Skip to product information
1 of 2

Other Websites

ခင်နှင်းယု - ဗညားရှိန်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

မုန်တိုင်းထန်သော ညမှာ လမင်းကို မမြင်ရပါ။

ချစ်သူတို့၏ ညများတွင် သာတတ်သော လမင်းသည် နောက်အိမ်တော် ဆောင်ရိပ်မှာ အိပ်၍များနေလေသလား။ ငှက်သံ များက တိတ်ဆိတ်၍ ပန်းပွင့်လေးများလည်း ဝတ်လွှာကိုပိတ်ကာ ခိုက်ခိုက်တုန်နေကြသည်။

မုတ်သုံလေဝှေ့လိုက်တိုင်း မိုးသီးမိုးပေါက်များ သွန်ချသံ၊ သစ်ကိုင်းသစ်ရွက်များ တိုးဝှေ့လွင့်စဉ် ကျိုးကျသံများနှင့်အတူ ကလောညသည် အုန်းအုန်းသံ၍နေသည်။

မုန်တိုင်းသည် တစ်နာရီ ဘယ်နှမိုင်နှုန်းနှင့် တိုက်ခတ်နေ သည် မသိပေမယ့် တစ်ချိန်ချိန်မှာတော့ စဲသွားပေမည်။ မလေးနု ရင်ထဲမှာလည်း မုန်တိုင်းတစ်ခု တိုက်ခတ်နေသည်။ တိုက်ခတ်နှုန်း ကိုလည်း မသိ။ ဘယ်သောအခါ စဲမည်ဟုလည်း မပြောနိုင်ပါ။

မုန်တိုင်းထန်သောညကို မှန်ပြတင်းအထဲမှ မလေးနု.မြင် နေရသည်။ သည်းထန်သော မိုးစက်များ သူ့ကို တစ်စက်မျှ မစဉ်ပါ။ - လုံခြုံသော အိမ်ခန်းအတွင်းမှာ မီးလင်းဖိုဘေးတွင် အနွေး ဓာတ်ကို ခိုလှုံ၍ မုန်တိုင်းညကို ရင်ဆိုင်ကြည့်နေနိုင်သည်မှာ သူ့ ကြောင့်ဆိုသည်ကိုတော့ မလေးနု အလေးအနက် သတိပြုမိပါသည်။

မီးလင်းဖိုက မီးညွန့်က တလွန့်လွန့် လှုပ်ရှားနေသည်။တစ်ချိန်သော မိုးဦးညက မီးရောင်ဟပ်နေသော သူ့မျက်နှာကို မလေး နု ငေးမောကြည့်နေမိသည်။

ယခုလို မလေးနုတစ်ယောက်တည်း အေးချမ်းစွာ ထိုင်နေ နိုင်အောင် လုံခြုံမှု အာမခံချက်ပေးသော သူ့ကို မလေးနု ဘယ်တော့ မှ မေ့မရပါ။

'မလေး၏ ဘဝအာမခံချက်ကို တစ်သက်လုံး တာဝန်ယူပါ ဤစကားသံများသည် မလေးနုရင်မှာ လှိုင်းခတ်နေဆဲ။

`ဒေါက်တာမလေးနု

၂၁၊ အင်းလျားလမ်း ရန်ကုန်၊

သူ့အမည်နှင့် လိပ်စာတပ်ထားသော စာအိတ်နှစ်အိတ်ကို ဒေါ်လေး သန်းက သူ့ကိုလာပေးသည်။ သူ ကလောကို ခွင့်နှင့်သွားနေစဉ် ဤစာများ ရောက်နေဟန်ရှိသည်။ ပထမစာအိတ်တစ်အိတ်ကို သူ ယူကြည့်လိုက်သည်။ စာအိတ်ထောင့်မှာ သက်မာ ́ဟု ရေးထိုးထား ၍ တင်သက်မာထံမှစာမှန်း သိရသည်။ တင်သက်မာက သူ့ထံ စာများ ရေးနေကျ။ ဒုတိယစာအိတ်မှာတော့ လိပ်စာမှတစ်ပါး ဘာမှရေး မထား၍ ဘယ်သူ့ဆီကမှန်း သူမသိပါ။

' ခရီးပန်းလာ၍ အိပ်ချင်ပေမယ့် တင်သက်မာထံမှ စာအိတ် ကို ဖောက်ဖတ်လိုက်သည်။ .

