Skip to product information
1 of 2

Other Websites

ခင်နှင်းယု - ကြာတော၌ ရွာသောမိုး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ပေးဆပ်ရခြင်း

ယနေ့ဆရာဝန်နှင့် တွေ့ဆုံရခြင်းမှာ ကျွန်မအတွက် စဉ်းစားစရာ ပြဿနာတစ်ရပ် တိုး၍လာခဲ့လေသည်။

ယခုတစ်ခါ သွားရောက်တွေ့ဆုံရခြင်းသည် ကျွန်မ ခံစားရသော ရောဂါကို သွားရောက်ပြသခြင်းမဟုတ်ပေ။ တခြားကိစ္စတစ်ခုနှင့် သွားခြင်း ဖြစ်၏။

လွန်ခဲ့သောလက ကျွန်မ သူငယ်ချင်းမမြမှီထံသို့ ကျွန်မ သွား ရောက်လည်ပတ်ခဲ့၏။ မမြမှီနှင့် ကျွန်မသည် ငယ်သူငယ်ချင်း ဖြစ်ကြသော် လည်း ဘာမှ တူညီကြသောသူနှစ်ယောက် မဟုတ်ဟု ဆိုရပေမည်။

သူသည် မိန်းမနှင့်တူသော သူတစ်ယောက်ပါပေတည်း။ ငယ်ငယ် ရွယ်ရွယ်စာသင်ကြစဉ်က ဆယ်တန်းသို့ ရောက်လာလျှင် ဂဏန်း၊ အက္ခရာ၊ သင်္ချာ၊ ဂျော်မက်ထရီများကို ဆရာက တွက်နိုင်သလောက်တွက်ရန် အပုဒ်တစ်ရာ နှစ်ရာပေးထား၏။ တစ်ပတ်တစ်ခါတွင် ကျောင်းသားများ မည်မျှ တွက်ချက်ပြီးသည်ကို စစ်ဆေးတိုင်း မမြမှီတို့သည် ဆရာကျေနပ်မှုကို အစဉ်ရရှိ၏။ မမြမှီတို့ အပုဒ်တစ်ရာလောက် တွက်ချက်ပြီးချိန် တွင် ကျွန်မနှင့် အဖော်တစ်ယောက်မှာ အပုဒ်နှစ်ဆယ်မှ မကျော်သေး၍ အပျိုဖော်မဝင့်တဝင်ဆံတောက်ထားစအရွယ်ကြီးမှာပင် ခုံပေါ်မတ်တတ်ရပ် ခဲ့ပေါင်း များခဲ့ရလေသည်။ ထိုဂဏန်းတွက်သည်ကို ကြည့်ရုံနှင့် မမြမှီ သည် ဝီရိယတွင် သေးနုတ်သူ မိန်းမတစ်ယောက် မဟုတ်သည်ကို အက် ခတ်နိုင်ပေပြီ။ .

သူနှင့် ကျွန်မသည် ဂဏန်းတွက်တာလေးကအစ ဝီရိယချင်း မတူကြသော်လည်း အတူနေခဲ့ကြသည်မှာ အိမ်ထောင်ကျမှပင် ခွဲကြရသည်။

အိမ်ထောင်မကျခင်ကလည်း ကျွန်မဟင်းတစ်ခွက်ချက်တိုင်း သူ သည် ရင်ဘတ်ကလေးပုတ်ကာပုတ်ကာနှင့် “မိယုရယ်....မင်းဒီလိုလုပ်ပုံ နဲ့ ဘယ်တော့ချမ်းသာမလဲ”ဟု ဆိုတတ်သည်။ သူသည် မကုန်သင့်သော နေရာတွင် ဆီတစ်စက်ကို အပိုမကုန်စေရပေ။ ဆီပြန်တွင် ဆီဘယ်နှစ် ကျပ်သားလောက်ကို ထည့်၍ ချဉ်ရေဟင်းတွင် ဘယ်လောက်သားထည့် သင့်ကြောင်းကို သူ ခဏခဏပင် ကျွန်မကို သင်ပြပါသည်။ ကျွန်မက တော့ ကျွန်မထုံးစံအတိုင်း...

