ကြပ်ကလေး - သီချင်းဆိုသောလက်ညိုးလေးနှင့်ပျော်ရွှင်ဖွယ်ရာပုံပြင်များ(၈)
စက္ကောမ မောင်ဖြူးလွန်
နေသည် မကြာမီ ဝင်တော့မည်။
မောင်ဖြူလွန်သည် မြက်တွေကိုအားစိုက်၍ ရိတ်နေသည်။ အမှန်က သူ့မိဖများသည် စားနိုင်သောက်နိုင်ဖြစ်ကြ၍ သူ့ကို ဘာအလုပ်မျှ မလုပ် ခိုင်းပါ။ ကျောင်းစာကိုသာ ဝီရိယစိုက်၍ ကျက်စေလိုကြပါသည်။
ထို့ကြောင့် ယနေ့ညတွင် မောင်ဖြူလွန် မြက်ကို ကြိုးစား ပမ်းစားရိတ်နေသည်မှာ ထူးဆန်းသလိုတော့ ဖြစ်နေပါ၏။ မောင် ဖြူလွန်ကား ဘေးဘီသို့ မကြည့်ပဲ မြက်တွေကို အားသွန်၍ ရိတ် နေသည်။ -
‘မနီးမဝေးက အသာရပ်ကြည့်နေသော ငပြူးသည် မအောင့် အည်းနိုင်တော့သဖြင့် မောင်ဖြူလွန်နားသို့ ချဉ်းကပ်လာသည်။ စောစောက သူရပ် ကြည့်နေသည်ကိုလည်း မောင်ဖြူလွန် သတိ မထားမိ။ ယခု ချဉ်းကပ်လာ ပြန်သောအခါတွင်လည်း သတိမထား မိ။ မြက်တွေသာရိတ်နေသည်။ သူ
သို့ဖြင့် ငပြူးသည် နှုတ်ကထုတ်ဟ၍ မေးမိ၏။
“ဟေ့.. ဖြူလွန်၊ မြက်တွေကို ဘာလုပ်ဖို့ရိတ်နေတာလဲ”
ဤတွင်မှ မောင်ဖြူလွန်က သူ့ကို သတိပြုမိသည်။ သို့သော် မှုန်ကုပ် ကုပ်နှင့်ကြည့်၍ဖြေ၏။ ။
“ဘုတ်လာက.. မင်းနဲ့မဆူဘိုင်” “အဲဒါ ဘာပြောတာ
လဲကွ” “စကားလိမ်ပြောတာ၊ ငါက စကားလိမ်ကြိုက်တတ်လို့ကွ၊ ဘာလုပ်လုပ် မင်းနဲ့မဆိုင်ဘူးလို့ ပြောတာ” “ငါလဲ သိချင်တာပေါ့ကွ၊ ဘာလုပ်မလို့ ရိတ်တာလဲဟင်” “ပြူးနေတာ မရဘောလား” “ဟေ.. ငါက မျက်စိပြူးတယ်၊ ဒါကြောင့် ငပြူးလို့ ခေါ်
တာပေါ့”
“ဟေ့..ပြောနေတာ မရဘူးလားလို့ပြောတာ” “ဟေ. . ငါလဲ စကားလိမ် ပြောတတ်ချင်တယ်၊ သင်ပေးစမ်းပါ” “ဟေ့..ငပြူး၊ ငါမအားဘူး၊ လုပ်မရှာနဲ့.. အဲ လာမရှုပ်နဲ့ သွားစမ်း၊ နောက်နေ့မှ သင်ပေးမယ်”
မောင်ဖြူလွန်က တကယ်စိတ်ဆိုးသလို ပြောသဖြင့် ငပြူးသည် အနားက ထွက်သွား၏။ သို့သော် သူသည် သိချင်စိတ်အားကြီးလှ သဖြင့် ရွာထဲသို့ ပြန်မသွားဘဲ တော်ရာက ချောင်းကြည့်နေသည်။
