Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - ကမ္ဘာ့စီးပွါးမြန်မာ့စီးပွါး

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ရှာမလား - စုမလား

          ယခုတစ်လော “သူဌေး” (သေဌေး) “သူဌေး”ဆိုသည့်အသုံးအနှုန်းကို မကြာ မကြာကြားရသည်။ အများအားဖြင့် ကိုယ့်အလုပ်ရှင် (Boss) ကို သူဌေးဟု တင်စားကြ၊ ခေါ်ဝေါ်ကြသည်။ ဘယ်လောက်ချမ်းသာသလဲတော့မသိ၊ သူဌေး ဆိုသည်မှာ မည်မျှပိုင်ဆိုင်သူ၊ မည်မျှဝင်ငွေရှိသူဟူ၍ တိတိ ကျကျသတ်မှတ် ထားချက်တော့မရှိ။

          သူဌေးဟုပြောလိုက်လျှင်အကောင်းစားတွေဝတ်၊ အကောင်းစား တွေစား၊ ဈေးကြီးကြီးကားတွေစီး၊ တန်ဖိုးကြီးအိမ်ယာတွေမှာနေတတ်သူဟု မျက်စေ့ထဲတန်းမြင်တတ်ကြသော်လည်းတကယ်သူဌေးတွေကထိုသို့မနေကြ၊ မစားကြပါတဲ့။ သူလိုကိုယ်လိုနေသည့်သူတွေသာဖြစ်သည်ဟု စစ်တမ်း တစ်ရပ်ကဆိုပါသည်။ ထိုစစ်တမ်းကို အဓိပ္ပါယ်ကောက်ရလျှင် အကောင်းစားတွေဝတ်၊ အကောင်းစားတွေစားနေသူများသည် သူဌေးမဟုတ်။ ဒီလိုနေပုံ၊ ဒီလို စားပုံသုံးပုံဖြုန်းပုံကိုကြည့်လျှင် သူဌေးမဖြစ်နိုင်။

          ကျွန်တော်တို့ငယ်ငယ်က၊ အဖိုးဖြစ်သူပြောဖူးသည့်စကားတစ်ခု ရှိသည်။ တစ်နေ့တစ်ကျပ်လောက်ပဲစုကွာ။ တစ်လသုံးဆယ်၊ တစ်နှစ်သုံးရာခြောက်ဆယ့်ငါးကျပ်၊ ဆယ်နှစ်ကြာရင် သုံးထောင်ခြောက်ရာငါးဆယ်မရဘူး လားတဲ့။ တစ်ကျပ်မစုနိုင်တဲ့သူရှိသလား။ အခုငွေသုံးလေးထောင်လောက်မှ စုငွေမရှိသူတွေအများကြီးမဟုတ်လားတဲ့။ မှန်ပါသည်။ ယခုသူ့မြေးကျွန်တော့် မှာ သူတွက်ပြထားသည့်အတိုင်း စုခဲ့လျှင်ထိုငွေ (၁)သောင်းလောက်ရှိဖို့ကောင်းသည်။တစ်ကျပ်များသာဖြစ်လောက်တာလိုက်လို့ဆိုပြီး တစ်ကျပ်ပင် မှန်မှန်မစုခဲ့ရာ ခုဘာမျှမဖြစ်လောက်သော ဘဝကမတက်။

          စာလေး ဘာလေးနည်းနည်းပါးပါးတတ်လာတော့ ငွေဖောင်းပွမှု နှုန်းကဘယ်လောက်၊ စားသုံးကုန်ဈေးနှုန်းကဘယ်လိုနှင့်ပြောတတ်လာသည်။ တကယ်နားမလည်ဘဲပြောတာတွေပါ။ ကုန်ဈေးနှုန်းတက်နေချိန်တွင် စုတာထက်သုံးတာက ပိုပြီးအကျိုးရှိကြောင်း ကိုယ့်ဖာသာကိုယ်ဆင်ခြေပေး ဖြစ်သည်။ ဂျပန်လိုနိုင်ငံမျိုးတွင် ငွေဖောင်းပွမှုနှုန်းမြင့်မားသည့်အချိန်၌ပင် ငွေစုဆောင်းမှုနှုန်းမြင့်မားသည်ဟု နောက်မှသိရသည်။

