Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ခင်ခင်သင်း - ကလေးပြောတာနားထောင်ပါ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

မူကြိုထားခြင်း

          မိဘတွေအနေနဲ့ မိမိရင်သွေးကလေးငယ်များကို များ သောအားဖြင့် ၃ နှစ်ကနေ ၅ နှစ်အတွင်းမှာ မူကြိုပို့လေ့ ရှိကြ ပါတယ်။ မိဘအတော်များများက ကလေး ဒီအရွယ်ရောက် ပြီဆိုရင် လိုအပ်တယ်လို့ယူဆပြီး မူကြိုပို့လေ့ရှိကြသလို ဓလေ့ တစ်ခုအနေနဲ့လည်း ကလေးကို မူကြိုထားတတ်ကြပါတယ်။ အများစုကတော့ ကျောင်းထားဖို့ကို ကြိုတင်လေ့ကျင့် ပြင်ဆင် တဲ့အနေနဲ့ လုပ်ကြခြင်းပါ။

          ရွယ်တူကလေးတွေနဲ့ တွေ့ဆုံနှီးနှောဖလှယ်ရတာဟာ ဒီအရွယ်ကလေးများအဖို့ လူမှုရေးနယ်ပယ်အရရော ပညာရေး အတွက်ပါ အကျိုးကျေးဇူးရှိတယ်လို့ သုတေသီတွေက ဆိုပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကြိုကျောင်းတွေဟာ စနစ်တကျ နေထိုင်တတ်မှုနဲ့ ပညာရေးအတွက် အုတ်မြစ်ချတဲ့နေရာမှာတော်တော်လေး အထောက်အကူပြုပါတယ်။

          နာယူမှု၊ ပြောဆိုဆက်ဆံမှု၊ မျှဝေခံစားမှု၊ စိတ်ရှည်သည်း ခံမှုနဲ့ အမိန့်နာခံတတ်မှုတွေဟာ လူမှုရေးအသိုင်းအဝိုင်းအမျိုး မျိုးမှာ ဝင်ဆံ့နိုင်ဖို့ အခွင့်အလမ်းနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအပိုင်း တွေမှာ ကောင်းမွန်ကျနစွာ တိုးတက်ဖို့အတွက် မူကြိုကျောင်း က စတင်ပျိုးထောင်လေ့ကျင့်ပေးလေ့ ရှိပါတယ်။

          ကလေးအများစုဟာ အသက် ၃ နှစ် ပတ်ဝန်းကျင်မှာ မူကြိုကိုသွားဖို့ အဆင်သင့်ဖြစ်နေလေ့ရှိပါတယ်။ တချို့ကတော့ ဒီလိုမဟုတ်ပါဘူး။ ဒီတော့ မူကြိုထားဖို့အတွက်ကိုပဲ ကြိုတင်ပြင်ဆင်ဖို့ အကြံပြုပါရစေ။

ကိုယ်မရှိတဲ့နေရာမှာ ကလေးကို

တစ်နေကုန်ထားခဲ့လို့ ရပြီလား

          နေ့ကလေးထိန်းကျောင်းမှာ ကလေးကို အပ်ဖူးပါသလား။ အားကစားသင်တန်း ဒါမှမဟုတ် ဂီတသင်တန်းတစ်ခုခုမှာ အပ်ခဲ့ဖူးပါသလား။ ဒါတွေလုပ်ခဲ့ဖူးရင် ကလေးဟာ မူကြိုကို ပျော်ပျော်ရွှင်ရွှင်နဲ့ သွားပါလိမ့်မယ်။ မလုပ်ခဲ့ဘူးရင်တော့ ကလေးမှာ မိဘနဲ့ ခွဲခွာရတဲ့ပြဿနာဖြစ်ပါလိမ့်မယ်။ တကယ် လို့ ဒီလိုကြုံလာရရင် ကလေးကို အိမ်နီးနားချင်းဆီမှာ အပ် ထားတာမျိုး၊ အဘိုးအဘွားတွေဆီ ပို့ထားတာမျိုး၊ မူကြိုကိုထားဖို့ တစ်ပတ် ဒါမှမဟုတ် တစ်လလောက်အလိုမှာ လေ့ကျင့်ပေး ရမှာပါ။

ကိုယ့်ကလေးဟာ တခြားကလေးတွေနဲ့

အတူကစားရတာ ကြိုက်သလား

          ကလေးဟာ မူကြိုရောက်ရင်တော့ တခြားကလေးတွေနဲ့ မျှဝေခံစားခြင်း၊ နားစိုက်ထောင်ခြင်း၊ အလှည့်ကျဆောင်ရွက် တတ်ခြင်းတွေ တတ်မြောက်လာမှာပါ။ သက်တူရွယ်တူ ကလေးအုပ်စုထဲမှာ ခဏလောက် ငြိမ်ငြိမ်ကလေးထိုင်နေ တတ်တာမျိုးလည်း ရှိလာပါလိမ့်မယ်။ ဥပမာ- ဆရာမက ပုံပြင် ပြောတဲ့ အချိန်တွေမှာပေါ့။ တခြားကလေးတွေနဲ့ ရင်းရင်းနှီး နှီး၊ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်နေနိုင်မှုကတော့ ကလေး တွေဟာ အသင့်ရှိနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အားစိုက်လေ့ကျင့်ပေးရတတ်ပါတယ်။ အိမ်နီးနားချင်း ကလေး တွေနဲ့ အတူတူကစားဖို့ တိုက်တွန်းရမှာပါ။

ကိုယ့်ကလေး အိမ်သာသွားတတ်ပြီလား

          မူကြိုတိုင်းလိုလိုကတော့ အိမ်သာတက်တာကို သင်ပေး လေ့ရှိပါတယ်။ မူကြိုကို စုံစမ်းမေးမြန်းစဉ်ကတည်းက အိမ် သာတက်တဲ့လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး သေသေချာချာ မေး မြန်းထားရပါမယ်။ ကိုယ့်ကလေးဟာ ခြေထောက်တွေ၊ လက် တွေကို ကိုယ့်ဘာသာဆေးတတ်တာ၊ ပြဿနာ အခက်အခဲနဲ့ ကြုံရင် ပွင့်ပွင့်လင်းလင်း မေးမြန်းတတ်တာမျိုး ကြိုတင် လေ့ ကျင့်ပေးထားနိုင်ရင် အကောင်းဆုံးပါပဲ။ အဲဒီအတွက် လို အပ်သလောက် အချိန်ယူလေ့ကျင့်ပြီးမှ မူကြိုကို ပို့ရမှာပါ။ကျောင်းထားခါနီးမှ အချိန်တိုတိုနဲ့ အတင်းလေ့ကျင့်ပေးမယ် ဆိုရင် ပိုကြာပြီး ပိုခက်ခဲတတ်ပါတယ်။

          ကိုယ့်ကလေးဟာ တခြားကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဝိုင်းဖွဲ့နေပြီ၊ ကစားနည်းအသစ်တွေ၊ မေးခွန်းအသစ်တွေ တည်ဆောက်နေပြီဆိုရင်တော့ မူကြိုတင်မဟုတ်ပါဘူး။ ဘယ်လို အကြောင်းအရာမျိုးကိုမဆို သင်ယူနိုင်ပြီး ဘဝရဲ့အောင်မြင်မှုတွေ ဖန်တီးနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက် ပါရစေ။

ယဉ်ကျေးလိမ္မာဓမ္မရသကလေးဂျာနယ်၊

အတွဲ၃၊ အမှတ် ၅ဝ