စိတ်ကူးချိုချိုစာပေ
ကြည်အေး - မီ
ကြည်အေး - မီ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
မီ..တဲ့။
မီ...မီ...မီကို မမြင်ဖူးခင်ကတည်းက သည်နာမည် ကလေးကို ဘယ်လောက် ဘယ်လောက်များ တ,ရပါလိမ့်။
ပထမတော့ နာမည်ကလေး ဆန်းဆန်းမို့ ခေါ်ကောင်း ကောင်းနှင့် ခေါ်မိသည်။
နောက်တော့ ယောက်ျားတစ်ယောက်ကို ပေါ့ပေါ့ ကလေး သေစေနိုင်သူမို့၊ နောက်တော့ ဘယ်သူကိုမှ မခဲရ လျှင် သူ့အမြီးသူပြန်ခဲ့သည့် ကျားနာလို ရက်စက်သူမို့...
ယခုမှာမူ ကျွန်တော်သည် ပပ်ကြားအက်ကွဲနေသော အသည်းနှလုံးနှင့် မှုန်ရီဝေးကွာခဲ့သည့် မီ၏ အတိတ်က အရိပ်တွေကို လိုက်လံဖမ်းယူကာ မီ.. မီမီဟု မောဟိုက် တမ်းရှိုက်မိပါသည်။
“လေး......
ညက လေးကို အိပ်မက် မက်တယ်။ လှေကားထစ်တွေက.. အို... အရှည်ကြီးပဲတဲ့ လေး ရယ်... ကွေ့ကွေ့ကောက်ကောက်နဲ့ မဆုံးနိုင်ဘူး နေ့ လား ညလား မသိဘူး။ မှောင်တော့ ခပ် မှောင်မှောင်မှာ လေးနဲ့မီ လှေကားတစ်ထစ်ပြီး တစ်ထစ်၊ တစ်ထစ်ပြီးတစ်ထစ် ဆင်းကြပါရောတဲ့။
အိပ်မက်ထဲမှာ လေးက ကြောက်လို့တဲ့လေ။ တစမ်းစမ်းနဲ့ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတာမို့ မီက “လာပါ လေးရဲ့ လာပါ”လို့ ခေါ်ပြီး အတင်းဆွဲရ သတဲ့၊ လေးက မှီလက်မောင်းကို မှေးကိုင်ပြီး လိုက် လာလို့ မီက လမ်းပြလိုလိုဖြစ်နေတာပေါ့။
အောက်ဆုံး သုံးလေးထစ်တည်းကျန်လို့ မီတို့ နှစ်ယောက် ငါ့အကြည့်လိုက် မှောင်ကြီးမှ တကယ့် အမှောင်ကြီးပဲ၊ နက်လိုက်တာကလည်း လွန်ရော။ အဲဒီထဲကျသွားရင် ဘယ်မှမရောက်နိုင်တော့ဘဲ မှောင် ထဲမှာပဲ ပတ်ချာလည်နေရမယ်တဲ့.. အိပ်မက်ဆိုတာ ဒီလိုပဲနော်။ အိပ်မက်ထဲမှာ ပြောပြမယ့်လူ မရှိပေမဲ့ အလိုလို သိနေတာပဲ။
နောက်တော့ ဘာဖြစ်လို့ရယ် မသိပါဘူး။ မီတို့ နှစ်ယောက် မှောင်ကြီးကိုမေ့ပြီး လှေကားရင်း ညာ ဘက်ထောင့်မှာကပ်လို့ တစ်ယောက်နဲ့တစ်ယောက် မှီထိုင်နေကြတယ်တဲ့။ စိုစိုစွတ်စွတ်နဲ့ မိုးဖွားလေးတွေက တဖြောက်ဖြောက်ကျလို့ပေါ့ ။ မီတို့နှစ်ယောက် မျက်နှာမှာ မိုးရေလား၊ မျက်ရည်လား တစ်ခုခုပဲ။ ရွှဲလို့တဲ့ လေးရယ်။ အို.... မျက်ရည်ပဲဖြစ်ရမှာပေါ့ နော်။
မီတို့နှစ်ယောက် ငြိမ်ထိုင်ပြီး စကားမပြော ဘာမပြော နေလိုက်ကြတာ တစ်ညလုံးပဲထင်ပါရဲ့။ မီ လန့်နိုးလာတော့ အဲဒီထိုင်တုန်း တစ်ဝက်တစ်ပျက် ပဲရှိသေးတယ်။
ကဲ... ဒါဟာ အိပ်မက်တဲ့။ မီကတော့ နိမိတ်ပဲ ထင်တာပဲ မောင်။ အိပ်မက်က မဆုံးသေးခင် နိုးလာ လို့ပေါ့။ ဆုံးအောင်သာ မက်ရမယ့်ဟာဆိုရင် မှောင် ကြီးထဲ နှစ်ယောက်သား လိမ့်ကျကြလိမ့်မယ်နဲ့ တူ တယ်လေးရေ။
သိပ်စင်းတဲ့ အိပ်မက်ပဲနော်..
