ကြပ်ကလေး - ကြံတိုင်းအောင်နှင့်ပျော်ရွှင်ဖွယ်ရာပုံပြင်များ(၅)
ကံဇောပျော်
မောင်ထူးသည် အသက်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်ခဲ့ ပေပြီ။ သို့ရာတွင် သူသည် မကြာခဏပင် စိတ်ညစ်ညစ်နေရသည်။
သူသည် ဒုက္ခရောက်နေသူများကို ကယ်ဆယ်လို၏။ သူတစ်ပါး ကို ကယ်ဆယ်လိုသော စိတ်စေတနာမှာ မွေးကတည်းက သူ့တွင် ပါလာခဲ့သည်။ ကြုံတိုင်း ကြုံတိုင်းလည်း ကယ်ဆယ်ပါ၏။ သို့သော် သူက ကယ်ဆယ်လိုပါသော်လည်း မကယ်ဆယ်နိုင်သော အဖြစ်မျိုး နှင့်လည်း မကြာခဏပင်ကြုံကြိုက်ရသည်။ မကယ်ဆယ်နိုင်သော အဖြစ်မျိုးနှင့် ကြုံလျှင် သူသည် စိတ်ညစ်တတ်၏။ ထို့ကြောင့်ပင် လူသည် မကြာခဏပင် စိတ်ညစ်နေရခြင်းဖြစ်လေသည်။
သူ့မိဘများသည် ချမ်းသာသူများမဟုတ်ကြပါ။ တစ်နေ့ရှာမှ ကစ်နေ့စားကြရသူများဖြစ်သည်။ လောကတွင် သူတို့လိုငွေကြေး ရှိ၍ ဒုက္ခရောက်နေသူများစွာရှိ၏။ မောင်ထူးက ထိုလူများကို
ဆယ်လိုသည်။ သို့သော် မိမိကိုယ်၌က ဆင်းရဲနွမ်းပါးလှပေမယ့် ၊ ဘဝတူအချင်းချင်းကယ်ဆယ်၍မရပေ။ ထိုဘဝမှ ပို၍ ကောင်းသောဘဝသို့ ရောက်အောင် လုပ်ပြီး ကို့ကိုယ်ကို တွယ်ကပ်၍
၍ဖြစ်မည်ဟု မောင်ထူးက တွေးတောမိသည်။
ထို့ကြောင့် တစ်နေ့တွင် မောင်ထူးသည် သူ့ဖခင်ထံ ခွင့်ပန်သည်။
“အဘ ကျွန်တော် ခရီးထွက်ပါရစေ”
သူ့ဖခင်သည် အံ့ဩသွား၏။
“ဘာလုပ်ဖို့ ခရီးထွက်မှာလဲကွ၊ ကုန်ရောင်းကုန်ဝယ်သွားဖို့ ကလည်း မင့်မှာ အရင်းအနှီးဆိုလို့ တစ်ပြားတစ်ချပ်မှ မရှိဘဲ”
“မဟုတ်ပါဘူး အဘရဲ့၊ ကျွန်တော်က ဒုက္ခရောက်နေသူတွေ ကို သိပ်ကယ်ချင်နေလို့ပါ”
“မင်းလည်းဒုက္ခရောက်နေတာပဲ၊ မင့်ကိုယ်မင်း အရင်ကယ်ကွ”
“ကျွန်တော်က သူများကိုကယ်နေရရင် ပျော်နေတာ၊ ဒုက္ခ မရောက်ပါဘူး။ အခုလည်း သူများကိုကယ်ဆယ်ဖို့ခရီးထွက်မှာပါ”
သူ့ဖခင်သည် တွေသွားမိ၏။
“အေးလေ .. သူများကိုကယ်ဖို့ ဆိုတာက ကောင်းတဲ့ကုသိုလ် ကံဇောပဲ။
မင်းကလည်း ဒီဇောမျိုးနဲ့မှ ပျော်တာကိုးကွ။ ဒီတော့ မင်းခရီးသွားမှာကို ငါခွင့်ပြုတယ်။ ဒါပေမဲ့ မင်းမှာ အတတ်ပညာ ကလည်း ဟုတ်ဟုတ်ညားညားမရှိ။ ပစ္စည်းဥစ္စာကလည်း ချို့တဲ့။
ဒီတော့ မင်းသိပ်ကယ်နိုင်မှာ မဟုတ်ပါဘူး။
ရေထဲကျနေတဲ့ ပုရွက် ဆိတ်ကလေးကို ကုန်းပေါ်ဆယ်တင်တာမျိုးလောက်ဘဲ လုပ်နိုင်မှာ ပါကွာ”
“ကိစ္စမရှိပါဘူး အဘရာ၊ လုပ်နိုင်သလောက်ကလေးပဲ လုပ်ရင်း ကျွန်တော်အတတ်ပညာနဲ့ စီးပွားဥစ္စာရှာမယ်လေ”
“ကိုင်း ဒါဖြင့် ငါခွင့်ပြုပါတယ်။ သွားပေဦးလေ ..
