ခင်နှင်းယု - ကုသိုလ်ကြမ္မာ မမီပါခဲ့
မိုးသောက်ဦး
“ချစ်လှစွာသော မကျည်းတန်...”တဲ့။
“ဟေး...ရစ်ချတ်...ရစ်ချတ်၊ လာပါဦး”
အလန့်တကြား ခေါ်လိုက်သော မိုနာ၏ အသံကြောင့် ရစ်ချတ်သည် ။ သူ့အဖေ၏ အိပ်ခန်းသို့ ပြေးဝင်လာသည်။ ။
“ဟင်...ဘာလဲ မိုနာ” . .
“ဒီမှာဖတ်ကြည့်စမ်း၊ ဒါရစ်ချတ်တို့ ဒယ်ဒီ လက်ရေးမို့လား”
မိုနာသည် စားပွဲပေါ်မှ စာရွက်ပြာကလေးပေါ်သို့ လက်ညှိုးထိုးပြ၏။
ရစ်ချတ်သည် စာရွက်ကိုဖတ်ကြည့်ရင်း “မထိနဲ့ မိုနာ၊ သူ့စာရွက်ကိုမထိနဲ့၊ ဖေဖေက ခြေရာ လက်ရာပျက်နေရင် ကိုယ့်ကို ဆိုဦးမယ်၊ မိုနာ ဘာဖြစ်လို့ ဖေဖေ အိပ်ခန်းထဲ ဝင်သွားရတာလဲ”ဟု မေးလိုက်၏။
“ဪ...ယောက္ခမလောင်းကြီးကို မျက်နှာလုပ်မလို့ ကော်ဖီသောက် ရအောင်လို့ လာခေါ်တာ တွေ့လည်းမတွေ့ဘူး။ မျက်စိက စားပွဲပေါ် ရောက်သွားတာနဲ့ စာရွက်ကို ကြည့်လိုက်မိတာပါ။ မိုနာ ဘာကိုမှ မကိုင်သေးပါဘူး။ စားပွဲပေါ်မှာ ဒီစာကို ဖတ်မိလို့ ရစ်ချတ်ခေါ်ပြတာ”
“ဖေဖေ မနက်အစောကြီးက လမ်းလျှောက်ထသွားပြီ၊ လာ ကော်ဖီ သောက်လေး ရစ်ချတ် ပေါင်မုန့်ကို ထောပတ်သုတ်ထားတယ်။ သူများက ကော်ဖီ စားပွဲက စောင့်နေတာ သူကဖြင့် ဖေဖေ့အိပ်ခန်းထဲရောက်နေတယ်”
မိုနာသည် ရစ်ချတ်ဆွဲခေါ်ရာသို့ လိုက်လာပြီး ပခုံးကလေးတွန့်ကာခေါင်းကိုခါယမ်းလိုက်၏။ ခေါင်းထဲမှာ မရှင်းသောဟန်နှင့် လက်ဆယ်ချောင်း လုံးဆံပင်ထဲသို့သွင်း၍ ဖရိုဖရဲကျနေသော ဆံပင်များကို သပ်လိုက်၏။ ရစ်ချတ် ထားတွင် ထိုင်ချလိုက်သည်။
“ပါးစပ်ဟ” ရစ်ချတ်သည် လှပစွာဖွင့်ဟလိုက်သော မိုနာ၏ နှုတ်ခမ်းနနီနီပေါ်သို့ ပေါင်မုန့်ကို ထည့်ပေးလိုက်၏။ အနားမှကော်ဖီမှု့ပေးနေသော ဘကြီးပြောကို သူတို့သည် လုံးဝ သတိမထားမိ။ ဘကြီးပြော့သည် မကြည့်ရဲသလို ခေါင်းငုံ့၍ ဝက်အူချောင်းကြော်ထားသော ပန်းကန်ကို ထပ်မံချပေးကာ မီးဖိုဘက်သို့ ဝင်သွား သည်။ ။
' မိုနာသည် ပေါင်မုန့်ကိုဝါးရင်မှ ခပ်ဟစ်ဟစ်ရယ်သွမ်းသွေးလိုက်သည်။
“ယူတို့ဒယ်ဒီ ရည်းစားနာမည်ကလည်း မကျည်းတန်တဲ့၊ အမလေးဟု ပြီးတော့လည်း ယူတို့ဖားသားကြီးက အသက် ၅၀ ပြည့်တော့မယ်ထင်တယ်"
“ဘာဖြစ်လို့လဲ မိုနာ၊ ၄၀ ကျော်လေး ရှိပါသေးတယ်”