လေးရယ်.. မီကတော့ သွားရမယ့် လူပဲ။ မကောင်းတာ၊ မသင့်တာ၊ မတော်တာတွေမှန်သမျှ လုပ်ပြီးခဲ့လို့ သက်တမ်းမစေ့ခင် စောစောစီးစီး သေရ မှာဟာ မှီလမ်းပဲ။ အမှန်တော့ မီဟာ လေးကို အိပ် မက်ထဲကအတိုင်းပဲ အတင်းဆွဲခေါ်ပြီး ဒုက္ခတွေ တွေ့ စေတာပဲ။ လေးနဲ့မီ စတွေ့ကတည်းက မီဟာ တစ်ခါ မှ ကောင်းကျိုးမပေးခဲ့သေးဘူးနော်။
လေးဟာ မှီအပြစ်တွေအတွက် မှီကို သေသေ ချာချာ မုန်းလိုက်ဖို့ကောင်းတယ်။ လေး ခုလို မှီဆီက ထွက်ပြေးလို့တော့ မီဒဏ်က လွတ်မယ်ထင်သလား။
လေးဟာ မှီကို မုန်းပြီး မေ့လိုက်မှ အေးမှာ။ လေးဟာ ခုလို မှီအတွက် စိတ်ညစ်ပြီး ထင်ရာတွေ လုပ်နေဖို့ မကောင်းပါဘူး။
မီကို လှေကားရင်း မှောင်စပ်မှာ ပစ်ထားပြီး အပေါ်သာ ပြန်တက်ပြေးပါတော့ကွယ်။ အပေါ်မှာ ပျော်စရာတွေရှိတယ်တဲ့။ မှီဒုက္ခတွေကို၊ မှီအပြစ်တွေ ကို မဆိုင်ဘဲနဲ့ ဝေမခံချင်ပါနဲ့တော့။ ။
မီလည်း နီးပါပြီ၊ ပြန်မြင်နေသေးတယ် လေး ရယ်။ ရှေ့ကလည်း မှောင်ကြီး လှေကားထစ်က လည်း သုံးလေးထစ်ပဲ ကျန်တော့တယ်။ ပြီး
မှောင်ကြောက်ပြီးတော့ လွဲဖယ်သွားစရာလည်း မရှိဘူး။ မီကတော့ အပေါ်မှာ ဘာတွေရှိရှိ ပြန်တက် မပြေးချင်တော့ပါဘူး။ ဒီမှောင်ဆီကိုပဲ ကျရအောင် တမင်ဆင်းခဲ့ရတာမဟုတ်လား။ ။
မီကတော့ နီးပါပြီဆို။ ညက ချောင်းဆိုးတယ် လေ။ သွေးတော်တော်ပါတယ်။ ဘေးက လူတွေ တောင် လန့်ကုန်တယ်လေ။ မီ မကြားဘူးမှတ်လို့ တိုးတိုးပြောကြသေးတယ်။ သွေးတွေကလည်း များ လိုက်တာ ခြင်းခြင်းနီနေတာပဲတဲ့။ ။
မနီပါဘူး၊ အဟုတ်ကိုမနီပါဘူး။ မည်းနေတာပဲ။ မည်းလွန်းလို့ မှောင်နေတာ မီမြင်သားနဲ့ ။ ခုတော့ မှီရှေ့မှာ မှောင်ကြီးပဲပေါ့။ ဘာကိုကြည့်ကြည့် အမည်း ချည်းမြင်တာပဲ။
လေး.. ဒီစာကိုဖတ်ပြီး မငိုနဲ့ဦးနော်။ လေးဟာ ကလေးပဲ ရှိသေးတယ်။ ငိုစရှိ တန်းငိုပဲ။ စင်စစ်တော့ ငိုစရာမဟုတ်ပါဘူး။ ဒါဟာ ရယ်စရာကြီးပါ မောင်... ရယ်စရာကြီးပါ။ မီတော့ ရယ်တာပဲ”
‘လေးရဲ့ မီ”...............