ကုသိုလ်ကံဇောနဲ့ ပျော်တဲ့ကောင်ရေ”
မိခင်ကြီးကမူ သားနှင့်ခွဲရမှာဖြစ်၍ ငို၏။ သို့သော် သားကို ချစ်သဖြင့် သူကောင်းသောဇောနှင့်လုပ်သည်ကိုတော့ မတားမြစ် ပါ။ လမ်းတွင်သားစားစရာထမင်းခြောက်များ၊ ထန်းလျက်၊ အမဲ
ခြောက်စသည့် မသိုးထမင်း မသိုးဟင်းကလေးများနှင့် အဝတ် အထည်ကလေးများကို အထုပ်ပြင်၍ပေးသည်။ ပြီး
မောင်ထူးလည်း မိဘများကိုကန်တော့၍ ခရီးထွက်ခဲ့လေ၏။
ရောက်လေရာတိုင်းတွင် ဒုက္ခရောက်နေသူများကို သူကယ် ဆယ်နိုင်သလောက် ကယ်ဆယ်၏။ မကယ်ဆယ်နိုင်သော ကိစ္စ များတွင်တော့ သူစိတ်ညစ်ရသည်။
သို့သော် ကယ်ဆယ်နိုင်သော နည်းလမ်းများကို ခရီးသွားရင်းက စဉ်းစားရှာဖွေသွား၏။
မြို့ပြကျေးရွာများသို့ ရောက်လျှင်လည်း အလုပ်အကိုင်များ ကို မပျင်းမရိကူညီလုပ်ကိုင်ပေးတတ်သဖြင့် သူ့ကို ကျွေးမွေးမည့် သူမရှားပေ။ သို့သော်သူသည် သူတစ်ပါးကို စိတ်တိုင်းကျ ကူညီ နိုင်လောက်အောင် အတတ်ပညာနှင့် ပစ္စည်းဥစ္စာများ မပိုင်ဆိုင် ထားရသေးသဖြင့် ဘယ်နေရာတွင်မှ အတည်တကျ မနေသေးဘဲ ခရီးကိုပင် ထွက်နေလေသည်။ ။
ဤသို့ဖြင့် အချိန်ကာလသည် သုံးနှစ်ခန့်ကြာခဲ့ပေပြီ။
မောင်ထူးမှာ မိမိစိတ်မှန်းရာမရသေးသဖြင့် ခရီးထွက်နေရဆဲ ဖြစ်သည်။ မိဘတွေကိုလည်း လွမ်းလှပြီ။ သို့သော် မိမိ၏ မျှော်မှန်း ချက်မပြည့်မြောက်သေးသဖြင့် အိမ်ကိုပြန်ဖို့တော့ စိတ်မကူးတော့ ချေ။
တစ်နေ့တွင် မောင်ထူးသည် ကွင်းစပ်တစ်ခုမှ သစ်ပင်ကြီးတစ်ပင်ဆီသို့ရောက်ခဲ့၏။
နေမင်းက ပူပြင်းသဖြင့် အရိပ်ကောင်းသော ထိုသရက်ပင်ကြီး၏ ခြေရင်းတွင် ခေတ္တနား၍ အစားအစာ များကို စားနေသည်။
ထိုအခိုက်တွင် စကားသံထွက်ပေါ်လာလေ ၏။
“ငါ့ဒုက္ခကို ဘယ်သူမှမကယ်နိုင်တော့ဘူးလား”
မောင်ထူးသည် အလန့်တကြားဖြစ်ကာပတ်ချာလည် လှည့် ကြည့်သည်။ သို့သော်မည်သူ့ကိုမျှ မတွေ့ချေ။ “ဟဲ့ .. မေးနေတာ မကြားဘူးလားကွ” အသံသည် နောက်တစ်ကြိမ် ထပ်မံ၍ ပေါ်လာပြန်သည်။ မောင်ထူးသည် အလွန်ကြောက်သွားသည်ဖြစ်သောကြောင့် အထုပ် ထဲမှ ဖျင်စောင်ကလေးကို ခပ်မြန်မြန်ထုတ်ကာ ခေါင်းမြီးခြုံ၍ ဖင်ဗူးတောင်းထောင်နေသည်။
