Skip to product information
1 of 2

Other Websites

ကြပ်ကလေး----၀တ္တုတိုပေါင်းချုပ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ချိန်းတဲ့ည

ဤဝတ္ထုနှင့် သက်ဆိုင်သည်ဟု အထင်ရှိသူများသည် အရူးထောင်သို့

              ခပ်မြန်မြန်ကလေး သွားစေလိုသည်။)

             (၁) မှန်တစ်ချပ်မှသည် ဖူးစာရှင်တစ်ယောက်သို့

မအူကုန်းရပ်ကွက်ရှိ ပန်းပေါင်းစုံဖြင့် သာယာလှတင့် ရှုချင့်စဖွယ်ရှိ သော ခြံကျယ်ကြီးအတွင်းဝယ် ခန့်ညားလှသော တိုက်ခံနှစ်ထပ်အိမ်ကြီးတစ်လုံး သည် ကိုရီးယားစစ်မြေပြင်၌ သွေးခဲသေနေသော အမေရိကန်စစ်သားကဲ့သို့ " တောင့်တင်းတင်းကြီး တည့် ရှိနေလေသည်။

အိမ်ရှေ့ ဆင်ဝင်အောက်တွင် ပက်လက်ကုလားထိုင်တစ်လုံးချ၍ သ အင်းစာဖတ်နေသော အဘိုးကြီးကား၊ ဤအိမ်ကြီး၏ ဦးစီးရာဇ မက်အာသာ အဖြစ်ကို ခံယူနေသော သူဌေးကြီးဦးသိန်းမောင်ပင် ဖြစ်၏။

ဦးသိန်းမောင်၏ တစ်ဦးတည်းသောသမီးဖြစ်သူ အသက်နှစ်ဆယ်ခန့် မိန်းမချောကလေး ခင်ခင်စိုးကား နေမကောင်းဖြစ်နေသော မိခင် ဒေါ်ဖြူဝင်းကို အပေါ်ထပ်၌ ဆန်ပြုတ်တိုက်နေလေသည်။ ဒေါ်ဖြူဝင်းမှာ ဘုရားတရားကို အလွန်ကြည်ညီသည်ဖြစ်၍ နာမကျန်းဖြစ်သည်နှင့်တစ်ပြိုင်နက် အသက်က လည်း ကြီးဖြစ်သဖြင့် ရုတ်တရက်သေသွားနိုင်သည်ဟု ယူဆကာ သေလျှင်လည်း ဖြောင့်ဖြောင့်သေရပါစေတော့ဟူ၍ ဘုရားစင်နား၌ ခုတင်ကို ရွှေ့ပြောင်း ထားလေသည်။ မိန်းမဖြစ်၍ ဤမျှနှင့် ကျေနပ်ရသည်။ ယောက်ျားဖြစ်လျှင်ကား ဘုရားခန်းထဲ၌ပင် ဝင်ရောက် အိပ်ဦးမည်ဟု ကြိမ်းသေး၏။

ဒေါ်ဝင်း၏တူ ခင်ခင်စိုး၏ အစ်ကိုဝမ်းကွဲဖြစ်သူ ဦးကား မီးဖိုထဲမှ ပြာများကာ နောက်ဖေးတမံသလင်းပေါ်တွင် ဖြန့်ကြပြီး ကြောင်တစ်ကောင်ကို

