Skip to product information
1 of 2

Other Websites

ကြယ်စင်မှူးဝေ - ကျမရဲ့မိုးတိမ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

ဟိုဖက်ခြံကြီးက နတ်ဘုံနတ်နန်းလို ခမ်းနားသမျှ သည် ဘက်က “နဒီ"တို့ ခြံလေးကတော့ လူ့ဘုံခမ်းဝါလောက်တောင် မသာယာ။

သားအမိနှစ်ယောက်တည်း ပန်းစိုက်စားနေရသည့်ဘဝကို ရောက်သွားပြီမို့ ဖေဖေရှိတုန်းက ဆောက်ထားသည့် တစ်ထပ် တိုက်ပြားလေးမှာ ဟိုဘက်ခြံက တိုက်ကြီးနှင့်စာတော့ နတ်ပြည် နှင့်ငရဲပြည်ပေါ့။

အင်းလေ ... ငရဲပြည်တော့လည်း မဟုတ်ပါဘူး။ အိမ် ပတ်ပတ်လည်မှာ ပန်းမျိုးစုံစိုက်ပျိုးထားသည့်အတွက် သာတော့ လည်းသာယာတာပါပဲ။ ဘာခေါ်မလဲ .. ဟိုဘက်ကတော့ ရုပ် ဝတ္ထုပစ္စည်းတွေနဲ့ ဖွံ့ဖြိုးနေတဲ့အိမ်ပေါ့။“အင်း... ဒီဘက်ကတော့ ...

သို့သော် ... နဒီ ကိုယ့်ခြံလေးကိုယ်နှစ်သက်ပါသည်။ လောကကြီးထဲ မေမေနှင့်အတူ ဒိုးတူပေါင်ဖက် ရင်ဆိုင်နေရတာ . ပဲ ဘာမပျော်စရာရှိမလဲ။

လူအပြောင်းအလဲကြောင့် ခေတ္တပိတ်ထားသည့် ဟိုဘက် ခြံကအိမ်ကြီးသို့ ဒီနေ့ လူသစ်များပြောင်းရွှေ့လာကြသည်။

သူဌေးတွေပီပီ ကားကြီး၊ ကားငယ်တွေနှင့်ပစ္စည်းတွေ သယ်ချလာကြသည်ကိုး။ သည်ဘက်ခြံမှနေပြီး နဒီနှင့်မေမေတို့ အိမ်ထဲမှ ချောင်းကြည့်နေမိကြပါသည်။

မိန်းမတွေပီပီ . ဟိုဘက်အိမ်ကို မည်သူတွေပြောင်းလာ သလဲဆိုတာ သူမတို့ စိတ်ဝင်စားပါသည်။ )

ယွန်းနဒီနှင်းက အသက်နှစ်ဆယ်။ မေမေက အသက် လေးဆယ်။ လောကမှာ စပ်စုလို့အကောင်းဆုံးအရွယ်တွေ မဟုတ်ပါလား။

အင်္ကျီချိုင်းပြတ်နှင့် ပန်းပင်တွေကို တူးဆွပေါင်းသင်ထား ရသည်မို့ ချွေးကလေးစိုနေသည့် မေမေ့ရုပ်သွင်ကလည်း ရုပ်ရှင် မင်းသမီး မေသန်းနုနှင့် နင်လားငါလား။

ကျန်းမာသူမို့ စိုပြည်ဝင်းပသောအသားနှင့် ဖွံ့ထွားသော ကိုယ်လုံးကြောင့် မေမေ ဒေါ်သဇင်နှင်းမှာ မသိလျှင် အသက်သုံး ဆယ်ကျော်ဟုပင် ထင်လိုက်စရာ။ယွန်းနဒီနှင်းဆိုတာကရော ... " ဖအေချော၊ မအေချောမို့ အချောတွေစုပေါင်းပြီး ကမ္ဘာ ကျော်ကျောက်ဆစ်၊ ပန်းပုဆရာ၏လက်ရာလို အလှအပမျိုးရှိရ သည်ကြားထဲ အသွင်တစ်မျိုးဆန်းပြီး ချစ်စရာကောင်းနေရတာ ကတော့ သူမ၏ဘဝပေး ကုသိုလ်ပင် ဖြစ်လိမ့်မည်။

