Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ခင်ခင်သင်း - ကလေးကိုစာဖတ်ပြတဲ့အခါ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ပုံပြင်တွေဘာကြောင့်အရေးကြီးသလဲ

          ကလေးတွေ နေ့စဉ်နေ့တိုင်း ရင်ဆိုင်ကြုံတွေ့ နေကြရတဲ့ အခက်အခဲ တွေ၊ ခံစားချက်တွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့မှာ ပုံပြင်တွေရဲ့ အကူအညီ အများကြီးလိုအပ်ပါတယ်။ ခံစားချက်ကို ပြောပြဖွင့်ဟဖို့ စကားလုံးမရှိသေး တဲ့ ကလေးတွေရဲ့ အခက်အခဲကို မိဘတွေ ဘယ်လိုသိပြီးကူညီနိုင်မှာလဲ။ ပြောမပြတတ်သေးတဲ့၊ ပြောပြရကောင်းမှန်းလည်း နားမလည် မသိတတ် သေးတဲ့ကလေးတွေကို အချိန်မှန် အာဟာရကျွေး၊ ဖင်ကလေးပုပ်သိပ်ရုံနဲ့ သူတို့ရဲ့ ခံစားမှုနဲ့ အခက်အခဲတွေ ပြေလည်မသွားနိုင်ပါဘူး။

          ဘာတစ်ခုမှ မသိသေးတဲ့ကလေးငယ်တွေအတွက် သူစိမ်းဆန်နေ သေးတဲ့ လောကကြီးထဲမှာ စိတ်အာရုံ လွှဲပြောင်းသက်သာစေဖို့ အကောင်း ဆုံးနည်းလမ်းကတော့ ပုံပြင်ပြောပြခြင်းပါပဲ။ ဒါဟာ မိဘနဲ့ကလေးရဲ့ ကြား ထဲမှာ ဆက်သွယ်ရေးစနစ်တစ်ခု စတင်တပ်ဆင်လိုက်ခြင်းလည်း ဖြစ်ပါ တယ်။ ကလေးတွေအတွက် (ရင်ခွင်ပိုက်အရွယ်က စပြီး) ခေတ်မီပစ္စည်း အကောင်းစားကြီးတွေ ဝယ်ပေးထားပြီး ဆော့ချင်သလိုလို့ ပစ်ထားတာ ထက် ပုံမှန်အချိန်လေးတစ်ချိန် သတ်မှတ်ပြီး ကလေးနဲ့ လက်ပွန်းတတီး ယုယုယယနေထိုင်ပေးရင်း ပုံပြောပြနေလိုက်ပါ။ ဒါဆို သားသမီးနဲ့ မိဘရဲ့ သံယောဇဉ်ဟာလည်း ပိုမိုခိုင်မာလာမယ်။ မိဘ ပြောဆိုဆုံးမတာကို နားထောင်တတ်တဲ့၊ နာခံတတ်တဲ့ သားသမီးဆိုတာ ပုံပြောင်းကောင်းတဲ့မိဘကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကလေးတွေပါပဲ။ ဘဝတစ်လျှောက် အမှတ်ရစရာကလေးဘဝဆိုတာလည်း မိဘက ပြောပြနေတဲ့ပုံပြင်ကို နှစ်သက်ကြည်နူး၊ စိတ်ဝင် တစား နားထောင်ခဲ့ရတဲ့အချိန်တွေပဲပေါ့။

          ကိုယ်တိုင်ဖန်တီးပြောရတဲ့ ပုံပြင်ပဲဖြစ်ဖြစ်၊ စာအုပ်ကိုင် ဖတ်ပြရတဲ့ ပုံပြင်ပဲဖြစ်ဖြစ် ပုံပြင်နားထောင်ရတာဟာ စာဖတ်တဲ့အလေ့ကို နှစ်လိုတတ် ဖို့အတွက် သင်ပေးနေတဲ့ လမ်းကြောင်းတစ်ခုပါပဲ။ စာအုပ်တွေရယ်၊ စာအုပ် ထဲက ပုဂ္ဂိုလ်တွေရယ် အားလုံးဟာ ကလေးရဲ့ မိတ်ဆွေတွေ ဖြစ်လာမှာပါ။ အသုံးဝင်ပြီး အရေးပါတဲ့ အချက်အလက်၊ နည်းလမ်း ဥပဒေသတွေကို စာအုပ်ထဲမှာ ရှာလို့ရတယ်ဆိုတဲ့ အသိတရား တိုးတက်မြင့်မားလာဖို့လည်း လမ်းကြောင်းပေးခြင်းဖြစ်ပါတယ်။ ပြန်တွေးချင်စရာကောင်းတဲ့ အတိတ် ဆိုတာ ငယ်ဘဝက အနှစ်သက်ဆုံး ပုံပြင်စာအုပ်တစ်အုပ် ဖြစ်နေတတ်ပါတယ်။

