ခင်နှင်းယု - ပင်တိုင်စံ မဗျိုင်း
အခန်း (၁)
မင်္ဂလာရယ်တဲ့မှ မဏ္ဍိုင်လေ
“မောင်ရင်က ဆရာဝန်ကြီး မင်းရွှေဇံနဲ့ ဘာတော်ပါသလဲ”
ဆင်ဝင်အောက်တွင် သူ့အား အဆင်သင့်ကြိုဆိုနေသော လူကြီးတစ်ယောက်က မေးလိုက်၏။
“ကျွန်တော့်နာမည်က ဒေါက်တာ မင်းရွှေဇီပါခင်ဗျာ" | မင်းရွှေဇံသည် သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။ ထိုလူကြီး သည် ရိုညွတ်သော အမူအရာသို့ ပြောင်းလိုက်၏။
“ကျုပ်နာမည်ကတော့ ဦးကျီးမြိုင်တဲ့ ဟောဒါက ကျုပ်ဇနီး မအေးမြရယ်၊ ကျုပ်တို့ ဒီအိမ်ကြီးကို စောင့်ပါတယ်။ လွန်ခဲ့တဲ့အပတ်ကတည်းက ဒေါက်တာအုန်းမောင်က ပြောထားလို့ ဒါပေမယ့် ဆရာဝန်
ကြီးမင်းရွှေဇံဆိုတော့ အတော်အိုပြီး ဆရာဝန်ကြီးဦးမင်းချိန်တို့လောက် ရှိပြီ အောက်နေတာ၊ မောင်ရင်က ငယ်ငယ်ရှိသေးတာကို ကျပ်စိတ် ထင် ဒေါက်တာအုန်းမောင်ထက်တောင် ငယ်မယ်ထင်တယ်”
“ဟုတ်ကဲ့ ခင်ဗျာ”
“ဟောဒီမှာ သော့ ကျုပ်တို့ အိမ်ပေါ်ကိုလိုက်ပြဖို့ လိုသေး သလား”“လိုက်ခဲ့ပါ ခင်ဗျာ ကျွန်တော်က တစ်ယောက်တည်းသမား ပါ ။
ကျွန်တော့်မှာ ကားမောင်းတဲ့ သက်ဖေဆိုတဲ့ တပည့်တစ်ယောက် နဲ့ သူ့ဇနီးပဲ ပါပါတယ်။ မောင်သက်ဖေမိန်းမက ထမင်းချက်ပါတယ်”
“ဒီတော့ သူတို့လင်မယားနှစ်ယောက်နေဖို့ နောက်ဖေးတန်း လျားကို ရှင်းပေးဦးမလား၊ အိမ်ကြီးထဲမှာတော့ အခန်းစုံကို ဟိုအပတ် ကတည်းက ရှင်းထားပါတယ်။”
မင်းရွှေဇံသည် ခေတ္တ စဉ်းစားလိုက်၏။
“မလိုဘူးထင်ပါတယ်ခင်ဗျာ၊ ကျွန်တော်နဲ့အတူ သူတို့ကို အိပ်ထဲမှာပဲနေစေချင်ပါတယ် သူတို့ပစ္စည်းတွေနဲ့ ရောက်လာလိမ့်မယ်။ ဦးကျီးမြိုင်ပဲ သော့ဖွင့်ပြီး လိုက်ပြပါ၊ အိမ်ကစိမ်းနေသေးတယ် ဒေါက် တာအုန်းမောင်က ကြိုက်တယ်ဆိုတာနဲ့ ကျွန်တော်ကကြိုတင်ပြီး လာ မကြည့်တာပါ။ ကျွန်တော် စိတ်ကြိုက်ထက်တောင် အိမ်ကြီးက ကျယ် ဝန်းနေသေးတယ်၊ အပြင်က မြင်ရတာနဲ့တောင် ကျွန်တော်အိမ်ကြီးကို သဘောကျနေပါတယ် ခင်ဗျာ”
ဦးကျီးမြိုင်သည် ရှေ့တံခါးဖွင့်၍ အောက်ထပ်ကို အရင်ပြ၏။ အောက်ထပ်တွင် ဧည့်ခန်း၊ ထမင်းစားခန်း နှင့် အိပ်ခန်းနှစ်ခု။ အုတ်တိုက် ခံထားသော်လည်း ကြမ်းများကို ရှာထိုးပျဉ်များခင်းထား၏။ အပေါ်ထပ် တွင် ပျဉ်ထောင်ကာ၍အုတ်ကြွပ်မိုးထား၏။ သို့သော် ကျွန်းသားများဖြင့် ထာဝရ မွမ်းမံပြင်ဆင်ထားပုံရ၏။ ဆွေးမြေ့ဟောင်းနွမ်းနေသောနေရာ ဟူ၍ ကျော်ကွက်မှမရှိပေ။ အပေါ်ထပ်တွင် ရှေ့မျက်နှာ ဆင်ဝင်ခန်းမ အကျယ်ကြီးနှင့်သုံးဖက်ပတ်လည် အိပ်ခန်းလေးခန်းများဘေးတွင် ဝရန်တာများ ခပ်ကျယ်ကျယ် ထုတ်ထား၏။ ရုတ်တရက်ကြည့်လျှင်အိမ်ပုံစံမှာ ရှေးသူဌေးအိမ်များဆန်ဆန် ရိုးလှ၏။ သို့သော် သီးသန့် ရေချိုးခန်း၊ ရေဆွဲအိမ်သာများနှင့်အထဲတွင် အခန်းဖွဲ့ပုံမှာ ခေတ်မိ သပ်ရပ်သန့်ရှင်းလှသည်။
“ပထမနေသွားတဲ့လူတွေက အိမ်သားအတော်များတယ်ထင်
တယ်။”
သူသည် ရှေ့ဘက် ဆင်ဝင်ခန်းမကြီး၏ မှန်ပြတင်းကိုဖွင့်
ရင်း မေးလိုက်သည်။
“ကြော်... အိမ်ငှားတွေဟုတ်ပါဘူး ကျုပ်တို့ သူဌေးမကြီး ကိုယ်တိုင်နေတယ်၊ တစ်ယောက်တည်းပါ”
“ဒါလောက် အိမ်ကျယ်ကြီးထဲမှာ သူတစ်ယောက်တည်း နည်းနေ တယ်”
မင်းရွှေဇံသည် တအံ့တသြမေးလိုက်သည်။
“ဒီလိုပါ မောင်ရင် သူတို့ ဘိုးဘွား မိဘတွေလက်ထက် ကတော့ အိမ်နဲ့လူနဲ့ တစ်လုံးပေါ့၊ ခုတော့ သူ့အပါးမှာ သူ့ကိုပြုစုဖို့ သူနာပြုဆရာမလေးတစ်ယောက် ထားတယ် ထမင်းချက်တဲ့ သူငယ် မနဲ့ အိမ်မှာသန့်ရှင်းဖို့ သူငယ်လေးကတော့ အောက်ထပ်မှာနေပါတယ် ကားမောင်းတဲ့ ကုလားလင်မယားမိသားစုကတော့ ကျုပ်တို့နဲ့အတူနေပါ တယ်။ ဟိုဒင်းပါ၊ ဒီအိမ်ကို အကြောင်းတစ်ခုခုကြောင့် သူမနေတာပါ။ ငှားစားဖို့ မရည်ရွယ်ပါဘူး”
“ဟုတ်ကဲ့” “မောင်ရင်ဆီကရတဲ့ လခကလဲ ဒီအိမ်ကြီးကို မွမ်းမံပြုပြင်ဖို့ပဲ ။
ဦးကျီးမြိုင်ပြောပုံက သူ၏အိမ်ရှင်သည် ဤအိမ်ကြီးကိုငှာစား သည့် အဖြစ်ထိ စီးပွားရေးယိမ်းယိုင်ခြင်း မရှိကြောင်းကို တစ်စွန်းတစ် စ ဖော်ပြလျက်ရှိ၏။
“ဟုတ်မှာပေါ့ဗျာ ခုနေခါအိမ်ဈေးတွေကလဲကောင်း ခုလိုရှေ့ က မြက်ခင်းကျယ်ကြီးတွေနဲ့ လမ်းမပေါ်မှာခြံကျယ်ကြီးနဲ့ အိမ်ကြီးတွေ ဆို သံရုံးငှားစားဦးတော့ တစ်လနှစ်ထောင်တော့ အေးအေးလေးပဲ”
သူသည် ပြတင်းမှမြင်ရသော မြက်ခင်းစိမ်း ပြန့်ပြန့်ကြီးကို မျှော်ကြည့်ရင်း ပြောလိုက်၏။
“မှန်ပါတယ် ခင်ဗျာ၊ ဆရာကို ကျုပ်တစ်ခုပဲ တောင်းပန် ရမယ်၊ မြက်ခင်းကတော့ ကျယ်ကျယ်ပြန့်ပြန့်မို့ကြိုက်မှာပဲ၊ ဒီမြက်ခင်းခေါင်းရင်းဘက်က ဟိုဘက်ခြံနား ကပ်နေတဲ့နေရာမှာ နှစ်ယောက်ထိုင် ခုံတန်းလေးတွေ့လား”
ဦးကျီးပြိုင်သည် သစ်သားခုံတန်းလျားကို လက်ညှိုးညွှန်ပြ၏။ “ဟုတ်ကဲ့.. တွေ့ပါတယ်”