'ဘုရား သိကြားမလို့ ဆီဘယ်နှစ်ကျပ်သား၊ ငရုတ်သီး ကြက် | သွန်ဘယ်နှစ်တောင်း၊ ဘယ်နှစ်ဆိုပြီး စဉ်းစားရတဲ့ဘဝများ ဘယ်တော့ မှ မရောက်ရပါစေနဲ့'ဟု ကျိတ်၍ ဆုတောင်းမိ၏။

သူသည် လမ်းမှန်ကမ်းမှန် မိန်းမတို့တတ်အပ်သော ပညာကို တတ်သူမို့ သူ ကျွန်မအား သင်ကြားပြောဆိုချိန်တွင် ကျွန်မ ငြိမ်သက် စွာ နားထောင်ပါ၏။

တစ်လကုန်သွားလျှင် သူ၏ စာရင်းစာအုပ်တွင် ဝင်ငွေထွက်ငွေ နှင့် စုငွေများ အတိအကျ သေသေသပ်သပ်ရှိ၏။ အပိုကုန်ကျငွေများ

စွာ နားကုန်သွား သေသေသပ်သူ့စာရင်းစာအုပ်တွင် မရှိပေ။

"မိခင်ယု...သုံးချင်တာ ဘယ်လိုသုံးသုံး၊ မင်းအသုံးစာရင်းကို အတိအကျထားစမ်းပါကွယ်"ဟု ခဏခဏပြောပါသည်။ ။

“ဘာဖြစ်လို့လဲဆိုရင် လင်ရတောင် ကိုယ်ကစာရင်းနဲ့ အင်းနဲ့ ချက်ချက်ချာချာလုပ်ပြနိုင်တော့ လင်က အပြစ်တင်စရာ မရှိဘူး၊ ကိုယ့် , အိမ်ထောင်ကိုလည်း နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တာပေါ့..." .

“သူ့နည်းလမ်းသည် မှန်ကန်ပါသည်။ သူ့စကားကို ကျွန်မနား ဘော့ထောင်ပါသည်။ သို့သော် ကျွန်မသည် နှစ်နဲ့နှစ်ပေါင်း လေးဟူသော အလုပ်ကိုလုပ်ရန် ပျင်းကို ပျင်းသည်။ ပင်ကိုယ်ကလည်း ဝါသနာမပါ လှ၊ အပျိုဘဝ လခရလျှင် အမေ၊ သို့မဟုတ် အစ်မကို အပ်လိုက်၏။ ပြီးမှ သူတို့ဆီက မုန့်ဖိုးတောင်းသုံးသည်။ . . .

မမြမှီက စာရင်းအင်း အတိအကျထားဖို့ ဆုံးမပြန်တော့လည်း ကျွန်မကလည်း ကျွန်မထုံးစံအတိုင်း ကျိတ်မှိတ်ဆုတောင်းမိပြန်သည်။

“ဘုရားသိကြားမလို့ စာရင်းတွေ အင်းတွေနဲ့ သုံးနဲ့နှစ်ပေါင်း ငါးရတယ် ဆိုပြီး ခဏန်းထိုင်တွက်တဲ့ လူနဲ့များ ဘယ်တော့မှ မရပါစေနဲ့”

အလုပ်ကို ဝတ္တရားအတိုင်း သတ်မှတ်ထားသော အချိန်အတွင်း | ဘယ်လိုပင်လုပ်ရလုပ်ရ၊ ကျန်သော ကျွန်မ၏ ကိုယ်ပိုင်အချိန်အတွင်းမှာ ခု ကျွန်မ ဖတ်လိုသောစာအုပ်ကို ကြိုက်သလို ဖတ်ချင်သည်။ ကျွန်မ လေ့လာလိုသော ဘာသာရပ်ကို ကမ်းကုန်ယမ်းကုန် လေ့လာချင်သည်။ ကျွန်မ တွေးချင်သော အတွေးအခေါ်ကို မိုးကိုပင် ပေါက်ပေါက်ထိုင် တွေးနေချင်သည်။ ။

