Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - အားနွဲ့သူပါရှင်မဂ္ဂဇင်းဝထ္ထုရှည်များ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
အရိုင်းနဲ့ အယဉ်
ခင်နှင်းယု
ဖြစ်ပါရစေ
ဘဝကလျှင်
မြသားစိမ့်ယို
စမ်းရေညိုသို့
ငါကပင်လည်း
ငွေစင်လွှာဆင့်
ပန်းတစ်ပွင့်သာ
ဖြစ်လိုက်ပါတော့
ရေညိုရွေ့ရာ
ငါမျောကာနှင့်
ဝတ်လွှာပြင်ထက်
တစ်မှေးစက်၏
ရေယက်သံလား
တေးသံလားထင့်
ကမ်းပါးရေးရေး
စိမ်းညိုသွေးက
ငှက်တေးရင့်ရှု
ရေနတ်သူလည်း
ပွင့်ဖြူ ပုလဲ
ရေမှာကြဲ၍
သည်းထဲလှိုက်ယူ
ငါ့ကိုမြူ၏
အိပ်မက်ခန်းဝယ်၊ ချမ်းမြေ့ရွှန်းစို
ပျော်သလိုနှင့်၊ ကမ်းကိုမမြင်
လမ်းမမြင်တည့်။
နေပါရစေ၊ ရေညိုခွေတွင်
မျောချင်တိုင်းသာ၊ မျောရပါမူ
စက်ရာဘဝ၊ အိပ်မက်ကပင်
မနိုးချင်တော့။

          ဖြစ်စေချင်တိုင်းသာဖြစ်ရမည်ဆိုလျှင် မလေးနုသည်ပန်းပွင့်လေးတစ်ပွင့်သာ ဖြစ်လိုက်ချင်၏။

          ဘဝကိုလည်း စမ်းချောင်းကလေးတစ်ခု ဖြစ်စေချင်သည်။ စမ်းရေညိုက တရွေ့ရွေ့စီးသရွေ့ ပန်းပွင့်လေးက လိုက်ပါ၍ သွားချင်သည်။ မျောချင်တိုင်း မျောပါရစေတော့။

          အမှန်တော့ သူ့စိတ်ကူးသည် အိပ်မက်ဆန်လွန်းလှပေသည်။ မနိုးသောအိပ်ခြင်းဖြင့် အိပ်၍ အစဉ်အိပ်မက် မက်ချင်လှသည်။

          ဘာကိုပဲဖြစ်ဖြစ် တွေ့ထိရမှာကို ကြမ်းသလိုဖြစ်နေသည်။ ဒါပေမဲ့.. အိပ်မက်ဆိုသည်မှာ ခဏသာပင် ဖြစ်လေသည်။

          သူကပန်းပွင့်လိုမျော၍ပင် ယခုလည်း တစ်ဘဝပြောင်းခဲ့ရပြန်သည်။ ဘဝသစ်ဖန်တီးရေးအဖွဲ့ တွင် ဆေးဘက်တာဝန်ခံအဖြစ်နှင့် နာဂတောင်တန်းကို ခရီးထွက်ခဲ့ရပြန်သည်။ လမ်းတစ်လျှောက် လုံးလည်း မလေးနုသည် ရယ်ချင်၏။ နာဂတောင်လမ်းက သူ့ဘဝနှင့် တူလှသည်။ တစ်ချက်ကလေး သက်သာသည်ဟု မရှိပေ။ | တောင်စောက်ကြီးကို ဆင်း၍ အပြင်းသွားရင်း တောင်ခြေကို ရောက်လျှင်တော့ အမောပြေ မည်ဟု ထင်သည်။

          ဒါပေမဲ့ တောင်ခြေကို ရောက်လျှင်ရောက်ချင်း မတ်စောက်စောက်တောင်ကမ်းပါး၏အတက် ကိုတွေ့ရပြန်သည်။ အဆင်းမှာလည်း အဆင်းမို့ခြေကို မြဲအောင် မနည်းကုပ်ရသည်။ အတက်ကျပြန် တော့လည်း အားကုန်ခဲ၍ သွားရသည်။ တစ်ချက်မျှ မသက်သာပါကလား။

