Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကြပ်ကလေး - ဒင်္ဂါးတိုင်းပြည်နှင့်ပျော်ရွှင်ဖွယ်ရာပုံပြင်များ(၄)

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အပ္ပါယ်ခံကလေး ငဖျစ်

ဆရာတော်ဘုရားသည် တပည့်များကို စာပေသင်ကြားပေးရုံ သာမက၊ မိမိတိုင်းပြည်နှင့် လူမျိုးကိုလည်းချစ်တတ်အောင် အခါ အခွင့်ရတိုင်း သွန်သင်တတ်ပေသည်။ ဆရာတော်ကိုယ်တိုင်က လည်း တိုင်းပြည်နှင့်လူမျိုးကို တော်တော်ပင်ချစ်၏။ မြို့ဦးဘုရား စေတီဟောင်းကြီး ပြိုကျပျက်စီးရာက တွေ့ရှိခဲ့ရသော ကြေးပုရပိုက်ငယ်ကလေးတွင် “ညလင်းရည်ကို ရရှိသောလူစွမ်းကောင်း သည် ဇယမင်္ဂလပြည်ကြီး ဒုက္ခရောက်လျှင် ကယ်တင်နိုင်ပေအံ့” ဟူသော စာကြောင်းတကြောင်းပါရှိသောကြောင့် ဆရာတော်သည် ဖိုတစ်လုံးနှင့် ဓာတ်လုံးထိုးကာ ညလင်းရည်ကို စမ်းသပ်ဖော်စပ် နေပေသည်။ သို့သော် ယခုအချိန်အထိတော့ စပ်ပြီးသားဆေးရည် မှန်သမျှမှာ မှောင်ထဲတွင်ချထားရာက ခလုတ်တိုက်၍ မှောက်ကုန် သည်ချည့်ဖြစ်ပေ၏။

အသက်ဆယ့်နှစ်နှစ်မျှရှိသေးသော ငဖျစ်လေးမှာ ဆရာတော် ထံမှတစ်ဆင့် ကြားသိရသော ညလင်းရည်နှင့်ပတ်သက်၍ စိတ်ကူး ယဉ်ပြီး စိတ်ကူးထဲတွင် လူစွမ်းကောင်းလုပ်၍ ဇယမင်္ဂလနေပြည် တော်ကြီးကို ကယ်တင်၍နေခဲ့ရာ ခြောက်လမျှကြာသော် လက် မြှောက်၍ မေ့ပစ်လိုက်လေ၏။

တစ်နေ့တွင် စာသင်ချိန်ရောက်၍ ငဖျစ်သည် စာသင်ကြားပို့ ချရာနေရာသို့ လာခဲ့၏။ သူထိုင်ရမည့်နေရာသို့အသွားတွင် လမ်း တွင်ကျနေသော ကန့်ကူတံကလေးတစ်ခုကို အမှတ်မထင်တက်နင်း မိရာ ကန့်ကူတံလေးမှာ သုံးပိုင်းမျှကျိုးသွားလေ၏။ ဘေးနားတွင် ကုန်း၍ စာကြည့်နေသော ဗလရာမသည် ဒေါသဖြင့် မော့ကြည့် သည်။ ဗလရာမသည်ကား ဘုရင်မင်းမြတ်၏အားကိုးရာ ဗေဒင် ပညာကျော် ဟူးရားပုရောဟိတ်ကြီး၏သားပင် ဖြစ်၏။

“ဟေ့-ငဖျစ်”

ဗလရာမက ခပ်ငေါက်ငေါက်ခေါ်လိုက်၏။

နင်းမိမှန်းလည်းမသိ၊ နင်းမိသောကန့်ကူတံ ကျိုးသွားမှန်းလည်း မသိဘဲ ကိုယ့်နေရာသို့ ဆရာတော်မရောက်မီ ရောက်နှင့်အောင်ဇောနှင့်သွားနေသော ငဖျစ်မှာ နောက်က ခေါ်သံကြောင့် ပြန်ကွေ့ လာခဲ့သည်။

“အော်.. ဗလရာမ ငါ့ကိုခေါ်သလား”

“ခေါ်တယ်... မင်း မျက်စိကန်းနေသလား”

“အို.. ခေါ်သံနဲ့မျက်စိနဲ့ ဘာဆိုင်လို့လဲ၊ ခေါ်သံဆိုတာ ကြည့် လို့ရတာမှမဟုတ်ဘဲ.. မျက်စိကန်းနေလဲ ကြားနိုင်တာပဲ”

“မင်း တော်တော်လျှာရှည်တယ်၊ ငါမေးတာသာ ဖြေစမ်း”

“အေးပါ၊ ဖြေပါ့မယ်၊

ပြန်မေးလေ.. ဘာသိချင်သလဲ” “ငဖျစ်..”