ပင်ကိုယ်မွေးပါ အကျင့်များဖြစ်၍ မမြမှီ ဆိုဆုံးမသော်လည်း ကျွန်မအကျင့်ကို မဖျောက်ချင်ပေ။ စာရင်းတွေ အင်းတွေနှင့် ဂဏန်း

ပေါင်းနေရမည့် အချိန်ကို ကျွန်မ စိတ်ထဲက အချိန်ကုန်သည်ဟု ထင် သည်။ သို့သော် တစ်ခါတစ်ရံတော့ မမြမှီ ပြောသလို.ရသော ယောက်ျား က စာရင်းကိုက် ဂဏန်းကိုက်လူများ ဖြစ်နေလျှင်တော့ ဒုက္ခပါပဲဟူ၍ တော့ စိုးရိမ်မိတတ်ပေသည်။

ကျွန်မတို့အပျိုတုန်းက နိုင်လွန်ခေတ်မစားသေး၊ ပဒုမ္မာမယ်ညို မှာ ထိပ်တန်းသုံးဖြစ်၏။ မယ်ညိုပဒုမ္မာကို လျော်ပြီး၍ ကော်တင်လျှင် မမြသည် ပလောပီနံမှုန့်ကော်လေးနှင့် အရေကျဲကျဲတင်ကာ လှန်း၏။

ကိုယ်တိုင် မီးပူတိုက်ချိန်တွင် ရွရွလေးလက်နှင့် သကာ, သကာတိုက်နေ | ပုံကို ကျွန်မ ယခုတိုင် မျက်စိထဲတွင် မြင်ယောင်နေသေးသည်။ ပဒုမ္မာ အင်္ကျီကို သူဝတ်ချိန်တွင် သူ့အသားက ဖြူဖြူနှင့် ပဒုမ္မာပျံ့ပျံ့ပါးပါးလေး မှာ ကြွကြွရွရွလှနေပေသည်။

မမြမှီသည်... ။ ဂဏန်းကိုလည်း နိုင်သည်။

မီးဖိုတွင်လည်း အချိုးကျသည်။ သူ့ကိုယ်အလှကိုလည်း သေသေ သပ်သပ် ဆင်ယင်တတ်သူတည်း။ ။

ထို့ကြောင့် မမြမှီသည် မိန်းမနှင့်တူသော မိန်းမပီသည့် မိန်းမ တစ်ယောက်ဟု ကျွန်မ ဆိုလိုခြင်း ဖြစ်ပါသည်။

မေမေမဆုံးခင်ကမူ

'သမီးကကွယ်...မမြမှီ ခြေဖျားတောင် မမီဘူး၊ မမြမှီကို နည်း နည်းပါးပါးတော့ အတုခိုးသင့်တယ်”ဟု ဆိုတတ်ပါသည်။

အိမ်တွင် ထမင်းချက်များ၊ အိမ်ဖော်များ မထားနိုင်သော နောက် ပိုင်းတွင် ကျွန်မသည် ထမင်းချက်၊ အဝတ်လျှော် အားလုံးတော့ တတ် သမျှ မှတ်သမျှ ကြိုးလုပ်ပါသည်။ သို့သော် စာရင်းကိုက် အင်းကိုက်၊အသေးစိတ်ရမှာကိုတော့ အလွန်ကို ပျင်းရိလှသည်။

သို့နှင့် မေမေလည်း ဆုံးသွားသည်။ မမြမှီနှင့် ကျွန်မလည်း အိမ် ထောင်ကျကာ ခွဲခွာသွားကြရသည်။ မမြမှီကို တစ်ခါတစ်ခါမှ သွားရောက် တွေ့ဆုံမိသည်။ သူ့သတင်းကိုသာ အဝေးမှ နားထောင်နေရ၏။ သူဘယ်လို လင်မျိုးနှင့် ရသည်ကိုလည်း ကျွန်မ မစပ်စုမိ၊ သူ့အိမ်ထောင်ဖက်ကို သူ့ ဟာသူ ရွေးကာယူခြင်းဖြစ်၏။ မမြမှီတွင်လည်း တွေးတောစိုးရိမ်စရာ ချို့ယွင်းချက်များ ရှိသူမဟုတ်။ သူသည် အိမ်ထောင်တစ်ခုကို ဦးစီးနိုင်သော အရည်အသွေးရှိသည့် မိန်းမတစ်ယောက်ပါပေတည်း။ သူ့ကို ရရှိသော ယောက်ျားသည်လည်း အလွန်ကံကောင်းပေမည်။ ။