မလေး

သက်မာ ရန်ကုန်ပြောင်းရပြီး ရန်ကုန်ဆေးရုံကြီးကိုပဲ။ ရန်ကုန်ရောက်တော့ တိုင်ပင်စရာ အရေးကြီးလို့ မင်းဆီဖုန်းဆက်တော့ ကလောသွားနေတယ်လို့ ဒေါ်လေးက ပြောတယ်။ မလေးကို သက်မာ လာတွေ့ပါရစေ။ ဖုန်းနံပါတ် ပေးထားခဲ့တယ်။ ပြန်ဆောက်ပါ။ ညပိုင်း ဆက်ရင် ပိုပြီးအဆင်ပြေတယ်။

ကျန်းမာပါစေ

သက်မာ

          သက်မာတင်သက်မာတစ်ယောက် ဘာအရေးကြီးသည်မသိ။ - တစ်ယောက်နှင့်တစ်ယောက် မတွေ့ခဲ့ရတာ ကြာပြီ။ သူ့ခင်ပွန်း ဒေါက်တာသန်းဦး မန္တလေးမှာ ဆုံးတော့လည်း မလေးနု မသွားနိုင် ခဲ့။ စာနှင့် တယ်လီဖုန်းနှင့်ပဲ တင်သက်မာ့ကို အားပေးခဲ့ရသည်။ တင်သက်မာသည် ကလေးနှစ်ယောက်နှင့် အသက်သုံးဆယ်ကျော် လေးမှာ မုဆိုးမဖြစ် ကျန်ရစ်ခဲ့ရသည်။ သူတို့နှစ်ယောက်က ဆေး ကောလိပ်မရောက်ခင် တက္ကသိုလ်မှာကတည်းက တွဲဖက်ဖြစ်သည်။ အထူးကုဆေးလိုင်းရွေးကြတော့ တင်သက်မာက မေ့ဆေးဘက်လိုက် - ၍ မလေးနုက အိုဂျီ ခေါ် သားဖွားမီးယပ် ပါရဂူဘွဲ့ကို ယူခဲ့သည်။

မလေးနု အင်္ဂလန်မှ သားဖွားမီးယပ် ပါရဂူဘွဲ့ယူပြီး အပြန် မှာ တင်သက်မာနှင့် ကိုသန်းဦးတို့ လန်ဒန်မှာ လက်ထပ်ကျန်ရစ် ကြသည်။ ဒေါက်တာသန်းဦး ခွဲစိတ်ပါရဂူဘွဲ့ရပြီးမှ မြန်မာပြည် ပြန်လာကြသည်။

ဘာလိုလိုနှင့် ကိုသန်းဦး ကွယ်လွန်ခဲ့သည်မှာ ငါးနှစ်ထဲသို့ ရောက်ခဲ့ပါပြီကော။ တင်သက်မာနှင့် သူ တွေ့လိုပါသည်။ ငယ် သူငယ်ချင်းနှစ်ယောက် မဆုံစည်းရတာ ကြာခဲ့ပြီ။ ဘဝဆိုတာ ဒီလို ပဲပေါ့လေ။ တင်သက်မာနှင့် ကိုသန်းဦးတို့ဘဝကို လက်တွဲဖြတ်သန်း ” ချိန်တွင် သူ၏ တစ်ကိုယ်တော်တိုက်ပွဲကိုလည်း သူတို့သိမည်မဟုတ်။

ဒုတိယစာအိတ်ကို ဖောက်ဖုတ်လိုက်ပြန်သည်။ သူ အံ့အား သင့်သွားသည်။ ဒီလက်ရေးကို မမှတ်မိပါ၊ စာကိုဖတ်ကြည့်တော့ မှ တရေးရေး သတိရလာသည်။

