Skip to product information
1 of 2

Other Websites

ခင်နှင်းယု - ကျွန်မကမချောပါဘူးနှင့် အခြားမဂ္ဂဇင်း ဝတ္ထုရှည်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

လေးကျွန်းမြင်းမိုရ် တောင်ထက်ပို

ပထမသားဦး ကိုယ်ဝန်ရှိစက ကိုဝင်းမောင် ဘာလုပ်သည်ကို သူနား မလည်။ သူကိုယ်ဝန်ရှိသည်ဟု ဖွင့်ပြောလိုက်ကတည်းက သူတို့ အိမ်နောက်ဘက် ခြံစည်းရိုးနှင့်ကပ်၍ အုန်းပင်သုံးပင် ကိုဝင်းမောင်က စိုက် သည်။ ဦးအောင်ကြီးတို့ အုန်းခြံမှ ပျိုးအုန်းသုံးပင်ရသည်။ ။

ကိုဝင်းမောင်အလုပ်က ရန်ကုန်မှ ငါးခြောက်ကုန်သည်များကို - အင်းများတွင် ငါးခြောက်ပေး ပေးသော ကိုယ်စားလှယ်ဖြစ်သည်။ ။

အင်းမရွာတွင် အခြေစိုက်ကတည်းက -ပေ ၈၀ x ပေ ၁၀၀ မြေကွက်လေး သူတို့နှစ်ဘက်မိဘဘက်မှရသည်။ အင်းမသည် ကားလမ်း ဖြင့်ကျောင်းကုန်းထိပေါက်၍ ရေလမ်းဖြင့် ပန်းတနော်ကို ရောက်သည်။

ကိုဝင်းမောင်အလုပ်နှင့် အုန်းပင်စိုက်သည်နှင့် ဘာမှမဆိုင်။ သူသည်ကိုဝင်းမောင်ကို ဘာမှမမေး၊ အင်းထဲမသွားသောအခါ စိတ်ပြေ လက်ပျောက် အုန်းပင်စိုက်သည်ဟုပဲ ထင်သည်။

အမေ့ကိုတော့ ပြောမိသည်။

“ကိုဝင်းမောင် ဘာလုပ်တာလဲ-မသိဘူးအမေ။ ကျွန်မက မေးတော့ သားဦးရတဲ့ အထိမ်းအမှတ်တဲ့၊ ကျွန်မကိုယ်ဝန်ရှိတယ် ပြောပြီး နောက်နေ့အုန်းပင်စိုက်တာပဲ” .

အမေက ရေလဲမှ ခေတ္တလာလည်တုန်းက သူဒီလိုပဲ ပြောမိသည်။

“အုန်းတစ်ပင်စိုက်တာ လင်တစ်ယောက်ရတာနဲ့ တူတူပဲ” ဟု အမေကပြောသည်။

 ' သားဦးလေး မွေးတော့ ကိုဝင်းမောင်ဝမ်းသာအားရ အော် ဟစ်သည်။ ။

“မကျေးရေ ငါ့သား မျက်နှာက ကြည်လင်နေတာပဲ။ ကြည်မောင်လို့ နာမည်ပေးမယ်”

သားဦးလေးကလည်း သူအသက်နှစ်ဆယ်ကျော် အစွမ်းအင် အားကောင်းတုန်း၊ နို့ထွက်ကောင်းတုန်း မွေး၍လားမသိ၊ ဖွံ့ဖွံ့ဖြူဖြူ ထွားထွားကြီး ဖြစ်သည်။

အင်းထဲက ပြန်လာချိန် ဘယ်လိုပဲ နောက်ကျနောက်ကျ နောက်ဖေး ရေတွင်းမှာ ရေချိုးရင်း အုန်းပင်ကို ရေလောင်းရသည်။ သွားစရာမရှိလည်း ကိုဝင်းမောင် မှန်မှန်ရေလောင်းသည်။

“သုံးနှစ်အုန်းလည်း ရှိတယ်၊ ငါက ဝက်မလွတ် သုံးနှစ်အုန်းကို မကြိုက်ဘူး၊ ၅နှစ်အုန်း၊ အုန်းကြီးပဲ ကြိုက်တယ်” ။

