ခင်မေကြည်(စိတ်ပညာ) - သန်းကြွယ်စီးပွါးရေးသမားတိုရဲ့စိတ်ကူးစိတ်သန်းနဲ့အောင်မြင်ရေးအတွေးအမြင်များ
ရှုမြင်နားလည်ခြင်း
ဘာ ကြောင့် စီးပွားရေးလုပ်တာလဲ။
ပိုက်ဆံရှာချင်လို့။
ဒါက ပုံမှန်ကြားနေကျ အဖြေတစ်ခုပါပဲ။ သို့ပေမဲ့ ဒါဟာ မှားယွင်းတဲ့အဖြေသာဖြစ်ပြီး စီးပွားရေးလောကထဲ ဝင်ရောက်လာမယ့် လုပ်ငန်းရှင်အသစ်တွေကို မကောင်းတဲ့စိတ်တွေ မွေးမြူလာစေပါတယ်။ ငွေလိုချင်လို့ စီးပွားရေးလုပ်တာဆိုတဲ့ စိတ်ဓာတ်ဟာ ငွေကြေးဈေးကွက် ကို ချဉ်းကပ်ရာမှာ အဆိုးဆုံးနည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။
ငွေရဖို့ဆိုတာ ပန်းတိုင်ဖြစ်ပေမဲ့ ငွေရရေးအတွက် ဘယ်လို နည်းလမ်းနဲ့ ကုန်သွယ်စီးပွားလုပ်ကြမလဲဆိုတာ အရိုးရှင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ငွေရရင်ပြီးရောဆိုတဲ့စိတ်ထားဟာ အန္တရာယ်ကြီးပါတယ်။ တဖြည်းဖြည်း လူမဆန်တဲ့လုပ်ရပ်တွေကြောင့် မိတ်ဆွေတွေနဲ့ ဝေးကွာ စေပါတယ်။
အချိန်တိုအတွင်း ဖြတ်လမ်းနည်းနဲ့ချမ်းသာဖို့က မတော်လောဘနဲ့ ရှာဖွေရပါလိမ့်မယ်။ အခုသင်ခန်းစာမှာ စီးပွားရေးမလုပ်မီ ထားရှိသင့်တဲ့ စိတ်နေစိတ်ထားတွေကို တင်ပြပေးထားပါတယ်။
စီးပွားရေးသမားတစ်ယောက် စီးပွားရေးလုပ်တာဟာ ငွေရဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ငွေရဖို့တစ်ခုတည်းအတွက်လည်း မဖြစ်သင့်ပါဘူး။ ရောက်ချင်နေတဲ့နေရာတစ်ခုကို ရောက်ရှိနိုင်ဖို့ ငွေရှာ ရတာမျိုးပဲ ဖြစ်ရပါမယ်။ ရောက်ချင်နေတဲ့နေရာဆိုတာ သင့်ရဲ့ ပန်းတိုင်ပါပဲ။ ဒီတော့ ခုနမေးခွန်းကို အခုတစ်ခါ ထပ်မေးပါမယ်။
“မင်း ဘာလို့ စီးပွားရေးလုပ်ချင်တာလဲ”
“ငါ့မိသားစုကို ကောင်းကောင်းထားချင်လို့”
“ဘယ်လိုနည်းနဲ့ ကောင်းကောင်းထားမလဲ”
“ပိုက်ဆံရအောင်ရှာပြီး ထားမယ်လေ”
အခုအဖြေလည်း မှားနေ ပါတယ်။ ငွေရဖို့ဆိုတဲ့အပေါ် မှာပဲ အခြေခံထားနေပါသေး တယ်။ ငွေရှာတဲ့နည်းလမ်းတွေ ၊ အများကြီးရှိပါတယ်။ ဥပမာ အားဖြင့် ရေကူးကန်တစ်ခုရဲ့ အတိမ်အနက်ကိုမသိဘဲ ဘယ်သူမှ အမြင့်က ခုန်မချဘူး ..။
ငွေရှာတဲ့အခါမှာလည်း ကိုယ် မကျွမ်းကျင်တဲ့ နယ်မြေထဲ ဘယ်သူမှ မဝင်ကြပါဘူး။ လုပ်ငန်းတစ်ခုဟာ စွန့်စားမှု သိပ်ကို ကြီးမားနေတယ်ဆိုရင် တော်ရုံလူက မစွန့်စားတော့ ပါဘူး။
နောက်တစ်ခါ မေးခွန်းထပ်မေးပါဦးမယ်။
“မင်းဘာကြောင့် စီးပွားရေးလုပ်ချင်တာလဲ”
“ငါ့မိသားစုကို ကောင်းကောင်းထားချင်လို့”
စိတ်ကူးစိတ်သန်းနဲ့ အောင်မြင်ရေးအတွေးအမြင်များ
“မင်း အဲဒါကို ဘယ်လိုလုပ်မလဲ”
