Skip to product information
1 of 2

Other Websites

ကြေးမုံဦးသောင်း - ဦးနေဝင်း၏ ပြာတဆုပ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ခြေဆင်း

အိမ်နိမ့်စံ အာဏာရှင် ဘဝရှင်မင်းတရားကြီး ဗိုလ်ချုပ်ကြီးဦးနေဝင်း သည် ခရစ်သက္ကရာဇ် ၂၀၀၂ ခု ဒီဇင်ဘာ ၅ ရက်နေ့ နံနက်က လူ့ ပြည်ငြိ၍ နတ်ထီး စံတော်မူခဲ့သည်။

နိုင်ငံပြု၊ သာသနာပြု မင်းကောင်းမင်းမြတ်ဖြစ်သော မင်း တုန်းမင်းတရားကြီး နတ်ရွာစံတော်မမူမီ အချိန်ကလေးတွင် ဓမ္မာ ရမ္မဏအားဖြင့် ဆင်ခြင်ပွားများ နှလုံးသွင်းတော်မူရန် မင်းတရား ကြီး၏ ကောင်းမှု ကုသိုလ်တော်များမှ အ ဖိုး ငွေ နှစ်ဆယ့်နှစ် ကုဋေ ခြောက်သန်းအတိုင်း အရှည်ရှိသော သံဝစရ အလှူတော်စာရင်း ကို မိဖုရားများက ဖတ်ကြား လျှောက်ထားသည်ကို နာခံတော်မူ လျက် ငြိမ်းချမ်းစွာ နတ်ပြည်လားတော်မူခဲ့သည်ဟု သမိုင်းကို ဖတ် ရသည်။

ထိုနည်းအတူ ဘဝရှင်ကြီး သေအံ့မူးမူးကာလ၌ သမီးတော် ခင်စန္ဒာဝင်းဒေဝီက နိုင်ငံ၏ ဘဏ္ဍာတော်မှ မိသားစု ခိုးဝှက် လုယက် ရရှိ စုဆောင်းထားအပ်သော ကုဋေကုဋာသော ငွေစာရင်းများ ကို နိုင်ငံခြားဘဏ်များ၌ အပ်နှံထားသည့် နိုင်ငံခြားငွေစာရင်းများ၊ နိုင်ငံခြားကို ရောင်းချခြင်း မပြုရသေးသော ကျောက်မျက်ရတနာ စာရင်းများ၊ အိမ်တော်၌ရှိ အက်ဖ်အီးစီ ဒေါ်လာတုစာရင်းများနှင့် တခန်းလုံးပြည့် သိုလှောင်ထားသော မြန်မာ ကျပ်ငွေ စာရင်းများ ရှင်းလင်း ဖတ်ကြားတင်ပြသည်။

ဦးနေဝင်းသည် သူ၏ ဝေဒနာခံစားမှုကို ဖုံးလွှမ်းစေရန် ဆေး သမား သမီးတော်က ဘိန်းခြုံထားသဖြင့် ရီဝေနေသောကြောင့် သမီး တော်၏ ရတနာရွှေငွေ စာရင်းကို နာခံလျက် “သာဓုဣတိ ကောင်း လေစွ ကောင်းလေစွ” ဟု အနုမောဒနာ ပြုမိရှာသည်။ထိုစဉ်တွင် ရုတ်တရက် ဆေးစွမ်းလျော့ပါး ပျက်ပြားသွားသောအခါ ဦးနေဝင်း၏ ၃၂ ကောဋ္ဌသ အားလုံးတို့တွင် မြူမှုန်မျှပင် လစ်လပ် မှု မရှိ၊ အမြဲအတိ ဖုံး လွှမ်း နေ သော လော ဘ နိ ယ ဓာတ် အား တို့ သည် တော် လှန် ထ ကြွလာသည်။ သမီးတော် ဖတ်ကြားသော ခိုးရာပါ ပစ္စည်းများ၏ ကိန်းဂဏန်းများကို မြင်လာသည်။ တိမ်မြုပ် နေသော ဒေါသမီးတောက်ကလည်း ရတ်တရက် တောက်လောင် လာသဖြင့် “ငါ့ဟာတွေပေး .. ငါ့လက်ထဲကိုပေး...”ဟု အသံနက် ကြီးနှင့် အော်ဟစ်မိသည်။ ထို “တခဏ”တွင် နတ်ရွာသို့ လားတော် မူခဲ့လေသည်။