အုန်းပင်လေးတွေ ခါးလောက်မရှိတရှိမှာ သားက နှစ်နှစ်ထဲ ဝင်လာသည်။

မကျေး နောက်တစ်ယောက် ကိုယ်ဝန် လွယ်ရပြန်သည်။ ဒီတစ်ခါ ကလေးရှိကြောင်းပြောတော့ ကိုဝင်းမောင်မျက်နှာ ဝင်းပသွား ပြန်သည်။

“ငါ့သားကြီး အဖော်ရပြီပေါ့” ဟုဆိုသည်။ အင်းမချောင်းဘက် ထွက်သွားသည်။ အပြန်ကျ သစ်ပင်သုံးပင်နှင့် ပြန်လာသည် ။

“မကျေး တူးရွင်းပေးစမ်း”

 'မကျေးက နားမလည်။ တူးရွင်းကိုယူကာ ကိုဝင်းမောင်ရှိရာ အိမ်ခေါင်းရင်းဘက်ကို ဆင်းလာသည်။ . “ဘာလုပ်မလို့လဲ" . ။

“ဒီမှာလေ ပန်တပွတ်ကမျိုး၊ မန္တလေး ရင်ကွဲသရက်သီး သုံးပင် စိုက်ရမယ်- နောက်သားအထိမ်းအမှတ်”

ကိုဝင်းမောင်က သစ်ပင်စိုက်ဖို့ မြေကျင်းတူးနေသည်။ သရက် - ပင်က နေရာယူသောကြောင့် ပေ၂၀ လောက်စီ ခွာ၍စိုက်သည်။ သား သည် သူသစ်ပင်စိုက်ရာသို့ ပြေးလာကြည့်သည်။

မကျေးက ကိုဝင်းမောင် စိုက်ထားသော သရက်ပင်များကို - မြေကူ၍ ဖို့ပေးသည်။

“ကဲ... မြေကြီးတွေ ပေလို့ ရေချိုးလိုက်ဦး”

သူရေချိုးဖို့ ရေတွင်းရှိရာ သွားတော့ သားက အုန်းပင်များ အနားမှ လျှောက်ကာ လိုက်လာသည်။ .

“မကျေးရေ ကြည့်စမ်း၊ အုန်းပင်တွေ ငါ့သားအရပ်ထက် မြင့်သွားပြီ”

အင်းမက ရေမြေကောင်းသည်။ မြစ်ဝကျွန်းပေါ်ဆိုတော့ မိုးကလည်း ကောင်းသည်။ သရက်ပင်လေးတွေ အားလုံး ရှင်သည်။

မကျေးတို့မှာ မြို့သူတွေလိုမဟုတ်၊ ကိုယ်ဝန်ရှိချိန် အထူး လေ့ကျင့်ခန်း လုပ်ရန်မလို။ အိမ်ကိစ္စ လုပ်ပြီးလျှင် ရေတွင်းမှ ရေငင်ကာ သရက်ပင်၊ အုန်းပင်များကို ရေလောင်းပေးသည်။ ဒါကြောင့်လားမသိ၊ ဒုတိယသားကို မကျေး ရှောရှောရှူရှူး၊ မွေးသည်။

“အောင်မလေး-ငါ့မှာ သားတွေနှစ်ယောက်တောင် သားကြီးရေမင်းဖို့ ညီလေးရပြီ” -

ကိုဝင်းမောင်က ဒုတိယသားကို ပွေ့ချီရင်း ဝမ်းသာအားရ ပြောသည်။ ဒုတိယသားကိုတော့ တင်မောင်ဟု အမည်ပေးသည်။

သရက်ပင်က အုန်းပင်လောက် အကြီးမမြန်။ ဒါပေမဲ့ သန် . သည်။ မကျေးကတော့ ထင်သည်။ သားကြီးကြည်မောင်က အုန်းပင်လိုရှည်ရှည်ထွားထွားဖြစ်၍ သားငယ်တင်မောင်က သရက်ပင်လို ဂင်တိုတိုကြံ့ကြံ့ခိုင် ဖြစ်လိမ့်မည် ထင်သည်။

