Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - ဘဝလမ်းအပန်းဖြေရာ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

[]

             ပြီးခဲ့သောလ မဂ္ဂဇင်းများထဲတွင် ရုပ်ရှင်မင်းသမီးကြီး အယ်လီဇဘက်တေလာအကြောင်း အတော်များများ ပါခဲ့သည်။ သူသည် ယခု အသက် ၆၀ တွင် ခုနစ်ကြိမ်မြောက် လက်ထပ်ပြီးစီးခဲ့ပြီ။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာနှင့်တော့ အတော်အံ့သြဖွယ် ဖြစ်ခဲ့ သည်။ ဟောလိဝုဒ်လောကမှာတော့ လက်ထပ်ခြင်း၊ ကွာရှင်းပြတ်စဲခြင်းများသည် အံ့သြဖွယ် မဟုတ်တော့။

             ကျွန်မ နိုင်ငံခြားမှာ ခေတ္တနေထိုင်စဉ် အင်္ဂလန် မှာရော ဟောင်ကောင်မှာပါ ကျွန်မအဖော်မှာ တီဗွီ ဖြစ်သည်။ အင်္ဂလန်မှာတော့ ရာသီဥတု အေးလွန်း၍ အပြင်မထွက်လိုခြင်းဖြစ်ကာ ဟောင်ကောင်မှာတော့ အဖော်မရှိ၍ ဖြစ်ပါသည်။ သမီး အားလပ်ချိန်မှ သမီးကိုယ်တိုင် ကားမောင်းပို့၍ သွားချင်ရာ သွားရောက် လည်ပတ်နိုင်ပါသည်။ ။

             နံနက်တိုင်း လမ်းလျှောက်ထွက်ဖြစ်၍ သူတို့ ဘဝတွေကို အနီးကပ် လေ့လာခွင့် အနည်းအကျဉ်း ရပါသည်။ သူတို့ တိုင်းပြည်များ၏ ဓလေ့ဘဝ အစိတ် အပိုင်းတွေကို တီဗွီမှတစ်ဆင့် ကျွန်မကြည့်သည် ဆိုလျှင် မှန်မည်။

             စီးရီးလိုက် အစီအစဉ် ဇာတ်လမ်းများ၊ တစ်ခွေ ပြတ် ဇာတ်လမ်းများ အမျိုးမျိုးပင် ဖြစ်သည်။ ရန်ကုန် မှာ ပြသော ဒိုင်နက်စတီ (Dynasty)လို ခန်းဆက် woodwd:qp:cope: Gulbul. Noble House! Colby ဇာတ်လမ်းတွဲများဆိုလျှင် ဟောင်ကောင်မှာ လူကြိုက်များလှသည်။ မှတ်မှတ်ရရ ကျွန်မ သတိထား Samcos? 'The Poor Little Rich Girl' ဆိုသော ဇာတ်လမ်း ဖြစ်သည်။ Bette Hutton ဆိုသော အမျိုးသမီးတစ်ယောက်အကြောင်း ဖြစ် သည်။ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားခြင်း ဖြစ်သည်။ ဖာရာဖာဆက်က ဘက်တီဟတ်တန် သန်းကြွယ်သူဌေးကြီး သမီးနေရာမှာ သရုပ်ဆောင် ထားသည်။ အသက် ၅၇ နှစ်မှာ ယောက်ျား ခုနစ် ယောက် ယူခဲ့ပြီး အသက် ၆၀ မှာ သေဆုံးသွားသည်။            

             ဇာတ်လမ်းအနေနှင့်ကတော့ အနောက်တိုင်း သဘာဝ ပေပဲ။ မြန်မာစကားအနေနှင့်ဆိုလျှင် လင်ကို ထည်လဲ ယူသွားလိုက်သည်မှာ ဘက်တီဟတ်တန်သည် အယ်လီဇဘက်တေလာထက် တစ်ခေတ်ဦးသည်ဟု ဆိုရမည်။