“ဪ .. ခက်တော့နေပါပြီ။ ငါ့ဒုက္ခကို မကယ်နိုင်တော့ ဘူးလားလို့ မေးမှ ဖင်ဗူးတောင်းကြီး ထောင်နေပါပကောလား”
မောင်ထူးသည် ခေါင်းမြီးခြုံကလေးကို အသာလှပ်၍ ခေါင်း ကလေးပြူးကာ ဟိုလှည့်ကြည့် သည်လှည့်ကြည့် လုပ်ရင်းပြန်အော်
၏။
“ခင်ဗျား ဘယ်သူလဲ”
“အလို မင်းနဲ့ငါနဲ့ နှစ်ယောက်တည်းရှိတာ ဘာမေးနေစရာလို သလဲကွ”
“ဟေ့လူ မနောက်နဲ့နော်၊ ကျုပ်ကြောက်တတ်တယ်”
“ရော .. ငါတော့ မင်းလိုလူမျိုးမတွေ့ဘူးပေါင်” ။
“ဘာကြောင့် မတွေ့ဘူးရမှာလဲဗျ။ ကျွန်တော့်လို ကြောက်တတ်
တဲ့ လူတွေ လောကမှာ တပုံကြီးပဲဟာ”
“မညာနဲ့ကွ၊ မင်းလိုကြောက်တတ်တာတော့ မတွေ့ဖူးဘူး။ မင်းကပဲ တူတာရှိရင် ပြောပြစမ်း”
“ရှိတာပေါ့ဗျ။
တချို့က မှိုပွင့်မြင်လည်း ကြောက်တာပဲ။ ငှက် မွေးလည်း ကြောက်တာပဲ။ ဖားလည်း ကြောက်တာပဲ။ လူအမျိုး မျိုး အကြောက်အမျိုးမျိုးပေါ့ဗျာ”
" သစ်ပင်ကို ကြောက်တဲ့လူ တွေ့ဖူးလား”
ကြောက်ချင်ကြောက်မယ်။ သစ်ပင် မြင်လို့ ကြောက်တာမရှိဘူးထင်တယ်”
“အေး .. ဒါကြောင့် မင်းလို လူမျိုး ငါမတွေ့ဖူးဘူးလို့ ပြော တာ။
ငါက သရက်ပင်ပဲကွ မင်းက သရက်ပင်ကြောက်တတ် သလား”
မောင်ထူးသည် ထထိုင်၍ သရက်ပင်ကြီးကို စိုက်ကြည့်သည်။
“ကျွန်တော်က တစ္ဆေမှတ်လို့ ကြောက်တာဗျ”
“မင်းတစ္ဆေကို မြင်ဖူးသလား”
“မမြင်ဖူးဘူး”
“မမြင်ဖူးဘူးရင် မကြောက်နဲ့”
“သစ်ပင်က စကားပြောတာလဲမမြင်ဖူးဘူးဗျ”
“အခု မြင်ဖူးပြီမဟုတ်လား”
“မြင်ဖူးပြီ”
“ဒါဖြင့် ကြောက်ချင်ကြောက်တော့”
“မကြောက်တော့ပါဘူးဗျာ၊ ခင်ဗျားက သစ်ပင်ပဲ ကျုပ်နောက် ကို ထလိုက်လို့ရတာမှ မဟုတ်တာ”
“အေး .. ထတော့မလိုက်နိုင်ဘူးပေါ့ကွာ၊ ဒါပေမဲ့ ခုအချိန် မျိုးမှာတော့ မင့်ခေါင်းပေါ် ငါ့အကိုင်းကျိုးကျလို့ ရတယ်ကွနော်”
“ဘယ်လိုလဲ ကြောက်တော့ပါဘူးဆိုပြန်တော့လည်း
'ဒါထက် ငါရေငတ် လို့ ၊ငါ့ခြေရင်းကို ရေလေးနည်းနည်းလောင်းပေးစမ်းပါကွာ”
မောင်ထူးသည် ဗူးခြောက်ထဲတွင် ကျန်သမျှရေကလေးကို အကုန်လောင်းပေးရင်း ...
