Skip to product information
1 of 2

Other Websites

ခင်နှင်းယု - မယ့်သည်းအိမ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဝတ်ဆံပုလဲ မြပေါက်ကဲ့သို့ ရခဲထူဆန်၊ ဆောင်းတွင်းပန်း

'ငါးမည်မျိုးတွင်

 အရိုးသန္တာ၊ နှစ်စုံမြွာသား

 နီလာချပ်ရံ

 ဝတ်ဆံပုလဲ၊ မြပေါက်ကြဲသို့

 ရခဲထူးဆန်းအ “ဆောင်းတွင်းပန်း”ကို

 ကြငှန်းဇမ္ဗူ

 ကျိုက်ဆူကြည်ညွတ်၊ ပုညထွတ်ဝယ်

 စိတ်ပြတ်သဒ္ဒါ။ မိတေယာ၌

 ကျွတ်ခါအတူ၊ တင်ဆက်လှူသည်

 အိမ်သူရှင်သာ မမယ်သောဝ်။ ။

ထိုကဗျာကို ရှင်အုန်းညို ရေးခဲ့သည်။ အထက်တန်းကဗျာ ကောက်နုတ်ချက်တွင် ထိုကဗျာကို 'ဆောင်းတွင်းပန်း' ဟု အမည်  ထပ်ခဲ့ပါသည်။ အထက်တန်းကဗျာ ကောက်နုတ်ချက်ကို ကျွန်မတို့ ၉ တန်းမှာ သင်ခဲ့ရသည်။ ထိုစဉ်ကတည်းက ရှင်မဟာရဋ္ဌသာရ ရှင်မဟာသီလဝံသ ရှင်အုန်းညိုနှင့် ရှင်တေဇောသာရတို့၏ ကဗျာများမှာ ကျွန်မနှလုံးသားတွင် စိမ့်ဝင်ခဲ့ပါသည်။ ကျွန်မ စာရေးဆရာ ဖြစ်လာတော့ သူတို့ကဗျာများမှနာမည်များကို ယူ၍ ကျွန်မဝတ္ထုများကို အမည်တပ်ခဲ့ပါသည်။ ဥပမာ“ရှင်သာရခိုင် တန်ဆောင်လော `ဆောင်းတွင် ပန်း စသည်တို့ ဖြစ်သည်။

ကျွန်မသည် ဝတ္ထုတိုများနှင့် စာပေလောကသို့ ဝင်ရောက်လာခဲ့၍ ဝတ္ထုလတ်ဟု ခေါ်ကြသည့် မဂ္ဂဇင်းဝတ္ထုရှည်များနှင့် ကျော်ကြားလာခဲ့သည်။ ဆိုလျှင် မမှားပါး ၀တ္ထုရှည် (သို့မဟုတ်) လုံးချင်းဝတ္ထုရှည်ဖြစ်၍ ကျွန်မ ပထမဆုံးရေးသော ဝတ္ထုရည်လည်းဖြစ်သည်။

နှောင်းပန်းကျန်အဖြစ်

ထိုဝတ္ထုကို ခေတ်ညွန့်စာပေတိုက်မှ စတုတ္ထအကြိမ် ပြန်လည် ရိုက်နှိပ်ခဲ့စဉ်က ကျွန်မ၏အမှာစာကို ပြန်လည် ဖော်ပြလိုပါသည်။

ယခုလို ဆောင်ရာသို့ ရောက်ပြီဆိုလျှင် ဆောင်းတွင်းပန်းတို့သည် ပွင့်ကြပေတော့မည်။ ကျွန်မ၏ဝတ္ထု “ဆောင်းတွင်းပန်း” သည်ဆောင်း ရာသီတွင်ပွင့်သော ရာသီလိုက်ပန်းကို မှီ၍ ရေးသောဝတ္ထု မဟုတ်ပေ။