          လူတစ်ယောက်ချင်းသာမဟုတ်၊ နိုင်ငံအလိုက်ငွေစုဆောင်းမှုနှုန်း တွေယှဉ်လိုက်တော့လည်း ကိုယ့်နိုင်ငံက (၁၂)ရာခိုင်နှုန်း (၁၃)ရာခိုင်နှုန်း ပတ်ဝန်းကျင်၊ သူများနိုင်ငံတွေက(၃၀)ရာခိုင်နှုန်းတဲ့၊ (၄၀)ရာခိုင်နှုန်းတဲ့၊ ပြည်ပ အရင်းအနှီးထက် ပြည်တွင်းစုဆောင်းမှုကို အားကိုးကြပါသတဲ့။

          (၁၅.၁၀.၁၉၉၇)နေ့ထုတ်၊ မြန်မာ့သတင်းစာများပါ၊ နိုင်ငံခြား သတင်းအရ အာရှ-ပစိဖိတ်နိုင်ငံများသည် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကြိုးပမ်း ဆောင်ရွက်ကြရာတွင် နိုင်ငံတကာအလှူရှင်နိုင်ငံများနှင့် အပြန် အလှန်အကူအညီပေးမှုများအပေါ်မှီခိုအားထားခြင်းမပြုကြဖို့၊ ဒေသအတွင်း ကစုစည်းရရှိနိုင်သောဘဏ္ဍာငွေအရင်းအမြစ်ကိုအားကိုးဖို့၊ မလေးရှားဝန်ကြီး ချုပ်က ပြောသွားကြောင်းဖတ်လိုက်ရသည်။

           တစ်ခါတစ်လေတော့ မဆီမဆိုင် ကိုယ့်အားကိုယ်ကိုးလမ်းဖောက် လုပ်ရေး၊ အလှူ ခံမဏ္ဍပ်ဆိုသည့်ဆိုင်းဘုတ်တွေ မျက်စေ့ထဲပြေးပြေးမြင်လိုက် သည်။ မြန်မာစာပါမောက္ခဆရာကြီးတစ်ဦးကိုလည်းမေးကြည့်ဖူးသည်။ ကိုယ့် အားကိုယ်ကိုးဆိုလျှင် အလှူ ခံစရာလိုသလား။ အလှူခံရင် ကိုယ့်အားကိုယ်ကိုး ရာရောက်၊ မရောက်။ သူကဘာတွေအတွေးခေါင်နေတာလဲ။ စာရေးဆရာဟု သာဖြေသည်။ သည်။

          စုဆောင်းမှုနိမ့်ဆိုဝင်ငွေနိမ့်တာကိုးဟုပြောတတ်ကြသည်။ ဝင်ငွေ နိမ့်တော့ စုဆောင်းမှုနိမ့်၊ ရင်းနှီးမြှုပ်နှံမှုနိမ့်၊ ဝင်ငွေနိမ့်စသည်ဖြင့် ဆိုးသွမ်း သံသရာလည်သည်။ ထိုသံသရာကိုဖောက်ထွက်နိုင်မှ ကောင်းကျိုးမင်္ဂလာ အဖြာဖြာကို ရယူခံစားကြရမည်။

          တစ်ယောက်ချင်းဖြစ်ဖြစ်၊ နိုင်ငံအလိုက်ဖြစ်ဖြစ်ဝင်ငွေတိုးရှာနိုင် လျှင်ရှာ၊ ဝင်ငွေတိုးလာလျှင်လည်းတိုးစု၊ (တိုးမစားရဟုပြောလျှင်ကြိုက်မည် မဟုတ်) ရှာလည်းရှာ၊ စုလည်းစု၊ ရင်းလည်းရင်းလုပ်ကြလျှင် သူဌေးနိုင်ငံ၊ သူဌေးလူမျိုးဖြစ်နိုင်သည်။

          ဟိုတုံးက အနှစ်(၂၀)မှာ (၂)ဆတိုးဖို့ စီမံကိန်းချကြိုးစားခဲ့ကြ သည်။ ကိုယ်သာမအောင်မြင်ဘဲရှိသည်။ သူများတွေက(၁ဝ)နှစ်နဲ့နှစ်ဆတိုး သတဲ့။ နောက်လူတွေက (၅)နှစ်နဲ့ နှစ်ဆတိုးသတဲ့။

