Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ခင်မေကြည်(စိတ်ပညာ) - ပျော်ရွှင်မှုရဲ့အတွင်းသား

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

မိတ်ဆက်စကား

စက်တင်ဘာ ၁၁၊ ၂၀၁၃

မနက် ၁၀း၄၅ နာရီ

The commodoreဟိုတယ်၊ နက်ရှ်ဗီလီ၊ တန်နက်ဆီပြည် နယ်။

          ကျွန်တော်ဟာ နက်ရှ်ဗီလီမြို့လယ်က The commodore ဟိုတယ်မှာ လူကိုးယောက်နဲ့အတူ ရှိနေခဲ့ပါ တယ်။

          ကျွန်တော်ဟာ သမိုင်းဝင် Commodore ဟိုတယ် ရဲ့ မဟော်ဂနီပင်တွေ စီတန်းစိုက်ပျိုးထားတဲ့ ဘုတ်အဖွဲ့ အစည်းအဝေးခန်းထဲမှာ အထက်ပါ လူ ကိုးယောက်နဲ့အတူ ဘာသာရေးဆိုင်ရာ ဆွေးနွေးမှုတစ်ခုကို လုပ်နေခဲ့တာ ဖြစ် ပါတယ်။

          ကိုးယောက်သော လူတွေက သူတို့ ဘဝတွေ အတွက် ဘုရားသခင်ရဲ့ အလိုဆန္ဒကို ရှာဖွေခြင်းနဲ့ ပတ် သက်ပြီး အပြင်းအထန် အလေးအနက်ထား ဆွေးနွေးကြတယ်။

          ကျွန်တော်ကတော့ ဘဝရည်မှန်းချက်တွေနဲ့ ပတ် သက်ပြီး လွယ်ကူချောမွေ့အောင် ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဘာတွေလုပ်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး ၁၅ မိနစ်ကြာ ဆွေးနွေးလိုက်တယ်။

           ထိုစဉ်ခဏမှာပဲ ဖဘုရားသခင်နဲ့ သားတော် သခင် ယေရှုအကြားမှာရှိတဲ့ သန့်ရှင်းသော ဝိညာဉ်တော် (Holy spirit) က ကျွန်တော့်ရဲ့ ဦးနှောက်ထဲက တစ်စုံတစ်ခုကို (ဒေါင်းလုတ်ဒ်) download လုပ်နေတယ်လို့ ခံစားမိလိုက် တယ်။

          ကျွန်တော့်ဇာတ်လမ်းကို နောက်ကြောင်းပြန် စဉ်း စားမယ်ဆိုရင် ပြီးခဲ့တဲ့ နွေရာသီကာလ တစ်လျှောက်လုံး ကျွန်တော့် သူငယ်ချင်း “ပေါလ်မက်ဂျင်းနစ် နဲ့ ကျွန်တော် ဟာ တစ်သက်တာ ဝမ်းသာပျော်ရွှင် ကျေနပ်မှုတွေရစေ မယ့် အတွေးအမြင်၊ သဘောထားတွေနဲ့ ပတ်သက်ပြီး ဆွေး နွေးမှုတွေ အပြင်းအထန် လုပ်ဖြစ်ခဲ့ပါတယ်။

          ပေါလ်ဟာ ကျွန်တော့်ရဲ့ မိတ်ဆွေလည်း ဖြစ်၊ ကျွန်တော့်ကို ပညာရပ်ဆိုင်ရာ တစ်ခုအတွက် လေ့ကျင့် သင်ကြားပေးတဲ့ နည်းပြဆရာ တစ်ယောက်လည်း ဖြစ်ပါ တယ်။

          လက်ရှိအချိန် မှာ ပေါလ်ဟာ 'Halftime Institute' မှာ ပညာရပ်ဆိုင်ရာ အထောက်အကူပြုပေးသူ တစ် ယောက်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါတယ်။

          ကျွန်တော့်ရဲ့ နည်းပြဆရာလည်းဖြစ်၊ ဈေးကွက် ရှာဖွေရေးနှင့် အရောင်းမြှင့်တင်ရေး ဌာနရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ပေါလ်ဟာ ကျွန်တော်နဲ့အတူ လက်တွဲပြီး

          ယောက်ျား မိန်းမဆိုသော လူသားတိုင်းအတွက် ဘဝ ရည်မှန်းချက်တွေကို ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ပြည့်ဝအောင် ဘယ်လို ဖြည့်စွမ်းရမယ် ဆိုတာနဲ့ ပတ်သက် ပြီး ကိုယ်တိုင် လေ့လာမှုတွေကို အများသိအောင် မျှဝေပေး ခဲ့ပါတယ်။