“အဲဒီခုံကလေးကိုတော့ ဘယ်နေရာမှ ရွှေ့ပြောင်းထားဖို့ စိတ် မကူးပါနဲ့၊ ခုံတန်းလျားနောက်က ထောက်ဇရစ်ပင်နဲ့ ဆိတ်ဖလူးပင်ကို လဲ ခုတ်ပစ်ဖို့ ကျုပ်ကို မခိုင်းပါနဲ့နော်...။ သူဌေးမကြီးက သေသေ ချာချာမှာတယ်၊ အဲဒီနှစ်ခုကလွဲရင် မောင်ရင်ကြိုက်သလို ခြံဝန်းကို ပြုပြင်ပေးလိုက်ပါတဲ့။ ကျုပ်က မာလီပေါ့။ တခြားလူငှားရင် ပစိပစပ် များမှာစိုးလို့ လူအေးအေးရှာပေးဖို့ သူဌေးမကြီးကလဲ ဒေါက်တာ အုန်းမောင်ကို ပြောတာဖြစ်ပါလိမ့်မယ် ခင်ဗျာ”“အို.. ကျွန်တော့်အဖို့ ဒီခုံတန်းလျားကိစ္စကော သစ်ပင် ကိစ္စကော စိတ်အနှောင့်အယှက်ဖြစ်စရာ မရှိပါဘူး ဒီအိမ်ခြံဝန်းကို ဦးကျီးမြိုင်ပဲ ဆက်လက်စောင့်ရှောက်ပေးပါ။ ကျွန်တော်လိုအပ်တာရှိ လဲ ဦးကျီးမြိုင်ကိုပြောပြမယ် ဦးကျီးမြိုင်တို့ သူဌေးမကြီးစိတ်တိုင်းကျ မဖြစ်နိုင်တာတွေလဲ ကျွန်တော်ကို ကြိုတင်သာပြောပါ။ ကျွန်တော်လိုက်
လျောနိုင်ပါတယ်။ ကျွန်တော်ကဆေးရုံကြီးမှာ တာဝန်ကျဆရာဝန်အနေ နဲ့အိပ်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်က ခုလိုလွတ်လွတ်လပ်လပ် အေးအေးသန့်သန့် နေချင်လို့ပါ။ တစ်ဦးသဘောတစ်ဦး လိုက်လျောရ မှာပေါ့”
“ကျေးဇူးပါပဲ မောင်ရင် ဟော အောက်ထပ်မှာ ကားသံကြား ရပြီ..။
ဦးကျီးမြိုင်သည် အောက်ထပ်သို့ ဆင်းသွား၏။ ဦးကျီးမြိုင်နှင့် မောင်သက်ဖေတို့မှာ အောက်ထပ်တွင် အလုပ်စနေကြ၏။ ဤအိမ်ရှင် သူမကြီး အကြောင်းကိုတော့ ဦးကျီးမြိုင်စကားထဲမှာ တစ်စွန်းတစ်စ သူသရုပ်ဖော်ကြည့်မိ၏။ ယခုခေတ်တွင် ခေါ်လေ့ခေါ်ထမရှိသော အသုံး အနှုန်းဖြစ်သည့် သူဌေးမဟူသော စကားလုံးအတွက်မူ ဆရာဝန်မင်းရွှေ့ ဇံအဖို့ အထူးအဆန်း ဖြစ်နေလေသည်။
တစ်နေ့နေ့တွင်တော့ အိမ်ရှင်သူဌေးမကြီးဒေါ်ခင်မေထက်ကို ဆရာဝန် ကိုအုန်းမောင်နှင့်အတူ သွားရောက်တွေ့ဆုံကြမည် ဖြစ်သည်။
သူ၏ဖခင်လာလျှင် ဤအိမ်ကြီးကို ဘာကိစ္စငှားရမ်းနေချင်ရ သလဲဟု သူ့ကိုများ အပြစ်တင်လေမည်လား၊ သူ့ဖခင်မှာ ရှေးရခိုင် ကြေးရတတ်များကဲ့သို့ ဝတ်လုံဘွဲ့ကိုလန်ဒန်၌ယူခဲ့သူ တစ်ယောက်ဖြစ်သော်လည်း အသက်ခြောက်ဆယ်ကတည်းက အမှုလိုက်ခြင်းကို ရပ်နားလိုက်၏။ ကျောက်ဖြူအိမ်ကြီးတွင် သွားရောက်နေထိုင်သည်မှာ ကြာမြင့်ခဲ့ပြီ၊ အခုလို အိုမင်းချိန်တွင် သားအဖနှစ်ယောက် နီးနီးကပ်ကပ် နေလိုသည်ဟုဆို၏။ လောလောဆယ်တော့ သူကိုယ်တိုင်က ကျောက် ဖြူတွင် လိုက်မနေနိုင်သေး၍ ရန်ကုန်တွင်အိမ်တစ်လုံးငှားရမ်းနေထိုင် ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။ သူသည်လည်း သူဖခင်ကဲ့သို့ အိုမင်း ချိန်ရောက်လျှင် ကျောက်ဖြူ အိမ်ကြီးမှာပင် သွားရောက်နေထိုင်မည်ဟု စိတ်ပိုင်းဖြတ်ထား၏။ ယခုထိတော့ ကျောက်ဖြူမြို့ရှိရာသို့ တစ်ခါမှပင် ခြေဦးလှည့်ခွင့် မကြုံသေးပေ။