ငဖျစ်သည် နှုတ်ဆိတ်စွာနှင့်ပင် ဗလရာမကို စိုက်ကြည့်နေ၏။

 ဗလရာမသည် ဒေါသပို၍ထွက်ကာ မတ်တပ်ရပ်လိုက်သည်။

“ဟေ့. . ဘာလဲ၊ မင်းအ,သွားပြီလား”

“အို... ငဖျစ်ဆိုတာ မေးခွန်းပုစ္ဆာမှ မဟုတ်တာ၊ ငါ ဘာပြန်ဖြေ ရမှာလဲ...”

“မင်း မျက်စိကန်းသလား” “မကန်းဘူး” “ဒါဖြင့် ..ဒါဘာလဲ”

ဗလရာမသည် ဆုပ်ထားသောလက်ကိုဖြန့်ပြ၏။ ငဖျစ်က ငါ့ ကြည့်၍ ပြန်ဖြေလိုက်သည်။

“ကန့်ကူတံ... အပိုင်းကလေးသုံးခု...”

“သြ.. တယ်.. ဟုတ်ပါလား”

“ဟုတ်ရမှာပေါ့. ငါသေသေချာချာကြည့်ပြီး ပြောတာပဲဟာ”

“ဒါ ဘာကြောင့်.. ကျိုးသွားတာလဲ”

“ကန့်ကူတံမို့ပေါ့ကွ၊ သံချောင်းဆို ကျိုးပါ့မလား”

“မင်း အခုနက တက်နင်းမိလိုက်လို့ကွ၊ သိပလား. . တယ်..ငါ . ဟင်း”

“ဒါက ဘာဖြစ်တာလဲ.. ဗလရာမ”

“ဒေါသထွက်တာကွ၊ ဒေါသထွက်တာ..”

 “ဒါဖြင့်လည်း ငါတောင်းပန်ပါတယ် .. သူငယ်ချင်း..”

ငဖျစ်က ဤသို့ “သူငယ်ချင်း”ဟုခေါ်လိုက်ရာ ဗလရာမမှာ ပို ၍ပင် ဒေါသထွက်သွားပြန်လေသည်။

“ဟေ့... မင်းတို့က သူဆင်းရဲ၊ ငါတို့က နန်းတွင်းဝင်ရတဲ့ မှူးတော်မတ်တော်မျိုး၊ ဒီတော့ ငါ့ကို သူငယ်ချင်းလို့ မခေါ်နဲ့”

“သူငယ်ချင်းလို့ မခေါ်ရရင်လည်း မခေါ်ပါဖူး ရန်သူကြီးရယ်” “ဘာကွ..ဘာေတာလည်း၊ အကြည်တော်လို့ခေါ်ရတယ်

“ဟာ-ကျီတော်ဆိုတာ ဘုရင့်စပါးတွေထည့်ရတာပဲကွ၊ မင်းနဲ့ ဘဆိုင်လို့လဲ”

“မင်းတို့ဆင်းရဲသားတွေဟာ တယ်ပြောရခက်တယ်၊ စကား မရှည်နဲ့၊ ငါ့ကန့်ကူတံတွေကို ပြန်လျော်ပေးကွာ..”