“အမယ် ကိုယ်တို့ဒက်ဒီတောင် ၅၂ နှစ်ရှိပြီ”
“၅၀ ပဲဖြစ်ဖြစ်၊ ၄ဝ ပဲဖြစ်ဖြစ်၊ အဲဒါဘာဖြစ်လဲ”
“မိုနာရယ်ချင်လို့ပါ၊ အသက် ၅ဝ နီးနေတဲ့ အဘိုးကြီးက ရည်းစားစာ ၊ ရေးနေလို့” . *မိုနာနော်...တခြားဟာတွေတော့ ရစ်ချတ် အားလုံးအလိုလိုက်မယ်၊
ဖေဖေ့ကိုတော့ ရစ်ချတ်ခေါ်သလို ဖေဖေလို့ ခေါ်ချင်ခေါ်၊ အန်ကယ်လို့ ခေါ်ချင် လည်းခေါ်၊ ဟင်း ...အဘိုးကြီးလို့တော့ မခေါ်ရဘူး”
မိုနာက တခစ်ခစ်ရယ်ပြန်သည်။
“မခေါ်ပါဘူးမခေါ်ပါဘူး၊
မိုနာ ပြောချင်တာက အဘိုးကြီးပဲဖြစ်တော့ မယ်၊
ရည်းစားစာ ခုမှ စပြီးရေးတုန်းဆိုတော့
အမယ်လေး...ဘယ်တော့မှများ ညားတဲ့အခန်း ရောက်မလဲလို့ မိုနာသိချင်လို့ပါ”
ရစ်ချတ်သည် ပေါင်းမုန့်နှစ်ချပ်ကြားတွင် ဝက်အူချောင်း ပါးပါးလှီးထား | သည်များကို စီရီထည့်၍ မိုနာရှေ့ရှိ ပန်းကန်ပြားထဲတွင် ထည့်လိုက်သည်။
ပြီးတော့သူသည် သူ့ အတွက် ဝက်အူ ချောင်းနှင့် ပေါင်မုန့်ကိုစားရင်း ခပ်ငိုင်ငိုင်လေး ဆုံ.စားနေ၏။
မယ်၊ ရည်းပါဘူး မပြန်သည်။“နာမည်ကလည်း မကျည်းတန်တဲ့၊ ယူတို့ဒက်ဒီနဲ့ အသက်က မတိမ်း မယိမ်းရှိနေမယ့်အရွယ်ပေါ့နော်၊ ၄ဝ ကျော်ပြီးတဲ့နောက်မှ မိန်းမတစ်ယောက်ဟာ လှပါဦးမလား၊ မိုနာ စဉ်းစားတာပါလေ၊ အတော်လှတယ်ဆိုတဲ့ မိန်းမတောင် ၄၀ ကျော်လာရင် အလှဟာ မှေးမှိန်သွားရော၊ ခု စာထဲအလိုဆိုရင် နာမည်က မကျည်းတန်၊ အရွယ်က ၄၀ ကျော်၊ ဟင်...လှပါဦး မလား၊ ဒီအမျိုးသမီးကို ယူတို့ဒက်ဒီက ခုမှစာစပေးရမယ်ဆိုတော့...အို...မိုနာ တို့အဖို့တော့ အဓိပ္ပာယ် မရှိပါဘူး။
အလှမရှိရင် အချစ်မရှိပါဘူးကွယ်၊ ဟဲ...ဟဲ ရစ်ချတ်ရယ်၊ မိုနာကို လည်း လှလို့ ယူချစ်တာမို့လား၊ မိုရာ နှုတ်ခမ်းလေးက မိုနာလီဇာနဲ့တူတယ်ဆို၊ မိုနာ့ ဒက်ဒီကလည်းလေ ကိုယ်တို့မာမီကို မိုနာလီဇာနဲ့ တူတယ်ဆိုပြီး ယူတာတဲ့၊ မိုနာမွေးလာတော့ မာမီနဲ့ အဲဒီနှုတ်ခမ်းလေးတစ်ခုပဲ တူတယ်။ ဒါပေမဲ့ ဒက်ဒီက ပန်းချီကားထဲက နှုတ်ခမ်းလေးနဲ့တူလို့ မိုနာလို့ မှည့်တာ၊ မော်လီတို့မွေးနေ့တုန်းက
တော်မီတို့၊ ဂျွန်တို့နဲ့ မော်လီတို့အိမ်မှာ ကပွဲလုပ်တော့ တော်မီကတောင် ပြောသေး တယ်။ မိုနာရယ် မင်းနှုတ်ခမ်းဟာ တကယ့် မိုနာလီဇာပါပဲတဲ့၊ ဟဲ...ဟဲ အဲဒီနေ့က ယူ နဲ့တော်မီနဲ့တောင် ထပြီး ထိုးကြမယ် ဖြစ်သေးတယ်လေ”