မောင်ဖြူလွန်သည် မြက်စည်းငယ်တစ်စည်းကိုရသောအခါ တွင်ထမ်း၍ ခပ်သွက်သွက်သွား၏။ တောစပ်နားက ကွင်းဘေးသို့ ရောက်သောအခါတွင် ကျောက်နွားရုပ်ကလေးများသို့ အသာကပ် သွားပြီး မြက်တွေကို ချပေး၏။
“နွေးဂလား.. နွေးဂလား၊ စာပါး. . စာပါး”
ပါးစပ်ကလည်း ပြော၏။ နွားရုပ်ကလေး၏ ရှေ့တွင်လည်း မြက်တွေကိုချပေးသည်။
ချောင်းကြည့်နေသော .ငပြူးသည်ရယ်ချင်လာ၏။ ဤကျောက်နွားရုပ်ကလေး ရောက်နေသည်မှာ ဆယ်လခန့် ရှိပြီ။ ဘယ်သူလာချထားမှန်းမသိ။ ဘယ်က အရုပ်မှန်းလည်း မသိပါ။ သို့သော် ဤနွားရုပ်ကလေးသည် ကျောက်ရုပ်မှန်းတော့ လူတိုင်းသိ၏။ အရွယ်မှာ လူကြီးခါးလယ်လောက်သာ မြင့်သည်။
အရုပ်ဖြစ်သောနွားကလေးကို မြက်တွေလာကျွေးနေသော မောင်ဖြူလွန်ကို ချောင်းကြည့်ရင်း ငပြူးသည် ရယ်ချင်လှ၏။ သို့
သော် မောင်ဖြူလွန်သိလျှင် နားရင်းရိုက်မည်ကို စိုး၍ ရယ်ချင် စိတ်ကို အောင့်ထားရသည်။
“ကဲ.. ငယ်သွားမာ၊ ငါသွားမယ်၊ ကားစောင်း.. ကောင်း ကောင်းစား”
မောင်ဖြူလွန်သည် ထွက်သွားတော့၏။ သူသွားပြီး ခဏကြာမှ ငပြူးသည် ပုန်းကွယ်နေရာက ထွက်လာပြီး မြက်တွေကိုယူ၍ တခြားသို့ လွှင့်ပစ်လိုက်သည်။
နောက်နေ့နံနက်တွင် မောင်ဖြူလွန်လာကြည့်သောအခါ မြက် . တွေကို မတွေ့ရသဖြင့် ဝမ်းသာအားရဖြစ်သွား၏။
“ကားအောင်စုံ.. ကုန်အောင်စား၊ ညနေကျရင် ထွေးကျပ်... ထပ် ကျွေးမယ်” ။
ညနေရောက်သော် မောင်ဖြူလွန် မြက်တွေရိတ်နေပြန်၏။ ပြူးကား ချောင်းကြည့်ရင်း ပြုံးစိစိဖြစ်နေသည်။ ဤသို့ဖြင့် မောင်ဖြူလွန်က ပင်ပန်းခံ၍ မြက်တွေရိတ်ကျွေး၊
ငပြူးက တိတ်တဆိတ်လွှင့်ပစ်နှင့် သုံးရက်မြောက်ခဲ့လေပြီ။
မောင်ဖြူးလွန်သည် မြက်တွေလာကျွေးပြန်၏။ “မင်းတော်တော်အစီးကြား. . အစားကြီးတယ်၊ မဝေးသ. . မဝ သေးဘူးလား”
ပြောပြောဆိုဆိုနှင့် မြက်တွေချကျွေးကာ အပါးမှထွက်ခါသွား သည်။ သို့သော် ယနေ့တော့ နွားကလေးစားသည်ကို ကိုယ်တွေ့မျက် မြင်ဖြစ်ချင်၍ ရွာထဲသို့တန်း၍ မပြန်ဘဲ သစ်ပင်ကြီးတစ်ပင်နောက် က ချောင်းကြည့်နေသည်။ .
