စိတ်ကူးချိုချိုစာပေ
ကြူမွှေး - နားထိုင်းတို့ရွာ
Couldn't load pickup availability
နေရာလုပွဲ အပြိုင်ကျဲ
အပြာရောင်ဂျစ်ကားကလေးတစ်စီးသည် အောင်ဆန်းကွင်း အရှေ့ဘက်ရှိ အထက်ပန်းဆိုးတန်းလမ်းအတိုင်း ကွမ်းခြံဘူတာရုံကြီး ဘက်သို့ ဦးတည်၍ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့်နှင့် မောင်းနှင် လာနေသည်။
ဂျစ်ကားပေါ်တွင် ယောက်ျားနှစ်ယောက်တည်းသာ ပါလေ သည်။ ကားမောင်းသူမှာ အသက်အားဖြင့် ၄ဝ ပတ်ဝန်းကျင်တွင် ရှိပြီး အနားပြာ ပေါ်ပလင် ရှပ်လက်ရှည်ကို ဝတ်ဆင်ကာ ခါးတွင်မူ ချည် လုံချည်အကွက်ကို ဝတ်ထားလေသည်။ သူ၏ ဘေးတွင် ပါလာသော သူမှာတော့ အသက် ၂၅ နှစ်ခန့် ရှိဦးမည်ဖြစ်ပြီး အသားအရေမှာ ခပ်လတ်လတ်ထဲက ဖြစ်လေသည်။ အဝတ်အစား မှာမူ တိုင်းရင်းဖြစ် ပင်နီအပေါ်ဖုံးအကျီ ဝတ်ထားပြီး လုံချည်မှာ အင်းလေး ပိုးလုံချည်အဝါ နှင့် အပြာကွက်ကို ဝတ်ထားလေသည်။
ဘူတာရုံတွင်းသို့ဝင်သော လမ်းဘက်သို့ရောက်လျှင် ဂျစ်ကား ကလေးသည် ချိုးကွေ့၍ ဝင်လာခဲ့ပြီးနောက် အထူးတန်း ခရီးသည် ဝင်ကြရမည့်ဘက်တွင် ရပ်လိုက်လေသည်။
ကားရပ်လေလျှင် ပင်နီတိုက်ပုံအင်္ကျီကို ဝတ်ဆင်ထားသည့် လူရွယ်သည် လက်ဆွဲအိပ်ရာတစ်ခုကို ဂျစ်ကားနောက်မှ ဆွဲယူရင်း ကားပေါ်မှ ဆင်းခဲ့လေသည်။
အချိန်မှာ ည ၈ နာရီကျော်ခန့်ရှိပြီမို့ ဘူတာရုံကြီးတစ်ခု လုံးမှာ မီးတွေနဲ့ ထိန်ထိန်လင်းနေသည်။ ကားပေါ်မှဆင်းပြီးနောက် လူရွယ် သည် ဘယ်ဘက်လက်တွင်ပတ်ထားသော လက်ပတ်နာရီကို မီးရောင် တွင် မြှောက်၍ကြည့်ပြီးနောက် ကားမောင်းလာသော လူကြီးအားပြော လေသည်။ ။
“ရှစ်နာရီနဲ့ မိနစ်နှစ်ဆယ် ရှိနေပြီ ဦးလေး၊ ရထားထွက်ဖို့ နည်းနည်းပဲ လိုတော့တယ်”
“တော်သေးတာပေါ့ကွာ၊ ငါ့မှာတော့ မီမှမီပါ့မလားနဲ့၊ ကားကို အပြင်းမောင်းလာခဲ့ရတယ်။ ကဲကဲ ... သွားပေတော့ ...”