          ကျွန်မအနေနှင့် ဇာတ်လမ်း အမျိုးမျိုးများကို ကြည့်ပါများသောအခါ လိုချင်တာကို ရအောင် တရား သည့် နည်းနှင့်ရော၊ မတရားသည့် နည်းနှင့်ရော လုပ်ကြသည်။ အချစ်ကြောင့် မဟုတ်လျှင် စီးပွားရေးကြောင့်၊ သို့မဟုတ် အာဏာတန်ခိုးကြောင့် လူလူချင်း ပင် သတ်လိုက်ကြသည့် ဖြစ်ခြင်း။ သတ်နည်းတွေကတော့ စုံသည်။ အချစ်ဘွဲ့ ရိုးရိုးဇာတ်လမ်းများလည်း လာတတ်ပါသည်။ အက၊ အဆိုနှင့် ဖျော်ဖြေရေးကို အခြေခံသော ဇာတ်လမ်းများ လာသောအခါ ပျော်စရာကောင်းပါသည်။ မျက်မမြင်၊ နားမကြားသူ တွေ အကြောင်း ဇာတ်လမ်းလည်း လာတတ်သည်။ ချမ်း သာခြင်း၊ ကျော်ကြားခြင်း အရှိန်တွေကို မခံမရပ်နိုင်ဘဲ ဆေးစွဲသေသူတွေ ဇာတ်လမ်းလည်း ပါပါသည်။ အတော်စုံလင်သည်ဟု ဆိုရပါမည်။

          တချို့လည်း ဘဝမှာ အထီးကျန်ခြင်းကို မခံမရပ်နိုင် ဖြစ်ကြရသည်။ ဆင်းရဲလွန်း၍ ပတ်ဝန်းကျင်နှင့် တစ်စတစ်စ ကင်းပြတ်ကာ အထီးကျန်ခြင်း၊ ချမ်းသာကျော်ကြားလွန်း၍ လူထုကို ရှောင်ရင်း အထီး ကျန်ခြင်း အဖြစ်များကို တွေ့ရသည်။ သူတို့သည် အထီးကျန် ဝေဒနာကိုလည်း ဆေးသုံး၍ ကုစားခြင်း၊ ကိုယ့်ကိုယ်ကိုယ် သတ်သေ၍ ရှောင်လွှဲကြသည်ကို တွေ့ရသည်။

          ဆောင်းပါးအစတွင် ဖော်ပြခဲ့သော အယ်လီ ဇဘက်တေလာ မင်းသမီးကြီးပင် အထီးကျန်ဝေဒနာ ကို မခံနိုင်၍ တစ်ယောက်တည်း မနေနိုင်ဘဲ ထပ်ကာ ထပ်ကာ လက်ထပ်သည်။ လက်ထပ်တော့ရော သူ့ နှလုံးသား၏ တောင့်တချက်၊ ခန္ဓာကိုယ်၏ တောင့်တ ချက်တို့ ပြည့်ပါသလား။ မပြည့်၍ပင် ဆေးသုံးရပြန် သည်။ ဆေးစွဲ၍ ဆေးဖြတ်ရန် ဆေးရုံတက်ရာမှ ယခု နောက်ဆုံး လက်ထပ်သော ခုနစ်ကြိမ်မြောက် ခင်ပွန်း ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ကျော်ကြားသော အဆိုကျော်ကြီး အယ်လ်ဗစ်ပရက်စလေ၊ ရုပ်ရှင် မင်းသမီး မာရီလင်မွန်ရိုးတို့ကို ကြည့်လျှင်လည်း ပရက်စလေသည် ဆေးသုံး၍ သူ့ဘဝပြဿနာကို ဖြေရှင်းကာ မွန်ရိုးက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဖြင့် လွတ်မြောက်ရာကို ရှာလိုက်သည်။ နိမ့်ခြင်း၊ မြင့်ခြင်း၊ ဖြစ်ချင်တာ မဖြစ်ခြင်း၊ ဘဝ၏ ရိုက်ခတ်မှုဘဝလမ်း အပန်းဖြေရာ ဒဏ်သည် မည်မျှ ပြင်းထန်ပါသနည်း။ သူတို့ဘဝတွေ ကို အဆုံးသတ်စေချင်လောက်အောင် ဖြစ်ခဲ့ရသည်။