ကလေးနဲ့အတူ ဖတ်ရမှာလား

          စာဖတ်ခြင်းဟာ လူတိုင်းအတွက် ပျော်မွေ့စရာကောင်းသလို လုပ်ကို လုပ်သင့်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ အပြင်သွားတိုင်း၊ လမ်းပေါ်ထွက် တိုင်း၊ သတိပေးဆိုင်းဘုတ်၊ အသိပညာပေးစာတန်း၊ လမ်းညွှန်စာတန်း စသဖြင့် ဖတ်ရ မှတ်ရမယ့် အရေးကြီးကိစ္စတွေရှိနေပါတယ်။ သတင်းစာ၊ ဂျာနယ်ကအစ စက်ပစ္စည်းတွေအသုံးပြုပုံ အညွှန်းတွေက လည်း မဖတ်မဖြစ် ဖတ်ရမယ့် စာတွေချည်းပါပဲ။

  • စာဖတ်ခြင်းနဲ့ပတ်သက်ပြီး ကောင်းကျိုးရှိတာကို နားလည်စေဖို့စာဖတ်တဲ့ပုံစံနဲ့ စာဖတ်ရတဲ့အကြောင်း အရာမျိုးစုံကို ကလေးမြင် အောင် ပြုလုပ်သင့်ပါတယ်။ စာရွက်နဲ့ စာဖတ်တာ၊ ကတ်ပြား၊ ဘောက်ချာ စတဲ့ စာတွေအပြင် စာတန်းတွေ့တိုင်း စိတ်ဝင်တစား ဖတ်ရှု အကဲခတ်လေ့လာတဲ့ အမူအကျင့်လေးတွေ ကလေးရှေ့မှာ လုပ်ပေးပါ။
  • စာဖတ်တာကို ကြိုက်နှစ်သက်တဲ့ ကလေးတွေဟာ ယုံကြည်ချက် ခိုင်မာတဲ့ သင်ယူလေ့လာသူတွေ ဖြစ်လာပါတယ်။
  • စာဖတ်ခြင်းကနေ ရရှိနိုင်တဲ့အကျိုးဆက်တွေအပြင် တစ်သက်လုံးကျင့်သုံးနိုင်တဲ့ ပျော်မွေ့စရာ ဝါသနာတစ်ခုကိုပါ ပိုင်ဆိုင်သွားပါ လိမ့်မယ်။

          ဘာသာစကားဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နိုင် တဲ့ ဆက်သွယ်ရေးကိရိယာပါပဲ။ ကိုယ်တိုင်အတွက် နားလည်မှု အသိပညာ ဖြစ်စေရုံတွင်မဟုတ်ဘဲ တစ်လောကလုံးကို အာရုံခံဖို့အတွက်လည်း အသုံး ဝင်ပါတယ်။ ဒီကမ္ဘာကြီးဟာ ဘာသာစကားနဲ့ ဆက်သွယ်တည်ဆောက် ထားတာတဲ့ ကမ္ဘာကြီးပါ။ အဲဒီဘာသာစကားနဲ့ လောကသဘာဝကို သင်ယူ ဖို့အတွက် စာဖတ်ခြင်းဟာ အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုပါပဲ။

  • စာဖတ်ပြခြင်းနဲ့ ပုံပြောခြင်းတွေလုပ်နေတဲ့ သီးသန့်အချိန်လေးဟာမိဘနဲ့သားသမီးအတွက် ထူးခြားတဲ့အချိန်တစ်ခုပါ။ ဒီအချိန်လေးမှာ သက်သောင့်သက်သာနဲ့ ပျော်မွေ့ ကြည်နူးစရာဖြစ်နေမယ်ဆိုရင် ကလေးနဲ့မိဘကြားမှာ ကောင်းမြတ်တဲ့ မျိုးရိုးဆက်သွယ်မှုတစ်ခုဖြစ် ပြီး စာဖတ်ခြင်းဟာ နှစ်သက်ဖွယ်ရာ အလုပ်တစ်ခုဖြစ်ကြောင်း ကလေးကို ပြသရာရောက်ပါတယ်။
  • နေ့စဉ်ဘဝအတွေ့အကြုံအပေါ်မှာ ရင်ဆိုင်ရတဲ့ အခက်အခဲ၊ စိုးရွံ့ ထိတ်လန့်စိတ်နဲ့ အကြောက်တရားတွေကို အောင်အောင်မြင်မြင်ကျော်လွှားဖြတ်သန်း ထိုးဖောက်သွားနိုင်ဖို့ ပုံပြင်ဖတ်ပြခြင်းနဲ့ ပုံပြော ခြင်းတို့က ကူညီပေးမှာပါ။
  • မိဘကိုယ်တိုင်ပင် စာဖတ်ရန်အတွက် အကြောင်းမျိုးစုံနှင့် အခက်အခဲ ဖြစ်နေခဲ့လျှင် စာဖတ်ခြင်းဟာ အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ကြောင်း ကလေးကို ပိုပြီး ပြသပြောဆိုရမှာပါ။ တတ်နိုင်သမျှ အိမ်မှာ စာအုပ် မျိုးစုံ ရှိနေဖို့ လိုပါတယ်။ စာဖတ်ဖို့အခွင့်အရေးဆိုတာ ကိုယ့်ရဲ့ ပြင်း ထန်တဲ့ဆန္ဒတစ်ခုဖြစ်ကြောင်း ကလေးကို အလျဉ်းသင့်တိုင်း ပြောဆို သင့်ပါတယ်။