ကြပ်ကလေး - ဆင့်အချစ်တော်မောင်အောင်ဘော်နှင့်ပျော်ရွှင်ဖွယ်ရာပုံပြင်များ(၃)
ဆင့်အချစ်တော် မောင်အောင်ဘော်
မောင်အောင်ဘော်ကလေးသည် အသက်ဆယ်နှစ်အရွယ်သို့ ရောက်ခဲ့လေပြီ။
သို့သော် သူ့ဖခင်သစ်ခုတ်သွားရာသို့ တစ်ခါမျှ မလိုက်ပါခဲ့ရ သေး။
ငါးနှစ်သားအရွယ်လောက်ကပင် သူသည် မိဘနှစ်ပါးစလုံးကို မာခဲ့သည်။
“ဖေဖေ တစ်ထွားထုတ်တဲ့ချီ ယိုက်ချင်ဒယ်”
ဤသို့ပင် စကားမပြီကလာ ပြီကလာနှင့် တဖွဖွပူဆာခဲ့၏။
“ဟာ.. မင်း ငယ်သေးတယ်ကွ၊ ကြီးမှလိုက်”
သူ့ဖခင်က ဤသို့ဟန့်တားခဲ့၏။ “အောင်မယ်လေး. . မလိုက်ချင်ပါနဲ့သားရယ်၊ ကြောက်စရာ ကြီးကွဲ” သူ့မိခင်ကလည်း တားမြစ်ခဲ့၏။
မောင်အောင်ဘော် ကလေးမှာ စိတ်မကျေမချမ်းနှင့်ပင် နေ မင်းက အသက်ကြီးလာရ၏။
သစ်ခုတ်သွားတဲ့ဆီကို ကျွန်တော် ဘာဖြစ်လို့မလိုက်ရတာလဲ.. ဟင်”
သူက လေးလေးနက်နက် မေးသည်။
သို့သော် သူ့ဖခင်ကမူ ပေါ့ပေါ့ဆဆပင် ပြန်ဖြေ၏။
“အန္တရာယ်ရှိလို့ပေါ့သားရဲ့”
“အန္တရာယ်ဆိုတာ ဘာလဲ.. ဟင်”
“ဟယ် .. အို. ဟိုဟာလေ၊ အန္တရာယ်ဆိုတာ မည်းမည်းကြီးကွ”
မောင်အောင်ဘော်ကလေးမှာ တွေသွားမိသည်။ သူ့ဖခင်ပြော ပြသည်ကိုလည်း စိတ်ထဲ စွဲသွား၏။ ထို့ကြောင့်ပင် တစ်နေ့သ၌ သူမုံ့ဆာသဖြင့် သူ့မိခင်ကို ပူဆာခြင်းဖြစ်သည်။
“မေမေ. . အန္တရာယ်မုန့်ဝယ်စားချင်တယ်”
“ဘယ့်နှယ်. . ဘာပြောတယ်သားရဲ့”
အန္တရာယ်မုန့် ဝယ်စားချင်တယ်”
ကြံကြံဖန်ဖန်ကွယ်၊ အန္တရာယ်မုန့်ဆိုတာ မကြားဖူးပါဘူး”
မောင်အောင်ဘော်က သူ့မိခင်ကို လက်ဆွဲခေါ်သွားမှ သူစား ချင်သည်မှာ ကောက်လှိုင်းတီမုန့်မှန်း သူ့မိခင်သိရသည်။ ကောက် လှိုင်းတီမုန့်ကလည်း မည်းမည်းကြီး၊ အန္တရာယ်ကလည်း (သူ့ဖခင် ပြောသည့်အတိုင်းဆိုလျှင်) မည်းမည်းကြီးဖြစ်လေရာ၊ မောင်အောင် ဘော်မှာ ကောက်လှိုင်းတီမုန့်ကို အန္တရာယ်မုန့်ဟု သူ့ဘာသာသူ ခေါ်လိုက်ခြင်းဖြစ်၏။
ဤကိစ္စတွင် သူ့မိခင်သည် ဖခင်အပေါ် မကျေနပ်သဖြင့် သစ်ခုတ်ရာမှ ပြန်လာသောအခါ သူ့မိခင်နှင့်ဖခင်တို့ အခြေအတင် ပြောကြတော့သည်။
“ရှင် ကလေးကို ဘာတွေပြောထားရတာလဲ”
“ဟ.. ငါ ဘာပြောရမှာလဲ။
နေ့တိုင်း ရေမှန်မှန်ချိုးပါ၊ တစ်ပတ် တခါ လက်သည်းညှပ်..”