“ဟုတ်ကဲ့ ... သွားပါ့မယ်၊ မေမေ့ကိုလည်း ဂရုစိုက်လိုက် ပါ ဦးလေး။ ရောဂါက သက်သာတယ်ဆိုပေမယ့် အားက သိပ်ရှိသေး တာမဟုတ်ဘူး။ ကျွန်တော့်မှာ မသွားမဖြစ်လို့ သာ သွားရတာ နောက်ဆံတော့ ခပ်ခပ်တင်းတင်းပဲ” :: - လူရွယ်မှာ စိတ်မချမ်းမြေ့သည့်မျက်နှာနှင့် ကားမောင်းသူ ပြောပြ နေလေသည်။
“မင်းအမေအတွက်တော့ အစစ စိတ်ချပါကွာ၊ ဦးလေး တာဝန်ယူ ပါတယ်။ မင်း သွားစရာရှိတာကိုသာ ဖြောင့်ဖြောင့်သွားပါ။ အခုတောင် မင်း သွားရမယ့်ရက်ထက် နှစ်ပတ်လောက် နောက်ကျနေပြီ။ မင်းရဲ့ အလုပ်ကို ထိခိုက်မှာ စိုးရတယ်” ။
“အလုပ်တော့ မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ ရွာမှာက ကျွန်တော် မရှိရင်မဖြစ်လို့ အခုလို သွားရတာပါ။ ကဲ ... သွားမယ် ဦးလေး”
“အေးကွာ ... သွားပေတော့၊ မင်းအမေအတွက်တော့ စိတ်ချ ဟေ့ ...”
ထိုသို့ပြောပြီးနောက် လူရွယ်၏ ဦးလေးဖြစ်သူသည် ဂျစ်ကားကို မောင်းထွက်သွားခဲ့လေသည်။ လူရွယ်လည်း ဘူတာရုံတွင်းသို့ လက်ဆွဲ အိပ်ရာကိုဆွဲရင်း ဝင်လာခဲ့လေသည်။
ရွှေမန်းသို့ ထွက်ခွာတော့မည့် ဒဂုံလွင်ရထားကြီးမှာ ခရီးသည် များအပြည့်နှင့် အမှတ်တစ် ပလက်ဖောင်းတွင် ရပ်ထားလေသည်။
. လူရွယ်သည် သူ စီးနင်းလိုက်ရပါမည့် အထူးတန်းတွဲများကို တစ်ခုချင်း လိုက်ကြည့်နေပြီးနောက် သူ စီးရမည့်တွဲသို့ရောက်လျှင် ရထားတွင်းသို့ တက်ဝင်ခဲ့လေသည်။ ၎င်းတက်ခဲ့သောတွဲမှာ အိပ်ခန်း ပါသော အထူးတန်းတွဲ ဖြစ်လေသည်။ သူသည် အိတ်တွင်းမှ လက် မှတ်ကိုထုတ်၍ အခန်းအမှတ်ကို ရှာကြည့်ရာ သူ စီးရမည့်အခန်းမှာ နှစ်ယောက်တွဲ အိပ်ခန်းတစ်ခန်းဖြစ်ကြောင်းကို မြင်တွေ့ရလေသည်။ အခြား အိပ်ခန်းများမှာမူ လေးယောက်တွဲများ ဖြစ်လေသည်။ နှစ်ယောက်တွဲ အိပ်ခန်းမှန်း သိရလျှင် သူသည် ကျေနပ်သွားဟန်နှင့် ပြုံးလိုက်လေသည်။ ထိုနောက် အိပ်ခန်းတံခါးကိုဖွင့်၍ ဝင်ခဲ့လေရာ သူ နေရမည့်နေရာတွင် အိပ်ရာလိပ်တစ်ခုနှင့် မိန်းမကိုင် လက်ဆွဲ သားရေသေတ္တာတစ်လုံး ရောက်ရှိနေသည်ကို မြင်ရလေသည်။
“ဟောဗျ ... ဘယ်အမျိုးသမီးရဲ့ ပစ္စည်းတွေ ငါ့အိပ်ရာပေါ် ရောက်နေရတာလဲ။ တယ်ပြီး ခွကျတာကိုး၊ အခန်းနံပါတ်ကလေး ဘာလေးများ တိုက်ကြည့်ရောပေါ့”
