတ်ကုန်များ ၏ ဈေးနှုန်း ကလည် အလွန်မြင့်နေလိမ့်မည်။ ထိုသို့ဈေး မြင့်နေလျှင်ပြည် တွင်း ၌ ထုတ်လုပ်သည့် ပစ္စည် များ ကို မဝယ်ဘဲ ပြည်ပက ထုတ်လုပ်သည့် ဈေး သက်သာသော ပစ္စည် များ ကို ဝယ်ယူနိုင်သည်။

အကယ်၍ သင်သည် ယုတ္တိဗေဒကိုသာ အား ကိုး မည် ဆိုလျှင် ပြဿနာကို မည်သို့ ဖြေရှင် မည်နည်း ။ ဤပြဿနာကို ဖြေရှင်း သည့်နည်း မှာ သွင်း ကုန်ခွန်များ ကောက်ခံခြင်း မပြုဘဲ သင် လုပ်ငန်း စတင် ဆောင်ရွက် နိုင်ရန်အတွက် အစိုး ရက တိုက်ရိုက် အထောက်အပံ့ ပေး ရုံသာဖြစ်သည်။

ပြည်တွင်း ကာကွယ်ရေး အတွက် အခြား နိုင်ငံများ ကောက်ရသည် ဆိုသည့် အကြောင်း ပြချက်နှင့် စပ်လျဉ်း ၍ ဥပမာ ကျွန်တော်တို့မှာ ကိုယ်ပိုင် ရေနံ စက်မှုလုပ်ငန်း များ ရှိသည်ဆိုကြပါစို့။ ထိုကြောင့်စစ်ရေး စစ်ရာနှင့် ကျုံလာသည့်အခါ ရေနံရရှိရေး အတွက် အခြား နိုင်ငံများ ကို အား ကိုး နေစရာ မလို။ ဤအဆိုသည် အတန်အသင့် ယုတ္တိဗေဒနည်း ကျသည့် အဆို တစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် သွင်း ကုန်ခွန်များ ကောက်ခံရန် လိုမည် မဟုတ်ပေ။

သို့သော် သမိုင်း တစ်လျှောက်ကို ပြန်ကြည့်လျှင် အဒမ်စမစ်နှင့် သူ၏ နောက်လိုက် နောက်ပါများ လွတ်လပ်စွာ ကုန်သွယ်မှုကို ထောက်ခံ ဆွေး နွေး ခဲ့ကြစဉ် ကတည်း ကပင် ကျွန်တော်တို့သည် သွင်း ကုန်ခွန်များ ကို ပေး နေရသည်။ အသိဉာဏ် ပွင့်လင်း သော ရှင်ဘုရင်များ ၊ သမ္မတများ ၊ စီ ပွား ရေး အကြံပေး ပညာရှင်များ အနေဖြင့် ယုတ္တိဗေဒကို ကောင်း ကောင်း မာ လည်ပါလျက်နှင့်ပင် သွင်း ကုန်ခွန်များ ကို ပယ်ဖျက်နိုင်ခြင် ၊ မရှိကြသေး ၊

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)