          လူတွေဟာ အများအားဖြင့် ကိုယ်ကျိုးစွန့် အနစ်နာ ခံ ပေးဆပ်ရမယ့် ကိစ္စတွေအတွက် အားနည်းတတ်တာ တွေ့ရပါတယ်။

          သင်က ဘဝတစ်သက်တာ ဝမ်းသာပျော်ရွှင် ကျေနပ် မှုတွေ ရစေချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီး ဘဝင်မြင့်ခြင်းတွေ၊ မာန်မာနထားရှိခြင်းတွေ မိမိထက် နိမ့် ကျသူတွေအပေါ် အထက်စီးက မောက်မာစွာ ဆက်ဆံခြင်း တွေကို အတတ်နိုင်ဆုံး လျှော့ချပြီး ကိုယ်ချင်းစာစိတ် မွေး မြူပေးပါ။

          တစ်ကိုယ်ကောင်းဆန်၊ အတ္တကြီးချင်းတွေကို လျှော့ ချပြီး အများကောင်းကျိုးအတွက် ပေးဆပ်နိုင်အောင် ကြိုး စားပေးပါ။

          သင်က အထက်ပါ ပြုမူဆောင်ရွက်မှုတွေကို အနည်း ငယ်မျှတောင် မလုပ်နိုင်ခဲ့ရင် ဘဝတစ်သက်တာအတွင်း စိတ်ပျော်ရွှင်ကျေနပ်မှုတွေ ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ပျောက်ဆုံးနေမှာဖြစ်ပြီး ဘယ်လောက်ပဲ ကြိုးစားလို့ အောင်မြင်မှုတွေ ရနေသည်ဖြစ်စေ စိတ်၏ ပျော်ရွှင်ကျေနပ် မှုကိုတော့ ဘယ်တော့မှ မရနိုင်တာကို တွေ့ရပါလိမ့်မယ်။

          လေ့လာတွေ့ရှိမှုတွေအရ လောကလူသားတွေ အကြားမှာ မေတ္တာလိုအပ်သူဟာ မိမိဘက်က ဦးစွာ မေတ္တာ ပေးရမှာဖြစ်ပြီး သူတစ်ပါးထံမှ စေတနာ၊ သနားကရုဏာ တွေကို လိုလားတယ်ဆိုရင်လည်း မိမိဘက်က စေတနာကောင်းနဲ့ သနားကြင်နာ ကရုဏာပွားခြင်းတွေ ဦးစွာ ပေး စွမ်းဖို့ လိုအပ်ပါတယ်။

          သင်က ဘဝတစ်သက်တာ ဝမ်းသာပျော်ရွှင် ကျေနပ် မှုတွေ ရယူချင်တယ် ဆိုရင်လည်း သင့်ဘက်က အခြား လူတွေ ဝမ်းသာပျော်ရွှင် စိတ်ချမ်းသာပြီး ကျေနပ်မှုတွေ ရရှိအောင် ဖြည့်စွမ်းပေးရပါမယ်။

           မိမိဘက်က စတင်ပေးစွမ်းမှု တစ်စုံတစ်ရာ မလုပ် နိုင်သေးသမျှ မိမိဘက်ကို ဘယ်လိုကောင်းသော အရာတွေ မှ ရောက်လာမှာ မဟုတ်ဘူး ဆိုတာကို ဦးစွာနားလည် ထားမယ်ဆိုရင် မိမိဘက်က ဘာတွေ ဦးစွာ လုပ်ဆောင်ရ မယ် ဆိုတာကို နားလည်လာမှာ ဖြစ်ပါတယ်။

          လူအများစုရဲ့ စိတ်ပျော်ရွှင်ကျေနပ်မှုမရခြင်းနဲ့ ပတ် သက်ပြီး အထူးတလည် ရှင်းပြပြောဆိုပေးနိုင်ဖို့ ကျွန်တော် နဲ့ ပေါလ်က Commodore ဟိုတယ်မှာရှိနေစဉ်အတွင်း ပုံစံငယ် ကြိုတင်စီစဉ်မှုတွေ လုပ်ဖြစ်ခဲ့ပါတယ်။

          ဤစာအုပ်မှာ ဘဝတစ်သက်တာ ဝမ်းသာပျော်ရွှင် ကျေနပ်မှုတွေရရှိစေဖို့ ဘယ်လိုပြုမူ ဆောင်ရွက်ရမယ် ဆိုတဲ့ နည်းလမ်းတွေကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြပေးထား ပါတယ်။