ကျွန်မသာ ဘုရားတွေ သိကြားတွေနှင့် ဆုတောင်းရင်း အိမ် ထောင်ကျသွားရ၏။ ယခုတိုင်လည်း ဘုရားတွေ သိကြားတွေ ဆုတောင်း နေရတုန်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်မ တွေးခေါ်လိုသော သဘောတရား အယူအဆများကို ကျွန်မ ယောက်ျားက အတင်းလွှမ်းမိုး " မည်ကို လည်းကောင်း၊ ကျွန်မ စာအုပ်များကို ဖတ်ရင်း စိတ်ဝင်စားလွန်း ၍ သူ့ကို မေ့သွားသောအခါ ယောက်ျား စိတ်ဆိုးမှာကို လည်းကောင်း ကျွန်မ ကြောက်သောကြောင့်ပင်တည်း။ ။

ကျွန်မကိုရသော ယောက်ျားမှာ ကံခေရှာသည်ဟု ဆိုရပေမည်။ စာရင်းအင်းမကိုက် အိုးနင်းခွက်နင်း ချက်သော ထမင်းကို စားရကာ အလှအပမရှိသော မိန်းမတစ်ယောက်ကို ရသော ယောက်ျားသည် အဘယ် မှာ ကံကောင်းသည်ဟု ဆိုရပါမည်နည်း။ ထို့ကြောင့်ပင် ကျွန်မသည် ယခုတိုင် ဘုရား သိကြား တနေရခြင်း ဖြစ်ပေသည်။

ကျွန်မ ယောက်ျားသည် တစ်နေ့တွင် ကျွန်မအား ပစ်ခွာ စေဦးတော့ သူ့ခမျာ ဝဋ်ကျွတ်ရှာပေပြီ...' ဟု ကျွန်မ စိတ်ဖြေရမည့် အဖြစ်ပေတည်း။

လွန်ခဲ့သော သုံးနှစ်လောက်က မမြမှီနှင့် တွေ့စဉ်တွင်မူ " “မင်းကိုမြင်ရတာ အားကျလိုက်တာ...”ဟု ဆို၏။

"ခု စာမေးပွဲလည်း အောင်ပြီ၊ စာအုပ်တွေကလည်း ထွက်လာ လိုက်တော့ မင်းစာအုပ်တွေကိုလည်း လူတွေက ကြိုက်ကြတယ်...ငါ့မှာ

တော့ ကလေးတွေသာ တစ်နှစ်တစ်ယောက် မွေးနေရလို့ စာမေးပွဲလည်း မဖြေနိုင်ဘူး”

သူက ကျွန်မဘဝကိုပင် အားကျသယောင် ပြောပါ၏။

'အေးပေါ့လေ...သူငယ်ချင်းရယ် ... ကိုယ့်မှာတော့ မင်းတို့လို တစ်နှစ်တစ်ယောက် ကလေးမမွေးနိုင်တော့လည်း တစ်နှစ်စာအုပ်တစ်အုပ် မွေးထုတ်နေရတာပေါ့...'ဟု သူ့ကို ပြန်ပြောလိုက်ရပါသည်။ ကျွန်မ သူတို့အိမ်သွားရောက် လည်ပတ်တိုင်း ကံ့ကော်သန့်စင်၊ စံပယ်၊ ကြက်ရုန်း၊ ခတ္တာ အစရှိသော ပန်းအမည်ပေးထားသည့် ဘုစုခရု သူ့သမီးလေးများ ကျွန်မအနား ဝိုင်းဝိုင်းလည်ရောက်လာကြ၏။