လျှောက်ခိုင်းလျက် ကြောင်ခြေရာများကို မှန်ဘီလူးနှင့် လိုက်လံကြည့်ရှုနေလေ သည်။ သူကား ခေသူမဟုတ်။ မြန်မာပြည်စုံထောက်အဖွဲ့ကြီးကို လက်ဖျားတွင် မက ခြေဖျား ခေါင်းဖျားများပါ ခါသွားစေလောက်အောင် စွမ်းဆောင့်ပြမည်ဟု ကြုံးဝါးလျက်ရှိသော အလွတ်စုံထောက်လောင်းတစ်ဦး ဖြစ်လေသည်။ နေ့ရော ညဉ့်ပါ စုံထောက်ပညာများကို လေ့လာနေသည်သာမက- တစ်ခါက အိပ်မက်ထဲ ၌ပင်မက်သူကို နီးလာသောအခါ နောက်တစ်ခါမက်လျှင် မှတ်မိစရန်ဟု ပုံတူ ဆွဲထားဖူးလေသည်။ သူ စုံထောက်ပညာများ ဆည်းပူးသမျှကို- နောက်မှလိုက် - သံသိမ်းဆည်းပေးရသော သူကား ထမင်းချက်မိန်းမကြီး ဒေါ်နုပင်ဖြစ်၏။

အိမ်ကြီး၏ လက်ဝဲဘက်ဘေး ခြံအတွင်းတွင်ကား သဲအိတ်တစ်ခုသည် မာလကာကိုင်းမှ တွဲရရွဲကျနေလျက်၊ အင်္ကျီချွတ် ဘောင်းဘီတိုနှင့် လူပိန်သွား သော်တစ်ယောက်သည် ထိုသံအိတ်ကို ဝါးချွန်နှင့်တည့်မတ်စွာချိန်လျက် ပြေး ဆောင့်နေလေသည်။ ရုတ်တရက် သူ့ကိုမြင်ရလျှင် အထင်ကြီးစရာဖြစ်၏။ သို့ သော် သူ့ခမျာမှာ လေထီးဆင်းစစ်သားလည်း မဟုတ်မှာပါ။ နိုင်လွန်သာပေါ်လာ ရေး လေထီးကို သူမမြင်ဖူးပါ။ ဂျပန်ခေတ်က ကင်ပေတိုင် သူ့ကိုလိုက်သက် သည်ဟုဆိုကာ ခုနှစ်ရက်ခန့် ပုန်းနေ၏။ တော်လှန်ရေးတွင်ကား ဟိုယောင်

သောင် သည်ယောင်ယောင် ဝင်လုပ်ခဲ့ပြီး တော်လှန်ရေးကြီး ပြီးသွားသောအခါ ဘာအလုပ်မျှလည်း မလုပ်ဘဲ အရေးကျလျှင် ပြည်ထောင်စုရန်သူကို ခုခံတိုက် ခိုက်ရန် ဆိုလျက် + + ၊ စစ်ပညာများကို တစ်ယောက်တည်း လေ့ကျင့် နေ သဖြင့် သူ့အဖေနှင့် ဘုကျကာ အဖေ၏သူငယ်ချင်း ဦးသိန်းမောင်နှင့် လာရောက်နေထိုင် လေသည်။

ဦးသိန်းမောင်က သဘောကောင်းလှသည့် အဘိုးကြီးဖြစ်ရုံသာမက သူများပြောလျှင်လည်း ယုံလွယ်တတ်သည်ဖြစ်ရကား၊ ယခုကဲ့သို့ သူခိုးပေါ်ချိန် ဝယ်၊ ခြေရာခံလိုက်နိုင်သည်ဟု ကြေညာထားသော တူတော်မောင်မြဦးနှင့် ဓားဖြင့် ပြန်ပေးများ၏ရန်ကို ကြကြံ့ခိုင် ခံနိုင်စွမ်းရှိသော တော်လှန်ရေးသမားကြီး စိုးဟန်တို့ကို ဘယ်လက်ရုံး ညာလက်ရုံးပြကာ ကျေနပ်နေရှာလေသည်

သို့သော် သူ၏အိမ်ကြီးထဲမှ ပစ္စည်းတစ်ခုကို လိုချင်လှသဖြင့် သွားရည် - စာများများကာ ယူရန်နည်းလမ်းအ၀၀ကို ရှာဖွေကြံဆလျက်ရှီသော သူတစ် ဦးကိုကား၊ သူတို့အိမ်မှ မည်သူတစ်စုံတစ်ယောက်မျှ မသိကြသေးပေ။