ရှင်အုန်းညို၏ ဆောင်းတွင်းပန်းမှ ကျွန်မ၏ အသည်းနှလုံးသို့ ကူးစက်ပြန့်ပွားလာသော အမည်ပင်တည်း။

ကြာပန်းသည် မိုးရာသီပန်းဖြစ်သော်လည်း (မိုးကုန်ခါနီး သီတင်း ကျွတ်လ၏ ရာသီပန်း ဖြစ်သည်။ ဆောင်းတွင်းအခါတွင်မှ နှောင်းပန်းကျန် အဖြစ် ပွင့်လေသည်ကို စာဆို ရှင်အုန်းညိုသည် မြင်ခဲ့၍ သူ့ကဗျာတွင် `ရခဲထူးဆန်း ဆောင်းတွင်းပန်းကို' ဟူ၍ ဖွဲ့နွဲ့ခဲ့လေသည်။

ထိုဝတ္ထုသည် ၁၉၅၃ ခု၊ ဒီဇင်ဘာလတွင် ဥဩစာပေမှ ဦးစိန်လှိုင် } (မိတ္ထီလာ-ဗိုလ်အေးမောင်ကို ဆက်သွယ်ပေးခဲ့ပါသည်။ ထုတ်ဝေခဲ့သော ကွန်မ၏ ပထမဆုံး လုံးချင်းဝတ္ထုရှည်ပင်တည်း။ ယခု စတုတ္ထနှိပ်ခြင်းသည် ၁၉၆၅ ဇန်နဝါရီလ ဖြစ်ခြင်းကြောင့် ထိုသက်တမ်းသည် အမှတ်မထင် တစ်ဆယ့်နှစ်နှစ် တင်းတင်းပြည့်ခဲ့လေပြီး။

ထိုဝတ္ထုကို ရေးစဉ်က ထုတ်ဝေသူ၏ စေတနာ အပြည့် မပါခဲ့သော် ကျွန်မသည် လုံးချင်းဝတ္ထုကို လက်လှမ်းရဲမည် မဟုတ်ပေ။

ထိုစဉ်က ဦးစိန်လှိုင်သည် ရေးရန် အားလည်း ပေး၏။ စွန့်လည်း စွန့်၏။ အဘယ်ကြောင့် စွန့်သည် ဆိုရသနည်းဆိုသော် ထိုခေတ်သည် | လုံးချင်းခေတ် မဟုတ်ရုံမက ကျွန်မကဲ့သို့ လုံးချင်းတွင် လုံးဝ အကျင့်မရှိသေးသူအား ထုတ်ဝေသူတို့ စင်တင်မပေးရဲသောခေတ် ဖြစ်သောကြောင့်တည်း။

ကြောက်လန့်ခြင်း၊ စိတ်မပါခြင်းတို့ကြောင့် ကျွန်မဝတ္ထုတွင် ဇာတ်ကောင်တို့ကိုလည်း ကျွန်မ ကျွမ်းကျင်စွာ နေရာမချနိုင် ဇာတ်လမ်း ကိုလည်း ကျွန်မ ကောင်းမွန်ခွာ မထိန်းသိမ်းနိုင် စကားလုံးများသည်လည်း သိပ်သည်းခြင်းမရှိ ဟူ၍ ကျွန်မ ထင်ပေသည်။

သို့သော် “ဆောင်းတွင်းပန်း သည် ဤကဲ့သို့ ကျွန်မအမြင်တွင် မသပ်ရပ် ဖရိုဖရဲဟု ထင်ရင်းမှ ယခု စတုတ္ထအကြိမ်မြောက် ထုတ်ဝေခြင်း ဖြစ်၍ စာဖတ်ပရိသတ်ကို ကျေးဇူးတင်ရပေမည်။