မလေနု

အင်္ဂလန်က ပြန်လာတာတော့ သိတယ်။ ကိုမျိုးဇင် တိုက်ပွဲ မှာကျတာလည်း သိပေမယ့် ရှိန်း မလာနိုင်ဘူး။ အမေရိက ရောက် နေလို့။ မလေးဆီ ဝမ်းနည်းကြောင်းစာပဲ ပို့နိုင်ခဲ့ကယ်။ ရှိန်း မလေးနုသတင်းကို စုံစမ်းလျက်ပဲ။ ခုမှ ရန်ကုန်မှာ ရှိနေတယ်၊ဦးလေး အဒေါ်တွေနဲ့နေတယ် သိရပြီး လိပ်စာရလို့ ဒီစာရေးလိုက် တယ်။ ဂျိန်း မလေးနဲ့ တွေ့ချင်တယ်။ ဖုန်းနံပါတ် စာထဲထည့်ရေး လိုက်တယ်။ တွေ့နိုင်မယ့်ရက်နဲ့ နေရာကို ချိန်းပါ။ တွေ့မှ အကြောင်း စုံတွေ ပြောကြတာပေါ့။ တက္ကသိုလ်နေ့ရက်တွေနဲ့ ကိုမျိုးဇင်ကို သတိရလျက်ပါ။ . . .

ရွှင်လန်းပါစေ

- ဗညားရှိန်း -

 

          မလေးနုသည် စာဖတ်ပြီး အံ့အားသင့်သွားသည်။ သက်မာ စာကတော့ ဖတ်ပြီး ငယ်သူငယ်ချင်းချင်း တွေ့ရမှာမို့ ပျော်သွား သည်။ ရှိန်း၏စာကိုဖတ်ပြီးတော့ သူ့ရင်ထဲမှာ အံ့သြခြင်း ဝမ်းနည်း ခြင်းတွေ တစ်ပြိုင်နက် ခံစားလိုက်ရသည်။ စာနှစ်စောင်စလုံးကိုသိမ်း ၍ သက်မာကို ပထမပတ် တနင်္ဂနွေချိန်းလိုက်၍ ရှိန်းကို ဒုတိယ တနင်္ဂနွေနေ့ကို ချိန်းလိုက်သည်။ နေရာကတော့ သူ့အိမ်မှာပဲ ချိန်း လိုက်သည်။

 

ဦးလေးထွန်းဝင်းက ပထမအတွင်းဝန်အဖြစ် နိုင်ငံခြား သံရုံးများမှာ လုပ်ရင်းက သံမှူးဖြစ်တော့ အနားယူခဲ့သည်။ သူက ဦးလေး၏နီး ဒေါ်လေးဒေါ်ခင်အေးသန်းဘက်က တော်ရသော တူမ ဖြစ်သည်။ ရန်ကုန် သူပြန်ရောက်တော့ သူတစ်ယောက်တည်းကျန်ချိန် ဒေါ်လေးသန်းတို့နှင့် ခေတ္တအတူနေရပေမယ့် သီးသန့်နေဖို့ သူ အ အစဉ်ရှိသည်။ ဒေါ်လေးသန်းတို့မှာ ယင်းမာဝင်းဆိုသော သမီးလေး ရှိ၍ သူ့မှာ အဖော်ရှိသည် ဆိုရမည်း၊ အိမ်မှာ သူ့ဧည့်သည်များကို တွေ့ဆုံခြင်းအတွက် ဒေါ်လေးသန်းတို့က မကန့်ကွက်ပါ။ လွတ်လပ် စွာ သီးခြားဧည့်ခန်းလေးမှာ တွေ့ဆုံခွင့်ရှိသည်။ . ထို့ကြောင့် ယခုခေတ် ပေါများလာသော ရန်ကုန်မြို့ပြင်မှာ စားသောက်ဆိုင် အငယ်စားလေးများနှင့် ဟိုတယ်များ ရှိပေမယ့် သူ့အိမ်မှာပဲ ချိန်းဆိုလိုက်ခြင်းဖြစ်သည်။

တင်သက်မာကို တွေ့ရပြီ။

တင်သက်မာသည် စိုပြည်လှပနေဆဲ။ သူ့မျက်လုံးများသည် ချစ်သူနှင့် ကွေကွင်းရခြင်း ဆင်းရဲခံစားနေရပေမယ့် ကြည်လင် ဝင်းပနေဆဲဟု ထင်သည်။