ထိုသူကား မျက်နှာချင်းဆိုင်အိမ်မှ တက္ကသိုလ်ကျောင်းသား ကျော်ဆန်း" ပင် ဖြစ်လေသည်။ ကျော်ဆန်း၏မိဘများမှာ စိုးတက်များဖြစ်ကြ၍၊ သူတို့ ၏ တစ်ဦးတည်းသော သားကလေးကို ကျောင်းတွင် ဘော်ဒါထားလျှင် ပျက်စီး - မည်ကိုစိုကြသဖြင့် အိမ်တွင်လည်း မြို့ထဲနှစ်သဖြင့် ချည်နေ၍ စာကျက်၍မရ ဟုဆိုကာ မအူကုန်းတွင် အိမ်တစ်လုံးနှင့် မော်တော်ဆိုင်ကယ်တစ်စီး ဝယ်ပေး ထားကြလေသည်။ ကျော်ဆန်းမှာ တစ်ယောက်တည်းနေရမှာ ပျင်း သဖြင့် အလွန် ချစ်ခင်လှသော သူငယ်ချင်းဘမောင်ကို ခေါ်ထားပြီးလျှင်၊ အတူစား အတူ သောက် အတူသွား အတူလာ နေထိုင်လေသည်။ သူတို့နှစ်ယောက်အတွက် ထမင်းတာဝန်ကို ငယ်စဉ်ကတည်းက ကျော်ဆန်းတို့အိမ်တွင်နေသော လှခိုင်မည် သောတပည့်ကျော်က တာဝန်ယူလေသည်။

မြူတင်းပေါက်နားသို့ ကုလားထိုင်ရွှေ့ကာ ပြုတင်းပေါက်ဘောင်ပေါ် လက်နှစ်ဘက်ယှက်တင် မေကိုပါတင်လျက်ထိုင်ရင်း ကျော်ဆန်းသည် သက်ပြင်း ချမိလေသည်။

သူ့မျက်စိအစုံတို့၏ရှေ့တွင် သံပြားပေါက်များကို လူတစ်ရပ်ခန့်မြင့် အောင်ကာရံထားသော ဦးသိန်းမောင်၏ခြံကျယ်ကြီး တည်ရှိလေသည်။ ထိုခြံ ကြီးအတွင်းရှိအိမ်မှ တစ်ပိုင်းတစ်စသောမြင်ရသော ပြတင်းပေါက်အချို့တွင် ဖြတ်

လျှောက်သွားတတ်သော ခင်ခင်စိုးကို ချီးကနဲ ရိပ်ကနဲ မြင်ရမည်လားဟု စောင့် - ကြည့်နေရင်းက အသံဝါကြီးနှင့် သီချင်းတစ်ပုဒ်ကို ဆိုနေလေသည်။

(ဘယ်သောအခါများ + ဟား x ဟား  x တူနှစ်ကိုယ် နီးရပါမယ်၊ မောင်ကြံရွယ်နတ်ပန်းထက်ပင် ခူးရခက်သေးတယ်နော် ။ ဝင်းဝင်းပပ ၊ လှတဲ့ ပျိုနှမရယ်၊ မောင့်အသည်းမယ် အမြဲပဲစွဲလမ်းတော့ဘယ် တူမောင် မယ်နီးသို့ဖြင့် ခင်နှမရယ်- ခက်သေးတယ်) ။

“ဟေ့- ကျော်ဆန်းရာ တော်စမ်းပါ”

နဘေထပ် ကလေးနှင့် ဘမောင်ရောက်လာကာ- ကျော်ဆန်း၏ ဘေး ဘက်စားပွဲခုံပေါ်သို့ တင်ပါးလွှဲ တက်ထိုင်လိုက်ရင်း

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)