ကုဋေကုဋာ အသပြာများ ပေါကြွယ်ဝသော်လည်း ဗိုလ်ချုပ် ကြီးသည် လက်တွင်း၌ တပြားတချပ်မှ မပါဘဲ လက်ချည်းဗလာ စွန့်ခွာတော်မူရသဖြင့် ကြီးမားသော လောဘမီးနှင့် ဒေါသမီး တောက်လောင်ရင်း ဘဝချုပ်ခဲ့ရပေသည်။

လူ့ပြည်မှ စိတ်မချမ်းမသာနှင့် ထွက်ခွာသွားရသူ ဦးနေဝင်း ၏ ဘဝမှတ်တမ်း ပုရပိုက်နှစ်ခုသည် နတ်ပြည်နယ်ဆိုင်ရာ မှတ်ပုံ တင် အရာရှိ မစ္စတာ စိန်ပီတာ၏ ရုံးသို့ တမုဟုတ်ချင်း ရောက် လာသည်။ အကုသိုလ် မကောင်းမှုမှတ်တမ်း ခွေးရေ ပုရပိုက်ကြီး မှာ လှည်းကိုးစီးတိုက်မျှ ထူထဲများပြားပြီး ကောင်းမှုကုသိုလ် ပုရ ပိုက်မှာ ရွှေလှောင်စက္ကူတမျှ ပါးလျားနေသည်။ မစ္စတာ စိန်ပီတာ က ပုရပိုက်များကို ဖတ်ရှုခြင်းပင် မပြုတော့ဘဲ “ဆောင်ရွက်ရန်မလို ဟု စာတိုကလေးရေး၍ လက်မှတ်ထိုးလိုက်သည်။ ။

“ဖိုင်တွဲသည် ယမမင်းကြီးထံသို့ ရောက်လာသည်။ သူက လည်း အချိန်ဖြုန်းကာ ဖတ်ရှုမနေဘဲ ဦးနေဝင်း၏ နားရွက်ဆွဲကာ ငရဲကြီး ရှစ်ထပ် - အောက်ဆုံးထပ်သို့ တိုက်ရိုက်ခေါ်သွားသည်။

ရုံးခန်းသို့ ရောက်လျှင် “ကိုယ် လူက အဖော်အပေါင်းတွေ တယ်များပါလား၊ ကိုယ်လူရဲ့ အဆောင်မှာ ဘီအိုင်အေခေတ်ကစပြီးတဖြုတ်ဖြုတ်ရောက်လာတဲ့ စစ်ဗိုလ်ကြီးတွေ အများကြီးရှိတယ်။ အဖော် အပေါင်းတွေနဲ့ ပျော်ပျော်ကြီး ခံပေတော့”ဟု ပြောသည်။

“ကိုယ့်လူတို့... တို့စစ်ဗိုလ်တွေသာ ငရဲပြည်ကို လာကြတာ မဟုတ်ပါဘူး။ ဓားပြတိုက်တဲ့၊ လာဘ်စားတဲ့ ဖဆပလဆိုရှယ်လစ် တွေ၊ မဲရအောင် လူသတ်တဲ့ ဆိုရှယ်လစ်တွေလဲ လာကြတယ်။