` ပိန်ပိန်သွယ်သွယ် အချိုးကျသောကိုယ်မှာ ပိုးပျော့ဝမ်းဆက် အစိမ်းရင့်ကို ဝတ်ထား၍ သွယ်သွယ်လျလျ ဖြစ်နေသည်။ ဖြူးသော အသားကလည်း အဝတ်က အစိမ်းရင့်ဆိုတော့ ပိုဝင်းပနေပုံရသည်။ သူငယ်ချင်းနှစ်ယောက် ခေါင်းရင်းဘက် ခြံပြင်မှာ သီးသန့်ထုတ် ထားသော ဧည့်ခန်းငယ်တစ်ခုမှာ တွေ့ကြသည်။ ဧည့်ခန်းသည် လင်း၍ ပန်းရနံ့များ ဝင်လာနိုင်အောင် ကျယ်ပြန့်သော ပြတင်းရှည် ကြီးတွေရှိသည်။ ပြတင်းပေါင်ပေါ်မှာ အစိမ်းရင့်ပန်းခက်များ သွယ် ထားသော ခန်းဆီးကြီးများက တောင်ရိပ်ကို ပေးနေသလိုပင်။ ' နှစ်ယောက်ဖက်၍ ဆိုဖာပေါ်ထိုင်ရင်း ရုတ်တရက် စကား မပြောနိုင်၊ ခွဲခွာနေခဲ့ရသော ရက်တွေကြာမြင့်သလို ခွဲခွာနေသော အချိန်တွေမှာ နှစ်ယောက်စလုံး၏ဘဝကလည်း အပြောင်းအလဲတွေနှင့်။

တင်သက်ကိုသည် မလေးနုလက်ကို ဆုပ်ကိုင်ရင်း မျက် ရည်တွေဂိုလာသည်။ မလေးနုကလည်း ငိုချင်သည်။

“ကလေးတွေရော နေကောင်းရဲ့လား” မလေးနုက စကားစရသည်။ ။

“နေကောင်းပါတယ်၊'

သက်မာလည်း ကလေးတွေကြည့်ရ အောင် အဒေါ်တစ်ယောက် ခေါ်ထားရတာပေါ့၊

မလေးနု ကလော . သွားတယ်ဆို”

`ဟုတ်တယ်၊ ဖေဖေတို့ မေမေတို့ အိမ်ပြန်ကြည့်ရသေး တယ်၊ အိမ်စောင့် ဦးသာဘော်တို့လင်မယားနဲ့ ထားခဲ့ရတာ၊ မလေး ကလည်း ကလောပြန်ချင်ပါတယ်၊ အလုပ်က ရန်ကုန်ပြောင်းရတာ၊ တစ်နေ့နေ့တော့ ကလောအိမ်ကို ပြန်ရမှာပေါ့လေ၊ ဖေဖေ့ရဲ့ မြတ်နိုးတဲ့ ဒီအိမ်ကို ပြန်ရအောင်လုပ်ပြီး မလေး ဆက်ထိန်းသိမ်းရမှာ”

တင်သက်မာသည် သက်ပြင်းလေး ရှိုက်လိုက်၏။ ပညာ ကိုယ်စီရှိကြ၍ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်၍သာ တော်တော့ သည်။ သူ့အဖို့ ဘဝခြေလှမ်းအစပဲ ရှိသေးသည့်အချိန်မှာ ကလေး နှစ်ယောက်ရပြီး ကိုသန်းဦး ကွယ်လွန်ခဲ့သည်။

"ကဲ. ပြောလေ၊ မလေးကို တိုင်ပင်ချင်တယ်ဆိုတာ” . မလေးနုက စကားစလိုက်ရသည်။

“သက်မာလည်း တွေးမိတယ်လေ၊ မင်းဘဝ ကိုယ့်ဘဝ တစ်ယောက်နဲ့တစ်ယောက် အသိကြဆုံး၊ အရင်းနှီးဆုံးမို့ သက်မာ မလေးနုဆီ လာခဲ့တာ”