ပြောပြောဆိုဆိုနှင့် လူရွယ်သည် အိပ်စင်ပေါ်မှ ပစ္စည်းများကို ဘေးသို့ ဖယ်ချလိုက်ပြီးနောက် သူ၏အိပ်ရာကို ဆွဲခင်းလိုက်လေ သည်။ ပြီးတော့ သူသည် တစ်နေ့လုံး ညောင်းညာခဲ့သမျှ အိပ်ရာ
ပေါ်တွင် ကိုယ်ကို ပစ်လှဲကာ အညောင်းဆန့်နေလေသည်။ ထိုစဉ် အခန်းထဲသို့ ခေတ်ဆန်ဆန် ဆင်ယင်ထုံးဖွဲ့၍ထားသော အသက် နှစ်ဆယ်ကျော်ခန့်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက်သုံးဆယ်ခန့်ရှိ အနောက်တိုင်းဆန်ဆန် ဝတ်ဆင်ထားသော လူရွယ်တို့ ရောက်ရှိလာ ကြလေသည်။
“ဟင် ... ဒါက ဘယ်လိုဖြစ်တာလဲ”
မိန်းမပျိုက အိပ်စင်ပေါ်တွင် အခန့်သား လှဲ၍နေသော လူရွယ်နှင့် ဘေးတွင် စုပုံကာနေသော သူ့ပစ္စည်းများကိုကြည့်ရင်း အံ့ဩသံနှင့် မေးလိုက်လေသည်။ ။
သို့သော် လူရွယ်ကတော့ မည်သို့မျှ ပြန်မပြောသေးဘဲ အိပ်ရာ ပေါ်တွင် ပက်လက်လှန်ရင်း အသာ ငေးကြည့်နေသည်။
“ဒီမှာ ရှင့်၊ ရှင် အခန်းမှားနေပြီ။ ဒါဟာ ကျွန်မအခန်း ရှင့်” မိန်းမပျိုက ဒေါသသံနှင့် ခပ်ဆတ်ဆတ် ပြောလေသည်။
“ဗျာ... ကျွန်တော်က အခန်းမှားတယ် ဟုတ်လား၊ ကျွန်တော့် ဘက်ကတော့ စိတ်ချပါ ဗျာ မမှားပါဘူး။ ခင်ဗျားသာ မှားနေတာပါ”
လူရွယ်၏ စကားကို ကြားလိုက်ရလျှင် မိန်းမပျိုမှာ ပိုမို၍ ဒေါသ ဒီဂရီတွေ တက်လာခဲ့လေသည်။
“ရှင် ဒီလိုတော့ တစ်ဖက်သတ် မပြောနဲ့ ရှင့်၊ ကျွန်မ မမှားဘူး။ ရှင်သာ မှားနေတာ။ ဟောဒီမှာ ကျွန်မရဲ့ နံပါတ်က အက်(ဖ်)ဝမ်းတဲ့။ ဒီအခန်းနံပါတ်ကလည်း ဒါပဲဟာ၊ ဒီတော့ ရှင် ဖယ်ပေး ပါ”
မိန်းမပျို၏ စကားအဆုံးတွင် အနောက်တိုင်းဝတ်စုံကို ဝတ် ထားသည့် သူကလည်း ဝင်ပြောလေသည်။
“ဟုတ်သားပဲဗျာ၊ ဒီမှာက လက်ဆုပ်လက်ကိုင် ပရု(ဖ်)ပြနိုင် နေပြီပဲဟာ၊ မိတ်ဆွေက ဖယ်ပေးဖို့ ကောင်းပါတယ်”
ထိုအခါတွင် လူရွယ်သည် ပက်လက်လှဲနေရာမှ ဗြုန်းခနဲ ထရပ် လိုက်ပြီးနောက် သူ့အိတ်တွင်းမှ မီးရထားလက်မှတ်ကို ထုတ်ပြရင်း ပြန်ပြောလေသည်။
“ခင်ဗျားတို့ချည်း သက်သေခံပြစရာ ရှိတယ်မထင်နဲ့။ ကျုပ် နံပါတ်ကိုလည်း ကြည့်စမ်းကြပါဦး”