ဒါပေမဲ့သားငယ်လမ်းလျှောက်တတ်စကစ၍ နည်းနည်းချူချာ၍ ပိန်ကာ သားကြီးက ဝတုတ်တုတ် ခိုင်ခိုင်ကြီးဖြစ်သည်။

“ကဲ-ကိုဝင်းမောင်၊ ဒီတစ်ခါ- ဘာပင်စိုက်မလဲ၊ ကျွန်မ ကိုယ်ဝန် ရှိပြန်ပြီ”

တတိယသား ကိုယ်ဝန်ရှိတော့ “မကျေးက ကြိုတင်မေး၏။ မကျေးသည် ယခုလိုအတိုင်းသာဆို နှစ်နှစ်တစ်ယောက် မှန်မှန် မွေးသွား မည်ဖြစ်သည်။ အသက် '၄ဝ 'သွေးဆုံးမည့် အချိန်ထိများ ယခုနှုန်းအတိုင်း မွေးလျှင် အနည်းဆုံး ၁၀ယောက်တော့ မကျေး အေးအေးလေးမွေးနိုင် သည်။

ကိုဝင်းမောင်၊ ဒီတစ်ခါ မအူပင်က ပြန်လာတော့ ပန်းပင်သုံးပင် ယူလာသည်။

“လာဟေ့ မကျေး၊ တူးရွင်းယူခဲ့၊ ဒီတစ်ခါ အိမ်ရှေ့မှာ စိုက်မယ်”

 “ဘာပင်တွေလဲ"

 “ကံ့ကော်ပင်တွေလေ”

“ပန်းပင်စိုက်ရင်တော့ မိန်းကလေးမွေးလိမ့်မယ် ထင်တယ်”

မြေတူးဆွနေသော ကိုဝင်းမောင်အနား မကျေးက ထိုင်ရင်း ပြောပြနေသည်။ အိမ်ရှေ့မှာ တန်းစီ၍ ၁ဝပေစီလောက် ခြားကာ စိုက်သည်။

“ငါ့အိမ်မှာ ငါ့သားတွေ သမီးတွေနဲ့ သီးပင် စားပင်၊ ပန်းပင်တွေ ဝေနေရမှာပေါ့”

ကိုဝင်းမောင်၏ မြေတူးလက်ကသွက်လက် အားသန်လှသည်။

မကျေး နိမိတ်ဖတ်သလို တတိယကလေးက သမီးလေး ဖြစ်သည်။

“ကျွန်မဝမ်းသာလိုက်တာ ကိုဝင်းမောင်၊ သားတွေရတာတော့ အားရှိပါရဲ့၊ အခုသမီးလေးက ကျွန်မအဖော်၊ ကျွန်မ အိုရင် ကျွန်မသမီးလေးက ကျွန်မအနားမှာနေမှာ”

သမီးလေးကလည်း ဖြူဖြူထွားထွားကြီးပါပဲ။ အရွယ်ကြီးလာ တော့ သားကြီးက အသားအနည်းငယ် ညိုသွားသည်။ သားလတ်သည် ပိန်သည်ကလွဲ၍ ဖြူဖြူးရှည်ရှည်၊ သမီးကတော့ ဖြူလည်းဖြူ၊ ဝဝ တုတ်တုတ်လေး။

မိန်းကလေးဆိုတာ ချောမှ လှမှဟု သမီးကိုကြည့်ရင်း မကျေးက တွေးသည်။ ဒီတစ်ခါတော့ သမီးလေးဖြစ်၍ မကျေးက သူကိုယ်တိုင် အမည်ပေးသည်။ မကြေးမုံတဲ့။

ကိုဝင်းမောင် သစ်ပင်များ ရေလောင်းချိန် မကျေး ရေငင်ချိန် များတွင် သားတို့သမီးတို့ ပြေးလွှားကာ သူတို့နောက်မှ လိုက်ကြသည်။ မြေကြီးနှင့် လူးအောင် သားနှစ်ယောက်က ဆော့တတ်သည်။

မကြေးမုံ နှစ်ခါလည်တော့ ကိုဝင်းမောင်သည် သားကြီး ကြည် မောင်ကို ရွာမူလတန်းကျောင်းကို ပို့ရသည်။