နောက်ပြီး လက်ဝဲသမားတွေလဲ အများကြီးပေါ့။ “လမင်းကို မကျေချမ်း ပြိုင်စမ်းပါလို့ ခွေးလိုဟောင် ဒုတ် ဒုတ် ဒုတ်” လို့ သီချင်း တကျော်ကျော်နဲ့ အချင်းချင်း တဦးပြီးတဦး သတ်ကြတဲ့ ဖြုတ် ထုတ် သတ် လူသတ်ပွဲတော်ကြီး ပြီးလျှင်ပြီးချင်း ရောက်လာတဲ့ သခင် သန်းထွန်း တယောက်တော့ ဆီပူအိုးကြီးမှာ ဂျိုးကပ်နေလေရဲ့။ အဲ အဲ သခင်စိုး လဲသိကြားသားမှ မဟုတ်တာ ငရဲပြည် ရောက်နေတယ်။ စိုးကြီးက လူ့ဘဝတုံးက ကုလားပဲ အစိမ်းစားလို့ လားမသိဘူး၊ ကျက် ကျက် ဆူ နေ တဲ့ ဆီ ပူထဲ မှာ ရေကူးကန်မှာလို ကူးနေနိုင် တယ်။ သူက ငရဲရောက်ပြီး ခံနေရတာထက် သူ့ကို ကြည်ညိုပြီး ပြု စုကြတဲ့ အလံနီ တပည့်မကလေးတွေနဲ့ ခွဲရတာကို လွမ်းနေသတဲ့”

ဦးနေဝင်းသည် ယမမင်း၏ စကားကို မကြားတချက် ကြား တချက်နှင့် မိမိ၏လားရာဘဝကို ရိပ်စားမိသည်။ လူ့ဘဝ၌ အရပ် သားများနှင့် ခွဲ ခြား ၍ စစ် ဗိုလ် များ ကို “တို့လူတွေ” ဟု ခေါ်လေ့ ရှိသည်။ စစ်ဗိုလ်များကိုသာ မေတ္တာထားခဲ့ “သာ ခဲ့ သူ ဖြစ် သည်။ သို့စေကာမူ ဒေါသထွက်လာသဖြင့် “ကျန် ရစ် ခဲ့ တဲ့ မအေ ရိုး... နှမရိုး.. ခွေးကောင် နအဖတွေကတော့ ဘုန်းကြီးတွေ ချဉ်း ကပ်၊ ဘုရားတွေပြင်ဆိုတော့ သူတို့လာရင် တာဝတိံသာ ပို့မှာ လား” ဟု မေးမိသည်။

“နေ ပါဦး၊ နေ ပါ ဦး .. ဒီ အသံမျိုးကို ကျုပ် ကြားဖူးပါ တယ်။ မှတ်မိပြီ၊မှတ်မိပြီ။ “တပ်မတော် ထိလျှင် ဓားကို ဓားချင်း လှံကို လှံချင်း ပြန်တီးမယ်” ဆိုတဲ့ ဒေါသသံနဲ့ ကြိမ်းတဲ့ ငှက်စုန်းထိုးတဲ့အသံကြီးကို ကြားဖူးတာ မှတ်မိပါတယ်။ အသံကြီးက ဆိုး လှသကွာ။ အဲဒီတုန်းက ကိုယ်လူရဲ့ ဒေါသက ဘယ်လောက်ပြင်း သလဲဆိုရင် ရေဒီယိုတွေတောင် တုန်သွားသတဲ့။ နား ကွဲ ကြ ရ တဲ့ လူထုကို သနားလိုက်တာ။ အဲဒီတုန်းက တပ်မတော်ကို အဲဒီလောက် ချစ်ခဲ့ပြီး ခုမှ ဘာလို့ ကျန်ရစ်တဲ့ တပ်မတော်ကောင်တွေကို မနာ လို ဒေါသ ဖြစ် ရ တာလဲ”