လူရွယ်က လှမ်းပေးလိုက်လျှင် အနောက်တိုင်းဝတ်စုံ ဝတ်ဆင် ထားသောလူက လှမ်း၍ယူကာ ဖတ်ကြည့်ပြီးနောက် လက်မှတ်ကို ပြန်ပေးလိုက်လေသည်။
“သူ့နံပါတ်ကလည်း ဒီတိုင်းပါလား အဝင်းရဲ့ ၊ ဧကန္တ လက်မှတ် ရေးတဲ့စာရေး မှားပြီနဲ့တူတယ်” “မိန်းမပျိုအား ထိုလူက လှည့်၍ ပြောပြ
လေသည်”
“အေး ... အဲဒီလို မှားမှန်းသိရင်လည်း မီးရထားဌာနကို သွား ပြောကြဗျာ။ ကျုပ်မှာ ဇိမ်ပျက်လှတယ်”
လူရွယ်က ပြန်ပြောပြီး သူ့အိပ်ရာပေါ်တွင် ထိုင်ချလိုက်လေ သည်။
“အံမာ ... ဘိန်းစားချင်းအတူတူ ရှင်က တစ်လုံးပိုချင်သေး လို့လား။ ဘာရမလဲ၊ ဒီကိစ္စက နှစ်ယောက်စလုံး မီးရထားဌာနကို သွားပြီး ဖြေရှင်းရမှာ ရှင့်”
မိန်းမပျိုက မကျေမနပ်ဟန်နှင့် မျက်စောင်းထိုး၍ လူရွယ်ကို ပြော လေသည်။
မဆိုင်လိုက်တာဗျာ။ မှားတာချင်းတူပေမယ့် ကျွန်တော်က နေရာ ရထားပြီပဲဟာ။ ခင်ဗျားဘာသာပဲ သွားပေါ့ဗျ”
“ရှင် ဒီလိုတော့ ဗိုလ်မကျနဲ့ ရှင့်၊ ရှင်ပြောသလိုဆို ဒီနေရာက ရှင်မလာခင် ကျွန်မ ယူထားတဲ့နေရာမို့ ဖယ်ချင်းဖယ်ရင် ရှင်ပဲ ဖယ်ရမှာ”
“အဲဒါတော့ ကျုပ် မသိဘူး၊ ကျုပ် ဒီအခန်းထဲ ရောက်တဲ့အချိန်မှာ ခင်ဗျား မရှိတဲ့အတွက် ဘယ်လိုပဲ ဒီအခန်းကိုစောပြီး ခင်ဗျား ရောက် ပေမယ့် တရားမဝင်တော့ဘူး”
“ဟာ ... ဒီလိုတော့ မပြောပါနဲ့ မိတ်ဆွေရယ်၊ လူမရှိပေမယ့် ပစ္စည်းတွေ ထားခဲ့တာပဲဟာ။ ကျွန်တော်တို့က ကိစ္စရှိလို့ အပြင်ကို ခဏ ထွက်သွားတာပါ။ ကျွန်တော် သိရသလောက် ပြောရမယ်ဆိုရင် အထူးတန်းက အိပ်ခန်းတွေဟာ မိန်းမခရီးသည်သပ်သပ်၊ ယောက်ျား ခရီးသည်သပ်သပ် ထားတဲ့အတွက် အခုကိစ္စဟာလည်း မီးရထားဌာန ကိုသွားပြီး အကူအညီတောင်းမှ ဖြစ်လိမ့်မယ်” .
မိန်းမပျိုနှင့် ပါလာသော လူရွယ်က ဝင်၍ ဆရာလုပ်လိုက် လေသည်။
“ဒါက ကျုပ်ကိစ္စ မဟုတ်ပါဘူး၊ မီးရထားက အာဏာပိုင်တွေရဲ့ အလုပ်ပဲ။ ကျုပ်အလုပ်ကတော့ ဟောဒီ အိပ်ရာပေါ်မှာ အားရပါးရကြီး အိပ်လိုက်ဖို့ပဲ”
ထိုသို့ ပြောဆိုနေကြစဉ် မီးရထားကြီးမှာ ထွက်ခွာရန်အတွက် အချက်ပေးလိုက်သောအသံကို သူတို့အားလုံး ကြားကြရ လေသည်။
“ဟော... မီးရထားတောင် ထွက်တော့မယ်၊ ဒီကိစ္စကို ဘယ်လို လုပ်ရမလဲ အဝင်း”