ခါတိုင်းကဲ့သို့ပင် ငပြူးသည် ချုံကွယ်မှထွက်လာပြီး မြက်တွေကို ယူသွားသည်။ မောင်ဖြူလွန်သည် အဖြစ်မှန်ကို သိကာ အမျက် ထွက်၍ ငပြူးနောက်ကို ပြေးလိုက်၏။ “ဟေ့ကောင်... ငပြူး၊ မင်းက ငါ့ကို စော်ကားတာပေါ့လေ” ငပြူးသည် မြက်တွေကို ပစ်ချ၍ အသံတုန်ရင်စွာနှင့် ပြန်ပြော
၏။
“မင်းကို စော်ကားတာတော့မဟုတ်ပါဘူး။ ကျီစားတာပါ။ အရုပ်ပဲကွ၊ စားမလား” “စား.. စား၊ မစားစား မင်းက ဘာဖြစ်လို့ ဝင်ရှုပ်ရတာလဲ”
မောင်ဖြူလွန်သည် ဒေါသထွက်လာသဖြင့် ငပြူး၏နားရင်းကို တစ်ချက်ပိတ်ရိုက်၏။ ငပြူးသည် ငို၍ပြန်သွားသည်။ ငပြူး၏ မိဘများက မခံမရပ်နိုင်ဖြစ်ကာ သူကြီးကို သွား၍ တိုင်ကြသည်။ သူကြီးက ငပြူးရော မောင်ဖြူလွန်ကိုပါ ခေါ်၍ စစ်၏။
“ဟေ့.. ဖြူလွန်၊ မင်းက ငပြူးကို ဘာဖြစ်လို့ နားရင်းရိုက်ရ တာလဲကွ”
“သည်လိုပါ သိကြားခင်ဗွီ၊ အဲလေ.. သူကြီးခင်ဗျား၊ ကျွန် တော်က နွားကလေးကို ကျွေးထားတဲ့မြက်တွေကို သူက ယူပြီးလွှင့် ပစ်လိုက်လို့ပါ”
သူကြီးသည် မျက်လုံးပြူးကြီးများဖြင့် ငပြူးကိုကြည့်၏။ ငပြူးက လည်း ပြန်၍ပြူးပြသည်။ သူ့ခမျာတော့ “နဂိုပြူး”ဖြစ်ပါသည်။ သူကြီး ကတော့ “အံ့ဩပြူး”ဖြစ်ပါသည်။ ။
“ဟေ့.. မင်းတော့ ငရဲကြီးတော့မှာပဲ၊ ဘာဖြစ်လို့ နွားကျွေး ဖို့မြက်တွေကို လွှင့်ပစ်ရတာလဲ ငပြူးရ၊ မင်း ဒါလောက်ပစ် ချစ်နေရင် ငါ့ခြံထဲက အမှိုက်တွေ လာရော့ပေါ့ကွာ”
“မဟုတ်ဘူးခင်ဗျ၊ သူက မြက်သွားကျွေးနေတာ ဟိုး.. တော စပ်နားက ကျောက်နွားရုပ်ကို သွားကျွေးနေတာ၊ ဒါကြောင့် ကျွန် တောက် ကျီစားပြီး သူ့အလစ်မှာယူပြီးလွှင့်ပစ်လိုက်တာပါ”
ဤတစ်ကြိမ်တွင်တော့ သူကြီး၏မျက်လုံးပြူးကြီးများသည် မောင်ဖြူလွန်ဘက်သို့ လှည့်လာတော့သည်။ “ဘယ့်နှယ်လဲကွ၊ မင်းက အရုပ်တွေကို အစာကျွေးဖို့ အဓိဋ္ဌာန်
ထားသလား”
“မဟုတ်ပါဘူး၊ သကြားခင်ဗွီ၊ အဲလေ.. သူကြီးခင်ဗျား၊ ကျွန်တော်က အိပ်မက်မက်တယ်” ဟု
“ဟာ.. ဒါဆန်းသလားကွ၊ လူတိုင်းအိပ်မက်မက်ဖူးကြတာ ပေါ့ကွ၊ အိပ်မက်မက်တိုင်းသာ အရုပ်တွေကို အစာကျွေးရရင် အလုပ်တောင် လုပ်စားရတော့မှမဟုတ်ဘူး”