ဦးယမက စား ပွဲ ပေါ်မှ ကွန် ပျူတာ ၏ ခ လုတ် တ ခု ကို နှိပ် ကြည့် လိုက် သည်။

“ခင်ဗျား တပည့်တွေလဲ လိုက် လာ မှာ ပါ၊ မကြာပါဘူး။ ဟော ဒီ မှာ အဝီ စိ သို့ လာတော်မူကြ ဖို့ မှတ် ပုံ တင် ထား တဲ့ စစ် ဗိုလ် ကြီး တွေ ရဲ့ စာ ရင်း ရှိတယ်။ သန်း ရွှေ တဲ့၊ မောင် အေး တဲ့၊ ခင်ညွန့်တဲ့၊ စိုးဝင်း တဲ့၊ သူ ရ ရွှေ မန်း တဲ့။ စကား စပ် မိ လို့ မေး ရ ဦး မယ်။ သူရဆိုတဲ့ စစ်ဗိုလ်တွေ မကြာ ခဏ ရောက် လာ ကြ တယ်။ သူရဆိုတာက သူ ရနိုင်သမျှ အရယူကြတဲ့ အရာ ရှိ ကြီး တွေ လား” ဟု မေး သည်။ ဦး နေ ဝင်း က အဖြေမပေး။ မျက် မှောင်ကြီးကုတ်ကာ မျက် စောင်း ကြီး ထိုး ၍ ယမမင်းကြီးကို ပြန်၍ ကြည့်သည်။

ယမမင်းကြီးက ပြုံး၍ ကွန် ပျူ တာ ခလုတ်ကို နှိပ်ကြည့်ပြန် သောအခါ “တွေ့ပြီ၊ တွေ့”” ကိုယ် လူ ရဲ့ မျက်စောင်းက မဆလ ဥက္ကဋ္ဌ ရာထူးက ထွက် တဲ့ နေ့ က “စစ် တပ် ဆို တာ ပစ်ရင် မှန်

အောင်ပစ်တတ်တယ်ဗျ” လို့ ပြောတုံးက ခင်ဗျားကြီးက လူထု အရပ်သားတွေကို ထိုးတဲ့ မျက် စောင်း ကြီး ပါ လား။ ဘုရား ဘုရား ခင်ဗျား မျက်စောင်းကြီး မတော်တဆ ကျွတ် ထွက် ရင် ကျုပ်တောင် ရှစ်စိတ်ရှစ်မွှာကွဲရမှာပါလား။ အန္တရာယ်ကြီးတဲ့ အန္တရာယ်ကောင် ကြီးပါလား၊ ဝေး ဝေး နေ မှ ဖြစ် မယ်”ဟု ပြောကာ “အင်း အဝီစိ ကလဲ တကယ့်ကို ပူတာပဲ၊ ကျုပ် လိုက်မပို့ တော့ဘူး။ လမ်းမမှားနိုင်ပါဘူး။ ကိုယ်လူ သွားပေတော့၊ တာ့တာဂွတ်ဘိုင်”ဟု ပြောပြော ဆိုဆို ကန်ချလိုက်လေသတည်း။

ငရဲပြည်၏ အောက်ဆုံးထပ် အဝီစိငရဲမှာ အမြဲတစေ ပူပြင်း လှသည့် မီးတောက် မီးလျှံများ အရှိန်ပြင်းစွာ တောက်လောင်နေ သည်။ ဦးနေဝင်း ရောက်သွားသောအခါ ဧရာမ မီးတောက်ကြီးများ ထလာသဖြင့် မီးသည် ပိုမို ပြင်းထန်နေတော့သည်။

လူ့ပြည်တွင်မူ ဦးနေဝင်း၏ ရပ်ကလာပ်ကို ရေဝေသုဿန်၌ မီးသင်္ဂြိုဟ်ပြီး ကြွင်းကျန်ရစ်သော ပြာတို့ကို ဇလာရေလယ်ကြော တွင် မျှောလိုက်လေသတည်း။

ဤ တွင် ဘဝ ရှင် ကြီး ဗိုလ် ချုပ် ကြီး ၏ ဇာတ်လမ်း နိဋ္ဌိတံ ပြီဟု ယူဆခဲ့ကြသည်။ ပြီးဆုံးခြင်း မရှိသေးပေ၊ ဆက်ရန်ရှိသေး၏။

ဗိုလ် ချုပ် ကြီး နေဝင်း ၏ ပြာ များ ကို ရေဇလာ မျှောစဉ် က ကြံ ကြံ ဖန် ဖန် ပြာ တ ဆုပ် ကျန် ရစ် လေ ခဲ့ သဖြင့် ဇာတ် ကွက် ဆက် လာ ပြန် သည်။