မိန်းမပျို၏လူရွယ်က စိတ်ပူသံနှင့် ပြောလိုက်လေသည်။
မိန်းမပျိုကတော့ ကပ်ကပ်သပ်သပ် နိုင်လွန်းလှသော လူရွယ် ကိုကြည့်၍ ဒေါထနေသည်။
“ဘယ်လို လုပ်ရမှာလဲ၊ ဒီလိုပဲ လိုက်ရတော့မှာပေါ့ ”
“ဟင် ... သူနဲ့ ဒီအခန်းထဲမှာ နှစ်ယောက်တည်း တစ်ညလုံး လိုက်စီးမယ် ဟုတ်လား”
မျက်လုံးပြူး မျက်ဆန်ပြူးနှင့် ပြောလိုက်သံကို ကြားရလျှင် အိပ်ရာပေါ်တွင် ထိုင်နေသာ လူရွယ်မှာ မတ်တတ်ပြန်၍ ရပ်လိုက်ပြီး အနောက်တိုင်းဝတ်စုံကို ဝတ်ထားသူအား ဘုပြန်နှက်လေသည်။
“ဒီမှာ မိတ်ဆွေ၊ ကျုပ်ဟာ ဖအေ ဗမာ၊ မအေ ဗမာစစ်စစ်က မွေးဖွားလာတဲ့ မိကောင်းဖခင် သားသမီးပါ။ ဘာမှ ခင်ဗျားရဲ့ အမျိုးသမီးအတွက် သောကတွေ ရောက်မနေပါနဲ့။ စာရိတ္တနဲ့ ပတ် သက်ရင် ကျုပ်တို့လို မိရိုးဖလာဝတ်စုံကို ဝတ်ထားတဲ့သူတွေက ခင်ဗျားတို့လို ဗိုလ်ကြီး မိတ်အင်ဘားမားတွေထက် စိတ်ချရပါတယ်ဗျ”
“ဟာ ... ခင်ဗျာစကားက စော်ကားလှချည်လား၊ ကျုပ်ကို ဘာကောင်မှတ်နေလဲ လူပါးဝလို့ ...”
ထိုလူမှာ ဒေါသထွက်သွားဟန်နှင့် လူ ရွယ်ကို ရန်ပြုရန် အလာတွင် မိန်းမပျိုက ကြားမှဝင်၍ ဖျန်လိုက်ရလေသည်။
“အို ... ကိုကိုသန်းကလည်း ရန်မဖြစ်ချင်ပါနဲ့”
“ဖြစ်ချင် ဖြစ်ပါစေဗျာ၊ လွှတ်လိုက်စမ်းပါ။ ကျုပ် လက်က လုပ်သားပြည်သူတွေအတွက် မိတ်ဆွေဖြစ်ပေမယ့် အထက်လွှာက လူမလိုင်ခဲ့ ဘူးယိုတွေအတွက်တော့ ရန်သူပဲါ။ ကဲကဲ ... တစ်ပွဲတစ်လမ်း အကဲစမ်းချင်ရင် ရထားမထွက်ခင် ခပ်သွက်သွက် ကလေး ကျဲလိုက်ရအောင်လား ဆန်နီလစ္စတန်ရေ ...”
လူရွယ်က ပမာမခန့်နှင့် လက်နှစ်ဖက်ကို ခါးထောင်ရင်း စိန်ခေါ်လိုက်လေသည်။ ထိုအခါတွင်တော့ ထိုလူမှာ အသာ အမြီး ကုတ်၍ သွားခဲ့လေသည်။ ရထားမှာလည်း ထွက်ရန် စက္ကန့်ပိုင်းမျှသာ လိုတော့လေသည်။
“ကဲကဲ .... ကိုကိုသန်းလည်း ပြန်ပေတော့” မိန်းမပျိုက ပြန်ရန် ထိုလူကို ပြောလေသည်။
“ပြန်တာက ဟုတ်ပါပြီ၊ အဝင်းက ဘယ်မှာ အိပ်မှာလဲ”
“ဒီအခန်းမှာပဲ အိပ်မှာပေါ့ ၊ ဒီအခန်းထဲမှာ အိပ်စင်နှစ်ခု ရှိတာ ပဲဟာ။ ကဲပါ ... ပြန်မှာသာ ပြန်ပါ။ အဝင်းအတွက် စိတ်မပူနဲ့၊ အဝင်းရဲ့ ကိုယ်အတွက်တော့ အဝင်း မဲ့တစ်ပေါက် မစွန်းအောင် ကာကွယ်နိုင်ပါတယ်။ သူ အူကြောင်ကြောင်လုပ်ရင် အရေးပေါ်ကြိုးကို ဆွဲလိုက်မှာပေါ့ ။ စိတ်ချပါ၊ ဂွတ်(ဒ်)နိုက် ... ကိုသန်း”