“ဘယ်လိုလုပ်ရသလဲဆိုတာ သင်ယူမယ်လေ”
“ဘာကိုသင်ယူမှာလဲ”
ကဲ အခု လိုရင်းအချက်ကိုရောက်ပါပြီ။ ငွေရှာဖို့အတွက် သင်ယူ တယ်ဆိုတာ စီးပွားရေးလုပ်ဖို့သင်ယူတာ မဟုတ်ပါဘူး။ ဒီအချက်နှစ်ခု ဟာ အတော်ကို ကွဲပြားပါတယ်။ ဒါကို သိထားရပါလိမ့်မယ်။ လုပ်ငန်း ကို ဘယ်သူတွေနဲ့ ယှဉ်ပြိုင်ရမလဲ၊ ဘယ်အချက်တွေက ရှုံးနိမ့်စေနိုင်မလဲ ဆိုတာ ကြိုတင်စဉ်းစားရပါမယ်။ အဲသလိုမှ စဉ်းစားမထားရင် သင့်ရဲ့ အရှုံးဟာ ပြိုင်ဘက်တွေအတွက် အကျိုးအမြတ်တွေ ဖြစ်သွားပါလိမ့်မယ်။
ငွေကြေးဈေးကွက်ထဲ ပါဝင်ချင်တယ်ဆိုရင် အလယ်တန်း ကျောင်းသားဘဝ အသက် ၁၄-၁၅ နှစ်လောက်ထဲက အစပြုရပါမယ်။ ဒါမှသာ နောက် ၆ နှစ်လောက်အကြာမှာ စီးပွားရေးဘွဲ့ ရသူတစ်ယောက် လို အတော်လေးအတွေ့အကြုံရှိသူ ဖြစ်နေပါလိမ့်မယ်။
- အောင်မြင်သူတို့ရဲ့စည်းမျဉ်းများ
ထိပ်တန်းရောက်အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံတိုင်း သူတို့ အခုလိုအောင်မြင်အောင် ဘယ်လိုလုပ်ခဲ့ပါလိမ့်ဆိုတာ ကျွန်တော် အမြဲတွေးမိပါတယ်။ ဒါကြောင့် ကမ္ဘာကျော်လုပ်ငန်းရှင်တွေနဲ့ အောင်မြင် သူတွေကို ထဲထဲဝင်ဝင် လေ့လာကြည့်ခဲ့ပါတယ်။ သူတို့ရဲ့ တွေးခေါ် မြော်မြင်မှု စည်းမျဉ်းတွေဟာ သဘောကျနှစ်ခြိုက်စရာဖြစ်ပါတယ်။ သူတို့ရဲ့ ပြောကြားချက်တွေဟာ လုပ်ငန်းခွင်ထဲမှာ တကယ်ကို အထောက် အကူပြုနိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။
- ရဲရဲဝံ့ဝံ့ စတင်ပါ ။
ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်သူ စတီ ဗင်ဆင်ကို ရုံးလုပ်ငန်းတွေ လုပ်ဆောင်ရင်း မိန့်ခွန်းတွေလည်း ရေးနိုင် အောင် ဘယ်လိုလုပ်ခဲ့တာလဲ မေးတဲ့အခါ သူက အခုလိုဖြေခဲ့ပါတယ်။
“လုပ်ငန်းတိုင်းမှာ အဆင့်နှစ်ခုရှိပါတယ်။ ပထမအဆင့်က စတင် ဖို့ဖြစ်ပြီး ဒုတိယအဆင့်က နောက်တစ်ကြိမ်ထပ်မံလုပ်ဆောင်ဖို့ ဖြစ်ပါ တယ်။ အဲဒီမှာ အခက်ခဲဆုံးက ပထမအကြိမ်စတင်ဖို့ပဲဖြစ်ပါတယ်”
ဘယ်လုပ်ငန်းမဆို ပထမဆုံးအကြိမ်စတင်ရာမှာ လေထီးခုန်သလို ပါပဲ။ ရဲဝံ့ဖို့လိုပါတယ်။ ဘယ်လုပ်ငန်းမဆို ရဲရဲဝံ့ဝံ့စတင်ခြင်းဟာ စီမံ တတ်ခြင်း၊ ကျွမ်းကျင်ခြင်းတို့အတွက် ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။
စာတစ်ပုဒ်အတွက် အခက်ခဲဆုံးအပိုင်းက ပထမဆုံးဝါကျ တစ်ကြောင်းပဲဖြစ်ပါတယ်။ ဘယ်နယ်ပယ်မှာမဆို အစပျိုးလိုက်မိဖို့သာ အဓိကအကျဆုံးဖြစ်ပါတယ်။
- စံပြပုဂ္ဂိုလ်ထားရှိပါ ။