“အို...အဲဒီညအကြောင်း ပြန်မပြောပါနဲ့၊ ကဲ..ထ၊ ဖေဖေက ကမ်းခြေက စောင့်ချင်စောင့်နေမှာ”
“အိုး..ဟိုးဟိုး...နေပါဦး၊ သွားတိုက်ရဦးမယ်” ။
မိုနာသည် ရေချိုးခန်းရှိရာသို့သွားပြီး သွားတိုက်နေသည်။ “ဒေါ်သိန်းရှိလား ၊ ဘကြီးပြော့ရှိလား၊ စားပွဲသိမ်းတော့”
ရစ်ချတ်သည် မီးဖိုဘက်သို့ အော်ပြောလိုက်၏။ မိုနာရေချိုးခန်းမှ ထွက် လာသောအခါ နှစ်ယောက်လက်တွဲ၍ ကမ်းစပ်ရှိရာသို့ ဆင်းသွားသည်။ ဒေါ်သိန်း သည် ထမင်းစားခန်းထဲသို့ ဝင်လာ၍ ဗန်းတစ်ချပ်နှင့် စားသောက်ပြီး ပန်းကန်များ, ကို သိမ်းနေသည်။ ။
“မသိန်းသူတို့သွားပြီလား” ဘကြီးပြောသည် ဝင်လာရင်း မေးလိုက်၏။
“သွားပြီလေ ကျုပ်တော့ စိတ်မောလိုက်တာ ကိုရင်ရယ်၊ ပေါင်မုန့်တွေ ။ ဝက်အူချောင်းတွေ စားပြီးမှ အဲဒီကလေးမ သွားတိုက်တယ်။ ခေါင်းကလည်း စုတ်ဖွားနဲ့ ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ရင်း မမကြီးတို့ မမလေးတို့နဲ့ တွေ့ရင် ဒုက္ခပဲ ။
မမလေးက အတင်းပြောတတ်ရတဲ့အထဲ အဲဒီကလေးမ ပုံပန်း ကလည်း တစ်မျိုးကြီးပါတော် ။
ရှင်က စောင့်ခိုင်းလို့ ဒီအနားက စောင့်နေရင်း သူတို့စကားပြောတာ နားထောင်နေမိတယ်။ ဟာ...ကလီဇာရော တော်ပီရော စုံလို့ ။
ဘကြီးပြော့သည် ရယ်လိုက်၏။
“မင်း တော်ကြာ နားယဉ်လာမှာပါ၊ သူတို့ပြောတာ မြန်မာစကားပါကွဲ၊ နာမည်တွေက အင်္ဂလိပ်နာမည်တွေမို့လို့”
ဘကြီးပြောသည် နောက်ဖေးခန်းကို ပန်းကန်များ ကူသယ်သွား၏။
“ဟိုဘက်အိမ်ကိုသာ တစ်ခါတည်းသယ်သွားတော့ မနက်စာ ဆရာကြီး ရော တွတ်နီတို့ လင်မယားရော မမကြီးတို့ အိမ်ဘက်သွားစားမှာ၊ မမကြီးက သူ့သားစားဖို့ဆိုရင် ကိုယ်တိုင်ဟင်းအိုးပြင်ရမှ ကြိုက်တာ”
“ဘာရခဲ့လဲ” -
“ဒီနားကဈေးပဲ သွားခဲ့တယ်။ နက်ဖြန်မှ ဆရာကြီးက ကားစီစဉ်ပေးမယ် တဲ့၊ အဲဒီတော့ သံတွဲဈေးကို သွားမယ်၊ ခု ပုစွန်ကျားဆယ့်ငါးကျပ်သား ရခဲ့တယ်။
အဲဒါ ဆီပြန်ချက်၊ ရန်ကုန်ကပါလာတဲ့ ငါးခြောက်ရိုးနဲ့ ခရမ်းသီး၊ ရုံးပတီသီး - ရယ် ရောပြီး ကုလားဟင်းချက်မယ်၊ ထင်းရှူးပုံးထဲက ငါးပိကြော်ပုလင်းလည်း ထုတ်ထား...