ထိုအချိန်တွင် မီးရထားကြီးမှာလည်း အချိန်စေ့ခဲ့ပြီမို့ တရွေ့ရွေ့ နှင့် ဘူတာရုံမှ ထွက်စပြုခဲ့လေပြီ။ ထိုလူသည် စိတ်မချတချနှင့်ပင် ရထားပေါ်မှ ဆင်းခဲ့ပြီးနောက် မိန်းမပျိုအား ... ။
“ဂွတ်(ဒ်)နိုက် အဝင်း၊ အစစအရာရာ သတိနဲ့နေနော်”
ဟူ၍ပြောကာ ဘူတာရုံ ပလက်ဖောင်းပေါ်မှ လက်ပြရင်း ကျန်ရစ်ခဲ့လေသည်။ ရထားကြီးမှာလည်း အရှိန်ရလာပြီမို့ ပိုမို၍ သွက် လက်စွာ ခုတ်မောင်းနေလေသည်။
မိန်းမပျိုသည် အခန်းထဲသို့ ပြန်ဝင်ခဲ့ပြီးနောက် အိပ်ရာ ထဲတွင် ပက်လက်လှန်ကာ ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေသော လူရွယ်အား နှလုံးနာသော မျက်နှာနှင့် ကြည့်လိုက်ပြီးနောက် သူ၏ ပစ္စည်းများကို စုလိုက်လေသည်။ ပြီးတော့ လူရွယ်အိပ်နေသော အပေါ်ထပ်ရှိ အိပ်စင်ပေါ်သို့ တက်ရန် ပြင်လိုက်ရာ ...
“ဟေးဟေး ... အဒေါ်ကြီး ဒါကဘာလုပ်မလို့လဲ”ဟူသော လူရွယ်၏ ကမန်းကတန်း လှမ်းတားသံကြောင့် မိန်းမပျိုမှာ အပေါ်သို့ မတက်နိုင်သေးဘဲ ရပ်ကာ လူရွယ်ကို ပြန်ပြောလေသည်။
“အပေါ်က အိပ်စင်ပေါ် တက်ပြီး အိပ်မလို့ပေါ့ ရှင့်” “ဗျာ ... ခင်ဗျားက ကျွန်တော့်အပေါ်က အိပ်မယ်” “ဟုတ်တယ်လေ၊ ရှင်ကမှ နေရာမဖယ်ပေးပဲ။ ဒီတော့ ရှိတဲ့
“ဟာ ... ဒီလိုလုပ်လို့တော့ ဘယ်ကောင်းမလဲ၊ ကျုပ် အပေါ်မှာ ခင်ဗျားနေရင် ကျုပ်မှာ ဘုန်းနိမ့်သွားမှာပေါ့။ ခင်ဗျားက မိန်းမပဲ။ မိန်းမဆိုတာ ယောက်ျားရဲ့ အောက်က နေရတယ်ဗျ”
လူရွယ်၏စကားကို မိန်းမပျိုမှာ အနက်အဓိပ္ပာယ် တစ်မျိုး ကောက်မိသဖြင့် မျက်စိမျက်နှာတွေ ပျက်သွားခဲ့လေသည်။ “ရှင်နော် စကားကို ကြည့်ပြော၊ မိုက်မိုက်ရိုင်းရိုင်း မပြောနဲ့”
“မြတ်စွာဘုရား ... ကယ်တော်မူပါ၊ ကျုပ်က ဘာများ အမိကို ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့လို့လဲဗျာ။ ခင်ဗျားက မိန်းမပါ အောက်မှာ နေရတယ်လို့ ပြောတာပဲဟာ”
“ရှင် ... ပြောပြန်ပလား၊ ဒီစကားကို ...”