ငဖျစ်သည် ပျာပျာသလဲပင် သူ့ပလိုင်းကလေးထဲမှ ကန့်ကူတံ ကို နှိုက်၍ ပေးလိုက်၏။

“ဒါဖြင့်..ငါ့ ကန့်ကူတံကိုပဲ အစားယူလိုက်ပါတော့ သူငယ် ချင်း. . အဲလေ. ကျီတော်ကျတော်ကြီးရယ်”

ဗလရာမသည် ငဖျစ်၏လက်ဝါးထဲက ကန့်ကူတံကိုငုံ့ကြည့်ပြီး မျက်နှာကြီးကို ရှုံ့မဲ့ပစ်လိုက်သည်။ ဤတွင် ငဖျစ်က မေးလိုက်၏။

“ဟေ့.. ဒါဟာ ကန့်ကူတံကွ၊ ခွေးချေးမဟုတ်ပါဘူး” ဗလရာမသည် ဦးခေါင်းကို ခါရမ်းလိုက်သည်။

“ငါ့ ကန့်ကူတံက ပိုရှည်တယ်၊ မလိုချင်ဖူး၊

ငါ့ကန့်ကူတံ အရွယ်ပဲပြန်ပေး

ဗလရာမက ဤသို့ပြန်ပြောလိုက်သောအခါ ငဖျစ်၏မျက်နှာ မှာ ညှိုးငယ်သွားရှာလေတော့သည်။ သူ့မိဘများသည် ငွေကြေး ချောင်လည်ကြသူများမဟုတ်။ ဤကန့်ကူတံလေးကိုပင် အိမ်နီးချင်း ဆေးဆရာကြီး ဦးကြက်တောက သနားသဖြင့် ပေး၍ ရထားခြင်း မဟုတ်ပါလား။ ။

ယူပါကွာ၊ ငါတို့ကဆင်းရဲသားပါ..”

“အော်..ဆင်းရဲသားက ကန့်ကူတံတော့ တက်နင်းတတ် သလား”

“ဟ.. ကန့်ကူတံတက်နင်းတာ သူဌေးမှလုပ်တတ်ရမှာလား၊

အိမ်က အောင်နက်တောင် တက်နင်းတတ်သေးတယ်”

“အောင်မာ. . မင်းက စာတော်လို့ မာနတက်သပေါ့လေ၊ ကဲ ကွာ.. စော်ကားအုံး . ကဲ..”

ပြောပြောဆိုဆိုနှင့် ဗလရာမသည် ငဖျစ်၏ခေါင်းကို လက်သီး ဖြင့် နှစ်ချက်ဆင့်ထိုးလိုက်၏။ ငဖျစ်သည် သူ့ကန့်ကူတံလေးကို ပလိုင်းထဲပြန်ထည့်ကာ ပလိုင်းလေးကို လွတ်ရာဘေးသို့ ချထားပြီး ဗလရာမကို မျက်နှာချင်းဆိုင် ပြန်ဆိုင်လိုက်၏။

ဤတွင် ငဖျစ်၏ပုံပန်းကို ဖော်ပြရပေဦးမည်။ ။ ငဖျစ်သည် စိတ်ကောင်းရှိသော်လည်း ဘဝအကျိုးပေးကားမကောင်းလှချေ။ အသားမည်းမည်း၊ နဖူးမောက်မောက်၊ နှာယောင်

ကောက်ကောက်၊ ဆံပင်ကလည်း ကောက်သေး၏။ သို့သော် သူ့ကို ဘီလူးဟုတော့ မပြောနိုင်။ အဘယ့်ကြောင့်ဆိုသော် သူ့မျက်လုံး များမှာ မှေးလှ၏။ သူ့ဘာသာသူဆိုလျှင် အရပ်မြင့်ကောင်းမြင့် မည်။ ယခုတော့ ခြေများက ခွင်နေကြသဖြင့် အရပ်ချင်းတူနေလျှင် သူက ပုနေရသည်။

စိတ်ကောင်းကား တကယ်ရှိသည်။ ဒေါသမထွက်လွယ်တတ် ချေ။ ယခု သူသည် ဗလရာမနှင့် မျက်နှာချင်းဆိုင်လိုက်သည်မှာ လည်း ဒေါသဖြင့် ရင်ဆိုင်ခြင်းမဟုတ်၊ စိတ်အေးအေးနှင့် သတ္တိရှိ စွာ ရင်ဆိုင်လိုက်ခြင်းသာဖြစ်သည်။ ။