ဖေဖေနှင့်ပင်အတူ ဤအိမ်ကြီးတွင် နေလိုက်ဦးမည်။ သူလို တစ်ဦးတည်းသောသားအဖို့ ငွေရေးကြေးရေး ပူစရာမရှိပေ။
သူသည် နယ်အနှံ့ လှည့်လည်သွားရောက်ကာ အမှုထမ်းခဲ့ ပြီးဖြစ်သည်း သူ့ခေတ်သည် ကိုယ်ပိုင်ဆေးတိုက်များ ဖွင့်ခွင့်ကြုံခဲ့သော ခေတ်ဖြစ်သော်လည်း ငွေရှာခဲ့သော လူစားမဟုတ်။
အစိုးရလခမှအပ ဆေးတိုက်တွင် ထိုင်စဉ်အံစွဲထဲ၌ ငွေသုံး ဆယ်ကျော်ရလျှင် နောက်လာသောလူနာများအား ငွေတောင်းခံခြင်း မပြုသည့်အတွက် မင်းရွှေဇံသည် ဆေးလိုက်သည်ဟု နာမည်ကျော် ခဲ့သော ဆရာဝန်တစ်ယောက် ဖြစ်ပေသည်။
သူသည် ရန်ကုန်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ရသော် လည်း ဆေးရုံဝင်းကြီးအနီးရှိ သူ့အဖို့ပေးသော အိမ်တွင် မနေပေ။
ဤလို သီးခြားအိမ်ကြီးတွင်ပင် အေးချမ်းစွာ နေလိုပေသည်။သူ့ဖခင် လာလျှင်တော့ သူ့အပေါ် ဘယ်လိုထင်မြင်ချက်ပေးမည် မသိပေ၊ သူကတော့ ငြိမ်သက်သော ပတ်ဝန်းကျင် ကျယ်သော ခြံဝန်းနှင့်နေရသည်ကိုပဲ စိတ်ချမ်းသာလှပေပြီ။
နောက်နေ့ တနင်္ဂနွေညနေပိုင်း သူဌေးမကြီးနှင့် တွေ့ဆုံရန် ဒေါက်တာအုန်းမောင်နှင့် ချိန်း၍ထားသည်။ သို့သော် နံနက်ပိုင်းတွင်ပင် မမျှော်လင့်သော ကိစ္စတစ်ခုကို ဒေါက်တာမင်းရွှေဇံ တွေ့ကြုံ၏။
တနင်္ဂနွေနေ့နံနက်တိုင်း သူ လမ်းလျှောက်နေကျ ဖြစ်၏။ နံနက်စောစော လမ်းလျှောက်ရာမှအပြန် သူ၏ အိမ်တော်ပါ သက်ဖေ သည် ဆင်ဝင်အောက်မှ ဆီးကြို၍ သူ့ကိုပြော၏။
“ဆရာ ဧည့်သည်တစ်ယောက် ရောက်နေတယ်။ ဟိုဘက် ခြံကတဲ့၊ အရေးကြီးလို့ပါတဲ့”
“ဟေ” သူသည် ဧည့်ခန်းထဲသို့ ခပ်သုတ်သုတ် ဝင်သွား၏။ ဧည့်ခန်းထဲတွင် သူ၏အဒေါ်အရွယ် အမျိုးသမီးတစ်ယောက်ကို တွေ့ရ ၏။ ဧည့်သည် သည်တည်ငြိမ်ပုံမရ စိတ်ချောက်ချားနေပုံရ၏။ အိမ်ခန်း ထဲတွင် နေရောင်နှင့် လတ်ဆတ်သောလေကိုထိတွေ့ခွင့်မရသော အိမ် တွင်းပုန်းကုလားမများလို ထိုအမျိုးသမီး၏ အသားအရေမှာ ဖြူဆွတ် ဖျော့တော့လှ၏။ သို့သော် နေမကောင်းနေသူ၏ ပုံပန်းမျိုးတော့ မဟုတ်ပေ။
“ဟို မောင်ရင် မောင်ရင်က ဒေါက်တာဆို” အမျိုးသမီးကြီးသည် သူဧည့်ခန်းဝ ရောက်ရောက်ချင်း ထိုင်