တိုလီမိုလီ လက်တိုလက်တောင်း ခိုင်းစရာရှိရင် မောင်မျိုးသန့် ခေါ်ခိုင်း"
“ဘယ်က မောင်မျိုးသန့်လဲ”
“ဟို ...ယူဘီအေတည်းခိုဆောင်က ထမင်းဆိုင်ရှင်ရဲ့ သားလေး၊ ဟော... ပြောရင်းဆိုရင်း လာနေပြီ”
ရစ်ချတ်တို့ထက် အနည်းငယ်အသက်ငယ်သော သူငယ်လေးတစ်ယောက် သူတို့အနား ရောက်လာ၏။
“ဘကြီး ဘာလိုသေးလဲ၊ မနက်က ဘကြီးမှာသွားလို့ ထင်း ၁၀၀ ဟိုဘက် မီးဖိုချောင်မှာ ပုံထားလိုက်ပြီ"
“အေး...ထင်းရရင် တော်ပါပြီ၊ တခြားဟာ မလိုပါဘူး မောင်မျိုးသန့်၊ ဟောဒီ မင်းကြီးတော် လိုချင်တာလေးရှိရင်သာ ကူလိုက်ပါကွယ်၊ သူနေတာက ပင်လယ်နဲ့ဝေးဝေး၊ ပေါက်မြို့ သူဇာတိကွဲ ၊ ပင်လယ်ကမ်းခြေတို့ ဘာတို့ မရောက်ဖူးသေးဘူး။ သူနဲ့ဘကြီးနဲ့က ခုမှ လက်ထပ်ပြီးစရှိသေးတယ်”
ဒေါ်သိန်းသည် မျက်စောင်းတစ်ချက် ထိုးလိုက်၏။
"ကိုရင်ကလည်း ရှက်စရာတွေ ဘာတွေပြောနေလဲ”
'အို...ရှက်စရာလား၊ ညားစမို့လို့ ညားစရှိသေးတယ်ပြေ တာ'ဘကြီး ပြော့က ထပ်၍ ရှင်းလိုက်၏။
“ရှက်စရာမဟုတ်ပါဘူး ကြီးဒေါ်ရဲ့၊ ဒီကမ်းခြေမှာလေ အဲဒီလိုပဲ ညားခါစ လင်မယားစုံတွဲတွေလည်း ဟန်းနီးမွန်းထွက်ဖို့ လာကြတာပဲ”
မောင်မျိုးသန့်က ရယ်ရင်းပြော၏။ “ဘာနီးမွန်း...”
ဒေါ်သိန်းသည် တကယ်ပင် နားမလည်သော ထိုစကားလုံးအဓိပ္ပာယ်ကို မောင်မျိုးသန့်အား မေးလိုက်၏။
“ညားခါစ လင်မယားစုံတွဲတွေ လွတ်လွတ်လပ်လပ် နေရအောင်လို့ ဒီပင်လယ်ကမ်းခြေကို လာတာကို ဟန်းနီးမွန်းထွက်တယ်လို့ အင်္ဂလိပ်လိုပြောတာ ကြီးတော်ရဲ့ "
“သိပ်ဆန်းတာပဲနော် ...စကားလုံးတွေက” ဘကြီးပြော့နှင့် မောင်မျိုးသန့်တို့ နှစ်ယောက်စလုံး ရယ်လိုက်ကြ၏။
“ကျွန်တော်က ရယ်ချင်တာက ဘကြီးနဲ့ဒေါ်ကြီးလည်း ညားခါစ ဟန်းနီး ခွန်း ထွက်လာတာပေါ့ ......ဟဲ”
'အို...ပေါက်ပေါက်ရှာရှာ ဒီ သူငယ်လေးကလည်း၊ ရေနစ်လို့မွန်းမှာ ဒေါ်သိန်း သိပ်ကြောက်တာပဲ၊