“ဟောဗျ ... ဒုက္ခပါပဲ၊ လက်စသတ်တော့ ခင်ဗျားက စကားကို တလွဲ အဓိပ္ပာယ်ကောက်နေတာကို။ ကျုပ်က ရိုးရိုးပြောတာ။ ဒီမှာ ခင်ဗျား ကျိုက်ထီးရိုးဘုရား ရောက်ဖူးလား”
“ရှင်က ဘာများ စပ်စုချင်လို့ မေးရတာလဲ။ ကျွန်မဘာသာ ရောက်ချင်ရောက် မရောက်ချင်နေ ရှင့်အပူ မရှိဘူး”
“နေပါဦးလေဗျာ၊ ခင်ဗျားကလည်း တယ်ပြီး စိတ်တိုတာကို။ ခုနင်က ယောက်ျား၊ မိန်းမရဲ့ အထက်အောက် ပြဿနာကို လက်တွေ့ နမူနာပြမလို့ မေးတာပါ”
“ဒါနဲ့ ကျိုက်ထီးရိုးဘုရားနဲ့ ဘာဆိုင်လဲ”
“ဆိုင်တာပေါ့ ဗျ၊ ကျိုက်ထီးရိုးက ရေမြောင်ကြီးမှာ ရေချိုး ဖူးရင် ကျုပ်ပြောတာကို ခင်ဗျား နားလည်မှာပဲ။ ရေမြောင်ကြီးမှာ ရေချိုးကြ တဲ့အခါ ယောက်ျားတွေက အထက်က ချိုးရတယ်။ မိန်းမတွေကတော့ အောက်က ချိုးကြရတယ် မဟုတ်လား”
“ဟိုက ရေမြောင်ကြီး၊ ဒါက မီးရထားခန်း ရှင့်၊ ဘာမှမဆိုင် ဘူး။ ကိုယ်ကြိုက်တဲ့နေရာက စီးရုံပဲ”
မိန်းမပျိုသည် အပေါ်တက်ရန် ပြင်လိုက်ပြန်သည်။ “ဟာ ... ခင်ဗျားကလည်း ဇွတ်ချည်းပဲ။ ခင်ဗျား အဝီစိကို ဇောက်ထိုးကျမှာစိုးလို့ ပြောနေတာဗျ” “အံမာ ... လူကို အဝီစိနဲ့ လှည့်ခြောက်ပြန်ပြီ”
“အဝီစိနဲ့ လှည့် ခြောက်တာ မဟုတ်ပါဘူး။ ခင်ဗျားဟာ ဗုဒ္ဓဘာသာကို လေးစားယုံကြည်ပြီး ခံယူထားတဲ့ အမျိုးသမီးဆိုရင် တော့ အဝီစိငရဲတို့ဆိုတာတွေကို ကြောက်ရမှာပေါ့”
“ဒီလိုဆိုရင်လည်း နေရာကို ရှင်ဖယ်ပေးပေါ့။ ကျွန်မကတော့ တစ်ညလုံး ရပ်ပြီး မနေနိုင်ဘူး”
မိန်းမပျို ပြောသည်မှာ လမ်းမှန်သဖြင့် လူရွယ်မှာ သည်တစ်ချီ တော့ အလျှော့ပေးလိုက်ရလေသည်။ “အေးပါဗျာ၊ ကျွန်တော် ဖယ်ပေးပါ့မယ်။ ကဲ ... လာလာ”
လူရွယ်သည် သူ၏ အိပ်ရာလိပ်များကို ပြန်၍ လိပ်ပြီးနောက် မိန်းမပျိုကို နေရာပေးလိုက်လေသည်။ လူရွယ်သည် အပေါ်ထပ် အိပ်စင်သို့ တက်၍သွားပြီးနောက် အိပ်ရာလိပ် ဖြန့်ခင်းနေလေသည်။ မီးရထားကြီးကတော့ တာဝန်ကျေပွန်စွာနှင့် တဂျုန်းဂျုန်း ခုတ်မောင်း နေလေသည်။
“ဒီမှာ အောက်က အစ်မကြီး၊ ကျွန်တော့်မီးခြစ်ကလေး ကျန်ခဲ့လို့ ပေးပါဦး” လူရွယ်သည် အပေါ်ထပ်အိပ်စင်မှ အောက်သို့ငုံ့ကာ မိန်းမပျို အား ပြောလေသည်။ အောက်ထပ်အိပ်စင်တွင် ပက်လက်လှန်ကာ စာဖတ်မည်ပြုသော မိန်းမပျိုမှာ လူရွယ်၏အသံကြောင့် လန့်သွားပြီး......Mg Yoe .Com