သည်ကစပြီး မှီကို ကျွန်တော် သိပေသည်။
မီသည် ယောက်ျားတစ်ယောက်ကို ဘယ်လို သိမ်း ဆည်းရမည်ဆိုတာကို သိပေသည်။
ခုကြည့်ပါ။ မောင်ကိုလေးသည် မီမှာသလိုတောင် မငိုနိုင်အောင်ကို စိတ်ထိခိုက်နေပေသည်။
ကျွန်တော့်လက်တွင်းက သူ့ မီ၏ စာကလေးကို ငေး မောတွေစိုက်ပြီး နေ၏။
ကျွန်တော့်ကိုမကြည့်ဘဲ “မီသေရင် ကျွန်တော် မနေဘူး” ဟု မိုက်မဲစွာပြော၏။
မောင်ကိုလေးသည် သည့်လောက် မိုက်မဲရအောင်ပဲ ငယ်သေးသည်။
သူ့မှာ လူငယ်တို့၏ အရည်အချင်းဖြစ်သည့် ယုံလွယ် သောစိတ် မိုက်ရူးရဲစိတ် မြန်လွန်းသောစိတ်ရှိသည်။
သို့သော် စစ်ထဲဝင်နိုင်လောက်အောင် စွန့်စားခြင်းမှာ လည်း ဝါသနာမပါ။
နိုင်ငံကိုလည်း မချစ်လှသောကြောင့် သူ စစ်သား ဖြစ်နေသည်ကို ကျွန်တော် နားမလည်ပေ။
နောက်ဆုံး၌ လူငယ်ပီပီ အချစ်ကိစ္စဖြင့် စိတ် အခန့် မသင့်ဖြစ်ကာ ကျွန်တော်တို့ တပ်ထဲ ရောက်လာမှန်းသိရ လေ၏။
မောင်ကိုလေးသည် မှီကို အသက်ငယ်ငယ် ကောင် ကလေးများ ချစ်တတ်သည့် ကမူးရှူးထိုးစိတ်ဖြင့် ပြင်းထန် စွာချစ်မိပါသည်။ မီကတော့
“မီကတော့... အင်း.. မှီသဘောကို ကျွန်တော် နား မလည်ပါဘူး။ တစ်ခါတစ်ခါ မီဟာ ကျွန်တော့်ကို သိပ် ချစ်တယ်လို့ ထင်တယ်။ တစ်ခါတစ်ခါတော့ သိပ်မုန်းတယ် ထင်တယ် ”
မောင်ကိုလေး၏စကား။ “မီဟာ လှတယ်၊ ဒါပေမဲ့ ဒါထက်ပိုတာ တစ်ခု ရှိတယ်။ ဘာလဲတော့ မသိဘူး။ ရှင်းရှင်းပြောရရင် မီမှာ ကျွန်တော့်ကို ရူးစေတဲ့အရာတစ်ခုရှိတယ်။
မှီဆံပင်ကအညိုရောင်ကလေး။ မျက်လုံးက မီးခိုး ရောင်လိုလိုပဲ။ အသားကဖြူပြီးဖျော့တယ်။ ကိုယ်နေကလည်း ခပ်ပါးပါးမို့ သိပ်နွဲ့ တယ်။
မီဟာ မြန်မာနဲ့လည်း သိပ်မတူဘူး။ သူလှပုံက တစ် မျိုးပဲ။ နာမည်ပေးရမည်ဆိုရင် မှီအလှဟာ ဖျော့တော့တဲ့ အလှ၊ ဖျော့တော့တဲ့အလှ”