“ပြောပါလေ... မလေးမှာလည်း တစ်ယောက်တည်းပါး

 မလေးနု ဒီမှာ ကြာကြာနေဖို့ စိတ်မကူးပါဘူး။ တစ်ခုခုတော့ လုပ်

ရမယ်

“အဆင်မပြေလို့လား”

“မဟုတ်ပါဘူး၊ မလေးက တွေးပူတတ်တယ်၊ ကံပါ မလေး ကိစ္စက အရေးပေါ်မဟုတ်ဘူး၊ သက်မာကိစ္စပြော”

သက်မာသည် ခေတ္တမျှ ငြိမ်သက်သွားသည်။ စကားပြော ရန် အားယူနေပုံရသည်။ ပြီးမှ သက်ပြင်းကို လေးတွဲစွာချလိုက် သည်။ ။

“သက်မာ လက်ထပ်မလားလို့”

မလေးနုသည် သက်မာ ပခုံးလေးကို ဖျစ်ညှစ်လိုက်၏။ သူ့ရင်ထဲမှာတော့ တုန်လှုပ်သလိုပါပဲ။

“ကိုသန်းဦး သူငယ်ချင်းပါပဲ၊ သူက ဆန်စက်ပိုင်ရှင်ပေါ့၊

 မလေး သူ့ကို မသိပါဘူး၊

 သက်မာ တစ်နေ့မှ မိတ်ဆက်ပေးမယ်။ "

 သက်မာ ရန်ကုန်ဆေးရုံကြီး ပြောင်းရတော့ ပိုအဆင်ပြေတယ်။

၊ သူ့ ဆန်စက်က ပဲခူးမှာ၊ ပဲခူးသားပဲ၊ နေတော့ ရန်ကုန်မှာ၊ သူကမုဆိုးဖို၊ သားသမီးမရှိတော့ လွတ်လပ်ပါတယ်”

 မလေးနုက ဘာမှပြန်မဖြေနိုင်။ သူ့ကို ငယ်သူငယ်ချင်းမို့ ယုံကြည်၍ တိုင်ပင်လာသူကို သူ ဘာအကြံဉာဏ်ပေးရပါ့။

“မင်းကို ကြိုတင်မတိုင်ပင်တဲ့အတွက် သက်မာကို ခွင့် လွတ်ပါ၊ မင်းနဲ့ ကိုယ်နဲ့ကလည်း ဆုံစည်းဖို့မလွယ်ဘူးလေ”

သက်မာက တောင်းပန်နေသည်။ ။

"ခွင့်လွှတ်ပါတယ် သက်မာ၊ တကယ်တော့ တို့ဘဝ တို့ ဆက်လျှောက်ကြရမှာ၊ တို့အခက်အခဲကို တို့ပဲသိတယ်၊ ဖြစ်လာ ကြုံလာတဲ့ ပြဿနာကိုလည်း ကိုယ့်ဘာသာ ဖြေရှင်းရမှာလေ၊ ပြင်ပ လူတွေက ဝေဖန်ရုံသာ တတ်နိုင်တာ၊ တို့ဘဝအခက်အခဲကို ဘာမှ သိကြတာမဟုတ်ဘူး၊ အေး တစ်ခုပဲ၊ သက်မာ သူ့ကို လှိုက်လှိုက် လှဲလှဲ ချစ်ပါသလား၊ သူကရော ချစ်ပါသလား၊ ဒါ တစ်ခုတော့ - တွေးရမယ်၊ မင်း ကလေးတွေအတွက်ပဲဖြစ်စေ မင်းအတွက်ပဲဖြစ်စေ ချစ်ဖို့ကတော့ လိုတယ်၊ မခင်မှ ဥခင်တယ်ဆိုတဲ့စကား ရှိတယ် မို့လား