“ဪ .. စောစောက ခင်ဗျားပြောတဲ့ ဒုက္ခဆိုတာ ရေငတ် လို့လား”
“ဖွတ် .. ဘယ်ကဟုတ်ရမှာလဲကွ၊ ရေငတ်တာက အောင့် လိုက်ရင်ရတယ်၊ တော်တော်ကြာ မိုးဦးကျတော့မှာ အဲဒီတော့ မနိုင်မနင်း တင်းကျမ်းပြည့်ရမှာကွ”
ဒါဖြင့် ခင်ဗျားဒုက္ခက ဘာလဲ”
“ဘာဖြစ်လို့ သိချင်တာလဲ”
“ကယ်ချင်လို့ပေါ့ဗျ” “ဟား .. ဟား .. ဟား .. ဟား”
သစ်ပင်ကြီးသည် တစ်ကိုယ်လုံး ယိမ်းထိုးအောင်ပင် လှုပ်၍ ရယ်လေ၏။
“ကျွန်တော်က ကယ်မယ်ဆိုလို့ ခင်ဗျားကဝမ်းသာပြီး ရယ်တာ လား”
သစ်ပင်ကြီး၏ ရယ်သံမှာ ချက်ချင်းတိတ်သွားလေသည်။
“ဘယ်လိုကယ်မှာလဲ၊ မင်းလို အကောင်ညံ့ကလေးကများ ငါ့ဒုက္ခ ကို ကယ်ချင်တယ်ဆိုလို့ သဘောကျ ပြီး ရယ်တာကွ ၊ မတန်မရာ တွေ မလုပ်နဲ့လေ"
“အဲဒီလိုပြောတာတော့ ကျုပ်စိတ်ဆိုးတယ်။
ကျုပ်ဟာ လူဗျ။ အထင်မသေးပါနဲ့၊ ကျုပ်ဟာ လူ၊ ခင်ဗျားလို သစ်ပင်မဟုတ်ဘူး”
“အေးပါကွာ၊ လောကမှာ ညံ့စရာရှိရင်လည်း လူကို ဘာကမှ မမီဘူး။ တော်စရာရှိရင်လည်း လူကို ဘာကမမီဘူး။ မြင့်မြတ် တာ လဲ လူပဲကွ၊ ဒါပေမဲ့ ယုတ်ညံ့တာလဲ လူပဲကွ” “နေပါဦး၊ လူပဲဆိုတာ ရေဘဲထက်ပိုကြီးသလား” ခန်း
"အောင်မယ် .. အောင်မယ်၊ ဒီကောင်က သူ့ကိုငါက ရှုတ် ရှုတ်ကားတွေလမ်းလွှဲပစ်တယ်၊ ကဲပါလေ စကားရှည်ရှည်ပြောမနေပါနဲ့ -
ငါက ရေထပ်င တ်မယ်၊ ငါ့ဒုက္ခက တခြားမဟုတ်ဘူး၊ အသီး သီးရင် ငါ့အသီးတွေက သရက်သီးတစ်ခြမ်း၊ မာလကာသီး ကတစ်ခြမ်း ဖြစ် ဖြစ်နေတယ်ကွ၊ သရက်ပင် အချင်းချင်းက အတင်းပြောကြတယ်။
ငါဟာ မာလကာပင်နဲ့ ဖောက်ပြန်လို့ ငါ့အသီးတွေကပြား ဖြစ်ကုန် " ကဲတယ်။ အဲဒါ ငါ့ဒုက္ခပဲ”
သရက်ပင်ကြီး၏ စကားကိုကြားရသောအခါ မောင်ထူးသည် အလွန်ပင်ဝမ်းနည်းပြီး ငိုကြွေးမိ၏။
“ခင်ဗျားဒုက္ခကို မကယ်နိုင်တာ ကျုပ်သိပ်စိတ်ညစ်သွားရပြီ”
“မညစ်ပါနဲ့ကွာ၊ မင်းလိုကုသိုလ်ကံဇောကောင်းတဲ့ ကောင်ဟာ သူများကို ကယ်နိုင်တဲ့ဘဝကို ရောက်မှာပါလေ”