အခြားကျောင်းသားများလည်း ဝိုင်းအုံလာကြတော့၏။ ဗလရာမကား စွာသာစွာ၍ သတ္တိရှိသူမဟုတ်ပေ။ စောစောက ငဖျစ်ကို သူက ထိုးနှက်လိုက်သော်လည်း ယခုကဲ့သို့ မျက်နှာချင်း ဆိုင်လိုက်ရာတွင် ငဖျစ်၏အရုပ်ဆိုးသောမျက်နှာမှာ ဒေါသထွက် နေသကဲ့သို့ ရှိသဖြင့် ဗလရာမသည် ကြောက်ဒူးတွေတုန်လာလေ ၏။ ပါးစပ်ထဲမှ သွားအချင်းချင်းလည်း တဂတ်ဂတ်နှင့် ရိုက်နေကြ တော့သည်။ ထိုအခိုက် ဆရာတော်ကြွရောက်လာလေ၏။ ဗလရာမသည် အားကိုးရှာနေခိုက်တွင် ဆရာတော်ကြွလာ သည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ဆရာတော်ထံသို့ပြေးသွားလေ တော့သည်။

“ဆရာတော်ဘုရား. . ဆရာတော်ဘုရား. . သူ တပည့်တော် ကို ရန်ပြုပါတယ်”

ဤသို့ပင် ဗလရာမက ငဖျစ်ကို လက်ညှိုးထိုး၍ ဦးအောင်တိုင် လိုက်၏။ သို့သော် ဘေးနားက ကျောင်းသားများကပါ ဝင်၍အဖြစ် မှန်ကို တင်လျှောက်ကြလေရာ ဆရာတော်သည် ဤကိစ္စ၌ ငဖျစ် မလွန်ဘဲ ဗလရာမ လွန်သည်ကို သိသွားရသည်။

“ကျောင်းသားတွေကို ရိုက်နှက်စရာရှိရင်.. ငါပဲရိုက်မယ်၊ ငါ့ကို သာလာတိုင်ကြရမယ်.. ကျောင်းသားအချင်းချင်း ရိုက်နှက်ခွင့်၊ ထိုးသတ်ပိုင်ခွင့်မရှိဘူးလို့ ငါပြောထားပါလျက်ကနဲ့ ငါ့စည်းကမ်းကို ချိုးဖောက်တယ်...”

ဆရာတော်သည် ဗလရာမကို ကြိမ်ဖြင့်ဆော်လေ၏။ သို့သော် ..ဤမီးသည် ဤတွင်ငြိမ်းမသွား၊ ဤကိစ္စသည် ဤ တွင်ရပ်မသွားချေ။ ကျောင်းတော်က ရန်စသည် အိမ်တော်သို့ပင် ရောက်ခဲ့ချေ၏။ ။

ဗလရာမသည် ဖခင်ဖြစ်သူ ပုရောဟိတ်ကြီးကို ငိုယိုတိုင်ကြား လေသည်။ ပုရောဟိတ်ကြီးမှာလည်း တပည့်တပန်းများနှင့် ဗေဒင်ပညာ ကူးနွေးနေလိုက်ဖြစ်၏။ သူချစ်လှသော သားငယ်သည် ငဖျစ်

ကြောင့် ဆရာတော်၏ကြိမ်ဒဏ်ကို ခံခဲ့ရကြောင်း ကြားသိရသော အခါ ဒေါသအမျက်ချောင်းချောင်းထွက်လေ၏။ လက်ျာဘက်လက် သီးဆုပ်ဖြင့် သူ့ပေါင်ကိုသူထု၍ လွှတ်ခနဲကြိမ်းမောင်းလိုက်မိတော့ သည်။ ။

“သယ်..”

အနားက တပည့်တစ်ယောက်သည် ကုပ်ကုပ်၊ ကုပ်ကုပ်နှင့်

ထသွားလေ၏။

“ဟဲ့.. ဒါက ဘယ်သွားတာတုံး” ပုရောဟိတ်ကြီး၏ဟိန်းဟောက်သံကြောင့် တပည့်သည် ကုပ် ကုပ် ကုပ်ကုပ်နှင့် ပြန်၍ကွေ့လာရပြန်သည်။ “တောင်းသွားယူမလို့ပါ ဆရာကြီး” “ဘာလုပ်ဖို့တုန်း..” “ဆရာကြီးက .. သယ်.. ဆိုလို့ပါ” “တယ်.. နှင့် ကြီးတော်ကြီး သယ်..” တပည့်သည် ကုပ်ကုပ် ကုပ်ကုပ်နှင့် ပြန်လှည့်သွားပြန်လေ၏။ “အော်.. ဒါက ဘာလုပ်ပြန်တာတုန်း”