စတုတ္ထအကြိမ်မြောက် နှင်းရည်ကို သောက်ခြင်း

“ဆောင်းတွင်းပန်း ́ဝတ္ထုထဲမှ ဇာတ်ကောင်တို့နှင့်အတူ အင်းဝ မြို့တော်ဟောင်း၏ ပတ်ဝန်းကျင်မှ ကြည့်မြင်တိုင်ရွာ၊ ဥယျာဉ်ရွာတို့ဆီမှတောင်သူလယ်သမားတို့သည်လည်း ရာသီဥတု ဖောက်ပြန်ခြင်း၊ ရေ ကြီးခြင်း၊ ခေါင်းဆောင်သူတို့၏ စိတ်ဝမ်းကွဲခြင်း၊ ရွာသားတို့ စည်းလုံး ညီညွတ်စိတ် မရှိခြင်း စသော ဒုက္ခသုက္ခ ကြားတွင် အလူးအလှိမ့် ခံကြရင်းနှင့်ပင် ခေတ်အဆက်ဆက် ဖြတ်ကျော်လာခဲ့ကြပြီးပါပြီး ကျွန်မ ဝတ္ထုထဲတွင် သူတို့ ဖြတ်ကျော်လာခဲ့သလို အပြင်တွင်လည်း သူတို့သည် (လယ်သမား၊ ယာသမား) ခေတ်အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့ရသည်။

ယခုလို နှင်းဖြိုင်ဖြိုင်ကျသော ဆောင်းတွင်းအခါဝယ် ကျွန်တော်၏ “ဆောင်းတွင်းပန်း' ဝတ္ထုသည် စတုတ္ထအကြိမ်မြောက် နှင်းရည်ကို သောက် ရန် ခေါင်းထောင်၍ မော့လာသောအချိန်တွင် အင်းဝနယ်မြေတစ်ဝိုက်ရှိ လယ်ခင်းယာခင်းများထဲက တောင်သူလယ်သမားတို့သည်လည်း ဆောင်း တွင်ပန်းတို့နှင့်အတူ နှင်းမှုန်များအောက်တွင် 'ချမ်းမြေရွှင်လန်းနိုင်ကြပါ စေသတည်း' ဟူ၍ အမှာစာ ရေးခဲ့ပါသည် ။

ထိုအမှာစာတွင် ကျွန်မ “ဆောင်းတွင်းပန်း' ဝတ္ထုကို ဘာကြောင့် ရေးသည်ကို တစ်စွန်းတစ်စ ဖော်ပြခဲ့ပြီးပါပြီး။

မြရောင်ရွှန်းအိသော မြစ်ငယ်ရေ

အမှန်တော့ ဆောင်းတွင်းပန်း' ဝတ္ထု ကျွန်မနှလုံးသားတွင် သန္ဓေတည်စက ကျွန်မ လက်ထပ်ပြီးချိန် ဖြစ်ပါသည်။ ကျွန်မ၏ချစ်သူသည် ထိုစဉ်က တပ်မတော်မှ ဒုဗိုလ်အဆင့်သာ ရှိပါသေးသည်။သို့သော် စစ်ကိုခရိုင် စစ်ဝန်ထမ်း တပ်ရင်းမှူးအဖြစ် တာဝန်ပေး ခန့်အပ်လိုက်ပါသည်။

လက်ထပ်ပြီးစ ကျွန်မ မလိုက်နိုင်သော်လည်း တစ်နှစ်အကြာ ဆောင်းဦးပေါက်တွင် သူ့ထံသို့ ကျွန်ဇ သွားရောက် လည်ပတ်ခဲ့ပါသည် ထိုစဉ်က တိုင်းပြည်အခြေအနေကလည်း မငြိမ်သက်သေးပါ။ သောင်းကျန်း သူတို့၏ အရှိန်ကောင်းချိန် ဖြစ်ပါသည်။