" ခင်များလို ဒုက္ခမျိုးကို ဘယ်သူကယ်နိုင်သလဲ "
“ဣစ္ဆာရသေ့ကြီးတော့ ကယ်နိုင်မှာပဲ”
“သူ ဘယ်မှာနေသလဲ”
“ဒါတော့ ငါလည်းမသိဘူး။
ငါက သစ်ပင်ပဲကွ၊ မင်းလို လျှောက်သွားနေလို့ ရတာမှမဟုတ်တာ၊ ဘယ်မှာ ဗဟုသုတ စုံလင် မှာလဲ၊ ကဲကွာ မင်းခရီးသွားရင်း ဣစ္ဆာရသေ့ကြီးနဲ့များ မတော်တဆ ကြုံကြိုက်ရင် ငါ့အဖြစ်ကို လျှောက်တင်ပေးစမ်းပါကွာ နော်”
“စိတ်ချ စိတ်ချ၊
ကျုပ် ရသေ့ကြီးကို တွေ့အောင်ရှာမယ်”
မောင်ထူးသည် ထိုနေရာမှ ထွက်ခွာခဲ့၍ များမကြာမီပင် ချောင်းကလေးတစ်ခုသို့ ရောက်ခဲ့သည်။ သို့သော် ချောင်းရေမှာ နောက်လှသဖြင့် သောက်ရေတော့မရ၊ ခြေလက်မျှသာ ဆေး ကြောရသည်။ ချောင်းမှာ ကန့်လန့်ဖြစ်နေသဖြင့် မောင်ထူးသည် သူ့ခရီးကို ဆက်ရန်ခြေသလုံးတစ်ဝက်မျှသာ ရှိသော ထိုချောင်း ကလေးကို ဖြတ်ကျော်ရလေ၏။ ချောင်းကလေး၏ တစ်ဝက်သို့ ရောက်သည်တွင် အသံသည်ထွက်ပေါ်လာလေသည်။
“ဟဲဟဲ .. ဟဲဟဲ”
မောင်ထူးသည် ခြေစုံရပ်လိုက်မိလေ၏။
“အောင်မယ် .. ချောင်းကလည်း ရယ်သလိုပါလား”
“ရယ်တာပဲ ဥစ္စာ .. ရယ်သလိုပါကလားလို့ ပြောနေရသေး တယ်” ။
“ခင်ဗျားဘယ်သူလဲ သရက်ပင်တော့ မဟုတ်ပါဘူးနော်”
“ဒီကောင် ဂယောင်ချောက်ချားနဲ့ပါလား၊ ဒီနားမှာ သရက်ပင် လည်း တစ်ပင်မှမရှိဘဲနဲ့ ဘာတွေလာပြောနေရတယ် မသိပါဘူး”
“ခင်ဗျား ဘယ်သူလဲ”
“ငါ ချောင်းပေါ့ကွ၊ ဘာကြောင်နေတာလဲ၊ မင်း ချောင်းသံ မကြားဖူးဘူးလား”
“ကျုပ် ကြားဖူးတဲ့ ချောင်းသံကတော့ အဟမ်း .. အဟမ်း.. အဟွတ် .. အဟွတ် အဲဒါမျိုးဘဲ ကြားဖူးတယ်”
“ဟာ .. အဲဒါက ရင်ကျပ်ပန်းနားပဲကွ” “သလိပ်ကပ်ရင်လည်း ဒီလိုပါပဲလေ”
“ရှည်မနေပါနဲ့၊ အဲဒီဟာတွေက ငါနဲ့မဆိုင်ပါဘူး။ ငါက ရေစီး တဲ့ချောင်းပါကွ။ ကဲပါလေ .. သွားမှာသာ ဆက်သွားပါတော့။ မင်းက ခပ်ညံ့ညံ့အကောင်ဆိုတော့ ငါ့ဒုက္ခကို ကယ်နိုင်မှာမဟုတ် ကြား”