          ရုပ်ရှင်ထဲမှာ သန်းကြွယ်၊ ကုဋေကြွယ် သူဌေး ကြီးတွေ ရတနာပုံပေါ်ထိုင်ကာ စိတ်ဆင်းရဲမှုကို အလူး အလိမ့် ခံစားနေကြရသည်။ လိုချင်တာရသော ဆင်းရဲ တွေဖြစ်တော့သည်။ လိုချင်တာရလေ ထပ်မံ၍ လိုချင်ပြန်လေ။ လိုချင်ခြင်းတောမှာ မျက်စိလည်ကာ ထွက်ပေါက် မရ၊ မရှူနိုင် မကယ်နိုင် ဖြစ်နေကြသည်။ လိုချင်သောဆန္ဒ ပြင်းပြလာလျှင် ရအောင်လုပ်သည်။ ရအောင်လုပ်ရာ၌ တရားနည်းလမ်းကျနမှု စသည့် ဆင်ခြင်မှုတရားကို ထည့်မတွက်။ တစ်ခါတစ်ရံ မနှစ် မြို့ဖွယ်အာရုံနှင့် တွေ့လျှင် ဒေါသအမျက်ထွက်ကာ လူသတ်၍ပင် မိမိ၏ လိုချင်သော ဆန္ဒကို ဖြည့်ကြ သည်။

          သူတို့ကို ကြည့်ရင်း ဘဝမှာ ပစ္စည်းဥစ္စာ ကုံလုံ ကြွယ်ဝလျှင် ဒုက္ခဆင်းရဲ မရှိဟူ၍ တွက်ဆ၍ မရနိုင် တော့ပေ။

          လူ့ဘောင်တွင် ရုပ်ဝတ္ထုပစ္စည်းများ လူသားတို့ အတွက် ပြည့်စုံကာ ခေါင်းပုံဖြတ်သော လူတန်းစား မရှိလျှင် လူ့ဘောင်သည်လောကနိဗ္ဗာန် ဖြစ်လာမည် ဆိုသော ပညာရှင်တို့၏ အဆိုအမိန့်ကို ဤအဖြစ်အပျက်များက ချေဖျက်လျက် ရှိပေသည်။

          လူသားဆိုသူ၏ ဆန္ဒလိုချင်ခြင်းကို မည်သည့် ရုပ်ဝတ္ထုပစ္စည်းကမျှ ပြီးပြည့်စုံအောင် ဖန်တီးပေးနိုင် သည် မဟုတ်ပေ။ တစ်နည်း ပြည့်စုံလာသော ပစ္စည်း များအပေါ် ဤလူသား၏ ဆန္ဒသည်လည်း ရောင့်ရဲ ခြင်း မရှိခဲ့ကြပါ။

          ဤနည်းဖြင့် လူသည် ရမ္မက်ဆန္ဒ၏ သား ကောင် ဖြစ်လာသည်။

          တစ်ဖန် ကျွန်မသည် ကျွန်မ ဖတ်ဖူးသမျှသော အနောက်တိုင်းမှ ဝတ္ထုများကို ပြန်လည်ဆင်ခြင်မိ၏။

          ရှိတ်စပီးယား၏ ရိုမီယိုနှင့် ဂျူလီယက် ဇာတ် လမ်းစကို ကျွန်မတို့ ငယ်ငယ်က အစွဲကြီး စွဲခဲ့သည်။ ချစ်သောသူနှင့် ကွေကွင်းရခြင်းဆင်းရဲကို မခံမရပ်နိုင်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေကြ၏။ ငယ်ရွယ်သူ ကျွန်မ တို့နှလုံးသားတွင် သူတို့ကို အချစ်သူရဲကောင်းများ အဖြစ် ထင်မြင်ကာ မေ့မရအောင် စွဲလမ်းမိသည်။

          ဗင်းနစ်မြို့မှ ကုန်သည်ဇာတ်လမ်းတွင်မူ ရှိုင်း လော့၏ အတောမသတ်သော (လောဘ) လိုချင်ခြင်း ကို ရှိတ်စပီးယားက ခြယ်မှုန်းသွား၏။