မောင်ကိုလေးသည် မှီကို တွေးသည့်အတွေးများမှာ မူးမေ့ရင်း ကျွန်တော့်အား မီနှင့် မတွေ့ ဖူးခင်ကတည်းက မိတ်ဆက်ပေး၏။
“မီဟာ ကျွန်တော် မကြိုက်တဲ့အလုပ်တွေကို သိပ်လုပ် တယ်။ ဘယ်သူ့ကိုမှလည်း မမှုဘူး။ ပြီးတော့ ကျွန်တော့်ကို သူ့ချစ်စရာအပြုအမူလေးတွေနဲ့ စိတ်ပြေအောင်လုပ်တယ်။
မီဟာ ကျွန်တော့်ကို ရူးခိုင်းတဲ့အခါတွေ အများကြီး ရှိတာပဲ၊ အမြဲ လိုလိုပါပဲလေ။ ဒါပေမဲ့ ကျွန်တော့်နားကို တိတ်တိတ်ကလေး ရောက်တဲ့အခါမှာဆိုရင်... အို...
ကျွန်တော်က စားပွဲတစ်ခုမှာ လက်ထောက်ရင်း ထိုင်တယ်ဆိုပါစို့။ ပထမဆုံး အီဗနင်းအင်ပဲရစ်အနံ့ကလေး ရမယ်။
ပြီးတော့ ပခုံးပေါ်ကို အေးစက်စက် ပျော့တော့တော့ လက်ကလေး ကျလာမယ်။
ပြီးတော့ မျက်နှာကလေးတစ်ခြမ်းဟာ ကျွန်တော့် ပါးပြင်နားကို ကပ်လာမယ်။
ကျွန်တော့်ရင်ထဲမှာ တဒိတ်ဒိတ်ပဲ။ ခပ်တွန့်တွန့်နဲ့ပဲ သူ့လက်ကလေးတွေကို ဆုပ်လိုက်တယ်။
လက်ကလေးတွေဟာဗျာ... သိပ်ပျော့ပြီး သိပ်သွယ် တာပဲ။ ဆင်စွယ်လိုပဲ ချောပြီး ဖြူနေတယ်။
အဲဒါဟာ ကျွန်တော် အရူးဆုံးအချိန်ပဲ။ မှီမှာ ကျွန် တော် မသိအောင် နောက်ကလာပြီး ချော့တတ်တဲ့အကျင့် လေးရှိတယ်”
ကျွန်တော်လည်း စိတ်ဝင်စားကာ “ဒါနဲ့ မင်းက ဘာပြုလို့ စစ်ထဲ ဝင်ရတာလဲ” ဟုမေးလျှင် သူက မသာ ယာသောအပြုံးကို အရင်ပြုံး၏။
“ကျွန်တော် ဒီအကြောင်းကို မတွေးချင်ဘူး။ ဒါပေမဲ့ အမြဲတွေးတယ်။ ပြီးတော့ ငိုတယ်။ မရှက်ပါဘူး... ကျွန် တော် မို့အတွက် ခဏခဏပဲငိုတယ်။
ကျွန်တော်နဲ့ မီကို တွေ့တဲ့လူဟာ သိပ်ချစ်တဲ့သူနှစ် ယောက်လို့ ထင်လိမ့်မယ်။ ကျွန်တော့်ဘက်ကတော့ ဟုတ် တာပေါ့။ မီကတော့...
ကျွန်တော် ပြောခဲ့ပြီမဟုတ်လား။ မီဟာ ကျွန်တော့် ကို သိပ်ချစ်တယ်လို့ တစ်ခါတစ်ခါထင်တယ်။ တစ်ခါ တစ်ခါတော့လည်း သိပ်မုန်းတယ်လို့ ထင်တယ်ဆိုတာ...