တနေ့သ၌ ပဲခူးမြို့နယ် အောင်ပင်လယ် ရွာဦးရှိ အောင်တော် မူ စေတီဇရပ်ငယ်တွင် (ဇရပ်ကလေးသည် ငယ် သာ ငယ် သည်။ အဲ ယား ကွန် ရှိ သည်။) သတင်းသုံးနေသူ ဒေါက် ချာ ဆောင်း ရသေ့ ကြီး ဘိုးတော် အောင်ထွဋ်ခေါင်သည် ယမန်နေ့ညက တည လုံး အိပ် မပျော် သဖြင့် သုန် မွန် နေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် လှူသွားသောခြင်းထဲမှ ဂျော်နီဝေါကို ကား ဘလက်လေဘယ် ဝီစကီကိုသောက်၍ တ ည လုံး မူး နေ ခဲ့ သည်။ မှုန် ရီ မှိုင်း နေ ရာ မှ ထွက် ပြူ လာ သော တနင်္ဂနွေ ဂြိုဟ် ဖြစ်သော နေမင်း၏ ရောင် လျှံ ခတ် သဖြင့် မျက်စိကျိန်းသွားသဖြင့် ချက်ချင်းသာမ-ယ- ဗေ ဒင် သုံး ပုံ အပြင် အာတပ္ပနဗေဒင် ကျမ်း (ပထမံဆရာသိန်း၏ မူ) ကိုပါ ထုတ်၍ ကြည့်ပြီး ကျောက် သင် ပုံ ပေါ် တွင် ၁၂ ရာသီခွင် ချကာ တွက် ချက် လေ သည်။ဘိုး တော် တုန် လှုပ် သွား သည်။ ချက် ချင်း ဆဲလ် ဖုံး ကို ကိုင် ကာ မေ ခ လမ်းရှိ အိမ် တော် သို့ ဆက် လိုက် သည်။

“ဟေ့ သမီးဝင်း” “ဟာ ဘိုး တော် ပါ လား” “ဘာ အရေး ပေါ်လို့ ပါလဲ”

“အဖိုး ကြီး ရဲ့ ပြာ ကို ရေ မျှော တုံး က အား လုံး မျှော သလား”

“ဘိုး တော် အ မိန့်အရ အား လုံး မျှောလိုက်တာပေါ့” “တပွင့်တမှုန်မှ မ ကျန် ဘူး လား” “မကျန်ပါဘူး၊ အကြောင်းထူးရှိလို့လား” “သိ ချင် ရင် သမီး ဝင်း အမြန် လာ ခဲ့”

“ချက် ချင်း ကား နဲ့ ထွက် ခဲ့ ပါ မယ်၊ တ နာ ရီ အ တွင်း ရောက် လာ ပါမယ်”

တယ်လီဖုန်း ချသွားပြီးနောက် ဘိုးတော်သည် သူတဦးတည်း ဆက်ရန် နံပါတ်ပေးထားသော ဗိုလ်ချုပ် ကြီး ခင် ညွန့် ၏ အ ထူး တယ် လီ ဖုန်း နံ ပါတ် ကို ဆက်လိုက်ပြန်သည်။

“အမိန့် ရှိ ပါ ဘိုး ဘိုး ...... ကျွန် တော် ပါ” “အဖိုးကြီးရဲ့ ပြာကျန်ရစ်သလား။ စုံထောက်စမ်းကွာ” “ဘာ လုပ် ဖို့ လဲ ဘိုးဘိုး ရဲ့”

“ဒီ လို ကွ ဒီ လို၊ ငါ အမြင်ပေါက်တယ်။ အဖိုးကြီးရဲ့ ပြာကို စားလျှင် မင်း ဖြစ် နိုင် သည် အထိ အကျိုး ကျေး ဇူး များ မယ် လို့ မြင် ရ တယ် ကွ”