          တော်စတွိုင်း၏ ဝတ္ထုများတွင်လည်း လိုချင် ခြင်း၏ ဒုက္ခ၊ ရောင့်ရဲခြင်း၏ သုခနှင့် မေတ္တာရိပ်၏ ချမ်းမြေ့ခြင်းနှင့် မမြဲသောတရားတို့ကို မြဲ၏ဟု ထင်မြင် မှားမှုများကို တွေ့မြင်ခဲ့ရသည်။

          ဒက်ဖနိဒျူမာရေး၏ ‘ရေဘက်ကာ”ဝတ္ထုတွင် မူ မချစ်မနှစ်သက်သောသူနှင့် ပေါင်းဖော်ရခြင်း ဆင်းရဲ ကို မခံမရပ်နိုင်သူ တစ်ယောက် မယားကြီးကို သေကြောင်းကြံသော ဇာတ်လမ်းကို တွေ့ရ၏။

          အမေရိကန်စာရေးဆရာကြီး ဂျက်လန်ဒန်ရေး သော ဝတ္ထု Love of Life ဇာတ်လမ်းတွင် လူသည် ဘဝကို ဘယ်လောက် တွယ်တာမက်မောသည်ကို အသေးစိတ် သဘာဝကျကျ ခြယ်မှုန်းထားသည်မှာပြောင်မြောက်လှ၏။ အစာရေစာငတ်ပြတ်၍ ပင်ပန်း ဆင်းရဲကာ ဒုက္ခတွေကို ပြင်းထန်စွာ ခံစားနေရသူသည် သေသွားလျှင် သူတွေ့နေသော ဒုက္ခတွေက လွတ် မြောက်သွားမည်ကို သိပါလျက်နှင့် သူ့ဘဝ ဆက် လက်ရှင်သန်မှုအတွက် သူ လှုပ်ရှား တိုက်ခိုက် ရုန်း ကန်နေပုံကို အနုစိတ်ထားသည်မှာ ကြောက်ခမန်း လိလိပင် ဖြစ်တော့သည်။

          အစာငတ်လွန်း၍ ဝံပုလွေအို၏ လည်ချောင်း သွေးကို ကိုက်ဖြတ်၍ လည်ချောင်းသွေးကို သောက် လိုက်သည့် အခန်းတွင် ကျွန်မတုန်လှုပ်သွားမိ၏။ ဗုဒ္ဓဘာသာလိုတော့ ဘဝတဏှာဟုဆိုရမည်။ သတ္တဝါတိုင်း ဘဝကို တာတွယ်ကြသည်။

           အက်ဂါအာလန်ပိုး၏ The Mask of the Death Redဝတ္ထုထဲတွင် သေခြင်းတရား၏ မြဲခြင်းကို ဖော်ပြ၏။ မသေလို၍ လွတ်မြောက်ရာကို ထွက်ပြေး ကာ သေခြင်းမှ ပုန်းရှောင်သူများ သေမင်း၏ လက် တွင်းသို့ ကျရောက်ကာ သေမင်းက ထာဝရ စိုးမိုးမင်းမူ နေသည်ကို ဖော်ပြခဲ့၏။

          ငါးရာ့ငါးဆယ် ဝတ္ထုများမှအစ မြန်မာဝတ္ထု များကို ဖတ်မိသလောက် လက်လှမ်းမီသလောက် ကျွန်မ ဖတ်ရှု၍ စဉ်းစားကြည့်မိ၏။ သူတို့ရေးသား ကြသော ဇာတ်လမ်း၊ ရုပ်ရှင်ရိုက်ကြသော ဇာတ်လမ်း များသည် လူ့ဘဝအကြောင်းကို ရှုထောင့်အမျိုးမျိုးမှ ဖော်ထုတ်ကြခြင်းဖြစ်သည့် ဘဝထဲတွင် (ဆင်းရဲ) အစက်အပြောက်က ပါမြဲဖြစ်သည်။ အကြီး၊ အသေးပဲ ကွာကြသည်။ ဆင်းရဲသူတွေလည်း ဆင်းရဲကာ ချမ်း သာသူတွေလည်း ဆင်းရဲနေကြသည်။