“ဒါတွေ ပြောတာမဟုတ်ပါဘူးတော့”
“ဟာ. ဟုတ်ပါတယ်တော့-အဲလေ. . ဟုတ်ပါတယ်ကွ၊
ငါ ဒါ တွေကို ပြောတာပဲ”
“အို.. ကျွန်မပြောတာ ဒါတွေကို ပြောတာမဟုတ်ဘူး”
“အေးလေ. . ဒါတွေကို မင်းပြောတာမဟုတ်ပါဘူး၊
ငါပြောတာ ပါကွ”
“ဟောတော့. . ရှုပ်ကုန်ပြီ”
“မရှုပ်ပါဘူး၊ ရှင်းနေသားပဲ”
“ပြောရင်းဆိုရင်းတောင် ထပ်ရှုပ်ကုန်ပြီ” ။
“အစကတည်းက မရှုပ်ပါဘူးဆိုတာ၊ ဘာတွေထပ်ပြီး ရှုပ်ရဦးမှာ လဲဟ..”
“ကဲ.. ကျွန်မမေးတာဖြေစမ်းပါ။
အန္တရာယ်ဆိုတာ မည်းမည်း ကြီးလို့ ရှင်က ဘာဖြစ်လို့ကလေးကိုပြောခဲ့ရတာလဲ”
“ဟာ. ဒါကတော့ ကလေးကို နားလည်အောင် ဥပမာတစ်ခုနဲ့ ပြောရတာ”
“မည်းမည်းကြီးက ဘာဖြစ်လို့ အန္တရာယ်ဖြစ်ရမှာလဲ”
“ဟို.. တို့တောထဲသွားယင် ဂူပေါက်ကြီးတွေဟာ မည်းမှောင် နေတာ။
ဒီထဲက မြွေတွေလည်းထွက်တတ်တယ်။ တခြား သားရဲ တိရစ္ဆာန်တွေလည်း ထွက်တတ်တယ်။ ဒါကြောင့် ငါက အန္တရာယ်ဆို တာ မဲမဲကြီးလို့ ပြောတာ” “ကြံကြံဖန်ဖန်တော်၊ အန္တရာယ်ဆိုတာ ချွန်ချွန်ကြီးရှင့်၊ ချွန်ချွန်ကြီး။ မယုံရင် ရှင့်ဗိုက်ကို ဓားဦးနဲ့ထိုးကြည့်ပါလား”
“ဒါက မင်းက ကပ်တာ၊ အန္တရာယ်ဆိုတာ မဲမဲကြီးပါကွာ”
“မဟုတ်ပါဘူး၊ ချွန်ချွန်ကြီးပါတော့..”
သူတို့လင်မယား စကားများနေချိန်တွင် ရွာသူကြီးက လမ်း ဖြတ်လျှောက်သွား၏။ ထိုရွာသူကြီးကို မြင်လျှင် မိခင်က စစ်ကူ တောင်း၏။
“သူကြီးမင်း ... ဒီကို ခဏကြွခဲ့ပါအုံး”
ရွာသူကြီးလည်း သူတို့အနားသို့ ရောက်လာလေသည်။
“ဘာကိစ္စငါ့ကို ခေါ်တာလဲ”
“အော်.. ဒီမှာ ကျွန်မတို့ ပြဿနာပေါ်နေလို့ပါ။ သူက အန္တရာယ်ဆိုတာ မည်းမည်းကြီးတဲ့။
ကျွန်မက အန္တရာယ်ဆိုတာ ချွန်ချွန်ကြီးလို့ပြောတယ်။
ကျွန်မပြောတာ မှန်တာပေါ့နော်..