ချောင်းကလေးက ဒုက္ခရောက်နေသည်ဟု သိရသည်နှင့်တစ် ပြင်, - * ယည် ရှေ့ဆက်ခရီးမသွားနိုင်ဘဲ စိတ်ပါဝင်
ပေ၏။
“ခင်ဗျားဒုက္ခကို ကျုပ်သိပါရစေလားဗျာ”
“ဘာလုပ်မလို့လဲ” “ကယ်နိုင်မလားလို့”
“တော်စမ်းပါကွာ မင်းလိုလူညံ့က”
“လူကို အထင်မသေးနဲ့ဗျ”
“လူကိုလည်း အထင်မသေးဘူး၊ တိရစ္ဆာန်တွေကိုလည်း အထင် မသေးဘူး၊ ငါက အရှိကို အရှိအတိုင်း ပြောတာပဲ မင်းကိုညံ့လို့ ညံ့တယ်ပြောရင် မခံချင်မဖြစ်စမ်းပါနဲ့”
“ဪ .. ကိုယ့်ကို လူညံ့လို့ ခေါ်ရင် ဝမ်းသာအားရနဲ့ လက်ကလေးနှစ်ဖက်မိုးပေါ်မြှောက်ပြီး လှည့်ပတ်ကခုန်ရမယ်ဆို ပါတော့”
“ဟဲဟဲ .. ဟဲဟဲ ဒီလိုဆိုတော့လည်း မင်းဟာညံ့ရုံတင်မကဘူး၊
ချာလည်းချာသေးသကိုး။ ငါဒုက္ခကတော့ အစကတော့ ငါ့ရေတွေ ဟာ ကြည်လင်နေတယ်။ အခု နောက်ကျနေပြီကွ၊ အဲဒီလို ရေတွေ နောက်ရင် ငါ့စိတ်တွေလည်း နောက်ကရောကွ”
မောင်ထူး ဝမ်းနည်းရပြန်လေပြီ။ ချောင်းကလေး၏ ဒုက္ခကို သူမကယ်နိုင်။ “ခင်ဗျားရဲ့ ဒုက္ခကို ကျုပ်မကယ်နိုင်လို့ စိတ်ညစ်ရတယ်ဗျာ”
“မညစ်ပါနဲ့ကွာ၊ ငါကလည်း မင်းလိုကောင်မျိုး ကယ်နိုင်မယ် မထင်ပါဘူး။ ငါ့ထိုက်နဲ့ ငါ့ကံသာ ထားပါတော့။ တကယ်လို့များ ဣစ္ဆာရသေ့ကြီးကိုတွေ့ရင်တော့ ငါ့အဖြစ်ကို လျှောက်လိုက်ပါ
ကွာနော်”
“လာပြန်ပြီ ဣစ္ဆာရသေ့ကြီး” “ဟ ... ရသေ့ကြီး ဘယ်တုန်းက လာသေးလို့လဲ” “မဟုတ်ပါဘူး၊ ဒီဣစ္ဆာရသေ့ကြီးနာမည်ကို ခဏခဏကြားလို့ ပါ။ ဒီရသေ့ကြီးက စွမ်းသလား”
“ဟေ့ .. ဣစ္ဆာဆိုတာ ပါဠိစကား၊ အဓိပ္ပာယ်က လိုချင်ချင်း ပဲကွ”
“ဒါဖြင့် ဒီရသေ့ကြီးက အားရင် လိုချင်နေတာပဲလား”
“ဟာ မဟုတ်တာပြောတဲ့နေရာမှာတော့ မင်းဟာ လူတော် ပါကလား၊ သူတစ်ပါးရဲ့ အလိုတွေကို ဖြည့်တဲ့နေရာမှာ သိပ်စွမ်းလို့ သူ့ကိုဣစ္ဆာရသေ့ကြီးလို့ခေါ်တာ။ သူက အတတ်ပညာတွေကို သိပ် တတ်တာ” “ဟာ .. ဒါဖြင့် ကျွန်တော် သူ့ကိုတွေ့အောင်ရှာမယ်” ထို့နောက် မောင်ထူးသည် ချောင်းကလေးကိုဖြတ်၍ ထွက်လာ