ဒေါ်သိန်း ရေမကူးတတ်ဘူး” ဒေါ်သိန်းသည် မွန်းဆိုသော စကားကို သူ့အယူအဆနှင့်သူ ပြောလိုက်၏။
“ဘကြီးပြောက ရေကူးသင်ပေးလိုက်ပေါ့၊ တချို့တော့လည်း အပန်း ဖြေရအောင် လာတာပါ၊ သူ့တို့ ဘာတွေပင်ပန်းကြလဲ မသိဘူးနော် သူတို့ အပန်းဖြေတာကလည်း ကျွန်တော်ပန်းကန်သိပ်ဆေးရတာပဲ။ ကျွန်တော်ကတော့ ရန်ကုန်ပြန်ချင်တယ်။ အဖေ့ကို သနားလို့”
“ဟေ...မင်း ဒီသံတွဲက မဟုတ်ဘူးလား”
ဘကြီးပြောက အံ့သြဟန်နှင့် မေးလိုက်၏။
“မဟုတ်ဘူးခင်ဗျ၊ ရန်ကုန်က၊ ရှစ်တန်းမှာ နှစ်နှစ်ရှိပြီကျတာ၊ ဒီနှစ်တော့အဖေက နွေရာသီကျောင်းပိတ်ရက် အဖေ့ထမင်းဆိုင်လာကူပါဆိုလို့ လာကူတာ အဖေကလည်း ရန်ကုန်ကပဲ၊ ဒီမှာ ထမင်းဆိုင်လာဖွင့်နေတာ ကြာပြီ။ ကျွန်တော် အမေဆုံးကတည်းကပဲ၊ ဒီက သံတွဲသူတစ်ယောက်နဲ့ အိမ်ထောင်ကျနေတယ်။
အဖေကတော့ ပျော်နေပြီပေါ့။ ကျွန်တော့်ကို အဖေနှမနဲ့ ရန်ကုန်မှာထားခဲ့တယ်။ ရန်တော်လည်း ကြိုးစားတာပဲ ရှစ်တန်းကို မအောင်နိုင်ဘူး”
မောင်မျိုးသန့်သည် သူ့အကြောင်းကို နားထောင်သူရှိသောအခါ သူ စိမ်ပြေနပြေ ပြောချင်သည်။
"တော်သေးတာပေါ့ကွ၊ မင်းက ရှစ်တန်းနှစ်ခါကျ၊ တို့ရဲ့ တွတ်နီက ရှစ်တန်း သုံးခါကျလေ”
ဘကြီးပြော့ သည် ခုံခင်းကိုခါရင်း ပြော၏။
“တွတ်နီ...တွတ်နီဆိုတာ ဘယ်သူလဲဘကြီး”
“ဟို...မိုနာ့ယောက်ျား၊ အဲ...အဲ တွတ်နီက ငယ်နာမည်၊ သူ့နာမည်က ရစ်ချတ်လေကွယ်၊ ဆရာဝန်ကြီးသား”
'ဪ...ဪ' မောင်မျိုးသန့်သည် ခေတ္တငိုင်သွား၏။
“သူတို့ ...သူတို့ မိန်းမယူလို့ရတယ်နော်”
“ရတာပေါ့ကွာ၊ ပြီးတော့ အဖေ့လုပ်စာထိုင်စားမှာပေါ့ ၊ မိုနာကလည်း အတွင်းဝန်သမီး၊ အဲဒီမိန်းကလေးကလည်း ၁ဝတန်းကို 'မအောင်နိုင်ဘူး”
“ဟင်...ဒါနဲ့ အဖေက ကျွန်တော့်ကိုပြောတော့ ငါ့သား ၁၀တန်းကိုတော့ အောင်အောင်သင်တဲ့၊ အလုပ်တစ်ခုခုလုပ်တဲ့၊ အလုပ်ရမှ ရည်စားလည်းထား၊ မိန်းမလည်း ယူရမတဲ့ ...”