သူကြီးမင်း၊ ဗိုက်ကို ဓားဦးတို့၊ ဝါးချွန်တို့နဲ့ထိုးယင် သေတတ်တာ ပဲဟာ”
ဖခင်ကလည်း မခံနိုင်၍ ဝင်ပြောသည်။ “ကျွန်တော် ပြောတာမှန်တာပေါ့ သူကြီးမင်းရဲ့၊ ရေတွင်း ဟောင်းကြီးထဲ ခုန်ချကြည့်ပါလား . . ဆန့်ငင် ဆန့်ငင်ဖြစ်သွားမှာ ပေါ့။ ဒါကြောင့် မဲမှောင်နေတဲ့နေရာတွေမှာ အန္တရာယ်ရှိနိုင်တာပေါ့”
သူတို့စကားကြားသောအခါ သူကြီးမင်းသည် ဟက်ဟက်ပက် ပက် ရယ်မောလိုက်လေတော့သည်။
“ဟား.. ဟား.. ဟား.. တယ်လဲမိုက်လုံးကြီးတဲ့လင်မယား ပါဘဲလား ကရို၊ ဟား.. ဟား တစ်ယောက်ကလည်း အန္တရာယ်ဆို တာ မဲမဲကြီးတဲ့၊
ဟီး.. ဟီး တစ်ယောက်ကတော့လည်း အန္တရာယ်ဆိုတာ ချွန်ချွန်ကြီးတဲ့ .. ဟီး.. ဟီး၊
တောက်.. တော်တော်မိုက်ကြပါ " လား. . နော်” “ကျွန်တော်တို့ပြောတာ မဟုတ်ဘူးလားခင်ဗျာ” “ထွတ်.. ဘယ်ကဟုတ်ရမှာလဲ၊ မသေမချင်းမှတ်ထား၊ အန္တရာယ်ဆိုတာ ပူစပ်ပူလောင်နဲ့ကွ၊ မယုံရင် မင်းတို့ မီးခဲတွေပေါ် လှိမ့်ပြီး အိပ်ကြည့်ကြပေါ့ကွာ” ပြောပြောဆိုဆိုနှင့် သူကြီးလည်း ထွက်သွားတော့သည်။
မောင်အောင်ဘော်မှာ အန္တရာယ်ဆိုသည်မှာ ဘာရယ်လို့တော့ တိတိကျကျ မသိရချေ။ ကြောက်စရာကောင်းသော အရာတစ်ခု အဖြစ်နှင့်သာ နားလည်ပြီးကျေနပ်ခဲ့ရသည်။
ယခု အသက်ဆယ်နှစ်အရွယ်သို့ ရောက်သောအခါတွင်ကား သူ့ဖခင်က သူ့ကို တောသို့ခေါ်သွားလောက်ပြီဟု ယူဆ၍ လိုက်ခွင့် ပေးတော့သည်။
မောင်အောင်ဘော်ကား အလွန်ပျော်ရွှင်ရတော့၏။ သူ့မိခင် ထုပ်ပေးလိုက်သော စားမြိန်စာထုပ်ကလေးကို ဆွဲကာ သူ့ဖခင်တို့နှင့် အတူ တောသို့ထွက်ခဲ့လေသည်။
သူ့ဖခင်သည် တောသို့သွား၍ သစ်ခုတ်ရာတွင် တစ်ဦးတည်း သွားသည်မဟုတ်။ ရွာမှ အခြားသစ်ခုတ်သမားဆယ်ဦးခန့်နှင့် စု ပေါင်းသွားခြင်းဖြစ်လေသည်။
တောထဲသို့ရောက်၍ သူ့ဖခင်နှင့်အဖော်များက သစ်ခုတ်နေ ချိန်တွင် မောင်အောင်ဘော်သည် တစ်ဦးတည်း ပြေးလွှားလှည့်ပတ် ကစားရသည်မှာ လွန်စွာမှ ပျော်ရွှင်ရပါသည်။