တစ်နေ့တွင် သူ့သူငယ်ချင်း ဆရာကိုမောင်စိန်၏ လက်ထပ်ပွဲကို ကျွန်မ လိုက်ခဲ့ပါဟု သူက ဆိုပါသည်။ ထိုဆရာမှာ သူ တံတားဦးတွင် ကိုယ်လက် ကြံ့ခိုင်ရေးဆရာလုပ်စဉ်က သူငယ်ချင်း ဖြစ်ခဲ့သည်ဟု ဆိုပါသည်။ ကျွန်မသည် သူနှင့်အတူ လက်ထပ်ပွဲသို့ လိုက်ခဲ့ပါသည်။ သူ့ဂျစ်ကားနှင့် ကျွန်မတို့ သွားခဲ့ကြပါသည်။

ဂျစ်ကားသည် စစ်ကိုင်းတံတားကြီးကို ဖြတ်ကျော်၍ မန္တလေးဘက်သို့ ဦးတည်မောင်းခဲ့ပါသည်။ သို့သော် တံတားကြီးအလွန် သပြေတန်းခံတပ်ကျော်ကျော်တွင် ညာဘက်ယာခင်းများဆီသို့ ချိုးချလိုက်ပါသည်။ လှည်းလမ်း လည်း မဟုတ်။ မော်တော်ကားလမ်းလည်း မဟုတ်ပါ။ တကယ့် လယ်ကွင်း ပြင်ကြီးပင် ဖြစ်ပါသည်။ လမ်းက ဆိုးလိုက်သည့်ဖြစ်ခြင်း၊ နောက်ဆုံးမှ ကြည့်မြင် တိုင်ရွာကို ရောက်ပါသည်။ ကြည့်မြင်တိုင်ရွာသည် မြစ်ငယ်မြစ်ကမ်းပါးတွင် ရှိသည်။ ခပ်လှမ်းလှမ်းမှာတော့ ဥယျာဉ်ရွာ ရှိသည်။ ဥယျာဉ်ရွာနှင့် ကြည်မြင် တိုင်ရွာမှာ ရေနည်းပါးသော ချောင်းရိုးလေးနှင့် ယာခင်းနှစ်ကွက်လောက်သာ ခြားသည်။ မင်္ဂလာဆောင်ဧည့်ခံပွဲသို့ ကျွန်မတို့ တက်ရောက်ပြီး ကျွန်မ တစ်ယောက်တည်း မြစ်ကမ်းပါးမှာ အပန်းဖြေနေပါသည်။ သူကတော့ သူ့ သူငယ်ချင်းနှင့် မင်္ဂလာဆောင်အိမ်တွင် စကားပြောနေပါသည်။ ကျွန်မ ထိုင်နေသော မြစ်ကမ်းပါးသည် သရက်ပင်များနှင့် အုပ်ဆိုင်းနေပါသည် မြစ်ငယ်ရေသည် မြရောင်ရွှန်းအိနေသည်။ ဥယျာဉ်ရွာနှင့် ကြည့်မြင်တိုင်ရွာ သည် ယာသမားများနှင့် ရက်ကန်းအလုပ်ဖြင့် အသက်မွေးသူတို့ များသည်။တခါတရံမြစ်ငယ်ရေ လျှံ၍ ယာသမားတွေ ဒုက္ခရောက်ကြသည်ဟု ဆိုသည်။

ရခဲလှစွာသော ငြိမ်းချမ်းရေးပန်း

'မမရာ ဗိုလ်မှူးကလဲ ဘယ်ချိန်ထိ နေမယ် မသိဘူး၊ ဒီနေရာက စိတ်မချရဘူး ခင်ဗျ'

ကားမောင်းသူ ရဲဘော်လေးက ကျွန်မကို ပြောသည်း ကျွန်မကတော့ ပတ်ဝန်းကျင်အခြေအနေကို နားမလည်း မသီး။သရက်ပင်ခြေမှာတော့ မြစ်ရေ လျင်၏ တီးတိုးညည်းတွားသံကိုသာ နားထောင်နေမိသည် ။