         မျက်စေ့လည်လမ်းမှားပြီး၊ အမေရိကန်ပြည်ထောင်စုသို့ရောက်သွားစဉ်ကလေ့လာရေးအစီအစဉ်ထဲမပါသော်လည်း လမ်းမှာတွေ့သည့်ဘဏ် တွေ၊ ငွေကြေးအဖွဲ့အစည်းတွေ အကုန်ဝင်ကြည့်သည်။ အဝင်ဝကကောင်တာ တွေ၊ စင်တွေပေါ်မှာ ဖောချင်းသောချင်းပေးထားသည့် စာအုပ်တွေအကုန်ယူ လာခဲ့သည်။ ယုတ်စွအဆုံးဆေးရုံအဝင်မှာထားသည့် စာရွက်တွေအကုန်ယူ သည်။ လမ်းဘေးမှာကမ်းသမျှစာရွက်တွေအားလုံးယူသည်။ ကြာလာတော့ စာရွက်ပုံတွေ့လျှင်ကို မြန်မာလက်ချက်နဲ့ တွေ့တော့မည်အထိပြောလာကြ သည်။

          ပြောသာပြောရသည်။ တကယ်တမ်းကျတော့ လေယာဉ်ပျံပေါ် မှာဝေသည့် စာအုပ်တွေ မသယ်နိုင်၊ သတင်းစာတွေ လောဘတကြီး စုထားပြီး မှ မသယ်နိုင်၍ထားခဲ့ရသည်။ ဒါတောင် တစ်လပဲသွားပေလို့၊တစ်နှစ်လောက် သာသွားမိလျှင် ကွန်တိန်နာငှားသယ်ရမည့်ပုံ ပေါက်သည်။

          နယူးယောက်မြို့တော်တစ်နေရာ ( ဘယ်နေရာမျိုးမမှတ်မိတော့) တွင် သမာဓိဘဏ် (Fidelity Bank ) ကို တွေ့၍ ဝင်ကြည့်သည်။ သာမန် အရပ်သားများအတွက် မိမိ၏ရည်မှန်းချက် ပြည့်ဝရေး၊ လမ်းညွှန် (Getting to your goals, A Fidelity Common Serse Guide ) agovaoospa တစ်အုပ်တွေ့၍ ဆွဲလာခဲ့သည်။ ထိုစာအုပ်ငယ်လေးထဲမှာ ရေးထားသည် အကြောင်းအရာတွေကို ပြန်လည်ဖေါက်သည်ချပါမည်။ လိုသလိုသုံးနိုင်ကြဖို့ ရည်ရွယ်ပါသည်။

          အောင်မြင်သည့် ရင်းနှီးမြှုပ်နှံသူတစ်ယောက် ( သူဌေးမဟုတ် ) ဖြစ်လာဖို့ သေသေချာချာ သတ်မှတ်ထားသော ရည်မှန်းချက်များ ရှိရမည်။ ထိုရည်မှန်းချက်များအပေါ်၌ အခြေခံ၍ ရင်းနှီးမြှုပ်နှံရေး အစီအစဉ်ကောင်း တစ်ခု ဆွဲရမည်။ ငွေရေး ကြေးရေးရည်မှန်းချက်ကို တိတိကျကျ ချမှတ်နိုင်လေရည်မှန်းချက်တွေ အောင်မြင်ဖို့ အလားအလာများလေ၊ အိမ်တစ်လုံးလောက် ရရင် ကောင်းမယ်၊ ကောလိပ်ပို့ဖို့စရိတ်ရှိရမယ်၊ အငြိမ်းစားယူရင် ဝင်ငွေလုံလောက်ရမယ်လို့ မရေမရာ ပြော၍မရ။ တိတိကျကျ ရေရေရာရာ ခိုင်ခိုင်မာ မာ ရှိရမည်။ အချိန်ကာလကို ထည့်တွက်ရမည်။ ကုန်ကျမည့်စရိတ်စကတွေကို ထည့်စဉ်းစားရမည်။ ရေတိုမှာ ဘာဖြစ်ချင်တာ၊ ရေရှည်မှာ ဘာဖြစ်ချင်တာ၊ တိတိကျကျရှိရမည်။ ရည်မှန်းချက်ကိုပြည့်ဖို့ တစ်လမှာ တစ်ရက်မှာ ဘယ် လောက်စုရမည် တွက်ရသည်။