ဘယ်လိုအားထုတ်လုပ်ကိုင်မှုမှာမဆို စံပြုထိုက်သူရှိပါတယ်။ အနည်းဆုံးတော့ သူ့လိုဖြစ်အောင်လုပ်မယ်ဆိုတာမျိုး တွေးမိမှာပါ။ ကိုယ်ရဲ့ စံပြပုဂ္ဂိုလ်ပြုမူဆောင်ရွက်ချက်တွေဆီက နမူနာယူထိုက်တာ တွေကို ဆည်းပူးရပါမယ်။ ကိုယ့်လုပ်ငန်းအောင်မြင်ရေးမှာ ဒီအချက် ကလည်း တစ်စိတ်တစ်ပိုင်း အထောက်အကူပေးပါတယ်။
လျှပ်စစ်လုပ်ငန်းအသေးစားမှ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီး နိုင်ခဲ့တဲ့ ဂျိမ်းစ်လင်းက သတင်းထောက်တစ်ယောက်ကို ပြောကြားရာမှာ “လုပ်ငန်းသစ်တစ်ခုကို စတင်ဆောင်ရွက်ရာမှာ ပထမဦးဆုံးလုပ်ရမှာက အဲဒီလုပ်ငန်းနယ်ပယ်အတွင်းက အကောင်းဆုံး စံထားရမယ့်လူ တစ်ယောက်ကို ရွေးချယ်လိုက်တာပါပဲ။ ပြီးရင် ပထမအချက် - အဲဒီလူ ကို အမီလိုက်ရေး၊ ဒုတိယအချက် - အဲဒီလူကို ကျော်တက်ရေးပါပဲ။ သူက ပိုကောင်းလေလေ၊ ကိုယ့်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေက ပိုပြီး မြန်ဆန်လာလေလေပဲ”
- အချိန်ကို စီမံခန့်ခွဲပါ။
အချိန်နဲ့ငွေကြေးဟာ လုပ်ငန်းတစ်ခုရဲ့ ရင်းနှီးမြှုပ်နှံရေးမှာ တန်ဖိုး တူညီပါတယ်။ အချိန်ကို စီမံခန့်ခွဲဖို့အတွက် အကောင်းဆုံးနည်းကတော့ လုပ်ငန်းပြီးစီးရမယ့်အချိန်ကို တိတိကျကျ သတ်မှတ်လိုက်တာ ဖြစ်ပါ တယ်။ တစ်နေ့ကို ဘယ်လောက်ပြီးရမယ်။ ရက်သတ္တတစ်ပတ်ကို ဘယ်မျှပြီးစီးရမယ် စသဖြင့် သတ်မှတ်လုပ်ကိုင်မယ်ဆိုရင် အတော် ခရီးရောက်တာ တွေ့ရပါလိမ့်မယ်။
- မလိုတာတွေ ထုတ်ပယ်ပစ်ပါ။
ကိုယ်လုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး အာရုံစိုက်ထားပါ။ မလိုအပ်တာတွေကို လျှောက်စဉ်းစားပြီး အချိန်ကုန်မခံပါနဲ့။ သတ်မှတ် ချိန်အတွင်း ကိုယ့်အလုပ်ပြီးမြောက်အောင်မြင်ရေးကိုသာ ခေါင်းထဲထည့် ထားပါ။ မလိုအပ်တဲ့အချက်အလက်တွေကြောင့် ရလဒ်အားဖြင့် တွေဝေ တာပဲ ဖြစ်နေပါလိမ့်မယ်။ အလုပ်ထဲ အာရုံစိုက်ထားခြင်းဟာ နိုင်ငံရေး၊ စစ်ရေး၊ ကုန်သွယ်ရေးနဲ့ လူမှုရေးရာတွေမှာ အတော်ထိရောက်တဲ့ အင်အားတစ်ရပ်ပဲ ဖြစ်ပါတယ်။
- အလုပ်ကို ပြီးအောင်လုပ်ပါ။
စာစီစာကုံးတစ်ပုဒ်ရေးရင် နိဒါန်း၊ စာကိုယ်၊ နိဂုံး ပြည့်စုံရသလို သစ်ပင်တစ်ပင် စိုက်ပျိုးရင်လည်း အညှောက်ထွက်ချိန်၊ ကြီးထွားချိန်၊ သီးပွင့်ချိန်ရှိပါတယ်။
အလုပ်ဆိုတာ သာမန်လူတွေ အတွက် စားဝတ်နေရေးဖြစ်စဉ် တစ်ခုအနေနဲ့ပဲ ရှိနေတာပါ။ အဲဒီ ဖြစ်စဉ်ကို ကိုယ်က ကုန်ထုတ်လုပ် ခြင်းဖြစ်အောင် ဦးတည်ပေးရတာဖြစ်ပါတယ်။ ဒါကြောင့် အလုပ် ဖြစ်စဉ်မှာတင် ရပ်တန့်မထားဘဲ အသီးအပွင့် ဖြစ်လာတဲ့အထိ ပြီးမြောက်အောင် လုပ်ဆောင်ရပါမယ်။