“သည်လိုပါခင်ဗျာ၊ ကျွန်တော့်အိပ်မက်ထဲမှာ ကျောက် နွားရုပ် ကလေးက ငါ့ကို မြက်နည်းနည်းလာကျွေးစမ်းပါကွာ၊ ငါ မင်းကိုဆရာကြီး ဦးပညာဆီကို ခေါ်သွားပါ့မယ်လို့ ပြောလို့ပါ”
သူကြီးသည် မောင်ဖြူလွန်၏ စကားကိုကြားသောအခါတွင် အားရပါးရအော်၍ ရယ်မောတော့သည်။
“ဟားဟား.. ဟားဟား၊ မင်း တော်တော်ညံ့တဲ့ကောင်ပဲ ဖြူလွန်ရယ်၊ တကယ်ဆိုရင် ငါ့ကို အိပ်မက်ထဲထည့်ပြီး မက် လိုက်ပါလား၊ တစ်နေ့ကို မုန့်ပျားသလက်ဆယ်ခု ကျွေးပါလို့ ငါက ပြောတယ်လို့ အိပ်မက်မက်ပစ် လိုက်ပါတော့ကွာ. . ဟားဟား” ထိုအခါတွင် ငပြူးက ပျာပျာသလဲကြားက ဝင်ပြော၏။ “ကျွန်တော် တစ်နေ့က သူကြီးကို အိမ်မက်မက်တယ်” “သူကြီးသည် ရယ်မောခြင်းကို ချက်ချင်းရပ်လိုက်ကာ ငပြူး ကိုကြည့်၏။ ငပြူးကလည်း ပြန်ပြုံးပြသည်။
“ဟေ.. ဘယ်လိုမက်တာလဲ” “သူကြီးက ကျွန်တော့်အိမ်ကိုလာပြီး ရေတွေထမ်းထည့်ပေးတာ ရာ ဝင်အိုးဆယ်လုံး ပြည့်ရောဆိုပဲ” “ခွေးမသား ငပြူး. . နင် အသက်တိုမယ်”
ထိုခဏတွင် ညီစီစီနှင့်ရွာသားသုံးလေးယောက် ရောက်လာ ကြကုန်၏။ “သူကြီးခင်ဗျာ၊ လုပ်ပါဦး.. ဒေါ်အေးသာကြီး ပျောက်သွားပြီ” “ဘယ်က ဒေါ်အေးသာလဲ. . ပန်းနာသည်ကြီးလား” “ဟုတ်ပါတယ်” ။ “ဟာ.. ကောင်းတာပေါ့ကွ၊ ပန်းနာရောဂါပျောက်တာ ဘယ် ဆေးကို မှီဝဲလို့တဲ့လဲ” “ရောဂါပျောက်တာမဟုတ်ဘူး သူကြီးရဲ့၊ လူပျောက်သွားတာ။
ဘယ်ရောက်သွားမှန်း မသိဘူး”
“ဟေ.. ဟုတ်လား၊ ဒါဖြင့် ခဏနေဦး၊ သည်က ကလေးတွေ ကိစ္စကို ရှင်းလိုက်ဦးမယ်၊ ဟေ့ ငပြူး.. သူ့ဘာသာသူ အရုပ်ကိုပဲ အစာကျွေးကျွေး၊ မင့်ကိုလာပြီး ထိခိုက်တာမဟုတ်ဘူး၊ မင်းလုပ်တာ ကသာ သူ စိတ်ညစ်ရတယ်၊ ဒါကြောင့် မင်း သူ့မြက်တွေကို သွားယူ လွင့်မပစ်နဲ့၊ နောက်ကို လွှင့်ပစ်တယ်ကြားရင် ငါကိုယ်တိုင် နှင့်ကို ကြိမ်လုံးနဲ့ အချက်နှစ်ဆယ် ရိုက်မယ် ကြားလား” “ဟုတ်ကဲ့” “ကြားရင် ပြန်ပြောစမ်း၊ ငါ ဘာပြောသလဲ” “ဖြူလွန်ရဲ့မြက်တွေကို လွှင့်ပစ်ရင် သူကြီးက ကျွန်တော့်ကို ကြိမ် လုံးနဲ့ ဆယ်ချက်ရိုက်မယ်လို့ ပြောပါတယ်”