          တောလမ်းတွင် သစ်ပင်တွေယှက်နေပေမယ့်ဇောချွေးတွေပြန်လာကြသည်။ လောင်းဆောက် ကထွက်စကမူ တစ်ယောက်တစ်ပေါက်နှင့် စကားပြောမိကြသေးသည်။ ယခုတော့ စကားပင် မပြော နိုင်ကြပေ။

          လောင်းဆောက်မှတစ်မိုင်လောက်ခရီးကိုပင် အကြာကြီးဟု ထင်ကြရသည်။ မလေးနုတို့လူစု သည် တောင်ထိပ်တစ်ခုကို ဖြတ်ကျော်၍လာကြရင်း စမ်းရေစီးသံကို ကြားကြရသည်။

          စမ်းရေသံသည် သူတို့ကို ပျော်၍လာအောင် တေးဆိုပေးသလို ဖြစ်လာသည်။ စမ်းရေရိပ်တွင် တော့ ခဏအပန်းဖြေရပေမည်။ တဖြည်းဖြည်းနှင့် တောင်ကို ဆင်း၍လာကြသည်။ စမ်းရေသည် တောင်ကြားထဲမှရယ်မော၍နေသည်။ ကျောက်ဆစ်လေးတွေပေါ်မှ မြခက်ရေညိုကလေးတွေသည် စမ်းရေအောက်တွင် လှုပ်ရှားနေကြသည်။

          ဒီနေရာရောက်ပြန်တော့လည်း ပန်းသမျှ အမောတွေ ပြေ၍သွားကြသည်။ ဒါပေမဲ့ မလေးနု ကတော့ စမ်းချောင်းလေး၏ အလှအပမှာ ဘိုင်စကုပ်ရိုက်ဖို့ကောင်းသည်ဟုထင်သည်။ ဘိုင်စကုပ် ရိုက်ပြန်ရင်လည်း သူကမင်းသမီးလုပ်ချင်သည်။ မင်းသားကိုတော့ကိုဖေအောင်ပဲ ဖြစ်စေချင်သည်။ ကို အောင်ကို လွမ်းလွမ်းနှင့် တောင်ကိုတက်ရင်း သူ့ အကြောင်းကို ပြောသွားရလျှင် ပန်းရမှန်း သိမည်မဟုတ်ပေ။ ဒါပေမဲ့ သူ့အကြောင်းကို ဘယ်သူကမျှလည်း မသိ၊ သူသည် တိတ်တိတ်ဆိတ် ဆိတ်ပင် ဆက်၍ထွက်ခွာလာခဲ့ပေသည်။

          ညနေ နေဝင်လာမှ ဟတ္ထိရွာကို သူတို့ စ၍ဝင်ကြသည်။ နာဂရွာသားတွေသည် သူတို့ကို ဝိုင်း၍ ကြည့်ကြသည်။ နာဂရွာနှင့် ယူအမ်ပီစစ်တပ်ရှိရာ တောင်ကုန်းနှစ်ခုကြားတွင်မှ သူတို့၏စခန်းရှိလေ သည်။

          စခန်းရောက်လျှင် ဘယ်သူမျှ မလှုပ်ချင်ကြပေ။

*****

          ပထမရောက်သူတို့က တောင်ကုန်းကို ရှင်းလင်းနှင့်ကြရသည်။ တောင်ကုန်းမှ နောက်ဘက် တောင်ကြားကို ကြည့်လိုက်လျှင် နန်းစလိမ်ချောင်းသည် ခဲသားရောင်ဖဲပြားကြီးလို ခွေခွေကြီး ငြိမ်၍ နေသည်။ အဝေးကကြည့်ရသည်မှာတော့ နန်းစလိမ်ချောင်းသည် တောင်ရိပ်ကို ခိုနေ၍ ချစ်စရာ ရေညိုလေး ဖြစ်ပေသည်။ ဒါပေမဲ့ တကယ်တော့ အေးစက်သောရေက ထိချင်စရာမရှိပေ။ စီးလိုက် သည့်ရေကလည်း ဒလဟောဖြစ်၍ဝဲကတော့တွေကလည်း ချောင်းရိုးမှာ ကြောက်စရာဖြစ်နေသည်။