ဒီလိုပြောလိုက်လို့ ယွန်းနဒီနှင်းကို ဗိုင်းကောင်းကျောက်ဖိ နူးနူးညံ့ညံ့လေးလို့တော့မထင်လိုက်ပါနှင့်။

ဣရှင်လေးပေမယ့် သူ့စိတ်ထဲမထင်ရင် ကျောတယ် ထင်ရင် မြွေပွေးကိုသွားထိမိ၊ စမိသလို ရှူးခနဲ၊ ဒိုင်းခနဲပြန် ပေါက်တတ်၊ ကိုက်တတ်တာကတော့ ခွေးဆိုးလေးနှင့်တူလိမ့်

မည်။

ယခုလည်း ခြံထဲမှာ သားအမိနှစ်ယောက် ပန်းပင်တွေကို ပြုစုလုပ်ကိုင်နေရာမှ တစ်ဖက်အိမ်သို့ လူသစ်များပြောင်းရွှေ့လာခဲ့ လျှင် မိန်းမသားတွေပီပီ အိမ်ထဲသို့ဝင်ပြီး တစ်ဖက်သို့ ချောင်း ကြည့်နေမိကြခြင်းဖြစ်သည်။

“မေမေရေ ... အိမ်သားတွေကတော့ အများကြီးပဲ။ တော်တော်ဇယားရှုပ်မည့်အိမ်ကြီးနော် ... ဝေးဝေးကရှောင်မှ

- ယွန်းနဒီနှင်းက ကြီးကြီးကျယ်ကျယ်တွေ မှတ်ချက်ချလျှင် မေမေက ပြုံးပြီးအနားသတ်၏။“အေးနော် _ ကိုယ့်စကားကိုယ်မြဲမြဲမှတ်ထား၊ မေမေက ကိစ္စမရှိဘူး၊ သမီးက စိတ်တိုတိုရယ်၊ ရန်ဖြစ်လည်းမကောင်းဘူး၊ အိမ်နီးချင်းတွေ အဲ ... ဟိုမှာလူငယ်တွေ ပါလာပါလား၊ သမီးနော် ... ကိုယ်နဲ့အဆင့်မတူတဲ့ သူကိုကြိုက်မိရင် တစ်သက် လုံး စိတ်ဆင်းရဲရပြီသာမှတ်” ။

“ဟီဟိ ... မေမေကလည်း ... သူတို့ကပဲ ယူပါစေ

“အေးဟေ့ ... ယူလည်း မကောင်းဘူး၊ မယူလည်း `မကောင်းဘူး၊ စကားအဖြစ်ပြောရတာတောင် ကိုယ့်ဘက်က နစ်နာလှပါပြီ.... "

မေမေက ဟိုဘက်ခြံသို့မကြည့်တော့ဘဲ နဒီကို အလေး . အနက်ဆုံးမတော့မည်ပြင်လျှင် နဒီ ဇက်ကလေးပုလိုက်ပါ

လျှာနီနီလေးကိုလည်း လှစ်ခနဲ ထုတ်ပြလိုက်၏။ မေမေ့ကို ချစ်စနိုးဖြင့် စရဦးမည်လေ။

“မေမေလည်း သတိထားနော်၊ အဲဒီဘက်မှာ မေမေ့ အရွယ်တွေလည်းတွေ့ရတယ်၊ လူပျိုကြီးတွေလား၊ မုဆိုးဖိုတွေ လား၊ တစ်ခုလပ်တွေလားမသိဘူး၊ မေမေတို့အရွယ်တွေကမှ ပိုဆိုးတာ၊ ကြိုက်မိရင် အရမ်း _ ဟိုဒင်း နွားသိုးကြိုးပြတ်ဆိုလား ဘာလား”

“ကြည့်စမ်း ကြည့်စမ်း၊ ဒါ. မေမေ့ကိုပြောရမယ့် စကားလား၊ ခွေးမလေး၊ ခွေးလေးအရောဝင် ပါးလျက်၊ နား လျက်ဆိုတာ နင်ပဲ .. ခွေးမ ... "