အပြန်လမ်းတွင် ရွာပြင်ရှိ ကုလားပဲခင်း၊ နှမ်းခင်းများကို ဂရုတစိုက် ကြည့်ရင်း ကျွန်မ ပြန်လာခဲ့ပါသည်။ ထိုစဉ်က ကျွန်မတို့ မြန်မာပြည်ကြီးမှာ သောင်ကျန်းသူတို့ဒဏ်ကြောင့် ယာသမား၊ လယ်သမားများ စိတ်အေးလက် အေ၊ မစိုက်ပျိုးနိုင်ကြ။ အစိုးရ၏ လယ်ယာသမားများကို ပေးအပ်သော အမတော်ကြေး အစရှိသည့် အကူအညီတို့မှာလည်း မသမာသူတို့ကြောင့် လယ်သမားတို့လက်သို့ မရောက် ပေးကားပေး၏ မရ ဟူသောဘဝဖြစ်သည်။

ဝတ္ထုထဲတွင် ဥယျာဉ်ရွာသူကြီးမှာ ကိုဘစံဖြစ်၍ ကြည့်မြင်တိုင်ရွာ ခေါင်းဆောင်မှာ ကိုလူရှမ်းဖြစ်သည်။ ခေါင်းဆောင်နှစ်ဦး၊ ညီညွတ်ကြစဉ်က ရွာနှစ်ရွာမှာ စည်းလုံးညီညွတ်စွာဖြင့် သဘာဝဘေးဒဏ်များကို တိုက်ခိုက် တွန်းလှန်နိုင်ခဲ့ကြသည်။ နောက်တော့ မန္တလေး၊ အမရပူရတို့မှ လယ်ရှင် မြေရှင်တို့နှင့် စပါးပွဲစားများက လယ်သမားတို့ သမဝါယမစနစ်နှင့် စပါးများ ရောင်းချသည်ကို မကြိုက်၊ သူတို့ ကြိုးကိုင်သလို ယာသမားများက မလိုက်နာ ၍ ခေါင်းဆောင် ကိုဘစံကို သူကြီးအဖြစ်မှ ပြုတ်အောင်လုပ်ကြသည်။ မြေရှင် ကုန်သည်တို့၏ ခြေထိုးမှုကြောင့် ကိုလူရှမ်းနှင့် ကိုဘစံ သွေးကွဲကြရသည်။ လယ်သမား၊ ယာသမားတွေမှာလည်း အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင်လောက်အောင် ဖြစ်လာသည်။ ရွာမှာလည်း အရင်းရှင်း မြေရှင် ဘက်တော်သားများ၏ လူများက လယ်ယာထွက်ကုန်ပစ္စည်းများကို လက်ဝါးကြီး အုပ်လိုသည်။ လယ်သမားတို့၏ သမဝါယမစနစ်နှင့် ပေါင်းရောင်းချမှုကို ပျက်စီးအောင် လုပ်ကြသည်။ တစ်ချို့ကလည်း မင်းလောင်းကျော်၍ ဘိုးတော်ဘုရားခေတ်ကို တောင့်တနေကြသည်။ တစ်ချို့ကလည်း အင်း ညာဂိုဏ်း အစရှိသည်၏ လိမ်ညာမှုအောက်တွင် မှိုင်းမိနေကြသည်။ ရွာ၏ ကျန်းမာရေးကအစ ခေတ်မီတိုးတက်သော နည်းနာများကို လက်မခံ မိရိုးဖလာ သဘာဝ မကျသောနည်းများဖြင့် ကပ်ရောဂါများကို ကုသ၍ ရွာသားများသေကြသည်။