          ပစ္စည်းတွေ သယ်လာသော နောက်တစ်သုတ်မှာ နန်းစလိမ်ချောင်းက လာကြရပေမည်။ တစ်ပတ်အတွင်းတွင် ရွက်ထည်တဲဖြူလေးတွေမှာ စခန်းတွင် ပြည့်၍သွားတော့သည်။

          နာဂတို့နှင့် ဝင်ဆံ့ဖို့အတွက် ပထမဆုံးစခန်းမှူးက မောင်လှကို ခေါ်လာသည်။ မောင်လှ ရောက်လာချိန်တွင် စခန်းတစ်ခုလုံးမှာ အံ့ဩသွားကြသည်။ ဘယ်သူကမျှ သူ့ကိုနာဂဟု မထင်၊ ဗမာ တစ်ယောက်ဟုပင် ထင်ရသည်။ တခြားနာဂတွေလိုလန်ကွတ်တီ လက်တစ်ဝါးလောက်နှင့် မဟုတ် ဘဲ ပုဆိုးနှင့် စွပ်ကျယ်ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပေသည်။ ဆံတောက်မှာလည်း နာဂ ဆံတောက် မဟုတ်ဘဲ ဗမာတွေလိုပင် ဆံတောက် ကိုက်ထားပေသည်။ မောင်လှသည် ဗမာလို ကျကျနနပြောတတ်သည်။ ရယ်လိုက်တိုင်း နာဂတို့၏ ရိုးသားမှုမှာ ပေါ်၍လာသည်။

          မလေးတို့ ဆေးတာဝန်ခံသုံးယောက်အတွက် မောင်လှမှာ အရေးအကြီးဆုံး ဖြစ်ပေသည်။ ရွာထဲသို့ ရုတ်တရက်ဝင်သည်ကိုပင် နာဂတို့က ကြိုက်နှစ်သက်သည်မဟုတ်ပေ။

          အလုပ်ကို မစရသေးခင်ပင် နာဂတို့ ကပွဲနှင့် ကြုံကြရပြန်သည်။

          နာဂကျေးရွာများကို လိုက်လံတိုက်ခိုက်နေသည့် ဆော်လော်နာဂများကို ယူအမ်ပီတပ်များ အကူအညီနှင့် ဟတ္ထိရွာသားတွေက အောင်ပွဲခံခဲ့ကြလေသည်။

          ဆော်လော်ခေါင်းဆောင်၏ခေါင်းကို ဖြတ်ယူခဲ့၍ အထိမ်းအမှတ်အောင်ပွဲလုပ်ရန် တစ်ရွာလုံး တလှုပ်လှုပ်တရွရွ ပြင်ဆင်၍နေကြလေသည်။

          ကပွဲတွင် တီးရန်အတွက် အကြီးဆုံးဗုံကို ထွင်းနေကြသည်။ တစ်ရွာလုံး လူစု၍ ဗုံထွင်းရန် သစ်တုံးကြီးကို သယ်ကြသည်မှာ တပျော်တပါးရှိလှသည်။

          အားယူ၍သယ်ရတိုင်း အတိုင်အဖောက်ညီညီနှင့် အားပေးသော ဟစ်သံတွေမှာ တစ်တော လုံးပင် ညံ၍နေသလို ထင်ရတော့သည်။