“ဟုတ်ပြီ၊ ဟုတ်ပြီ ကျွန်တော် ကိုယ် တိုင် စုံ ထောက် ပါ မယ်။ ဘိုးတော်ကသာ ဒီဟောကိန်းကို ဘယ်သူ့ကိုမှ မဟောပါနဲ့ အထူးလျှို့ဝှက်ပေါ့။ က် ကျွန်တော် အခု သွားပြီး သတင်းလိုက်မယ်”

“တော့ပ် စီး က ရက် ပေါ့” ဟု ဘိုး တော် က ပြောသည်နှင့်ဗိုလ်ခင်ညွန့်သည် အိမ်တော်မှ ဆင်းပြီး ကား ကို ဒုံးစိုင်းမောင်းသွား သည်။ သူတို့က အထူးလျှို့ဝှက် တယ် လီ ဖုန်း နှင့် ပြောကြစေကာ မူ ဘိုး တော် ၏ တယ် လီ ဖုန်း ကို သူ တို့ ထက် ပို၍ ထူး သော “ထ ဆင့် ထူး” စုံထောက် ဌာ န က ချောင်း ၍ နား ထောင် ကာ အ သံ ဖမ်း ထား သည်။ တယ် လီ ဖုန်း ကို ချ လိုက် သည် နှင့် တ ပြိုင် နက် “မင်း ဖြစ် နိုင် သော ပြာ” ၏ “တန် ခိုး”ကို ဖီးလ် မာ ရှယ် ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ပါ သိရှိသွားသည်။ ဤတွင် နအဖ ထိပ်သီးရပ်ကွက်၌ ယောက်ယက် ခတ် လှုပ်ရှားသွားတော့သည်။

လော ကေ-လောကော- လော က တွင် မဖြစ် နိုင် သော အရာ ဟူ၍ မ ရှိ သည် မှာ မှန်၏။ ကြံကြံဖန်ဖန် ပြာတဆုပ် ကျန် ရစ်ခဲ့သည်။ သွား လေ သူ အဝီ စိ စံ ကြီး ၏ ပြာ တ ဆုပ် သည် ရန် ကုန် မြို့ ၌ ကျန် ရစ် သည် သာ မက အမေ ရိ ကန် ပြည် ဝါရှင်တန် မြို့ တော် သို့ ပင် အမှုန့် အနည်း ငယ် ရောက် ရှိ လာ သည်။

ပြာ ကို ရ ရှိ သူ တို့ သည် ဘိုး တော် ၏ ဟောကိန်းကို ယုံ ကြည် စွာ စားကြသည်။ လျက် ကြ သည်။ အချို့က ခါ ချဉ် လျက်

ဆား လျက်သကဲ့သို့ လျှက်ကြသည်။ အချို့က အရသာ မခံ နိုင်သဖြင့် ငှက် ပျော သီး တွင် မြှုပ် ၍ စား ကြ သည်။

ဦး နေ ၀င်း ၏ ပြာ က လည်း ထူး ခြား သော တန် ခိုး ကို ပြ ပေ သည်။

ကျန်ရစ်လေသော ဦးနေဝင်း၏ပြာကို ထိပ်သီး မြန်မာနိုင်ငံ သားတစုနှင့် မြန် မာ ပျက် အ မေ ရိ ကန် နိုင် ငံ သား တ ဦး နှင့် (မြန်မာ့ ဒီမိုကရေစီရေး ခေါင်း ဆောင် ကြီး) တို့က စား မိ လျှက် မိကြရာမှ ထိုတစုတို့က ဆက်လက် ကပြကြသည့် ဇာတ်လမ်းမှာ စိတ် ဝင် စား ဖွယ် ကောင်းလှပေသည်။

စာဖတ်သူတို့ ကံ ကောင်း သည်။ အကြောင်းမှာ ဘိုးတော်အောင်ထွဋ်ခေါင်သည် တကြိမ်က သတင်းထောက်တဦးဖြစ်ခဲ့သည်။ အောင်ဗလ၏ တပည့် သတင်းထောက်တဦး ဖြစ်ခဲ့ သည်။ မဆလ ခေတ်မှ စတင်၍ လွန်စွာ စားသာသဖြင့် ဒေါက်ခြာ ဆောင်းနေသူ ဖြစ်သည်။