မေမေစိတ်ဆိုးလျှင် နဒီ.. တခစ်ခစ်ရယ်ပြီး မီးဖိုဘက် သို့ဝင်ပြေးပါတော့သည်။

ထမင်းဆာလှပြီလေ။

သူများကို ရပ်ကြည့်လို့အကျိုးမရှိ။ ကိုယ့်ထမင်းကိုယ်စား တာကမှ အကျိုးရှိမည်။

ဗိုက်ဝမည်။

နဒီ ... ထမင်းပွဲကို လျင်မြန်စွာပြင်နေစဉ် အနားသို့ ရောက်လာသည့်မေမေက ဆူပြန်သည်။

“ဒီကောင်မလေးကို အစားပုတ်တယ်၊ ရေအရင်မချိုးဘဲ ထမင်းစားဖို့ ကြံစည်နေတယ်ဟုတ်လား၊ နင် . ဒီလို ဘယ်တုန်း ကစည်းမဲ့ ကမ်းမဲ့နေရ စားရလို့လဲ၊ ဒီလောက်အစားပုတ်လှ တာ၊ ဝက်ပုတ်မကြီး ဖြစ်ပါစေတော်” ။

သည်အခါ နဒီမှာ မေမေ့စကားအတိုင်း ချော်လဲရောထိုင် ပြီး သွားလေးနှင့် လျှောချရပါသည်။

“ရေမချိုးဘဲ စားမလို့မဟုတ်ပါဘူး မေမေရဲ့၊ ဟိုလေ ချက်ချင်းခူး၊ ချက်ချင်းစားဆိုရင် အငွေ့တွေနဲ့ ပူမှာစိုးလို့ကြိုပြီး ခူးထားလိုက်တာပါ၊ လုပ် . မေမေရယ် ... နဒီ ထမင်းဆာလှပြီ၊ မေမေလည်း မြန်မြန်ချိုး၊ သမီးလည်း ရေမြန်မြန်ချိုးမယ်

နော်”

သားအမိနှစ်ယောက်သား ရေချိုး၊ အဝတ်အစားလဲပြီး လျှင် ထမင်းစားပွဲမှာ တန်းပြီးထိုင်လိုက်ကြသည်။

သားအမိနှစ်ယောက် လုပ်ကိုင်စားနေကြရသည်ဆိုပေမယ့် ရေသည်ပြဇာတ်ထဲက ရေသည်လင်မယားရဲ့ “ကောက်လျင်ကြီး ဆန်၊ နီတာလန်ကို ငါးသန်လေးနုပ်ရေလုံပြုတ်နှင့်”ဆိုတဲ့ ဟင်း ထက်တော့ အများကြီးသာပါသည်။

ခြံထွက် ဟင်းသီးဟင်းရွက်ခင်းမှ ဗူးညွန့်နှင့်ပုစွန်ခြောက် ကြော်၊ နောက် ... ဆလတ်ရွက်ချဉ်ဟင်း၊ ငါးကလေးချက်၊ ငါးပိရည်နှင့်တို့စရာ။ ။

အာဟာရရှုထောင့်မှကြည့်ကြည့်၊ ကျန်းမာရေးရှုထောင့် မှကြည့်ကြည့်၊ ကြည်နူးနှစ်သိမ့်စရာ ထမင်းတစ်ပွဲပါပဲ။

ရောင့်ရဲတတ်သူများမို့ ဖေဖေထားခဲ့သည့် အိမ်ကလေး ပေါ်မှာနေပြီ၊ ပန်းစိုက်စာရင်း နဒီတို့သားအမိ၊ ဘဝကိုကျေနပ် စွာ ရုန်းကန်နေမိကြသမျှ ...

တစ်ဘက်အိမ်မှ လူသစ်များရောက်ရှိလာကြသည့်အခါ ဘဝသည် ပြောင်းပြန်လှန်ပစ်လိုက်သလို စိတ်ဆင်းရဲစရာ၊ ရင် ခုန်စရာ၊ စိတ်မချမ်းမြေ့စရာတွေနှင့် ရင်ဆိုင်တိုးနေရလေမလား

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)