          အမှန်တော့ သူတို့ထွင်းသောဗုံကြီးမှာဘိုင်စကုပ်ထဲတွင် မြင်ရသည့် အာဖရိကလူရိုင်းတို့တီး သော အချက်ပေး သစ်သားဗုံကြီးတွေနှင့် ခပ်ဆင်ဆင်တူလေသည်။ | ကပွဲလုပ်မည့် ညတွင် သူတို့စခန်းရှိ လူတွေကိုလည်း လာ၍ဖိတ်သည်။ ပြည်မကလူ ဆို၍ တစ်ဖက်တောင်ကုန်းတွင် စခန်းချနေသော ဗိုလ်မြဝင်းတို့ ယူအမ်ပီတပ်စုသာ ရှိလေသည်။

          ဟတ္ထိထက် မြင့်သော တောင်စောင်းတွင်တော့ ဘုန်းတော်ကြီးတစ်ပါး ရှိလေသည်။ ညနေ စောင်းတွင် မီးတုတ်မီးပုံတွေကို ပြင်ဆင်၍ နေကြသည်။ ကြည့်ရမည့်ပွဲမှာ မကြုံဖူးသောပွဲ ဖြစ်သည် မှာ မှန်ပေ၏။ ညဘက်သို့ရောက်လျှင် မီးတောက်တွေမှာ တဟုန်းဟုန်းတောက်၍လာသည်။

          မလေးနုစိတ်ထဲတွင် ကပွဲကို ပထမတော့ စိတ်ဝင်စားမိသည်။ ဒါပေမဲ့ ကပွဲတွင် ပြည်မက လူများကို မြင်ရသောအခါ စိတ်ပျက်သွားမိသည်။ အကယ်၍ ဗိုလ်မြဝင်းတို့လူစုကိုသာ နာဂကပွဲတွင် မတွေ့ခဲ့ပါလျှင် မလေးနုသည် အစွမ်းကုန် ပျော်လိုက်မည် ဖြစ်သည်။

          သူ့စိတ်ထဲတွင် နာဂတောင်တန်းမှာ နာဂတွေနှင့် သူတို့ ဘဝသစ်အဖွဲ့သားများသာ ရှိမည်ဟု ထင်ခဲ့သည်။ ဒါပေမဲ့ ယခုတော့လည်း သူမတွေ့လိုသော လူစိမ်းများကိုပါ တွေ့နေရပြန်လေသည်။

          အပြစ်မဲ့သော ဗိုလ်မြဝင်းတို့ လူစုကို သက်သက်မဲ့မတွေ့လိုခြင်းမှာ သူက လွန်လွန်းသည်ဟု လည်း တစ်ယောက်တည်း တွေးလိုက်မိသည်။

          ကပွဲ၏ မြင်ကွင်းကတော့ အလှအပထက် စိတ်လှုပ်ရှားစရာကောင်းသည်ဆိုလျှင် ပို၍မှန်ပေ မည်။ ဟတ္ထိရွာ၏ တဲခေါင်မိုးတွေကို လရောင် လွှမ်းနေလေသည်။ သစ်ရွက်တွေကလည်း ငွေရည် စိမ့်နေသလို ရွှန်းရွှန်းစိုနေပေသည်။

          ရွာလေးတစ်ခုလုံးကိုလရောင်သက်သက်ဖုံးနေလျှင်တော့ မြင်ကွင်းသည်လှပစွာငြိမ်သက်နေ မည်။ ယခုတော့ နာဂတို့၏မီးတိုင်များမှာ လ၏ငွေရောင်ကို ဖျက်ဆီး၍ အရုပ်ဆိုးနေတော့သည်။//

          ပွဲမစခင်တော့မလေးနုသည် ကပွဲကို စိတ်ဝင်စားသည်။ ဒါပေမဲ့ပွဲစလာ၍ ဗိုလ်မြဝင်းတို့ ရောက် လာကတည်းက ကပွဲကို မကြည့်ချင်တော့။

          ရွာလုံးကျွတ် ပရိသတ်နှင့် သူတို့လူစုသည် မြေပေါ်တွင် ဝိုင်း၍ ထိုင်နေကြသည်။ မြေကွက် အလယ်တွင် မီးတုတ်များမှ မီးရောင်နှင့် လရောင်မှာ ရော၍ ဝါလင်းလင်းကြီး ဖြစ်နေသည်။