သက်မာက ခေါင်းလေးတညိတ်ညိတ်လုပ်သည်။

“ဆိုပါတော့ မလေး၊ သက်မာကို သူကလည်း ချစ်ပါတယ်။

 သက်မာကလည်း ချစ်ပါတယ်၊

 ကလေးတွေအပေါ်လည်း သူ သည်းခံနိုင်ပုံရတယ်၊ သူ့အိမ်ထောင်ဆုံးတော့ ကလေးမကျန်ရစ်ခဲ့ဘူး။

 သူက ကိုယ့်သားကို တော်တော်ချစ်တယ်၊ သမီးလေးအပေါ်မှာလည်း မဆိုးပါဘူး”

“ဒါပဲ အရေးကြီးပါတယ်လေ၊ မလေးမှာ ဘဝအကြောင်း ကြောင့် လက်မထပ်လိုက်ရပေမယ့်

မလေး အတွေးအခေါ်က အိမ် ထောင်ရေးမှာ ဘယ်အရွယ်ပဲဖြစ်ဖြစ် လက်ထပ်ရင် အချစ်ကတော့ ပါမှဖြစ်မယ်လို့ ယူဆတယ် အချစ်တစ်ခုတည်းကို အဓိကထားရ . မယ်လို့တော့ မဆိုလိုပါဘူး။

မလေးနုက ဖြည်းညင်းစွာ ဆက်လက်ပြောပြသည်။ ။

“ပြီးတော့ တို့က အသက် နှစ်ဆယ်မပြည့်ခင် ဆယ်ကျော်သက်တွေမှမဟုတ်ဘဲ၊ Emotion တစ်ခုတည်းနဲ့ လက်ထပ်လို့မဖြစ်  သလို အားကိုးအားထားရဖို့ တစ်ခုတည်းနဲ့လည်း လက်ထပ်ရေးကို မစဉ်းစားသင့်ဘူး၊ သက်မာမှာ ကလေးနှစ်ယောက် ကြီးပြင်းအောင် မွေးရဦးမယ်၊ အသက်ကလည်း ငယ်ပါသေးတယ်၊ လက်ထပ်တာ ကောင်းပါတယ်၊ လုံခြုံမှုလည်း ရှိတာပေါ့၊ ဒါပေမဲ့ ကိုသန်းဦးထံက အချစ်မျိုး ရလိမ့်မယ်လို့တော့ မမှတ်ထားတာ ကောင်းတယ်။

အေးလေ  ကံတရားကလည်း ရှိပါသေးတယ်ကိုသန်းဦးထက် တော်ချင်တော်မှာ . သက်မာကလည်း တွေးရင်း နားထောင်နေပုံရသည်။

'ငယ်ချစ်တွေလိုတော့ ဘယ်ဟုတ်မလဲ မလေးရယ်၊ ဒါကို တော့ ကိုယ်က ကြိုတွက်ထားပါတယ်”

'အေးပေါ့လေ... ဘာပဲဖြစ်ဖြစ် တို့နှစ်ယောက် ရန်ကုန်မှာ  အတူတူနေရတော့ တိုင်ပင်စရရှိ တိုင်ပင်ရတာပေါ့၊ မလေးတော့ အားတက်သွားတယ်”

မလေးနုသည် စကားပြောရင်းမှ တစ်စုံတစ်ခုကို သတိရ သွားသလို စကားကြောင်းပြောင်းလိုက်သည်။

'မလေး ကလောကပြန်လာတော့ သက်မာ စာနဲ့အတူ စာတစ်စောင် ရောက်နေတယ်၊ ဘယ်သူ့ဆီကလဲ သိလား”

'ဟင့်အင်း

.

“ရှိန်းဆီကလေ၊ ဗညားရှိန်း၊ သတိရသေးလား”

“သတိရတာပေါ့၊ ထူးထူးဆန်းဆန်းဟယ်၊ သက်မာနဲ့ အဆက်အသွယ်ပြတ်သွားတာ ကြာပြီး နောက်မှ မန္တလေး ဒေးဝန်းရပ် ၆ က သက်မာသူငယ်ချင်း အေးအေးနဲ့လက်ထပ်ပြီး ရန်ကုန် ပြောင်း သွားတယ်ပဲကြားတယ်၊ အေးအေးနဲ့တော့ သက်မာက ခင်တယ်။ မန္တလေးမှာ အေးအေးနဲ့ သက်မာက ဆယ်တန်းအထိ ကျောင်းနေ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)