ပထမ ကျောင်းသွားသည့် နေ့က သားကြီးကြည်မောင် အသံပြဲ ကြီးနှင့်အော်ငိုနေသည်ကို မကျေးက အမြဲလိုသတိရနေသည်။ နောက် တော့လည်း ကျောင်းမှန်မှန်တက်သည်။

ငါးခြောက်ပေါ်ချိန် အင်းထဲဆင်း၍ ငါးခြောက်များသိမ်းပြီး ကိုဝင်းမောင် ရန်ကုန်ပို့ရသည်။ သူအပြန် သားသမီးများအတွက် အဝတ် အစား၊ စာအုပ်၊ ကစားစရာတွေ တစ်ပွေ့တစ်ပိုက်ကြီး ဝယ်လာသည်။

မကျေးမျက်နှာမြင်တိုင်း အမေရေလဲမှ လာ၍စောင့်ပေးပေမဲ့ စတုတ္ထမြောက် ကလေးကျတော့ အမေမလာနိုင်ပါ။ အမေ မမာ၍ ဖြစ်သည်။

စတုတ္ထကုလေး ကိုယ်ဝန်ရှိတော့ ကိုဝင်းမောင် စံပယ်ပန်းတွေ မြေမြောင်းဖော်၍ စိုက်သည်။ အပင်ကို ၁၀၀ လောက်ရှိမည်။

“အခုကလေးတော့ ဘာလေးမွေးမယ် မသိဘူး၊ မိန်းကလေး မွေးရင်တော့ မစံပယ်လို့ မှည့်ရမယ်” ။မကျေးက မစံပယ်လို့ အမည်ပေးချင်ပေမယ့် စတုတ္ထကလေး မှာ သားလေးဖြစ်၍ ကိုဝင်းမောင်က မောင်စန်းမောင်ဟု အမည်ပေးသည်။ သားရသည့် အထိမ်းအမှတ်အဖြစ် သပြေပင်ကို မောင်စန်းမောင်မွေး ပြီးမှ ၃ ပင် ထပ်စိုက်သည် ။

ကြည်မောင်၊ တင်မောင်စန်းမောင်သားက ၃ယောက်၊ သမီးက မကြေးမုံ၊ မောင်စန်းမောင် မီးတွင်းထဲမှာ မကျေးအမေ ဆုံးသွား၍ ရေလဲကို မကျေးမသွားနိုင်း ကိုဝင်းမောင်က သွားရောက် သင်္ဂြိုဟ်သည်။

သားကြီး ကြည်မောင် ၄တန်းအောင်တော့ ကိုဝင်းမောင်က ပန်းတနော်ကို ပို့သည်။ သားငယ်သေး၍ မကျေးကမခွဲချင်။ ဒါပေမဲ့ ကို ဝင်းမောင်အစ်ကိုရှိနေ၍ သူစိတ်ချလိုက်ပါသည်။ သားတွေ စာကြိုးစား ၍ မကြေးမုံက စာကျက်ပျင်းသည်။

“မိန်းကလေးပဲ၊ အိမ်မှုကျွမ်းကျင်ဖို့လိုတယ်၊ ကျွန်မသမီး စာ မတော်လည်း နေပါစေ” မကျေးက ပြောပေမဲ့ ကိုဝင်းမောင်ကတော့ သူ့ သမီးကို ကျောင်းဆရာမ ဖြစ်စေချင်သည်။ ။

ကိုဝင်းမောင် မျှော်မှန်းသလို မဖြစ်လာပါ။ မကြေးမုံသည် ပညာ " မစုံခင် ကျောင်းထွက်ကာ လင်နောက်လိုက်သွားသည် အငယ်ဆုံး စန်းမောင်ကိုပါ သူ့အစ်ကိုများ နည်းတူ အထက်တန်းရောက်တော့ မအူပင် အစ်ကိုဖြစ်သူထံ ပို့၍ ကိုဝင်းမောင်က စာသင်ကြားစေပါသည်။

သားကြီးကြည်မောင်နှင့် တင်မောင်က တက္ကသိုလ်ရောက်၍ ကြည်မောင်ပင် အင်ဂျင်နီယာ နောက်ဆုံးနှစ်ရောက်ပြီ။