“အေး-ကောင်းပြီ၊ သွားတော့... အောင်မာ၊ ပြန်လာစမ်း၊ ကြိမ်လုံးနဲ့ အချက်နှစ်ဆယ်ရိုက်မှာကွ၊ ညာတာပါတေးနဲ့ ဈေးမလျှော့ ချင်ပါနဲ့၊ သွားတော့၊ ကောင်းကောင်းမှတ်ထား” ငပြူးနှင့်မောင်ဖြူလွန်တို့၏ကိစ္စမှာ ဤတွင်ပြီးပြတ်သွားသည်။
သို့ရာတွင် သူကြီးမှာ ကိစ္စမပြီးနိုင်ချေ။ ရွာကလူတွေပျောက် ပျောက်နေသည်။ ထို့ကြောင့် သူကြီးသည် ဘုရင်ကြီးရှိရာ နေပြည် တော်သို့ တက်၍ ဘုရင်ကြီးထံ အခစားဝင်ရတော့သည်။ “ဘုရင်ကြီးခင်ဗျား.. ကယ်တော်မူပါဦး” “ဘာကယ်ရမှာလဲ. ငါတစ်မနက်လုံး ရင်ကယ်နေတာ ထပ်ပြီး ကယ်ရရင် သေဖို့သာရှိတော့တယ် မောင်မင်း”
“ရင်ကယ်ဖို့လျှောက်ထားနေတာမဟုတ်ပါ၊ ကျွန်တော်မျိုးတို့ ဒုက္ခမှ ကယ်တင်တော်မူပါဦးလို့ ပြောတာပါ ဘုရား”
“ဟေ.. မင်းတို့က ဘာဒုက္ခတွေဖြစ်နေလို့လဲ၊ ထမင်းစားရင်း လျှာကိုက်မိသလား၊ ပုလင်းထဲ လက်ညှိုးသွပ်မိတာ ပြန်ထုတ်လို့မရ ဘူးလား၊ ဒါမှမဟုတ်ရင် အရစ်ပြုန်းနေတဲ့ ဝက်အူကို ဆုံးအောင် လှည့်လို့မရတဲ့ ဒုက္ခလား၊ ပြောစမ်း မြန်မြန်” ဆို
“အဲဒါတွေတစ်ခုမှမဟုတ်ပါဘူးဘုရား၊ ကျွန်တော်မျိုးတို့ရွာမှာ လူတွေ ပျောက်ပျောက်ကုန်တယ်ဘုရား ၊ရှာလို့ကိုမတွေ့တော့ဘူး။ ဘယ်လိုဖြစ်မှန်းလဲ မသိဘူး” “ပျောက်တာ ဘယ်နှယောက်လောက် ရှိပြီလဲကွ” “ခုနစ်ယောက်တိတိရှိပါပြီဘုရား” “အေး.. နေပြည်တော်မှာ ပျောက်နေတာ ခုနစ်ဆယ်တိတိရှိ နေပြီ၊ ဘာကြောင့်မှန်းမသိ၊ ဘယ်ရောက်ကုန်မှန်းလဲမသိဖြစ် နေတယ်။ သည်တော့ ငါ့ဒုက္ခတောင် ငါမကယ်နိုင်သေးတာ၊ မောင် မင်းဒုက္ခကို ခဏငပိ အိုးထဲ သိပ်ထားလိုက်ဦးလေ”
ဤသို့ဖြင့် သူကြီးသည် ကုပ်ကုပ်ကလေး ပြန်လာရလေတော့
မောင်ဖြူလွန်ကား အလွန်ကျေနပ်နေပါသည်။ ယနေ့တော့ ငပြူးလာရောက်နှောင့်ယှက်တော့မည် မဟုတ် သောကြောင့် ဖြစ်၏။ ရိတ်ပြီးသော မြက်တွေကိုယူလာကာ ကျောက် နွားရုပ်လေး၏ရှေ့တွင် ချထားပြီး သစ်ပင်ကြီးအကွယ်က သွား၍ ချောင်းကြည့်နေသည်။
နေဝင်ခါနီးအချိန်တွင် နွားရုပ်ကလေးသည် အသက်ဝင်လာ သလို ဖြစ်လာကာ မြက်တွေကို ငုံ့စားလေတော့၏။ - မောင်ဖြူလွန်သည် ဝမ်းသာအားရဖြစ်သွားသည်။ ကျောက်နွား