ထိုရွာနှစ်ရွာ၏ ပဋိပက္ခတွင် ကိုဘစံကို ပြုတ်အောင်လုပ်သူတို့ ပယောဂကြောင့် ကိုဘစံချစ်သူ မသီတာ လူးလိမ့်ပျောပါရင်း အသက်ဆုံးရှုံး သွားသည်။ မသီတာ၏ပြာများကို ရေကန်တွင် ကြဲချကြသည်။ ထိုရေကန် အလယ်မှာ ပြာများ စုရုံး၍ ကြာပန်းအဖြစ် ပွင့်၍လာသည်ဟု ကျွန်မ ရေးခဲ့ ပါသည် ကြာပန်းသည် ရခဲလှစွာသော ငြိမ်းချမ်းရေးပန်း ဖြစ်သည်။ ထိုကြာပန်းလေး ပွင့်ချိန်မှစ၍ ရွာနှစ်ရွာ၏ ပဋိပက္ခများ ငြိမ်းချမ်းပြေလည် သွားကြသည်။

ကြာပန်း၏ မွှေးပျံ့သောရနံ့

ကျွန်မအဖို့ လယ်ကွင်းပြင်များကို အတွေ့အကြုံ ရှိသော်လည်း ယာခင်းနှင့်တော့ အလှမ်းဝေးပါသည်။ ထိုစဉ်က ယာခင်းများအနီးဖြတ်ကျော် သွားစဉ် တစ်ခဏသာ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ အပင်တို့ကို မြင်ဖူးပါသည်။ တကယ် သူတို့ကို ဘယ်လိုထွန်ယက်၍ ဘယ်အချိန် စိုက်ပျိုးသည် ဘယ်အချိန် ရိတ်သိမ်းသည် နှမ်းပွင့်များ၏ သဏ္ဌာန်၊ ကုလားပဲပွင့်များပုံစံကို ကျွန်မ မသိပါ။ ထိုအချက်အလက်များကို သေချာအောင် စာပေဗိမာန်မှ ထုတ်ဝေသော စိုက်ပျိုးရေးစာအုပ်များကို ဖတ်ရှုလေ့လာရပါသည်။

နှမ်းခင်းများတွင် မဲရိုးချောင်ရောဂါဖြစ်ခြင်း၊ ပွင့်စိမ်းကပ်”ဖြစ်၍ အပွင့်ကောင်းကောင်း နှင်းမပွင့်ဘဲ နှမ်းထွက်နည်းခြင်း၊ ကုလားပဲပင်များတွင် မှိုရောဂါ ကျရောက်ခြင်း၊ ဝါများကို နှင်းထိတုန်း ပျော့နေချိန်တွင် ခူးဆွတ်၍ ဝါအကောင်းနှင့် ကြွယ်လူးခွဲခြင်းသည်များကို ကျွန်မ ကိုယ်တွေ့ သိရှိခြင်း မဟုတ်ပါ။ စာပေဗိမာန် စာအုပ်ကိုဖတ်၍ ဝတ္ထုထဲတွင် သင့်သလို ထည့်သွင်း ဖော်ပြခြင်း ဖြစ်ပါသည်။

အမှန်တော့ မသီတာနှင့် ကိုဘစံတို့နှစ်ယောက်အပေါ် ဝတ္ထုကို တည်ဆောက်ခဲ့ပါသော်လည်း ကြည့်မြင်တိုင်နှင့် ဥယျာဉ်ရွာနှစ်ရွာကို နောက်ခံ ပြုခဲ့ပါသည်းအချိန်ကာလမှ ထိုစဉ်က မြန်မာပြည်ကြီး အခြေအနေကို ကျွန်မ ဝတ္ထုထဲတွင် ပုံတူ ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံရေး နောက်ခံပြုသော ဝတ္ထုတစ်ပုဒ်ဟု ဆိုကောင်းဆိုနိုင်ပါသည်။