ဖွေးဖွေးလှုပ်ပွင့်နေသော ကံ့ကော်ပင်အောက်တွင် မကျေးက ထိုင်ရင်း သမီးကြေးမုံကို သတိရနေသည်။ ကိုဝင်းမောင်ကို ကြည့်ရတာ ယခင်လို သွက်သွက်လက်လက် မရှိ၊ မိခင်ဖြစ်သူ သူ့ထက်ပင်-သမီး လင်နောက်လိုက်သွားသည်ကို စိတ်ထိခိုက်နေပုံရသည်။

မကျေးအနားကို ကိုဝင်းမောင်က လာထိုင်သည်။ မကျေးသည် သမီးအကြောင်း စကားစဖို့ စဉ်းစားနေသည်။ မနေ့ကပဲ မအူပင်ကကိုဝင်းမောင် အစ်ကို ကိုသန်းအောင်က မကြေးမှုံကို ယောက်ျားလေး ဘက်က မိဘများက ပြန်လည်အပ်နှံပါမည်၊ လက်ခံပါဟု ဦးအောင်ကြီးမှ တစ်ဆင့်စကားဆိုလာသည်။ သူကတော့ မိခင်ဖြစ်လေတော့ သမီးလေး ပါသွားပြီးနောက် အပျိုပြန်ဖြစ်လာတော့မှာမှ မဟုတ်ဘဲ မိသားဖသားပီပီ အပ်နှံသည်ကိုပဲ လက်ခံချင်သည်။ ကိုဝင်းမောင် သဘော မသိရသေးဘူး။

“ကိုဝင်းမောင်”

ကိုဝင်းမောင်သည် မကျေး ခေါ်နေသည်ကို ပါးစပ်နှင့်မထူး၊ မျက်လုံးနှင့်ပဲ ဘာကိစ္စလဲဟု မေးနေပုံရသည်။ မကျေးက အတိုချုံး၍ ကိုသန်းအောင် ပြောသည်ကို ပြန်လည်ပြောပြသည်။ ကိုဝင်းမောင်က မလှုပ်။ .

“ခေါင်းပေါ် မော့ကြည့်လိုက်စမ်းကိုဝင်းမောင်" ကိုဝင်းမောင်က မော်ကြည့်သည်။ ။

“သမီးမွေးတုန်းက စိုက်တဲ့ ကံ့ကော်ပင်တောင် ပွင့်ပြီပဲ၊ ခူးမကုန် လို့ ဖောက်သည်တောင်ပေးနေရပြီ၊ သမီးလည်း အချိန်တန်တော့ ယူသွား တာပေါ့၊ အေးလေ မိသားဖသားပီပီ တောင်းရမ်းယူဖို့ မစီစဉ်တတ် တာတော့ သမီးမလိမ္မာတာပေါ့၊ ဦးအောင်ကြီးတို့ကလည်း ယောက်ျားလေး ရှင်နဲ့ သိတယ်။ လက်ခံလိုက်ပါတဲ့”

“မင်း သဘောပဲ၊ ကြည့်လုပ်ပေတော့” . .

ကိုဝင်းမောင်မပြောရာမှထသွားသည်။ အနောက်ဘက် ကောင်း ကင်ကို နောက်ခံထား၍ အုန်းလက်များ ယိမ်းနေကြသည်ကို မကျေး ငေးကြည့်ရင်း ကျန်ရစ်သည်။

မကြေးမုံကိစ္စ ပြီးသွားတော့ ကိုဝင်းမောင် အိပ်ရာပေါ် လဲသွား သည်။ မည်သူမျှ ကိုဝင်းမောင် ဒါလောက် စိတ်ထိခိုက်မည် မထင်။

သားကြီး ဘွဲ့ယူမည့်နှစ်မှာ ကိုဝင်းမောင် ကွယ်လွန်ခဲ့သည်။ သားကြီး ဘွဲ့တစ်ခုရသွားသည်ကို ကိုဝင်းမောင် သိသွားပေမဲ့ ဘွဲ့ယူပွဲ ကိုတော့ မတက်ရပါ။ မကျေးကလည်း မျက်ရည်စက်လက်နှင့် သားဘွဲ့

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)