ဆရာကြီးက ဟိန်းဟောက်ပြန်သဖြင့် တပည့်သည် ကုပ်ကုပ် ကုပ်ကုပ်နှင့် ပြန်ကွေ့လာပြန်လေ၏။ “ဝေါ သွားရှာမလို့ပါ” “ဘာလုပ်ဖို့တုန်း” “ကျွန်တော်ကြီးတော်ကြီးကို သယ်မလို့ပါ” ပုရောဟိတ်ကြီး၏ဒေါသမှာ အဖျားတက်သလို ဖြစ်လာလေ

“ဟင်း.. ဟင်း၊ တော်တော်ဖျင်းတဲ့ကောင်၊ ဒါနဲ့တောင် ဗေဒင် သင်မလို့တဲ့.. ဟင်းဟင်း”

“ဟုတ်ကဲ့.. ကျွန်တော့်အဘိုးက ပြောဖူးတယ်၊ ဖျင်းတဲ့လူတွေ သာ ဗေဒင်ကိုသင်ရတယ်တဲ့..

တော်တဲ့လူတွေဆို ဆေးပညာကို သင်ရတယ်ဆိုပဲ”

“နင့်အဘိုးက ဘာလုပ်စားတုံး” “သမားတော်ကြီးပါ”

“တယ်.. နင့်အဘိုးကို ငါသတ်ချင်လိုက်ပါဘိ”

 “မမှီတော့ပါဘူးဆရာကြီး. .သူ သေနှင့်ပါပြီ” ပုရောဟိတ်ကြီးသည် ဘာမျှဆက်မပြောတော့ချေ။

ဒေါနှင့်မော နှင့်ထွက်သွားလေရာ တပည့်များသည် ကြောက်ကြောက်နှင့် နောက်က မမှီမကမ်းခပ်သုတ်သုတ်လိုက်သွားကြရသည်။

ပုရောဟိတ်ကြီးသည် ငဖျစ်၏မိဘများထံသွား၍ သူသည် ည က အိပ်မက်မက်ကြောင်း၊ ငဖျစ်သည် နေပြည်တော်၏ အမင်္ဂလာ ကောင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိဘများက စွန့်ပစ်ရမည်ဖြစ် ကြောင်း၊ အကယ်၍ စွန့်မပစ်လျှင် ပထမအိမ်သူအိမ်သားအားလုံး သေဆုံးကြမည်။ ထို့နောက် တစ်ဆွေလုံးတစ်လုံး သေဆုံးကြမည်။ ထို့နောက် တစ်ပြည်လုံးသေဆုံးပျက်စီးကြမည်ဖြစ်ကြောင်းနှင့် ပြော သွားလေ၏။

ငဖျစ်၏မိခင်မှာ များစွာပူဆွေးသောကရောက်ရတော့သည်။ သူ့သားကို ဘယ်လိုနည်းနှင့်မျှ မစွန့်ပစ်ရက်ချေ။ အထူးသဖြင့် သူတစ်ပါးနှင့်မတူ၊ အကျည်းတန်လှသူကလေးဖြစ်၍ သနားပိုလှ သည်။ သို့သော် ဖခင်ဖြစ်သူက ကျန်သော သားသမီးများနှင့်တကွ ဆွေမျိုးညာတိများကိုလည်းကောင်း၊ တိုင်းသူပြည်သားများကိုလည်း ကောင်း ငဲ့ညှာရမည်ဖြစ်ကြောင်းနှင့် ဖျောင်းဖျပြောဆိုပြီး ငဖျစ်ကို အိမ်မှ နှင်ချလိုက်လေတော့သည်။ ငဖျစ်သည်ကား မိဘဆွေမျိုးများ ရှိလျက်နှင့် လောကအလယ်တွင် မျက်စိသူငယ်နှင့်ဖြစ်ရလေ၏။

သို့သော် သူကား သတ္တိရှိသူတည်း။ လောကဓံကို ဘယ်တော့မှ အလျှော့မပေးဟူသော စိတ်ဓာတ်ရှိ၏။ မတ်တတ်ရပ်၍ မသား လျှင် ထိုင်လျက်ကသွားမည်။ ထိုင်လျက်မသွားနိုင်လျှင် လေးဘ