ကျွန်မဝတ္ထုထဲတွင် ဇာတ်ကောင်တွေရော၊ ရွာသူရွာသားတွေပါပူလောင်ရပါသည်။ ရွာ၏ခေါင်းဆောင်များ ညီညွတ်စဉ်ကတော့ သူတို့ရွာလေးသည် အေးမြချမ်းငြိမ်း၍ ဘာပြဿနာဖြစ်ဖြစ် စုပေါင်းဖြေရှင်းကြသည်။ နောက်ပိုင်းတွင် ကိုလူရှမ်း၏ အကြမ်းဖက်ဝါဒကြောင့် ရွာသားချင်း ပဋိပက္ခ ပြစ်ရာမှ ကိုဘစံကို သတ်ဖို့ ကြိုးစားသည်။ မသီတာသည် ချစ်သူအသက်ကို ဘယ်နိုင်ရန် သတင်းပို့ဖို့ အသွားတွင် ကိုလူရှမ်း၏အသတ်ကို ခံလိုက်ရသည် တစ်ဘဝလုံး မအေးချမ်းနိုင်သော မသီတာ၏ပြာများကို ရေလျဉ်တွင် ကျွန်မက မြှပ်နှံလိုက်ပါသည် ။

ကျွန်မ၏ မျက်လုံးထဲတွင်တော့ မြသားရောင် ရေလျဉ်၏ အေးချမ်း ခြင်း၊ ကြာပန်း၏ မွှေးပျံ့သောရနံ့တို့ ထုံမွှမ်းသောအချိန်အခါကို မျှော်လင့် တမ်းတစွာနှင့် ဆောင်းတွင်းပန်းကို ခြယ်မှုန်းခဲ့ပါသည်။

လျှော့လိုက် လျှော့လိုက် မသီတာ

မသီတာနှင့် မစပယ်တို့ ညီအစ်မ မွေးဖွားလာသော ဥယျာဉ်ရွာရှိ အိမ်ကြီးနှင့် ဝတ္ထုကို စခဲ့ပါသည်။ ကျွန်မ၏ မသီတာသည် ကြီးမားသော မိသားစုတွင် မွေးဖွားလာခဲ့ပါသော်လည်း အလုပ်မလုပ်သော အိမ်သားများသာ များ၊၍ သူတို့ညီအစ်မနှစ်ယောက်တည်း လယ်ယာများကို ကြီးကြပ် အုပ်ချုပ်ရ သည့်အဖြစ်ကို ရောက်ရသည်။ မသီတာသည် အလုပ်လုပ်သော မိန်းကလေး ဖြစ်သည့်အလျောက် စိတ်ဓာတ်က ပြင်းထန်လွန်း၍ ဝတ္ထုအစတွင် “လျှော့လိုက် လျှော့လိုက် မသီတာ'ဟု ဘွားအေကြီးက မသီတာကို ခဏခဏ သတိပေးသံ နှင့် ကျွန်မ ဝတ္ထုကို ဖွင့်ခဲ့ပါသည်။

 ယခုတော့လည်း ကျွန်မသည် တစ်ခုခုလုပ်လျှင် စိတ်ဓာတ်ပြင်းထန်စွာ | လုပ်တတ်သည်။ မရမနေ၊ မနေနိုင် မထိုင်နိုင် လုပ်တတ်သည့်အတိုင်း သူယ်ချင်းများက ကျွန်မကို “လျှော့လိုက် လျှော့လိုက် မသီတာ” ဟု ပြောကြ ပါသည်။ ထိုအခါမှ ကျွန်မလည်း ဆင်ခြင်မိလာပါသည်။ကျွန်မဝတ္ထုက ကျွန်မကို ပြန်၍ ဆုံးမခြင်းပင်။

ကျွန်မ၏ဝတ္ထုရှည်များကို လေ့လာသူတစ်ဦးဖြစ်သော မတင်ထွန်း - အာဘော်ကမူ

‘လူတို့၏ သဘာဝကို တူအောင် တု၍ ဖော်ပြနိုင်သော စွမ်းရည် ကြောင့် သူ၏ဇာတ်ဆောင်များကို သက်ရှိ လူတစ်ယောက်သဖွယ် ထင်မှတ်ကြမြဲဖြစ်သည်။ ခင်နှင်းယု၏ စာဖတ်ပရိသတ်တိုင်းက