တစ်ယောက်တည်း သီချင်းအော်ဆိုပြီး တစ်ယောက်တည်းပင်ကွေးနေအောင်ကရသည်မှာလည်း မောမှပင် ရပ်လိုက်ရ၏။ သို့သော် .. သူကြာကြာ မပျော်လိုက်ရပါ။ တဝုန်းဝုန်း တဒိုင်းဒိုင်းအသံ ဆူညံလာတော့သည်။
မောင်အောင်တော်၏ဖခင်သည်လည်းကောင်း၊ အဖော်များ သည် လည်းကောင်း ခြေဦးတည့်ရာသို့ ပြေးလွှားကုန်ကြလေရာ မောင်အောင်ဘော်ကလေးတစ်ယောက်သာလျှင် ယောင်ပေ ယောင်ပေနှင့် ကျန်ရစ်ခဲ့လေ၏။ ဆင်အုပ်ကြီးပြေးလာခြင်းဖြစ်သည်။ ဆင်များကိုမြင်သည်နှင့်တစ်ပြိုင်နက် မောင်အော်ဘော်သည် ကြောက်လန့်စွာပြေးမည်ကြံ၏။ သို့သော် သူပြေး၍မရချေ။ သူပြေး မည်ဟုခြေဦးလှည့်လိုက်တိုင်း သူ့ရှေ့တွင် ဆင်ကြီးတစ်ကောင် ရောက်လျက်ရှိတော့သည်။ သည်ဘက်လှည့်လိုက်ပြန်လျှင် သည် ဘက်တွင်ဆင်၊ ဟိုဘက်လှည့်လိုက်ပြန်လျှင် ဟိုဘက်တွင်ဆင်နှင့် ဖြစ်နေရာက ဆင်တို့သည် သူ့ကို ပတ်ချာလည် ဝိုင်းမိနေပြီဖြစ်ပေ ၏။
မောင်အော်ဘော်သည် ဘာမျှမတတ်နိုင်သဖြင့် အလယ်တွင် ငုတ်တုတ်ကလေးထိုင်ချလိုက်ပြီး ဆင်တွေကို ငေးကြည့်နေမိတော့
၏။
ဆင်အုပ်ကြီးကား ဘာမပြောညာမပြောနှင့် သူ့ကို ပတ်ချာ လည်လှည့်ပြီး ကခုန်ကြလေ၏။
“တောနက်ထဲမှာ ယောင်ချာချာ၊ အောင်ဘော်ကလေးတစ် ယောက်ပါ၊ မြေပေါ်မှာကွဲ ထိုင်ငုတ်တုတ်၊ ဟုတ်ဟုတ်. . ဟုတ် ဟုတ်. . ဟုတ်”
ဤသို့ သီချင်းဆို၍ ကခုန်ကြလေသည်။
မောင်အောင်ဘော်သည် တဖြည်းဖြည်းနှင့် ကြောက်စိတ်တွေ ပြေကာ စိတ်ထဲတွင် မခံချင်သလို ဖြစ်ပြီးသီချင်းတစ်ပုဒ်ကို ပြန် ဆိုလိုက်သည်။
“ဆင်ကြီးတွေက ချာချာလယ်၊ ရယ်စရာကြီးကွယ်၊ ကိုယ်ထည် ကြီးသလောက် မျက်ပေါက်သေး၊ ဟေးဟေး . ဟေးဟေး.. ဟေး”
ဤသို့ သူက သီချင်းပြန်ဆိုလိုက်သောအခါ ဆင်ကြီးများသည် ရုတ်တရက် ကခုန်နေကြခြင်းကို ရပ်တန့်ပစ်လိုက်ကြ၏။ ထို့နောက် ကစ်ကောင်၏မျက်နှာကို တစ်ကောင်ကြည့်လိုက်ကြသည်။