“ကြီးကြီးယူလာပြီ...မေမေရေ...'ဟု မီးဖိုတွင်ရှိသော သူတို့အမေ ကို လှမ်းခေါ်ကြ၏။ ထိုအခါကျတော့လည်း “ငါဟာ ကလေးတစ်ယောက် ကိုတောင် အဖြစ်ရှိအောင် မိန်းမပီပီ မွေးပြနိုင်သူ မဟုတ်ပါလား..'ဟု ကိုယ့်ဘဝကိုယ် ဝမ်းနည်းတတ်သည်။ သို့နှင့် သူနှင့်တွေ့သည့်အခါ ဝမ်း နည်းလိုက် ဝမ်းသာလိုက်နေလာသည် မှာ မမြမှီတွင် ကလေးဆယ်ယောက် ရပေပြီ။ ကျွန်မလည်း လုံးချင်း စာအုပ်များ ဆယ်အုပ်လောက် ရေးပြီးပေပြီ။

မမြမှီသည် နောက်ဆုံးကလေးမှ တစ်ပါး ကျန်ကိုးယောက်မွေး စဉ်တွင် အလုပ်လုပ်နေတုန်းဖြစ်၏။ ကိုယ်ဝန်ကြီး တလွယ်လွယ်နှင့်ပင် သူအလုပ်လုပ်လိုက် ခွင့်ယူလိုက် မွေးလိုက် လုပ်လာသည်မှာ နောက်ဆုံးဆယ်ယောက်မြောက် ကလေးကျမှပင် အိမ်တွင် ကလေးကြည့်မည့်သူ မရှိ၍ ...အလုပ်ထွက်လိုက်ခြင်း ဖြစ်ပေသည်။

ရန်ကုန်တွင် ကလေးကိုးယောက် အိမ်ထောင်မှာ...အဖေရော အမေရော အလုပ်လုပ်မှ လူစဉ်မှီမည်ကို ကျွန်မ တွေးမိပေသည်။ "

မမှီနှင့် မတွေ့သည်မှာ နှစ်နှစ်လောက် ရှိသွားပေပြီ၊ တစ်နေ့ ကမူ မိတ်ဆွေတစ်ယောက်နှင့် ဘတ်စ်ကားပေါ်မှာ တွေ့ရင်းမှ မမြမှီက ကျွန်မကို တွေ့လိုကြောင်း ပြောသည်ဟု ကျွန်မ သိရ၏။ ကျွန်မသည် လည်း ခုတလော အိမ်ပြင်သို့မထွက်သည်မှာ...ကြာပေပြီ၊ တစ်လစာ တစ်လစာ ဈေးဝယ်ချိန်သာ မြို့တွင်းဈေးသို့ ရောက်ခဲ့၏။

တစ်နေ့ကမူ မမြမှီထံသို့ တမင်သက်သက် သွားရောက်တွေ့ဆုံ

ရ၏။

နနိုင်လိုက်တာ မိခင်ယုရယ်...ကိုယ်တစ်ယောက် ရှိသေးတယ် လို့များ သတိရသေးရဲ့ လား...သူက တွေ့တွေ့ခြင်း ဆီးကြို အပြစ်တင် လိုက်ပါသည်။ '

“စိတ်မရှိပါနဲ့ဟာ...သတိရပါတယ်။ ကိုယ့်အကျင့်ကိုက အိမ်လည်း မလည်တတ်ဘူး၊ တစ်ယောက်တည်း နေရတာ ပျော်တယ်၊ ကိုယ့်ရောဂါနဲ့ ကိုယ် စိတ်ညစ်လို့”

“အေး...မင်းစိတ်ညစ်တယ်ဆိုလို့ ကိုယ်က ထပ်ပြောရဦးမယ်။ ။ မင်းအပူနဲ့ မင်းဆိုပေမယ့် ကိုယ့်မှာလည်း ကိုယ့်ဗိုက်လှုပ်တာက အရေး ကြီးနေလို့”

“ဘာ...”

ကျွန်မသည် သူ့စကားကို နားမလည်ပါပေ။ သူသည် သူ့ဗိုက် ကို လက်ညှိုးထိုးပြပါ၏

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)