စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 6

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - မင်းမသိတာတွေရှိသေးတယ်ဝထ္ထုတိုများ

ခင်နှင်းယု - မင်းမသိတာတွေရှိသေးတယ်ဝထ္ထုတိုများ

ပုံမှန်ဈေး 2,970 Ks
ပုံမှန်ဈေး 3,300 Ks ရောင်းဈေး 2,970 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

ဘယ်လိုဆုတောင်း ကြောင်းကံရယ်

ငါ့ဘဝ

          သာစွချမ်းမြေ့၊ ညင်းလေတွေ့သော်

          ထွေထွေကြည်မော၊ တီးတိုးပြောဟန်

          အတွေးလျှံခဲ့။

ငါ့ဘဝမူ

          ငွေစင်ယိုဖိတ်၊ လမင်းရိပ်ဝယ်၊ တွေးစိတ်နစ်မြော၊ တောမသတ်နိုင်၊ ဆုံးမတိုင်ခဲ့။

ငါ့ဘဝမူ

          တောစသောင်ကမ်း၊ ရေယက်ဝှမ်းနှင့်၊ ပန်းကိုတွေ့ တွေ့၊ လူကိုတွေ့ လည်း၊ မျိုးလေ့ဘာသာ၊ ဝဲယာသင်းပင်း၊ ချစ်ရင်းစိတ်သွင်၊ ရင်တွင်ရှိမျှ၊ ပွင့်လင်းစွတည့်၊ နောက်မှချုပ်ခြေ၊ ရန်သူလေလော၊ ချစ်သူလောဟု၊ စောကြောမလို၊ မျက်သိုမရှိ၊ ကျယ်ဝန်းဘိ၏။

သူ့ဘဝမူ

          ညင်းသက်လေသွေး၊ ပန်းဖွေးဖွေးနှင့်၊ တောရေးတောင် ရိပ်၊ သောင်ကမ်းထိပ်ဝယ်၊ ဖိတ်ဖိတ်ရွှန်းမြ၊ ငွေမင်းလကို၊ မြင်ရသော်တည့်၊ စိတ်ပြည့်စွမ်းအား၊ ခံစားစရာ၊ ခွင့်မသာခဲ့။

သူ့ ဘဝမူ

          လှပသောည၊ ချမ်းမြသောနေ့၊ ဆွေးမြေ့သောခါ၊ ကြည်သာသည့်ခိုက်၊ မလိုက်ပါချေ၊ လေပင်ထန်ထန်၊ မိုးလျှံမစဲ၊ နေမင်းကျဲလည်း၊ မြဲသည် သတိ၊ စက္ကန့်ရှိမျှ၊ ရန်စရန်ငူ၊ မကြူးမီခင်၊ အသင့်ပြင်ရ၊ တဒင်္ဂလည်း၊ တသစရာ၊ မလစ်ပါခဲ့။

          ဪ... သူနှင့်ငါမူ၊ သံသာတစ်ကွေ့၊ ကြုံပေ့ကြုံတောင်း၊ ရှေးဆု နှောင်းသည်၊ မကောင်းသည်သို့ ၊ ကောင်းသည်သို့။ ။

(စစ်သူသခင်သို့)

မတ်၊ ၁၉၆၉။

သခင်နယ်မြေ
“လောကီမှာ လောကီအလိုက်ပေပေါ့
အထိုက်ကြင်ဖော်နဲ့
ပျော်ပျော်နေ ရွှင်ပျစမ်းပါတဲ့
ငယ်ကျွမ်းသူ ဆိုလေတော့
သူ့နယ်မြေ တစ်ထောက်စခန်းကိုဖြင့်
လှမ်းခဲ့ရ အမိငယ်။
မမ မောင်မောင် ဖျဖျခေါင်ခေါင်
သံယောင်တွေက
မော့သူကို ချော့မြူများသည်သို့
ဝင်စားကာ သည်းခြေကြိုက်လျှင်ဖြင့်
အငိုက်ဖြင့် မိလောက်တယ်။
ပပရှိန်းရှိန်း စစသိမ်းမှာလည်း
မျက်စိဖြင့် ကျိန်းလောက်ဖွယ်
သူတို့နယ်ကတော သာတင့်မဆုံး။
အကယ်၍သာပ
ကျွန်မေ့ကာ အပျော်ကြူးပါလို့
မူးလိုက်မယ် အတွေ့သွမ်းရယ်နဲ့
နတ်ဝင်သည် အကရမ်းသည်သို့
“ခြေလွတ်လျှင် သခင်ဖမ်းမည်လား”
အဆန်းကျွန်ဆိုလေမှ
မဖြေသာ သည်တစ်ခွန်းကိုကွယ်
ညွှန်းလို့သူပြုံး။
ဖေဖော်ဝါရီ၊ ၁၉၆၈။
အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။