          ကျွန်တော်တို့ အဖိုးပြောခဲ့သလို မှန်မှန်ကြီးစုရမည်။ ဒီကနေ့ တစ် ရက်တော့ မစုဘဲနေလိုက်ဦးမည်ဟု ပြော၍မရ။ တစ်ရက်နှစ်ရက်ပျက်ပါများ လျှင် ပျက်သည့်ရက်တွေများလာမည်။ ကိုယ်ဆွဲထားသည့် စီမံကိန်းကို ကိုယ် တိုင်က လိုက်နာအကောင်အထည်မဖေါ်လျှင် အောင်မြင်စရာအကြောင်း လုံးဝ မရှိ။ စီမံကိန်းအတိုင်း၊ စာအုပ်ကြီးအတိုင်း ပုံသေသွား၍မရ၊ လိုအပ်လျှင် လိုအပ် သလို တိုးရ လျော့ရတာတွေရှိသည်။ ကိုယ်ရည်မှန်းထားသည့်အတိုင်း ဖြစ် မဖြစ် ကိုယ့်ဖာသာကိုယ် စောင့်ကြည့်ရသည်။

          စီမံကိန်းဆွဲရာ၌ ကိုယ်မျှော်လင့်မထားသော်လည်း တွေ့ကြုံရ တတ်သော အရေးပေါ်ကိစ္စကြီးများကို ထည့်တွက်ရသည်။ အကြမ်းဖျဉ်းပြော ရလျှင် (၆)လစာ အသုံးစရိတ်လောက်တော့ လက်ထဲမှာ ရှိရမည်။ ခြောက်လ စာမျှသောငွေကို ငွေပြန်ပေါ်ဖို့ လွယ်သည်။ လုံးဝဆုံးရှုံးစရာမရှိသည့် ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ထားဖို့ အကြံပေးသည်။

          အကြီးအကျယ်ကိစ္စတွေသာမဟုတ်၊ သာမန်ကိစ္စမျိုး ( ဥပမာ - ဘုရားဖူးထွက်ဖို့ကအစ ) မှန်မှန်စုသွားသည့်နည်းကို အသုံးပြု၍ ရနိုင်သည်။

          ငွေဖောင်းပွမှုနှုန်းကို ဘယ်နေရာမှာ သွားထားမလဲဟု စိတ်ထဲ၌အမေးပေါ်လာသည်။ ငွေဖောင်းပွမှုနှုန်းကို အမီလိုက်ကာ ရင်းနှီးမြှုပ်နှံပါဟု သူက အကြံပေးသည်။ ငွေဖောင်းပွမှုရှိလျှင် ပုံမှန် ငွေတစ်ရာစုရာက ငွေဖောင်းပွမှု နှုန်းကိုပါ ထည့်တွက်ပြီးစုမှ ရည်မှန်းချက်ပြည့်မီမည်။ ။

          သူ့ဥပမာအတိုင်းပြောရလျှင် တစ်နှစ်ကို ဒေါ်လာ ( ၁၀၅ဝ) စုဖို့ ရည်မှန်းထားပြီး ငွေဖောင်းပွမှုနှုန်း (၄) ရာခိုင်နှုန်းရှိလျှင် နောက်နှစ် ( ၁၀၉၂) ဒေါ်လာစုမှသာ ( ၁၀၅၀ x ,၀၄ = ၁၀၉၂ ) ငွေဖောင်းပွမှုနှုန်းကို ကာမိမည်။ ငွေစုတာတောင်မှ ငွေဖောင်းပွမှုနှုန်းထပ်ပေါင်းပြီးစုဖို့ ထူးထူးခြားခြား အကြံ ပေးသည်ကို တွေ့ရသည်။ ကျန်တဲ့အသေးစိတ်ဇယားတွေကိုတော့ စိတ်ဝင်စား မည်မထင်ပါ။

          ကျွန်တော်အနေဖြင့် ပြောရလျှင် ငွေဖောင်းပွမှုကြောင့် တိုးစားဖို့ သတိရနေရာက ငွေဖောင်းပွမှုအတွက် ထပ်ဆောင်းကာငွေစုဖို့ သတိပေးသည် ကို သဘောတွေ့မိပါကြောင်း ...။