မကြော် ဆင်ရှင်ဘုရင်ကြီးနှင့် ဆင်မိဖုရားတို့သည် အုပ် ထဲမှထွက်၍ မောင်အောင်ဘော်နားသို့ကပ်လာကြ၏။ “မင်းဟာ တော်တော်အံ့သြစရာကောင်းတဲ့လူလေးပဲ” “မင်းက ဆင်တွေရဲ့ စကားတတ်တယ်နော်”
“ဗျာ... ကျွန်တော်ပြောနေတာ လူစကားပဲ၊ ခင်ဗျားက လူ စကားတတ်တာ ရယ်စရာပဲ”
“ဟေ့ကောင်..ငါ ဆင်စကားပြောနေတာကွ” “ဟေ့ ဆင် ကျွန်တော် လူစကားပြောနေတာဗျ”
အမှန်မှာ သူတို့နှစ်ယောက်စလုံး မလွဲကြပါ။ ဆင်ကြီးကလည်း ဆင်စကားပြောသည်။ မောင်အောင်ဘော်ကလည်း လူစကားပြော သည်။ ထူးဆန်းစွာပင် ဆင်က ဆင်စကားပြောသည်ကို မောင်
အောင်ဘော်က လူလို နားလည်၍၊ မောင်အောင်ဘော်က လူစကား၊ ပြောသည်ကို ဆင်ကြီးတွေက ဆင်လိုနားလည်နေခြင်းသာ ဖြစ်ပေ ၏။
“ဟေ့ကောင်လေး၊ မင်း ငါ့ကို ကောင်းကောင်းစကားပြောပါကွ၊ ငါဟာ ဆင်ဘုရင်ကွ”
“ရှင်ဘုရင်လို့ပြောပါဗျ၊ စကားလည်းမပီဘူး၊ ဆင်ဘုရင်တဲ့” “ဟ..ဆင်တို့ရဲ့ ဘုရင်.. ဆင်ဘုရင်ကွ” “ဒါဆိုယင်လည်း ဆင်ရှင်ဘုရင်လို့ ပြောပါဗျာ” “အေး.. ဟုတ်တယ်၊ ရှင်ဆင်ဘုရင်၊ ဟာ.. ရင်ရှင်အဆင်.. ဟုတ်သေးပါဘူး၊ ဆင်ရင်ဘရှင်၊ ဟယ်.. သွားရော တော်ပါပြီကွာ၊ ငါ့အကြောင်း မပြောတော့ဘူး၊ ငါ့လျှာတွေ စိတ်ညစ်တယ်။ ဒါထက် မင်းပြောတာကို ငါတို့နားလည်ပါတယ်။ ငါတို့ပြောတာကို မင်း လည်း နားလည်တယ်ဆိုတော့ တော်တော်ထူးဆန်းတာပဲ၊ မင်းနဲ့ ငါတို့ ဆင်တွေဟာ နီးစပ်ဟာမှုရှိတယ်၊ မင်းဟာ အယင်ဘဝက ဆင်ဖြစ်ဖူးတယ်ထင်တယ်” ။
“ဒါကတော့ ကျွန်တော်လည်းမသိဘူး၊ အရင်ဘဝကို အသာ ထားလို့ ဟိုတစ်နေ့က ကျွန်တော့်ထွေကလေးကိုတောင် ကျွန်တော် ဘယ်ထားမိမှန်း မသိပါဘူးဗျာ၊ ကျွန်တော်က မှတ်ဉာဏ်မကောင်း ဘူးဗျ”
“ဟုတ်ပါတယ်၊ တို့ဆင်တွေလည်း မှတ်ဉာဏ်သိပ်မကောင်းကြ ပါဘူးကွာ၊ မင်းကို တို့ချစ်တယ်-မင်းကကော”
“ကျွန်တော်ကလဲဆင်ဆိုတာ ခုမှ မြင်ဖူးပေမယ့် ချစ်ပါတယ်”
“ဒါပေမယ့် မင်း တို့ကို တွေ့ခါစက ထွက်ပြေးမလို့လုပ်ပါသေး တယ်လေ”
“ဒါက ကြောက်လို့ခင်ဗျာ၊ မုန်းလို့မဟုတ်ပါဘူး” “ ခုကော.. ကြောက်သေးသလား”