'လျှော့လိုက် လျှော့လိုက် မသီတာ'

ဟူသော စကားကို မှတ်မိကြစမြဲဖြစ်သည်။ စိတ်ဓာတ် အလွန် ပြင်းထန်၍ မဖြစ်နိုင်တော့သည့်အခါတိုင်း တစ်ဦးနှင့်တစ်ဦး ယင်းစကားဖြင့် ဖျောင်းဖျကြမြဲဖြစ်သည်။ ယင်းစကားလုံးလေးနှင့်အတူ ဇာတ်ဆောင် မသီတာကို သတိရမြဲဖြစ်သည်။ မသီတာ၏ သွက်လက်ချက်ချာမှု အစိုးရိမ်ကြီးမှု ခွင့်လွှတ် သည်းခံမှု တာဝန်ယူ စွမ်းဆောင်နိုင်မှု ဟူသော စွမ်းရည်ကို လေးစားရသည်။ မသီတာနှင့်အတူ တစ်ရွာလုံး ကောင်းစားရေးအတွက် နှလုံးသားကို စတေး လိုက်သော ကိုဘစံကဲ့သို့ ရွာခေါင်းဆောင်တစ်ဦး၏ လုပ်ရပ်ကို မှတ်မိကြဦးမည် ဖြစ်သည်”

ဟု မတင်ထွန်းမေက မှတ်ချက်ချသည်။

ငွေနှင်းလွှာ ဆောင်းနတ်မယ်

ဘယ်သို့ပင်ဆိုစေ ကျွန်မ၏ ‘လျှော့လိုက် လျှော့လိုက် မသီတာ" သည် လူထုလက်သို့ ရောက်နေပြီ။ ဇာတ်အိမ်ဖွဲ့ပုံ သဘာဝယုတ္တိကျ၊ မကျ ဇာတ်ဆောင်များကို နိုင်၊ မနိုင်ကမူ ဝေဖန်ရေးသမားတို့၏ မှတ်ကျောက်နှင့် တင်ကြည့်မှ သိနိုင်ပေတော့မည်။

 ဝတ္ထုနိဂုံးတွင်မူ -

“ခုတော့ မသီတာ၏ ပြာလေးများသည် ကြာပန်းအသွင် ညဉ့်၏ လရောင်ဖြင့် ငြိမ်းချမ်းစွာ ပွင့်၍လာခဲ့သည်း၊ ကြာပွင့်ကား အပေါစား မဟုတ်။ ဆောင်းနှောင်းတွင် ရှားရှားပါးပါး ပွင့်လာသော “ဆောင်းတွင်းပန်း' သာတည်း။

သို့သော် ချမ်းမြေ့ခြင်း၊ အေးမြကြည်လင်ခြင်း တည်းဟူသော သွင်ပြင်ကို ဆောင်သည့် ဤကြာပန်း၏သဘောကို နားမလည်သူအဖို့ “ဆောင်းတွင်းပန်း ကားတန်ဖိုးမရှိချေတကား ဟု ရေးခဲ့ပါသည်။ ။

ရှေ့လဆိုလျှင် ဆောင်းနတ်မယ်သည် ငွေနှင်းလွှာကို ခြုံ၍ လူ့ လောကသို့ အလည်အပတ် ရောက်လာပေတော့မည်း နတ်မိမယ်၏ လက်မှ ငွေနှင်တံကို ဝှေ့ယမ်းလိုက်တိုင်း အိပ်ပျော်နေသော ဆောင်းတွင်းပန်းတို့ နိုးထ လာကြပါစေသတည်း။

(လုံမလေးမဂ္ဂဇင်း ဒီဇင်ဘာ ၁၉၈၆)

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)