မီဟာ.. ကျွန်တော်နဲ့ သွားချင်ရာ သွားနေတာပဲ။ ကျွန်တော့်ကို ခေါ်ပုံကလည်း လေးတဲ့ဗျာ။ ကျွန်တော်က ချစ်တယ် ချစ်တယ် ပြောချင်သလောက်ပြော မီပြုံးနေတယ်။
ဒါပေမဲ့ မီ ခေါင်းခါတယ်။ မီမချစ်နိုင်ပါဘူး၊ မမုန်းနိုင် ပါဘူး”လို့ အပြီးပိတ်ပြီးပြောတယ်။
ဘာဖြစ်လို့ မချစ်တာလဲ မေးဦးမလား... မီက “မချစ်လို့ပေါ့”လို့ ဖြေမယ်။ ပြီး
ကျွန်တော့်ကို ဂရုမစိုက်လုပ်ပစ်တယ်။ ဒါပေမဲ့ ကျွန်တော့်အပေါ်တော့ သိပ်ရင်းရင်းနှီးနှီးနေတယ်။
အို... တကယ့်သမီးရည်းစားလိုပါပဲ။
ကိုင်း... ကျွန်တော်မှ မရူးရင် ဘယ်သူရူးဦးမလဲ။ ကျွန်တော်လည်း မနေနိုင်တော့ဘူး။
ဒေါသလည်းထွက်၊ ရှက်လည်းရှက်၊ ဝမ်းလည်း နည်းပြီး “မီဟာ မောင့်ကို ချစ်ရက်သားနဲ့
မုန်းဟန်ဆောင်နေတာလား။ မုန်းရက်သားနဲ့ ချစ်ဟန်ဆောင်နေတာလား” လို့ မေးတော့တာပေါ့...။ မီက အေးအေးပဲ 'နှစ်ခုစလုံးမဟုတ်ဘူး”တဲ့။
ကျွန်တော်က ဒါနဲ့ 'မောင်သေသွားရင် မီ ဘယ့်နှယ် နေမလဲ”လို့ ဆိုတော့ “သုံးလေးရက် ဝမ်းနည်းမှာပေါ့”တဲ့ ဗျာ။
ကျွန်တော် ဘာဖြစ်သွားမယ်ဆိုတာ ခင်ဗျားသိချင် သလား။ သိအောင်လည်း ကျွန်တော် ပြောပြနိုင်မှာမဟုတ် ပါဘူး။ ခင်ဗျားကိုယ်တိုင် ဒီလိုခံရမှ သိမယ်။
ကျွန်တော် မခံချင်လို့ ထပ်ထပ်မေးတယ်။ ဒီအဖြေပဲ။ ရက်စက်လိုက်တဲ့မီ.. သုံးလေးရက်ပဲ ဝမ်းနည်းမှာပေါ့တဲ့။ ကျွန်တော်ကတော့ မီသေရင် မနေဘူးလို့ တွက်ထားတယ်။
မီဟာတည်ပေမဲ့ ကျွန်တော်နဲ့ကျရင် အမြဲပြုံးပြီး စကား ပြောတတ်တယ်။
ဒီတော့ သူ စကားပြောရင် နောက်နေတာလား၊ အတည်လားလို့ လက်ဦးတွေးရတယ်။
ကျွန်တော်ကတော့ ဒီနှစ်ခုကို မခွဲခြားနိုင်ခဲ့ပါဘူး။ ဒါနဲ့ ကျွန်တော်လည်း သိပ်ရှက်ပြီး သိပ်နာသွား တယ်။
ဒါကြောင့်
“မှီအပေါ် ကြောက်စရာကောင်းအောင်
ချစ်တဲ့လူကို ကြောက်စရာကောင်းအောင်ပဲ မုန်းမိတဲ့ မီ အမုန်းအတွက် မီ့ ကို သုံးလေးရက် ဝမ်းနည်းရအောင်တော့ ဒဏ်ပေးဦးမယ်..... ဆိုပြီး စစ်ထဲဝင်လိုက်တယ်။
Share