အောင်ထွဋ်ခေါင်က တန် ခိုး ကြီး လှ သည်။ နအဖကြီးများ ထံသို့ တိုက်ရိုက် တယ်လီဖုန်းရှိသကဲ့သို့၊ အမေရိကန်ပြည်သို့လည်း တိုက်ရိုက် တယ်လီဖုန်းဆက်နိုင်သည်။ ဖလော်ရီဒါတွင် ရောက်ရှိကာ ဘိုင်ကျနေရှာသော သူ၏ အာစရိ သတင်းထောက် အောင်ဗလထံ သို့လည်း ဆရာသမား လက်ဖက်ဖိုး ကွမ်းဖိုးရစေရန်ဟု ဆိုကာ တယ်လီဖုန်းနှင့် သတင်းတိုထွာများ ပို့နိုင်လေ့ရှိသည်။

ဧဝံ ... ဤသို့ဖြင့် ဦးနေဝင်း ချန် ရစ်ခဲ့ သော ပြာတဆုပ်၏ တန်ခိုးစက် ဇာတ်လမ်းကို စာ ဖတ် သူ တို့ ဖတ် ရှုသိ ရှိ ရ သည့် အခွင့်ထူးကြီးကို ယခု ရရှိကြပေကြောင်း။ကိုလူလည်ကြီးလာပါပြီ

အ မေ ရိ ကန် တွင် မြန် မာ လူ လည် မြောက် များ စွာ ရောက် ရှိ နေ ကြ သည်။ ထို ထို သော မြန် မာ လူ လည် လော က သို့ နောက်ဆုံးပေါ် လူလည်တဦး ရောက်လာပြန်သည်။ ဘသိန်းဝင်း သည် လူလည်ဖြစ်သည်။

တော်တော့ကို လည်သူဖြစ်၏။ “လည်လွန်းတဲ့ဘီး ချေးသင့်” ဟု မြန်မာ စကားပုံတခုက ခပ်ရိုင်းရိုင်းဆိုသည်။ လည်လွန်းသူ ဘ သိန်းဝင်းသည်လည်း ရံဖန်ရံခါတွင် ချေးသင့်သည်။ သို့သော် သာမန် လူလည်တို့ထက်တဆင့် ပို၍ လည်သူ ဘသိန်းဝင်းက ထပ်ဆင့်လည် လွန်းသဖြင့် မိမိ၌ တင်လာသည့် အညစ်အကြေးတို့ကို ခါထုတ်နိုင်

သော အရည်အချင်း ရှိ သည်။ သူ့တွင် ပေ ကျံ သော ချေးကို တ ခြားသူထံသို့ တဆင့် ပို့ ၍ ဒုက္ခပင် ပေးနိုင်သူ ဖြစ်သည်။ သူ့ကို “ပန်ကာထိပ်သီး ငမွှတ်ကြီး” ဟု ခေါ် သင် ၏။

ဘ သိန်း ဝင်း မည် ရွေ့ မည် မျှလည် သ နည်း ဟု သက် သေပြရ လျှင် ... သူသည် မဆလခေတ်က ဗိုလ် မှူး ကြီး အဆင့်သို့ ရောက် သည့် ထိပ် တန်း စစ် ဗိုလ် ဖ ခင် မှ မွေး သော သား ဖြစ် သည်။ သူနှင့် သူ၏ ညီ မ လေး ဦး တို့ ၏ အမည်ပါ နောက်ဆုံး တွင် “ဝင်း”နှင့် ဆုံး ကြ သည် မှာ သူ၏ဖခင် ဗိုလ်မှူးကြီးက အဖေ ကြီးဟု ခေါ် သော ဗိုလ် ချုပ် ကြီး နေဝင်းကို ဂုဏ်ပြုသည့် အထိမ်း အမှတ်ဖြစ်သည်။ ငယ်စဉ်ကလေးဘဝ ဖခင်ကြီးရှိစဉ်က အဖေကြီး အိမ်တော်သို့ မကြာခဏ ရောက်ဖူးသည် အထိ ရင်းနှီးသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)