Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - ကရွတ်ခွေဝထ္ထုတိုများ

Regular price 3,700 MMK
Regular price Sale price 3,700 MMK
Sale Sold out
လူ့စိတ်
ဤ'နေလျှင်
နွေခေါင်ယှဉ်က၊ ဘဝင်လောင်ခ၊
ပူလွန်းလှဟု၊ သူမှငါငါ၊
ညည်းခဲ့ပါလည်း၊ တစ်ခါတစ်ခါ၊
ကြောင်းသင့်လာသော်၊ ကဗျာနုနု၊
စာအစုတွင်၊ “နေ” သူ့အပြုံး၊
ငွေရည်ဖုံးဟု၊ စာလုံးဋီကာ-ချဲ့သေးသည်။
 
ဤလေလျှင်
ရပ်ခွင်ရှစ်တိုင်း၊ ပတ်ရစ်ဝိုင်း၍၊
ဒိုင်းဒိုင်းထန်ထန်၊ ထက်လုံးဝှန်သော်၊
သဲပြန်လောင်မျှ၊ ရွံ့မုန်းကြလည်း၊
ကဗျာစာဆင့်၊ သူလွမ်းသင့်က၊
လေလွင့်လေနော့၊ လေဆော့-လေမြူး၊
လေရူးလေပြေး၊ လေနုအေးလျှင်၊
ရှုတိုင်းယဉ်ဟု၊ ဘဝင်ညွှတ်မျှ၊
တေးသီကြသည်၊ ကဗျာတီတာ၊ နွဲ့သေးသည်။
 
ဤ“ရေလျှင်
ဘဝင်ချစ်ခန်း၊ ရန်သူသွမ်းငါး၊
တစ်ပါးအဝင်၊ ရွံ့မုန်းကြဉ်လည်း၊
စာပင်စာနွဲ့၊ အမောင်ချဲ့သော်၊
လဲ့လဲ့ပြာပြာ၊ ငွေသင်ဖျာလော၊
ယမုံကြောဟု၊ မနောမြေ့မြေ့၊
လွမ်းဓလေ့ရောင်၊ ပုံမျိုးဆောင်သည်။
ကလောင်ချီကာ၊ နွဲ့ သေးသည်။
 
ဤသို့လျှင်
စိတ်လွင်ခန့်သင့်၊ သူလွမ်းသင့်က
ဆင့်ဆင့်လှလှ၊ ကဗျာသလည်း၊
သူကမုန်းလျှင်၊ ရုပ်လုံးပြယ်လှ၊
ကလောင်ပြုကြ၊ ဤလူ့လောက၊
ကျွန်မစာဆို၊ မယ်မိညိုမူ၊
ရယ်လိုစိတ်မှန်း၊ သရော်သွမ်းသည်၊
အလွမ်းကျွန်နှင့်၊ မသင့်ပြီ။ ။
ပဒေသာ၊ အတွဲ ၁၊ အမှတ် ၅
 
ကန္တာနွေအောက်
ငယ်လင်မောင်ကြီး
စွန့်သွားပြီးလည်း
သားနှင့် သမီး
ပင်လယ်ဆီးလည်း
အထီးမယ့်ကို
မငြိုမငြင်
သူတို့ခင်၍
ယုယင်လုပ်ကျွေး
ငါ့ကိုမွေးခဲ့
အေးပါဘိခြင်း
ချိန်အိုမင်းမှာ
လမင်းသာခဲ့။
တစ်နေ့သ၌
စိတ်လက်နေနား
ညများအဖော်
ရုပ်ပေါ်သံလွင်
ငါကြည့်ချင်၍
မြင်ရပါသည်
မောစရာအခင်း။
 
အီသီယိုးပီးယား
သနားစဖွယ်
လူမမည်တို့
နံငယ်ထက်ပိုင်း
ရိုးပြိုင်းပြိုင်းနှင့်
ယင်ရိုင်းပျံနား
မျက်နှာများနှင့်
အစာရေမဲ့
ခြေသဲ့သဲ့နှင့်။
 
အီရန် အီရတ်
နယ်စပ်နီးချင်း
စစ်ခင်းယှဉ်ပြိုင်
ကိုယ်မနိုင် သူမရှုံး
လူသာပြုန်းခဲ့။
 
လက်ဘနွန်ပြည်လည်း
တစ်မြေတည်းနေ
တစ်ရေတည်းသောက်
ဒေါသဖောက်လို့
သောက်သောက်လဲညီ
အမြောက်သံမစဲ
ဗုံးတွေကြဲလို့။
 
‌‌‌ဪ....သားတို့မေတ္တာ
ခံယူကာနှင့်
ဓမ္မာပင်ရိပ်
ငါချွေးသိပ်လည်း
စိတ်လက်မသာ
သူတို့ကမ္ဘာအတွက်
ကြံရှာခက်ဘိ။