“အေးပေါ့ကွယ်။ ဒါမှ ဂုဏ်ရှိတာပေါ့၊ ကိုယ့်လုပ်စာနဲ့ကိုယ် ကိုယ့်မိန်းမ ကျွေးနိုင်တယ်ဆိုတာ ယောက်ျားတိုင်း ဂုဏ်ယူရတယ်။ တို့ဆရာဝန်ကြီးသားက အဖြစ်ဆန်းရယ်၊ ရှစ်တန်းမအောင်နိုင်တာနဲ့ သူ့ဘွားအေက ဆူတော့ ရှက်တယ် ဆိုပြီး အိမ်ကထွက်ပြေးတယ်။ မိုနာနဲ့ ဘယ်အချိန်က ကြိုက်လိုက်မှန်း မသိပါ ဘူးကွယ်။ ပျောက်သွားလို့ လိုက်စုံစမ်းတော့မှ အဲဒီမိုနာနဲ့ကြိုက်ပြီး ထွက်ပြေးကြ တာသိရတာပဲ”
“အဲဒီမိန်းကလေးကလည်းတော်၊ ခုမြင် ခုကြိုက်ပဲလား” ဒေါ်သိန်းက ဝင်မေးလိုက်၏။“မသိန်းရဲ့ ၊ မင်း ဒါကြောင့် အပျိုကြီးဖြစ်နေတာ၊ သုံးနှစ်သုံးမိုး ဆိုတဲ့ မင်းတို့ခေတ်ကုန်ခဲ့ပြီ၊ ခုတော့ ငါယူလို့ မင်းယောက်ျားရတာ”
မောင်မျိုးသန့်သည် ရယ်၏။
“ကျွန်တော်... အလုပ်အားတိုင်း ခဏခဏ လာကူပါ့မယ်။ လိုချင်တာရှိ ခေါ်ပါ၊ ခု သွားဦးမယ်၊ ခုလို မနက်စောစောရယ်။ ထမင်းစားချိန် နှစ်ချိန်ရယ် အလုပ်ရှုပ်တယ်။ နေ့လယ်တော့ အားပါတယ်။ ရေသွားတင်ဦးမယ်။ ဧည့်သည် တွေက ပင်လယ်ရေချိုးပြီး ရေချိုးပြန်ချိုးရတော့ ရေတိုင်ကီမှာ ရေလုံလောက် အောင် တင်ထားရတယ်၊ သွားမယ်”
မောင်မျိုးသန့်သည် သူတို့အပါးမှ ထွက်ခွာသွား၏။ - “သူငယ်ကလေးက သွက်သွက်လက်လက် ချစ်စရာလေး၊ ကျပ်တို့ ခုလို သားလေးတစ်ယောက်ရရင် ကောင်းမှာ”
“ခုမှ မင်းက ကောင်းမှာလုပ်နေ၊ သူကဖြင့် အဘွားကြီးဖြစ်ခါနီးမှ လင် ယူပြီးတော့...”
“ကိုရင်ကလည်း နားရှက်စရာတွေ ပြောမနေစမ်းပါနဲ့၊ ခုနလည်း မိုရာ ပြောနေသံကြားတယ်၊ ရှင့်ဆရာကြီးကလေ အကျည်းတန်တဲ့ မိန်းမတစ်ယောက် ကို ရည်းစားစာ ပေးမလို့တဲ့”
“ဟေ..." ။
ဘကြီးပြော့သည် ရုတ်တရက် အဓိပ္ပာယ် နားမလည်လိုက်ပေ။ ဆက်မေး ဖို့ကလည်း ဒေါ်သိန်းက တောင်းငယ်တစ်ခုထဲတွင် ဆေးရန် ပန်းကန်များကို ထည့်၍ တစ်ဖက်အိမ် မီးဖိုချောင်ဆီသို့ ကူးသွားပြီ ဖြစ်သောကြောင့် မမေးတော့ ပေ။
သူ အိမ်ပေါ်ပြန်တက်လာ၍ အခန်းများကို ရှင်းလင်းနေ၏။ ဆရာဝန် ဦးမိုးကောင်း၏ အခန်းကို လှည်းခါ၍ အိပ်ရာများကို သပ်သပ်ရပ်ရပ် ပြင်ထား လိုက်၏။ မိုနာတို့ အိမ်ခန်းဘက်ကိုလည်း ကူးသွားကာ အလုပ်ဆက်လုပ်နေ သော်လည်း စိတ်ထဲတွင်တော့ ဒေါ်သိန်းစကားကိုပဲ စဉ်းစားနေမိ၏။
“အကျည်းတန်တဲ့ မိန်းမကို ဆရာကြီးက စာပေးမလို့တဲ့”
ဆရာကြီးသည် ခုအရွယ်မှာ မိန်းမယူမည်ဆိုတော့ ဘယ်သူများပါလိမ့် ဘကြီးပြော့အား အဖော်ပြု၍ တောအနှံ့ တောင်အနှံ့ နေလာခဲ့သည်မှာ ကြာခဲ့