Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ခင်ခင်မင် - နှလုံးကျန်းမာရေးဟင်းလျာများ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

ဘာသာပြန်သူရဲ့အမှာ

          ဤစာအုပ်ဟာ Reader Digest မဂ္ဂဇင်းကနေ ရှာဖွေ စုဆောင်းတင်ပြထားတဲ့ နှလုံးကျန်းမာရေးဟင်းလျာများ”စာအုပ် ပါ ဟင်းလျာများကို ပြန်ဆိုထားတာဖြစ်ပါတယ်။ လူတစ်ဦးရဲ့ ကျန်းမာရေးကို အစားအသောက်စားသုံးမှုပုံစံက များစွာ သက် ရောက်မှုရှိစေပါတယ်။ အစားအသောက်စားသုံးမှု ပုံမမှန်မှုကြောင့် ကျန်းမာရေးကို ဆိုးကျိုးပေးတဲ့ အဝလွန်တာ၊ သွေးတိုး တာ၊ နှလုံးသွေးကြောပိတ်တာစတဲ့ ရောဂါတွေ ရနိုင်ပါတယ်။ ဒါကြောင့် မိမိအသက်တာမှာ ကျန်းကျန်းမာမာနဲ့ အသက် ရှည်ရှည်နေနိုင်ဖို့ရာ နေ့စဉ်စားသုံးမှုပုံစံကို ဂရုစိုက်ပေးရပါမယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ဟင်းအမည်အများစုဟာ သင့်နှလုံးကျန်းမာ ရေးကို အထောက်အကူပြုစေတဲ့ ဟင်းအမည်များ ဖြစ်ပါတယ်။ ဥပမာ ဘလူးဘယ်ရီသီးမှာ ပါဝင်တဲ့ အပြာရောင်ခြယ်ဆဲလ်ဟာ သွေးလွှတ်ကြောတွေကို သန့်ရှင်းစေတဲ့နေရာမှာ အလွန် အစွမ်း ထက်ပါတယ်တဲ့။ အခြားအာဟာရဖြစ်စေတဲ့ ဓာတ်များလည်း အများအပြား ပါဝင်ပါတယ်။ ဗီနီဂါကို မှန်မှန်သုံးစွဲပါက ကိုလက်စထရောကို ကျစေပါတယ်။ သွေးထဲက အဆီဓာတ်ကိုလည်း ဖယ်ထုတ်ပေးပါတယ်တဲ့။ ပုစွန်မှာ ပါဝင်တဲ့ အာဟာရ ဖြစ်စေတဲ့ ဘီတာတင်းဓာတ်ကို သုံးစွဲပါက ရုတ်တရက် နှလုံး ဖောက်ပြန်ခြင်း (Heart Attack) ကို ဖြစ်စေတဲ့ လက္ခဏာတစ်ရပ် ဖြစ်တဲ့ ရောင်ရမ်းနာကျင်ခြင်းအဆင့်တွေကို 26% မှ အထက အထိ လျှော့ချပေးပါတယ်။ အလားတူ အာဟာရဖြစ်စေတဲ့ ဟင်း အမည်များစွာလည်း ဤစာအုပ်မှာ ပါဝင်ပါတယ်။ ကျွမ်းကျင်သူ ကျန်းမာရေးပညာရှင်များရဲ့ နောက်ဆုံးသုတေသနပြုချက်များ အရ တွေ့ရှိထားတဲ့ ဟင်းလျာအမည်များကိုသာ စုစည်းထည့်သွင်း ထားတယ်လို့ ဆိုပါတယ်။ စာဖတ်သူများလည်း ဤစာအုပ်မှာ ပါဝင်တဲ့ ဟင်းလျာများကို စမ်းသပ်ချက်ပြုတ်စားသုံးရင်း သင့် ကျန်းမာရေးကို အထောက်အကူပြုစေနိုင်တဲ့ နေထိုင်စား သောက်မှုပုံစံကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ပြန်ဆိုသူ